Thursday, August 26, 2010
ခရီးသွား(၂)
ပြန်ကြည့်မိသော နေ့ဟောင်းများ 
 ဒီနေ့ ကျွန်မ ရန်ကုန်က  လုပ်ငန်းခွင်ကို ပြန်ဝင်ရသလို ပထမဦးဆုံး စကားပြန် ကိစ္စတစ်ခု ကိုလည်း လက်ခံပေးလိုက်ရပါတယ်။
ရုံးက သွားနေကျ တယောက် က  ခွင့် ယူမယ်ဆိုပြီး သိထားလို့ ဒီကိစ္စ ကို တလကြိုတင်လေ့ လာ ပြီး လက်ခံခဲ့ သလို ဘာသာပြန်ရမယ့် အကြောင်းအရာတွေ ကို လည်း ကြိုပြီးလေ့ လာထားရပါတယ်။
လာတဲ့သူက ငယ်လည်း ငယ်တယ် လုပ်ငန်းတခု က လူလတ်ပိုင်း ရာထူးလောက် ဆိုတော့ အတော်လည်းကြီးကျယ် မယ်ဆိုပြီး သူ့ အကြောင်းတွေကို လည်းသိသင့်သလောက် ဂျပန်ရုံးဘက်ကနေ လှမ်းပြောပြထားပါတယ်။
 တခြားသော ၀န်ကြီးဌာန များ  လုပ်ငန်းများကို သွားမှာ ဖြစ်တဲ့အတွက် ရုံးက အမ တစ်ယောက်က ညီမလေးရယ် မြန်မာ ၀တ်စုံကောင်းကောင်းတွေ ချုပ်ပြီးဝတ်ပါလား။
 ကိုယ် က စတိုင်နဲ့  လှလှ ပပ ဆို ပိုပြီး အင်ပရက်ရှင် ပို ရှိတာပေါ့  ဆိုပြီး ကိုယ့်ကို အ၀တ် အစားက အစ အဆင်သင့် လုပ်ပေးရှာပါတယ်။ လှလည်းအတော်ကို လှပါတယ်။
ဒီလိုနဲ့ အဲ့ ဒီ နေ့ကို ရောက်လာပါတော့တယ်။
လေဆိပ်ကို ရုံးက ဂိုက် အမျိုးသားတယောက်က သွားပြီးကြိုပါတယ် ကျွန်မ ကတော့ဟိုတယ်ကနေ စောင့်ပေါ့။  ရုံးကနေ သူတို့ တည်းမည့်ဟိုတယ်က နီးတာရယ် ရုံးမှာ တောက်တိုမယ်ရ ကျွန်မ မှ မရှိရင် တခါတလေ အဆင်မပြေတော့ ကျွန်မ က အလုပ်၇ှပ်တဲ့ နေ့  တွေ ဆို နောက်ကျတဲ့ အထိနေပေးရပါတယ်။
ကားဆိုက်လာပြီ။
ဟိုက်ရှာဘားလို့သာ စိတ်ထဲကနေ ရေရွတ်မှိလိုက်ပါတယ် ဆင်းလာတဲ့ သူက ကြာချည်နဲ့ ချုပ်ထားတဲ့  ကောင်းဘွိုင်ဦးထုပ် အဖြူ ကို ကြာခြည်နဲ့ ပဲ ချုပ်ထားတဲ့  ဆု အနက်နဲ့ တွဲ ၀တ်ထားပါတယ်။ ကြာချည်က အကြမ်းကိုတောင် တကိုက်ကို အခုဆို ဒေါ်လာအနည်းဆုံး ၁၅၀ အထက်မှာတော့ရှိမှာပါပဲ (ရန်ကုန်ဈေးပါ)
လက်ထဲ မှာ လည်း  LV  အိတ်ကို ကိုင်ပြီး သူ့ သေတ္တာ က လည်း အဲ့ အမျိုးအစားသေတ္တာပါပဲ။
အိုးအိုး……. ဒါဆို ဟိုက်ဘော့ စ် လား သို့ မဟုတ် Brand ကို ရူးသွပ်သူလား။
ဒါဆို ရုံးက လူတွေ ခရီးသွားပြီးပြန်လာရင် မုန့် ဖိုးလေးတွေ ရလာတတ်တာတွေ ပြောနေကြကြားဖူးသလို အင်းသူပြန်ရင်  ငါလည်းရမှာပေါ့  (စိတ်ထဲ ကချက်ချင်းအဲ့ ဒါကိုတွေးမိလိုက်တာ)
ကဲ အတိုချုပ်မယ်နော်
သူနဲ့ နှုတ်ဆက် ………..
ကိုယ့် ကိုယ်  စေ့စေ့ ကြည့် ကိုယ့် အကျီကို အသိအမှတ်ပြုတဲ့ပုံစံနဲ့ ကြည့်  အေးလေ သူကိုယ်တိုင်တောင် စမတ်ကျနေမှာတော့  သူ့  အနား ၃ရက်လောက်ပါမယ့် သူကိုယ်လည်း  စမတ်တော့
ကျစေချင်မှာပေါ့ ………
တော်သေးတာပေါ့  ရုံးက အမ ကိုကျေးဇူးတင်စိတ် က ဖြစ်လာ…….
သူ့ လက်ထဲကို ရုံးက ဖုန်းတလုံးထည့် ………….
ကဲစပြီး ဇာတ်လမ်း မနက်စောစော မသွားနိင်ပါ။ လေ ယာဉ် ချိန်ပြောင်းပေး ကိုယ် ခေါင်းခဲ ပြီ။
ကဲ အဲ လိုင်း  ကိုဆက်တော့ အဲ  လိုင်းတွေ ပိတ်နေပြီ။ ဒီတော့ လေဆိပ်ကိုဆက် မနက်ဖြန် go show နဲ့ ဆင်းဖို့ လုပ်၊
ကိုယ်တော်က တော့ သေချာကြည့်လေ ချောလေ။ ဦးထုပ်နဲ့သူ့မျက်နှာနဲ့က အတော်ကို ကြည့် လို့ ကောင်းသလို မြင်ဖူးသမျှ ပန်ပန်ထဲ မှာ တော့ အချောဆုံးအဖြောင့် ဆုံးပဲ။
အရပ်ကြီးကလည်း ရှည်မှ ရှည်…………
လူကြီးကလည်း ပြည့်ပြည့်တင်းတင်း………….
ဒီလိုနဲ့ ခရီးစထွက်ခဲ့ ကြတယ်။ ကိုယ်တော် က နောက်နေ့ လေယာဉ်ပေါ်မှာ ပဲ အင်း မြန်မာကောင်မလေးတွေ က ချောသားပဲ စိတ်ထဲ မှာ ယိုးဒယား ဗီယက်နမ်လောက်ပဲ ချောတယ်ထင်နေတာ ဆိုပြီး စကားကို စပါတယ။် ကျွန်မ အနားမှာနေလို့ ကျွန်မ ကို ပြောတယ်မထင်နဲ့ နော်
 အဟမ်း… လေယာဉ်မယ်လေးတွေကို ကြည့်ပြီးပြောတာ။
နောက်ပြီး ကိုယ်တော်က စေ့ စေ့ကြည့်တတ်သူလို့ ကျွန်မ သိလိုက်တယ်။ ကမ္ဘောဒီးယားသူတွေက ပါးနီဆိုးရင် ပါးပေါ်ကိုပြေပြေမဆိုးပဲ အလုံးလေးနှစ်လုံးတင်ထားသလိုဆိုးတဲ့အကြောင်း၊ နောက်ပြီး နှုတ်ခမ်းမှာ အနားကွပ်ကို ထင်းထင်းကြီးဆိုးတဲ့ အကြောင်းတွေပြောပြီး အားရပါးရ ရယ်နေပါတယ်။
ဒီမှာလည်းအဲ့ လို မျိုးမြင်ရမယ်ထင်နေတာဆိုပြီး ပြောပါသေးတယ်။  တကယ့်  လှူုငယ်လေးတစ်ယောက် ဘော်ဒါတွေနဲ့ စကားပြောနေသလို ကျွန်မကို ပြောနေဆိုနေလိုက်တာ………….
မကြာခင်မှာပဲ ကျွန်မတို့ လေယာဉ်က ပုဂံကိုဆင်းပါတယ်။  အဲ့ နေ့က ပုဂံကနေ မန္ဆလေးကို ဆင်းမှာပါ။
ကျွန်မ တို့ရုံးက အမ တစ်ယောက် ဧည့်သည်တွေနဲ့  လေယာဉ်ပေါ်တတ်လာပါတယ် အဲ့အမ ကတော့ အမိုက်စား ပါ။ အချောစားပါ။
သူ့ ကို….. အဲ့ ဒါ ငါတို့ ရုံးကပေါ့ဆိုပြီး မိတ်ဆက်ပေးတော့  အင်းငါ့ကျတော့ နင်နဲ့  နော် တဲ့ အော် သနားပါတယ်…….သူပြောပုံက ပြီးတော့ပြုံးနေသေးတယ်….ကျွန်မကို စလိုက်ရလို့ ကျေနပ်နေတဲ့ ပုံနဲ့ 
ကျွန်မကတော့ အဲ့ လောက်ချောတဲ့  ပန်ပန် နဲ့ ခရီးသွားရတာပျော်လို့ …………….. ပြောရက်လိုက်တာ….
ပါးစပ်ရဲ တဲ့ သူ က တခါတည်း မေးလိုက်တာ က ရုံးက အမ ကို နင့် လောက်ချော ပြီးနင့် လို ဂျပန်လို တတ်တဲ့ လူတွေ ဘယ်လောက်တောင် ၇ှိလည်း မိုက်တယ်နော်တဲ့။
ဒီလိုနဲ့ အလုပ်ကိစ္စတွေ စလုပ်ရပါပြီ။ ကျွန်မကိုယ်လည်း အလုပ်ကိစ္စတွေ ဖိခိုင်းပါတယ် ရှာခိုင်းတာတွေလည်းအများကြီး ညစာကိုလည်းသူ့ ဘာသာသူပဲ စားပါတယ်။
ကျွန်မကတော့ အော် မယ်ရုပ်ဆိုးတို့ များ ညစာ ထမင်းတောင် ဖိတ်ကျွေးမယ့် သူမရှိပါလားပေါ့…….
ညစာမနက်စာကို ဟိုတယ် ထဲ မှာ အတူတူစားနေပေမယ့် ကျွန်မ ကလည်းသူ စားနိုင်လောက်တဲ့ အချိန်ကို ရှောင်ပါတယ်
ဒီပုဂ္ဂိုလ်က တခုတော့ကောင်းတာလေးက ညလည်စာကို ကျွန်မကို room service နဲ့  ပိုးပေးတတ်တာပါပဲ။
အံမယ်စာလေးတောင် ရေးပေးသေးတယ် အလုပ်လုပ်နိုင်အောင် ကျွေးတာပါဆိုပီးတော့ ဟွန်း သူ သိချင်တဲ့ အချက်အလက်တွေလည်း ထည့် ထည့် ပီး မေးတတ်ပါသေးတယ် ဖုန်းနဲ့ တောင်မပြောဘုးနော် room to room ခေါ်လို့ ရတာကိုယ်
နောက် တံတားဦးဘက် အသွား ရေတွေကြီးတော့ ကားသမားက အောက်ကိုဆင်း ပီး ရေထဲဆင်းပါတယ်
ရှေ့ ကနေ အတိမ်အနက်နဲ့  ချိုင့် တွေ ကို သိစေဖို့ ပါ ကားသမားက အစ်မလေးရေ လုပ်ပါဦးဆိုတော့  ကျွန်မ က စွေ့ ကနဲ ကားသမားထိုင်ခုံ ကို ဂီယာတံ ကို ကျော်ခွ ပီး ထိုင်လိုက်တော့မျက်လုံးသူက ပြူးသွားပါတယ်။….ကားသမားက တုတ်နဲ့  အရှေ့ ကနေ ရေကို စမ်းပီး နောက်လှည့်မကြည့်ပဲ လက်နဲ့ သာ လှုပ်ပြပီး မောင်းဖို့ အချက်ပြပေးတယ် ရေထဲံမှာ မောင်းနေတဲ့ ကျွန်မကို သူက ပါးစပ်ကလေးဟ ပြီးကြည့် နေလိုက်တာ…… နောက်ကြည့် မှန်ကနေလှမ်းကြည့် လိုက်ရင် သူက ရယ်ပြပါတယ်……
နောက် ဘာပြောလည်းဆိုတော့ ရုပ်လှတဲ့ သူတွေ ရုပ်ဆိုးတာလုပ်ရင် အတော်ကို ကြည့် လို့ မကောင်းတာ ဒါပေမယ့် ရုပ်ဆိုးတဲ့ သူတွေ တခါတလေ လုပ်လိုက်တဲ့ အရာလေးတွေကတော့ အတော် ကို ချစ်စရာကောင်းပီး အဲ့ ဒါမျိုးလေးတွေက မေ့ မရတတ်ဘူးတဲ့ ……
အမလေးတော်  သူကများ ဒီမှာ ကားထဲရေ ၀င်ပြီး အင်ဂျင်နိုးလို့ မရရင်ဆိုတဲ့  အသိက အနည်းနဲ့ အများတော့ စိတ်ပူနေရတဲ့ အထဲ……တကတည်းပေါ့……
ဒီလိုနဲ့ ကိုယ့် တာဝန်ကိုယ်ကျေပြွန်စွာထမ်းဆောင်ရင်း နောက်ဆုံးနေ့ 
ရောက်လာပါတယ် သူ့ ကို လေဆိပ်ကို လိုက်မပို့ တော့ပါဘူး ကျွန်မ တာဝန်ကျေပါပီ…………
ရုံးကိုပြန်လာတော့ရုံးအထိ ဖုန်းဆက်ပြီး သူ့ကို ကျွန်မ ပဲ လိုက်ပို့ပါ လိုက်ပို့မယ့်
သူကိုယ် ခုပဲ ပြန်လွှတ်လိုက်မယ်  ပြန်ခါနီးလေးမှ မနှုတ်ဆက်ရရင်တော့ သူစိတ်မကောင်းဖြစ်ရပါ့ မယ် ဆိုပီး…….
ဒီလိုနဲ့ ကျွန်မ  လေဆိပ်ကိုရောက်သွားပါတယ် လေဆိပ်ရောက်တော့  အချိန်က သိပ်ကပ်နေပြီ
သူ့ ကတော့ ထုံးစံအတိုင်းစတိုင်မိုက်မိုက် နဲ့ ဦးထုပ်အကောင်းစားနဲ့ 
မျက်ခုံးကြီးကလည်းထင်းလို့ သွားလေရာမှာ အားလုံးက အစ်မရယ် အစ်မ ပန်ပန် ကြီး ကချောတာလို့ ပြောတဲ့ သူကြီးပဲ…………..
ဟုတ်ပါဘူး အစ်မ ပန်ပန်ကြီးဟုတ်ပါဘူး ပေါ့ စိတ်ထဲ ကနေ ဟွန်းဟွန်း …………..
သူက လက်ဆောင်ပန်းစည်းကြီးနဲ့  စောင့် နေတယ်   ဟာ.. ခနဲ ကို ဖြစ်သွားတာပဲ
နောက်  နုတ်ခမ်းနီရေမွှေး အစုံပါတဲ့  duty free အိတ်အကြည် ကို ကိုယ့် လက်ထဲ လှမ်းထည့် ပြီး
အသားလေးသာဖြူရင်တော့  ပို ပြီးကြည့် လို့ ကောင်းမှာ ဆိုတဲ့ စကားရယ် ကိုယ့် လက်ထဲ ကို ပစ္စည်းကို ထည့် ပေးပြီး  ဒိုးမို အရိဂတ်တိုး ဂိုးဆိုင်းအိ မတ်၇ှိတ ဆိုပြီး  ကိုယ့် ကို သေသေချာချာ ခါးကိုင်းပြီး လုပ်ငန်းတွေလုပ်ဆောင်ပေးတာ အရမ်းကို အဆင်ပြေ ချော့ မွေ့ ပါတယ်ဆိုပြီး ယဉ်ကျေးစွာ ကိုယ် အသေအချာ ကျေးဇုးစကားကို ဆိုပြီး နောက်
********************************
*******************************
*******************************
********************************
*********************************
*******************************
********************************
************************************
*************************************
သူက တကယ်ကို အားရပါးရရီ(ရယ်)ပါတော့တယ်…….
မှင်တတ်နဲ့ နေတဲ့ ကျွန်မမျက်နှာ  ၃ ၅ နှစ်နဲ့ မလိုက်အောင် ပြောင်နေတဲ့  သူ့ ၇ဲ့ ထိပ် ဦးထုပ်ဆွဲချွတ်မှ မြင်လိုက်တာလေ………….
ဘေးနှစ်ဘက်ကတော့ ကိုလေးပွလို ဆံပင်မျိုးကိုတိုတိုလေး………..
သူကပြောသေးတယ် အဲ့ လို စချင်လို့ စတွေ့ ကတည်းက  ဦင်္းထုပ်ကို မချွတ်တမ်းဆောင်းနေခဲ့ တာတဲ့ 
ကဲ ကောင်းရော………..
ချစ်ခင်စွာ
ကြည်ကြည်
Monday, August 23, 2010
ကျွန်မနှင့် ခရီး (၁)
လွန်ခဲ့ပြီးသောနှစ်များက ကျွန်မ ဖီင်္ဂျီကျွန်း သွားတုန်းက အဖြစ်အပျက်လေးတစ်ခု ပြန်တွေးမိတိုင်း ပြုံးမိပါတယ်။
ကန်ဆိုင်းလေဆိပ်က နွေဆို၇င် ပင်လယ်သွားကြတဲ့ ခရီးသွားတွေ အတော်များသလို အားလုံးအားလုံးကလည်း မဲ လိုက်သမျှပြောင်နေတာ ကျွန်မနီးပါးပါပဲ။
စီးပွားေ၇းကလည်းခုနောက်ပိုင်းတွေလို မကျပ်တည်းကြသေးတော့
ပြည်တွင်းက အိုကီနာဝါသာကျွန်းသာမရောက်ဘူးတဲ့ သူရှိရင်ရှိမယ်  ဟာဝိုင်ယီ ကျွန်းကို မရောက်ဘူးတဲ့  သူမရှိပါဘူး အဲ့လိုပဲ (guam) ကျွန်းတို့  (siapan)
ကျွန်းတို့ ဆိုတာကလည်း ဂျပန်တွေချည်းပါပဲ။
သူတို့လူမျိုးတွေကိုယ်တိုင် ဂျပန်လူမျိုးခရီးသွားသလားမသွားသလား ဘယ်လေယာဉ်ပျက်ကျ ပျက်ကျ ဂျပန်လူုမျိုးတစ်ယောက်တော့ပါတယ် ဆိုပြီးတောင်ပြောကြတဲ့ အထိပါ။
ကဲ..ကဲ.. ကဲ.  ကျွန်မလေရှည်မိနေတာလေး လိုရင်းကိုသွားရအောင်...
ပင်လယ်သွားကြမယ်သူတို့ပုံစံအတိုင်း လက်ကိုင်အိတ်ကို ပါဝါ ချည် မျက်မှန် ကြီးကြီး နဲ့  ခြေညှပ်ဖိနပ်ပါးတွေနဲ့  ပင်လယ်သွားကြမယ့်သူဆိုတာ လည်း ကြွားချင်ကြသေးကြတယ်လေ
TV ထဲက စစ်တမ်းကောက်တာတွေ အရတော့
မိန်းကလေးတွေ အလှချင်ဆုံး အချိန် နဲ့ အလှပြင်ဆုံး အချိန်က….
ပထမ က   သူငယ်ချင်းရဲ့  မင်္ဂလာဆောင်တဲ့ 
ဒုတိယ က အပျော်ခရီးတဲ့ 
ဟုတ်လား ပဲ နော်
ရန်ကုန်မှာလည်း ဘုရားဖူးခရီးတို့  ပင်လယ်တို့ ဆိုရင် ကောင်မလေးတွေဆိုတာ မိတ်ကပ်အဖွေးသား နဲ့ ပဲ ကိုနော်
ဒီလိုနဲ့ ကျွန်မတို့ အင်တာနေရှင်နယ် တသိုက် ကျားဝင်ကိုက်သလို ညကြီးမင်းကြီးတောင် အလှတွေပြင် ပြီး လေဆိပ်ထဲမှာ ကျွတ်စီ ကျွတ်စီပေါ့  လေယဉ်က ည ၁၂နာရီ တိတိမှာထွက်တဲ့ လေယာဉ်ပါ။
အုပ်စုလိုက် မ၀င်ပဲ တယောက်စီ အဆင်ပြေသလို  airline counter မှာ check in လုပ်ကြပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ် ချောတဲ့လှတဲ့သူနဲ့  ထိုင်ရလို ထိုင်ရငြားဆိုတဲ့ ကျွန်မတို့ အုပ်စုရဲ့ ညီမျှစွာ တွေးကြတဲ့ ဆန္ဒလေးတွေကြောင့်ပါ………….
အော်…………… ချောချော လှလှတွေအတွက်တော့ စိတ်ကူးယဉ်စရာ ခရီးပေါ့လေ
 အဟတ်ဟတ်……….ကျွန်မမပါနော် အဲ့ထဲမှာ
စိတ်ထဲ တော့ အမေ ရေ သမီးကို ဘာလို့ မည်းမည်းလေးမွေးပေးလိုက်တာလည်း လို့ ပေါ့
 အေးလေ အမေကလည်း ဖြူမှ မဖြူရှာတာ……..
မေမေရေ သမီးကို ဘာလို့ နှာတံပေါ်ပေါ်လေးမမွေးပေးတာလည်း လို့ ပေါ့
သူများပိန်ပိန်လေးတွေ အ၀တ်စားလှလှလေးတွေ ၀တ်ရင်ကြည့်ကောင်းချက် သမီးလည်းသူတို့နဲ့တူတူုဝယ်တာပဲ သမီးကြတော့ ဘာလို့ ပါလိမ့်ပေါ့
…………………………………………
………………………………………………
ကဲ…… ခရီးမစ ရသေးဘူး ကျွန်မတို့အုပ်စု လ၀က ဖြတ်ပြီးတာနဲ့  ဈေးစ၀ယ်တော့ တာပေါ့
ကန်ဆိုင်းလေဆိပ်က မိတ်ကပ်ကအတော် ကိုဈေးသက်သာပါတယ် အဲ့ တုန်းကပါ။
သေချာတယ် ဘာလို့လည်းဆိုတော့ ကျွန်မက လေယဉ်ပေါ်မှာရောင်းတဲ့ duty free စာအုပ်ကို ပြန်သယ်ပီး အမြဲ ဈေးကိုတိုက်ကြည့်တတ်တယ် ( အရင်တုန်းကပေါ့ လေ)
အဲ့မှာပဲ ကျွန်မတို့ ရင်ခုံရမယ့်သူကို စတွေ့တော့တာပါပဲ……..အဟတ်ဟတ်
GUCCIဆိုင်ထဲ ကို ၀င်သွားတဲ့ အရပ်ရှည်ရှည် နဲ့သူက ကိုင်ထားတဲ့ NewZeland လေကြောင်းလိုင်းလက်မှတ်ကို သူ့ပတ်စ်ပို့စ်နဲ့တွဲ ကိုင်ထားတယ် အသားကမဖြူမညို surfing သမားပုံစံကတော့ ပေါက်နေတယ် အော် သူကလည်း ရေလှိုင်းသွားစီးမယ့်သူလား မိုက်တယ်ဟေ့ပေါ့  (စိတ်ထဲကပါ)
ဟုတ်တော့ဟုတ်နေပါပီ ပင်လယ်သွားမည့်သူဆိုတာ 
ချောလည်းချောတယ် အဟိအဟိ ပေါ့ အားလုံး ကိုယ်စီတွေးနေကြသည်။……… (ကျွန်မ မပါနော်)
ကဲ……………လေ ယာဉ်ပေါ်မြန်မြန်တတ်
တကတည်း အစချီနေတာနဲ့ တင်လိုရင်းမရောက်ဘူး ပြောသားပဲ ကျွန်မ က အခုမှ စရေးတတ်ခါစ ပါဆို
သည်းခံကြပါရှင်………………………………..
ဒီလိုနဲ့ ပေါ့  လေယာဉ်ပေါ်ရောက်တော့ ကိုယ့် ပစ္စည်းတွေ ထည့် ပီးတာနဲ့ 
ထိုင်နေတုန်း အ……. လာ……. လား ………ကျွန်မဘေးက ထိုင်ခုံကိုတည့်တည့်လာနေပါလား စောနက  စောနက အရပ်၇ှည်ရှည်ဘောင်းဘီတိုဒူး အတိနဲ့   ကိုကိုချောချော  အဲ့လေ  ယောင်လို ကျွန်မ မပါပါဘူးဆို ဒင်းတို့ ကဲ နေတာ( ဒင်းတို့ ဆိုတာ ကျွန်မ သူငယ်ချင်းတွေ )
ကျွန်မကို မျက်လုံးပြူးပြကြတယ်……..
………………….
ဟယ်တော့…………
သူက စလို့  နှုတ်ဆက်တယ်  “ဟယ်လို ဗျူတီ”    တဲ့   ဘေးကို ကျွန်မ လှည့်  ကြည့်လိုက်တယ် ဘယ်သူကို ခေါ်တာပါလိမ့်ပေါ့ ဗျူတီဆိုတော့
အမေ့…လန့်တာနော် ……….ဟယ်……….ဒါဆို နာ့ကို ခေါ်တာပေါ့ အဟွန်းဟွန်း…………..
အင်းစိတ်ကိုလျှော့ စိတ်ကိုလျှော့  မဲမဲတူးတူး ရုပ်ဆိုးလေးငါ့ကိုယ် သနားလွန်းလို့ ခေါ်လိုက်တာလား
ဒီလူကြီးမျက်စိမကောင်းတာပဲလား
နာ့  ကိုများ ဘာလည်း ဟယ်လို ဆို ဟယ်လို ပေါ့  ဘာတဲ့ ဗျုတီက ပါလိုက်သေး  အော် သူလည်းပဲ ပန်ပန် ဘူးယို ပေါ့   အီးလို အတော် ပြောချင်တာပလား
ကဲကဲ ဇာတ်လမ်းကတော့ စပီး ဟွန်း   အော်  မေ့သွားလို့   (ကျွန်မ မပါ ပါဘူးဆိုမှ)
ဒီလိုနဲ့ ပြုံးပြလိုက်  စာအုပ်ဖတ်လိုက် လေယဉ်မယ်လေး အအေးလာပေးရင် ကိုယ့် ကို ယူပေးလိုက် ကိုယ်က အာရိဂတ်တိုး လိုက်နဲ့ ပေါ့
ဟွန်း ..သူကလည်းငါ့ ဘက်ကို ငိုက်လာလိုက် တာ မုန်းလိုက်တာ ဇာတ်လမ်းစ ချင်လို့ နေမှာပေါ့ 
သူ့ခမျာ ဘယ်လောက်တောင် ငိုက်လည်းဆို လည်လည်သွားတယ် ဇက်ကြီးက အဟတ်ဟတ်
ကျွန်မလည်းအိပ်ပျော်သွားရော...........ဒီလိုနဲ့  လေယာဉ်ကမနက်စာကျွေးဖို့ လုပ်ရှားလာတယ်
လင်းလည်းလင်းလုပီ…….
ဟယ်..........................(စိတ်ထဲက အော်လိုက်တာ)
ခွိးခွိး ..........................( စိတ်ထဲ ကနေ ရီနေတာ)
ဟွန်း..........................( စိတ်ထဲကနေ ဘာလုပ်ပေးရင်ကောင်းမလည်း)
အို မထုးပါဘူး..................
ကျွန်မ ဆုံးဖြတ်ချက်ချလိုက်တယ် အားလုံးမနိုးလာခင် လေယာဉ်မယ်လေး မလာခင် ကဲဟယ်...............
ကျွန်မ ရုတ်တရက်လုပ်ရှားလိုက်တယ် သူ လည်းနိုးသွားတယ်ပြီးတော့ မျက်နာကြီးရဲ သွားပြီး ပြောလာတယ် ဒိုးမို အာ၇ိဂတ်တိုးတဲ့ 
ဘာလုပ်လိုက်တာတည်း သိလား
........................
......................
........................
အတော်ကို ကြည့် လို့ ကောင်းတဲ့ ဒီလူကြီး  တတ်လာတဲ့ ထိပ်ပြောင်နေတဲ့ နေရာလေးတင်အုပ်လို့ ရတဲ့ ဆံပင်တု
အအိပ်လွန်ပီးရွဲ့ စောင်းနေတာကို ကျွန်မ လက်ရဲဇက်ရဲ ပြန်ပြီးခေါင်းပေါ်ပြန်ဖုံးပေးလိုက်တယ်
ကျွန်မလည်းသူ့ ကို့ မကြည့်တော့တာ လေယာဉ်ပေါ်က ဆင်းတဲ့ အထိပဲ
အဟတ်ဟတ်
ချမ်းမြေ့ပါစေ
ကြည်ကြည်
Tuesday, August 10, 2010
ကျွန်မနှင့် ဘလော့ရေးခြင်း
တကယ်တော့ကျွန်မဘလော့ရေးခြင်းဆိုတာကျွန်မရဲ့ အသက်အရွယ်ရယ် ဖြတ်သန်းခဲ့ရတာတွေနဲ့ ယှဉ်ရင်အတော်ကိုနောက်ကြနေသလိုစိတ်မှာခံစားရပါတယ်
နောက်တစ်ခုက ဘလော့ဖတ်ခြင်းဆိုတာကို သေသေချာချာ စူးစူးစိုက်စိုက်အချိန်ပေးပြီးဖတ်နိုင်ခဲ့တာလည်း ၂၀၀၉ ခုနှစ်မှပါ
ဖတ်လို့ ကောင်းတဲ့ဘလော့ပေါင်းစုံထဲမှာ ဖတ်ရင်းဖတ်ရင်း   အော်     ရေးလိုက်ကြတဲ့ အကြောင်းရာတွေစုံလို့ ဗဟုသုတတွေလည်း စုံလို့  အနုအရွတွေလည်းစုံလို့ ဆိုပီးတော့
ငါလည်းရေးတတ်ချင်လိုက်တာ လို့ တွေးတောမှိတာခဏခဏပါပဲ။ အဲ့လို တွေးလိုက်တာနဲ့ တပြိုင်နက်
အကြောင်းအရာတွေတင်ပြထားကြတာတွေ များကြလွန်းလို့ ငါ့ နှယ်ဘာသွားရေးရတော့မှာလည်းလို့ တောင်ထင်မှိပါတယ်
ခရီးအသွားတွေများခဲ့ တဲ့ ကျွန်မကိုယ်  စာရေးတာဝါသနာပါတဲ့ ဖေဖေ က သမီးရယ် စာတွေမရေးချင်ဘူးလား ရေးပါလားလို့ တိုက်တွန်းခဲ့တာ ဟိုးလွန်ခဲ့သော နှစ်များစွာဆီက တိတိကျကျပြောရင်ရင်တော့
လွန်ခဲ့ တဲ့ ၁၀နှစ်ကျော်ကျော်တည်းက သမီးမရေးတတ်ရင် မှတ်တမ်းအနေနဲ့  ရေးပို့ ပေး ဖေဖေ စာပြန်စီပေးမယ်လို့ ကိုယ် အားပေးဘူးခဲ့ ပေမယ့် လွန်ခဲ့ သော ၁၀နှစ်ကျော်တွေတုန်းက အင်တာနက်တို့ 
မေလ်းတို့ ဆိုတာ က ကျွန်မ ချစ်တဲ့အမိမြေကိုပြန်ရောက်တဲ့ ၁၉၉၉ ကုန်ခါနီးမှာတောင် ဘာလည်းညာလည်းဆိုတာမသိခဲ့ကြတဲ့ ခေတ်တွေပါ။
၁၀နှစ်တစ်ခုကိုယ်ဖြတ်သန်းပီးသော သကာလမှာတော့ အလွယ်တကူ စာတွေဖတ်လို့ (အရင်ထက်စာရင်)
ရလာပါတယ် အတွေ့အကြုံတွေကို စာဖြင့်မျှဝေခြင်းတွေက  ပိုပြီးထိရောက်လာပါတယ်
ဖတ်ခြင်တာလေးတွေကို အမိမြေကနေ ခေတ္တခွာရတဲ့ အခိုက်အတန့် လေးတွေမှာ အပြင်ရောက်မှ အတိုးချပီးဖတ်ရပါတယ်
အခုဘလော့ရေးမယ်လို့စိတ်ကူးတော့ အမိမြေကိုပြန်လျှင်ရောရေးနိုင်ပါ့မလားလို့ စဉ်းစားနေတာနဲ့ တင် နှစ်ပေါက်သွားပါတယ် အစပြုပြီးရင် ဖြတ်ရခက်တဲ့ စိတ်ကြောင့် မရေးနိုင်ရင် စိတ်မကောင်းဖြစ်ရပါလိမ့်မယ်
ဒီလိုနဲ့ ပဲ အမိမြေကို ပြန်တဲ့အခါလည်းနိုင် သလောက်ရေးကြည့်တာပေါ့ဆိုတဲ့စိတ်ကို ဆုံးဖြတ်ပီး
ယခု ၈ လပိုင်း ၉လပိုင်း အားလပ်ရက်များကို အသုံးချပီး ဘလော့ စတင်ရေးခြင်းဆိုတဲ့ ကိုလှုပ်ရှားပါတယ်။
ဘလော့ဖြစ်လာမယ်မထင်ပါဘူး ဒီလိုနဲ့  ခင်မင်ရတဲ့ ကိုကောင်းကင်ကိုပဲ နာမည်ရွေးခြင်း မှ အစ စာလုံးပေါင်းသတ်ပုံ နှင့် ဘလော့ လုပ်ခြင်းများအား  အပူကပ်ရပါတော့တယ်။ 
ရတနာသုံးပါနှင့်  ကျေးဇူးကြီးလှပါသော မိဘ၊ သင်ဆရာ မြင်ဆရာ ကြားဆရာ ဆရာသမားအပေါင်းနှင့်
စောင်မကြည့်ရှု စောင့်ရှောက်ပေးပါသော ၇ ရက်သားသမီးတို့ အား ဦး ခိုက်လျှက်
ကြည်ကြည်