Saturday, November 27, 2010

ကျွန်မ နှင့်ခရီး (ကြာခဲ့ပြီ Auckland ဆီသို့)

ခရီးဆိုတာ ပျော်စရာအမှတ်တရ ရှိမှ ပို ပြီး မှတ်မှတ်ရရရှိတာမဟုတ်လား။
ဘယ်ပဲသွားသွား လေယဉ်စီးရင် နောက်ဆုံးတန်းဘက်ကို တောင်းဖြစ်တာများတယ်။ လေယဉ်နောက်ပိုင်းနဲ့ အနီးဆုံးက စီးလို့မကောင်းဆုံး လို့လည်းပြောကြပြန်ပါတယ်။
နောက်ဆုံးတန်းက လူနည်းတယ်လေ။ နာရီကြာကြာစီးရတဲ့ ခရီးတွေဆိုရင် နောက်ဆုံးလေးခုံတွဲမှာကိုယ်က လှဲအိပ်လို့ ရတာကိုး။ Newyear ပြန်တုန်းကလည်း အသွားအိပ်လို့ ရတယ်။ အပြန်ကြတော့ ခလေးပါလာတဲ့ မိသားစုနဲ့  ကျတယ် အိပ်ဖို့ နေနေသာသာ တစ်ညလုံးအမေကို သနားလို့ ခလေးကူထိန်းပေးလိုက်  ချီပေး
ထားလိုက်နဲ့  အမှန်က ကလေး ပါရင် အရှေ့ exit နေရာမှာပေးတာများတယ်။ သူကလည်း  နောက်ဆုံးတန်း
ကို တောင်းထားတာတဲ့ ။ ၃ လပိုင်းထပ်ပြန်တယ်။ လက်ပ်တော့လေးပြပြီး ညငါအလုပ်လုပ်ရင်သူများကိုယ် အနှောင့်အယှက်ဖြစ်မှာဆိုးတယ် နောက်ဆုံးတန်းလေးပေးပါပေါ့။
ဘယ်ရမလည်း လေယဉ်မီးမှိတ်လိုက်တာနဲ့ တခါတည်း ခုံတွေကြားထဲက လက်တင်တွေ အကုန်ခေါက် အိပ်ဖို့ပြင်တော့တာပဲ။ အပြန် ကြတော့ ဆေးလာကုတဲ့ တရုတ်မိသားစု မန္တလေးကတဲ့ တွှေ့တတ်တယ် ကဲ တစ်ညလုံးအားပေးစကားပြောပေး လိုအပ်တာလေးဖြည့်ပေး သူတို့လည်းဂျပန်ကို အခုမှ  လာတာဆိုတော့
အတော်စိတ်ပူနေကြပုံ။ လေယဉ်စီးတိုင်း ဆုတောင်းဖူးတယ်။ စီးတိုင်း မြန်မာ ပါပါစေပေါ့။ အခေါက်တိုင်း ဆုတောင်းပြည့်တယ်။ပြည့်တာမှ နီးနီးနားနား………..
ခရီးသွားလို့ ရီစရာလေးတွေ အမှတ်ရစရာလေးတွေဆို ဘယ်တော့မှ မေ့မရတဲ့ ခရီးဖြစ်စေတာပဲ မဟုတ်လား။
ကြာခဲ့ပြီ အတော်ကိုကြာခဲ့ပြီ ဒီခရီးက ဘယ်လောက်တောင်ကြာခဲ့ပြီလည်းဆိုရင် တစ်လောက  မြန်မာအမျိုးသမီးလေး ခုန်တဲ့ bangy jump တွေ ခေတ်စားလာတဲ့အချိန် ပေါ့ newzeland ဆိုတာ home of bangy လို့တောင် ပြောကြတာလေ။ Auckland ခရီးစဉ်က OSAKA ကနေ AuckLand ကို ၁၃နာရီ နီးပါး စီးရတယ်။ ညဘက်ကြီးထွက်တာ ကိုယ်ကအနောက်ဆုံးတန်းမှာ အဲ့တုန်းက မီးလည်းမှိတ်ရော အိပ်ဖို့လုပ်တယ် crew တွေကို ညလယ်စာကျွှေးရင်မနိုးဖို့မှာပီးအိပ်တယ်. ကိုယ့်ဘေးနားမှာက အဖိုးကြီး
ကိုယ်ကသူ့မြေးအရွယ်လောက်ပေါ့။ ကိုယ်နိုးလာတော့ ဟ ဘာလည်းဟ ဆိုပြီး လန့်သွားတာကကိုယ်တစ်ခါ
 မှ မတွေ့ဘူးတဲ့အရာ လေယဉ်ပေါ်က ပေးတဲ့ခွက်အကြည်လေးထဲထည့်ပြီး သူသန့်ရှင်းရေးလုပ်နေတယ်။ စိတ်ထဲမှာတစ်မျိုးကြီးပဲ ကိုယ်စားမယ့် Supper ကိုမစားနိုင်တော့ဘူး။. မျက်စိပြန်မှိတ်လိုက်တယ်။ ငါလည်း တစ်နေ့ဆိုပြီး။
Auckland မှာလည်ကြတော့  bangy jump နဲ့ မာဝီပြတိုက်သွားကြမယ့် အဖွဲ့ကွဲ သွားတယ်။ လူငယ်မာဝီ.တွေကိုတွေ့ဘူးတာ အမျိုးသမီးတွေဘယ်လိုလည်းတော့ သတိမထားမှိလိုက်ဘူး။ အမျိုးသားတွေက အတော်တောင့်တောင့်တင်းတင်း ခပ်မိုက်မိုက်တွေ ဆေးမင်ကြောင်လည်းထိုးထားကြတယ်။ ကျောင်းသားတွေကားဆိုတော့ သူတို့ကြိုမယ်ပေါ့။  ကျောင်းသားထဲက  အရှေ့ထွက်ပြီး  
နှုတ်ဆက်မယ့် လူရွေးတော့ ကိုယ်ကလက်ညှိးထောင်တယ်။ မာဝီလူမျိုးတွေ  နှုတ်ဆက်ပုံက
နှာခေါင်းလေးကို နှစ်ချက်ဟိုဘက်ဒီဘက်ထိပြီးနှုတ်ဆက်ရတာ။.. ကားရပ်တော့ရပ်နေကြတာတွေက
မာဝီအမျိုးသမီးရော အမျိုးသားတွေရောပဲ။ရှင်းအောင်ကွင်းပြရရင်တော့  အမျိုးသားတွေက Rain ဘော်ဒီပေါ့။
တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြတယ်။ ကြည်ကြည့်အလှည့် အီး………….လို့ပဲ စိတ်ထဲက
photo from google
 အော်လိုက်တယ်။ ပြုံးပြုံးကြီးနဲ့  ကြည်ကြည့်ကို နှုတ်ဆက်ဖို့ လာနေတဲ့ မာဝီအဘ ၀၀ ကြီးက တအိအိနဲ့လာနေတယ်။
ပြုံးတာမှ ပါးစပ်တစ်ခုလုံးကို ပေါ်အောင်ပြုံးထားတာ။ တစ်ပြိုင်နက် လေယဉ်ပေါ်မှာမြင်လိုက်တဲ့ အရာကို မျက်လုံးက  မြင်ယောင်မှိတယ်။ ခုလာနေတဲ့ အဘိုးကြီးအဲ့လို အံတုကြီးဘာလို့ မတပ်ပါလိမ့်လို့။ ခုထိပြန်တွေးရင် ကိုယ့်နှာခေါင်းကို ယောင်ပြီးစမ်းမှိတယ်။
အဲ့တုန်းက ဓတ်ပုံကိုကြည့်တော့ စဥ့်အိုးကိုဖားကပ်သလိုဖြစ်နေတယ်။


ကည်ကြည်

Sunday, November 21, 2010

ခွန်အား

နောက်ပြန်မလှည့်ဘူး
ကိုယ့်ခရီးက တစ်ဝက်မက တွင်ခဲ့ပြီ။

သိတယ်။
အချည်းနှီးတော့ ဖြစ်မခံ
ပန်းတိုင်ခရီးလည်း နီးနေပြီ။

ရှိတယ်။
မုသားမကြံတော့ တစ်ပါးရန်ဆိုတာကလည်း။

ငြိတယ်။
သမင်ချို အလှဆင်    လောကီချုံပုတ်နဲ့
သမုဒယနွယ်ပင်ပေါတဲ့  မောဟအရှုပ်တောကိုဝင်တော့။

မိတယ်။
သားသမင်တော့ မဟုတ် ကျားဘုရင်တစ်အုပ်ဆိုပေါ့။

ထိတယ်။
ဖိနပ်မပါခဲ့တဲ့ ခရီးမှာ
ကန္တာရ သီးတွေကလည်း ဖနောင့်မှာ ဗရဗွ။

ရှုံးတယ်။
တစ်ခါတလေလည်း
အမှားမခံတဲ့ လောကဓံဈေးကွက်ထဲ။

မုန်းတယ်။
လက်နက်ကိုချ အလံဖြူပြလည်း
တစ်ခါက ရန်သူဆိုတဲ့ သရုပ်နဲ့ 
မဟုတ်တာပဲ မြင်တတ်သူတွေ။


ကဲ
မငြီးတွားတော့ဘူးကွယ်။
အစည်းအတား ဘေးဖယ်
ပန်းတိုင်အမြန်ရောက် ခရီးပေါက်
အမှောင် သိပ်သည်းလည်း  ခရီးဆက်ရဲ ဖို့ 
စကြာဝဠာထဲက  လတစင်း  ကိုယ့်အတွက်သီးသန့်လင်းဖို့ လိုမယ်။
လမင်းရယ် .....................
ညှာတာတွေးလို့  လာသာပေးလှည့်ပါ။



ကြည်ကြည်

Wednesday, November 17, 2010

ဆောင်းဦးမို့ ရွက်တွေကြွေ

နွေသည် ပင်လယ်အရောင်လို့ ကိုယ်က သတ်မှတ်တယ်။
မိုးကိုတော့ ကိုယ်က တောတောင်တန်းတွေ အရောင်လို့ မှတ်ထားပြန်ရော။
ဆောင်းကတော့ အားလုံးအတွေးများတူမလား နှင်းရဲ့ အရောင်ပေါ့။
ဒါဆို ဆောင်းဦးရဲ့ အရောင်က ဒီလိုလားကွယ်။



(ကိုယ်ပိုင်ပုံတွေပါ)

ဆောင်းဦးမှာ အရွက်တွေကြွေလို့ ပင်စည်မှာရိုးတံ နဲ့ ကိုင်းတွေပဲ ကျန်တာတော့ ကိုယ် သဘောမကျဘူး။
အေးလွန်းမှာ ဆိုးလို့ တစ်ချို့အပင်တွေ ကို ကောက်ရိုးနဲ့ ကာတဲ့သူက ကာနေပြီ။
မနက်စောစော ကားစက်ထထနိုးရတာလည်း ဒီဆောင်း။
အရွက်တွေ ကို မြေခအောင်လုပ်တာလည်း ဒီဆောင်း။
ကိုယ် မြန်မာပြည်က မျိုးယူလာတဲ့ အပင်လေးတွေ သေသွားအောင်လုပ်တာလည်း ဒီဆောင်း။
အသားအရည်တွေ ခြောက်သွေ့စေတာလည်း ဒီဆောင်း။
ဟင်းကျက်လို့ ခဏနေစားမယ်လုပ်ရင် ပြန်နွှေးရတာလည်း ဒီဆောင်း။
Homeless အဘိုးကြီးကို ကဒ်ထူအိမ်ထဲက ထွက်အောင်မလုပ်တာလည်း ဒီဆောင်း။
ကိုယ့် ကို မွေးတာလည်း ဒီဆောင်းပေါ့။


လတ်တလော သူငယ်ချင်းတွေနဲ့ ပြောဖြစ်နေတဲ့ ဆောင်း အကြောင်းက
" သူမရှိတဲ့ အခိုက်တော့ ကိုယ်ဆောင်းကို မကြိုက်ချင်ဘူးလို့"


ဆောင်းဦးအလှကို မျှဝေခံစားစေဖို့  ဓတ်ပုံလေးတွေပါတင်ပေးထားပါတယ်။
၁၃ရာစုနှစ်မှာ ကတည်းကဆောက်ထားတဲ့ ဘုရားကျောင်းထဲ မှာခုချိန်ထိ ဘုရင်မိသားစုတွေ လာရင် အပန်းဖြေတဲ့ အဆောက်အဦး လေးရဲ့ ဂျပန်ဂါးဒင်း အလှပါ။ ခုအရွက်တွေ အရောင်ပြောင်းချိန်ပါ။ ပြီးခဲ့တဲ့ရက်ပိုင်း  သွားလည်တုန်းကပေါ့။

၁၇.၁၁.၂၀၁၀ အမှတ်တရရေးခြင်းပါ။


ကြည်ကြည်

Monday, November 15, 2010

အတွေးတို့ က ဘလော့ရေးဖို့ သာ

Result တွေမကောင်းရင်
အပြင်ထွက် အိမ်ထဲမှာပဲ မchat နဲ့လေ
အင်း………
အိမ်ထဲမှာမငိုင်
ကော်ဖီတစ်ခွက်ကိုင် ၀ရန်တာထွက်ထွက်ထိုင်
ရန်ကုန်-မန္တလေးခရီးဝေး ၂နာရီလောက်နဲ့ပြေးမယ့်
ရှင်ကန်စင် ဖြတ်တာပဲငေးတော့
ပေပါရေးဖို့အတွေးမထိ အအေးတော့ မိတယ် အချစ်ရယ်။

တနေ့ကကျောင်းပွဲ ပေါ့
တို့ပြည်က မော်ဒယ်တွေ မယ်ဒေါ်တော်ရမယ့်
မြူးတူးခုန်ဆွ ကျောင်းသူအလှတွေ
အဖွဲ့ လိုက် performance အပေးကို
Lab ထဲကပဲ ငေးလိုက်ပါတယ်။
တစ်ယောက်မေးတဲ့အရာက အတွေးစတွေ ဖြစ်စေလို့
ယူတို့ နိုင်ငံကျောင်း ဘာတွေကောင်းသလည်း
ကျောင်းသူစုံညီ ကဗျာတေးသီပါသလား
ကျောင်းသားစုရုံး ရသတွေဖွဲ့ထုံးပါသလား
ဘယ်လိုအသင်း အားအပြင်းဆုံး
ဘယ်လိုရာသီ ကျောင်းသားတွေ ညီပါသလည်း
ကျောင်းသားအားလုံး ဘာ subsidy အရဆုံးလည်း
ဘယ်လိုကျောင်းသားအရေး နိုင်ငံက အလေးပေးပါသလည်း
Data တတ်ရှာWorldBankမှာ
မြန်မာပြည်ရှာမတွေ့ ဂဏန်းတွေလွဲ ကိန်းတွေ ကျဲတဲ့။
အင်း………………………………………………………….

တစ်ခါတလေပေါက်ကွဲ တစ်ခါတလေလည်း မဲမိတယ်။
ကဲ…..
ငါ့မွန်းကျပ်မှု ပစ္စုပ္ပန်ခါးတွေပျက်ပြယ်ဖို့
ဘလော့ဝင်္ကပါကို ဖက်တွယ်မလို့
ငါ့အတိတ်ကို ငါ့အရိပ်လိုပြန်ကြည့်
ရက်စွဲလွန်တွေ ပေါင်းပြီးအသစ်လုပ်
ငါ့စိတ်အဆာကို ငါ့ကဗျာဖြစ်ပြောင်းထုတ်မယ်။

*ရှင်ကန်စင် (ကျည်ဆံရထား)


ကြည်ကြည်

Saturday, November 6, 2010

တန်ဂျူံးပကား ရက်များသို့

ကျွန်းပိစိလို့ ခေါ်တဲ့
နေရာမှာ
ရင်ခုန်သံစဉ်ကြိုးညှိ
နုူးညံ့မှုရသ တိုးသိ
ကိုယ့်အတွက် ထာဝရလူ
ဟိုး..........................
တစ်ခါက သူကနေတယ်။

မှတ်မိနေတယ်။
အထပ်ထပ်ထုံးတဲ့ အသဲပုံး ကိုသယ်
တင်းနှောင်နှလုံးသွေးကြောတွေ ကိုဖယ်ဖို့ 
Silk Carrier မြေအကျ
ခြင်္သေ့ကျွန်းကို ခြေချမိတော့
အိုး............................
ချန်ဂီတစ်ခုလုံး
ပန်းရောင်တွေဖုံးလို့ ....

မှတ်မိနေတယ်
ကြင်နာသူပုခုံး
ကနွဲ့ကလျ မှီအုန်းမိတော့
အလှကဗျာထဲက
SAFARI ညကမ္ဘာလေးရဲ့အရောင်က
ပြာရီရီလဲ့ ရာက မှောင်

ဟူး.......ကြာခဲ့ပြီကွယ်
တခါတခါ ခြင်္သေ့ကျွန်းဆီ မျှော်တော့
အစောဆုံးနေထွက် အရှေ့အရပ်ဆီ ကို (သူလည်း)
တစ်ခါတစ်လေ ယောင်ယမ်း
Google နဲ့ ဖမ်းနေမလား။

ဒီလမ်း ဒီနေရာ
ကမ်းစပ်ဘေးနဲ့ ကလပ်ကီ
ပင်နီဆူလာနဲ့ အင်းလေး
Grand Plaza နဲ့  Takashimaya
အရိပ်တွေ မပီဝိုးဝါး
ရှိနေဆဲလား။
အတိတ်ကို ခဏဖမ်းဆုပ်ချင်လို့
Orchid ဘေး လမ်းရှုပ်ရှုပ်ကို
မိုင်ထောင်ချီ အဝေးဆီကလှမ်း
ခြေသံလုံစွာ ပြန်လာနမ်း ဖူးတယ်။


ကြည်ကြည်

Thursday, November 4, 2010

အိုဆာကာ မြို့နယ်အဆင့် ရေသန့်ရှင်းရေးနှင့်စိမ်းလမ်းစိုပြေရေး ဘတ်ဂျက်..???????

ဒီနေ့ သတင်းတစ်ခု ကြည့်ရင်းနဲ့ စိတ်ဝင်စားစရာတစ်ခုတွေ့လိုက်တယ်။ စစခြင်းတော့ဒီလူတွေ ဒီကိစ္စလောက်ကို အရေးတကြီး လုပ်နေတယ်ပေါ့။ ရေအဆုံးကုန်းတစ်ဝက်ပဲ လို့တောင် ရေရွတ်မှိလိုက်တယ်။….
အိုဆာကာ ခရိုင်ထဲကမှ မြို့နယ်အဆင့် စည်ပင်သာယာရဲ့ စိမ်းလမ်းရေးနှင့်သန့်ရှင်းရေး ဌာနရဲ့ သတင်းတစ်ပုဒ်ပါ။
အိုဆာကာမြို့ကမြို့လယ်ခေါင်မှာ မြစ်ကဖြတ်စီးနေတယ်လေ။

ချယ်ရီတွေ ပွင့်ချိန်ဆိုမြစ်ကမ်း နှစ်ဘက်လုံးမှာ ချယ်ရီတွေ ကအတန်းလိုက်သိတ်လှတယ်။ အဲ့တုန်းကတည်းက အမှိုက်ဆယ်တဲ့ စက်လှေလေးတွေ နဲ့ ရေလည်ခေါင်မှာ သန့ှ်ရှင်းရေးလုပ်နေတာ တွေ့ဘူးတယ်။ လှေပေါ်မှာ တာယာတွေ ရော ဖော့ဗူးတွေ အများကြီး ကိုယ်တောင်အံ့သြတာအဲ့တုန်းက။
အခုလည်း အဲ့စည်ပင်ဝန်ထမ်းတွေ အမှိုက်လိုက်ပြီးဆယ်တဲ့ လှေပေါ်မှာပဲ လျှို့ဝှက်ကင်မရာတတ်ထားသလားတော့ မသိဘူး ၀န်ထမ်းတွေ က ရေထဲကနေဆယ်လို့ ရတဲ့ ပိုက်ဆံအိတ်တွေ အင်္ကျီတွေထဲက cash တွေ credit card တွေကို ဌာနကိုမအပ်ပဲ သူတို့ခွဲဝေယူ(ဖျောင်)ကြတယ်ဆိုတာပါပဲ။
ကင်မရာမှာ ပေါ်တဲ့အထုပ်ဆိုရင် ငွေက ယန်း သိန်းနဲ့ချီမယ်။ အတော်များများကတော့ ဒီမှာပျောက်ရင်လည်း
ပြန်ရတတ်တာများပါတယ်။
ဒါကလည်း ပစ္စည်းပေါ်တော့မူတည်မှာ ပေါ့လေ။ iPhone လောက်ကတော့ ရဲစခန်းမှာသွားမေးပြန်တွေ့တာများတယ်။
မြို့နယ်အလိုက် lost and found Home page လေးတွေကနေတောင် ပစ္စည်းတွေ ကိုကြော်ငြာပေးထားတယ်။ အခုဟာကတော့ ရေထဲကနေဆိုတော့လည်း အင်း…..
ပိုက်ဆံအိတ်ထဲမှာ အနည်းဆုံးတော့ ကျန်းမာရေးအာမခံကဒ်ကတော့ပါမှာပဲ။ လိပ်စာကနေ လိုက်လို့ လည်းရပါတယ်။ ရှားပါးနေကြတဲ့ ခေတ်မှာ ဆိုတော့လည်း ကြည့်ပါလား ခုကြည်ကြည်တောင် အဲ့လိုတွေးသေးတာကိုး လို့ ။
နောက်တစ်ခု ကင်မရာကနေရိုက်ထားတာက အပြင်ကနေ စုပြီးသယ်လာတဲ့ တာယာအဟောင်းတွေ
အမှိုက်တွေ ကိုမြစ်ထဲကို အရင်ကျဲချ ပြီးတော့ မှ ဘာမှမရှိသန့်ရှင်းနေတဲ့ ရေပြင်ကနေအမှိုက်ကို ပြန်ဆယ် တဲ့ ပုံတွေပါ ပါလာတယ်။
အဆိုးဆုံးက မိမိအမှိုက် မိမိပြန်သယ်သွားရအောင်ဆိုတဲ့ ကမ်ပိန်း ၀တ်စုံဝတ်ထားတဲ့ သူကိုယ်တိုင်က ပိုက်ဆံအိတ်ထဲက ကဒ်တွေကို ကစားနေတဲ့ပုံ့။
သတင်းဌာနကဗျူးထားတဲ့ ၀န်ထမ်းက(မျက်နှာကိုတော့ ဖျက်ထားတယ်သတင်းမှာ)
မြို့နယ်အနေနဲ့ ကလည်း အမှိုက်မရှိရင် သူတို့ဘယ်လိုလုပ်ပြီးဆက်ရပ်တည်မလည်းတဲ့။ ဒီဌာန ကို ခရိုင်ကနေကျတဲ့ ဘတ်ဂျက် က ဒီလောက်ပါဆိုတော့မှ ကိုယ်လည်းမျက်လုံးပြူးသွားတယ်။
ဒါတောင်သူတို့ က ဒီနှစ်ကိုတိုးပြီးတင်ထားပါတယ်တဲ့။
ခရိုင်အဆင့်ကလူကြီးကလည်း သတင်းသမားတွေက ဗျူးတော့ ဒီလူတွေ ပြည်သူဝန်ထမ်းလို့ခေါ်ရမှာ သိပ်ကိုရှက်ဖို့ကောင်းပါတယ်လို့ပြောတယ်။ အမှိုက်သိမ်းဌာနအတွက် ခရိုင်ကနေရတဲ့ ဘတ်ဂျက်က တစ်နှစ်ကို မြန်မာငွေနဲ့ (ခုငွေဈေး) ဆိုရင် သိန်း၂သောင်းပါ။
အင်း……..ဆိုပြီးသက်ပြင်းရှည်သာချလိုက်တော့တယ်။ တို့ရွှေပြည်မှာလည်း ဘာလို့ အမှိုက်ကား မလာလည်းတော့ ဘလော့ ဖတ်မှိတဲ့သူပဲဖြေသွားပေးကြတော့။ကိန်းဂဏန်းကလည်း ကွာမှာပါလေ။

ြှုကည်ကြည်