Sunday, October 31, 2010

Halloween Eve

ကာလသားတွေက Zorro ဆိုတော့
မဖုရားတွေက အိန်ဂျယ်ပေါ့။

အရူးမဟုတ်တာတော့ 
သေချာတယ်
ထူးပြီးမူးနေကြတာ။
ကောင်တာဘေးက
ခိုးခိုးခစ်ခစ်ရယ်သံ နဲ့ အကြားအထိက
ဘ၀အမောတွေ ရဲ့ အတားအငြိတွေကို ခဏမေ့
လောကနိဗ္ဗာန်ကိုတွေ့ နေသလား မသိ။


တစ်ချို့ကလည်း နား နားကြပ်နဲ့ 
ရင်ခုန်သံကို (check)ပေးသူ
အပေးအယူ မျှနေကြလား။

တစ်ချို့ က အခုမှ
အကြည့်ချင်းဆုံ
ရင်ခုန်သံ စတင်တော့မယ့် ပုံ။

အကြည့်မြှား ကို အကုန်လုံး ပစ်
ဘားတန်ဒါ(Bartender)ဆီ လွှတ်တော့
အံမယ်
သူကပဲ ပြောင်းပြန်
ရှက်ပြုံး နဲ့ အကြည့်ကိုခံတယ်။
လှစ်ကနဲ အပြုံးပင့် ရင်ကိုဝင့်
တီရှပ်ပေါ်အသည်းပုံရေး
အထာပေးနေသေးတယ်။

ပြာလဲ့လဲ့ ခွက်ကလေးကိုင်လို့ပေး
ရော့
ကော့တေး..
ပျော့ပျော့လေးတဲ့။…

အချိန်မတန်ပေမဲ့ ကိုယ်အိမ်ပြန်ချင်နေပြီ။
ပြတင်းတံခါးဝမှာတော့ နှင်းများကျနေပေါ့
မှန်းဆကာလို့  တွေးတယ်သခင်ရယ်
တမ်းတပါလို့ ဆွေးတယ်ရင်မယ်
ကိုကိုပါရင် နွေးမယ်ထင်တယ်။

ဝန်ခံချက်(နောက်ဆုံးစကားလုံး က အဖေက အမေ့ကို ပေးသောစာထဲမှ စကားလုံး)


ကြည်ကြည်

5 comments:

  1. အဟမ်း အဟမ်း :D

    ပုံ/ကိုကောင်း

    ReplyDelete
  2. ရင်ခုံသံ chack ထက် ပိုက်ဆံပါတဲ့ check ကိုလိုချင်တယ်

    ReplyDelete
  3. ဘကျောက်ရေ............
    အင်းပေါ့လေ ဘကျောက်တို့ က အခု ပိုက်ဆံ ပိုမက်သွားပြီးကိုးးးးးးးးး

    ဘကျောက်ဘလော့ လာရတာအဝေးကြီးပဲ
    နောက်တစ်ခါဆို ကြိုပြော...ကျည်ဆံရထားလက်မှတ်
    ပို့ ပေးလိုက်မယ်း)

    ReplyDelete
  4. ကဗျာက အလန်းစားပါလားးးး တကယ် မိုက်တယ်။ :)

    ReplyDelete
  5. မမချိုသင်း

    မန့်တာတွေ အများကြီးပဲ ကျေးဇူးနော်..
    မမစာတွေ အမြဲ လာဖတ်ဘူးတယ် မမရဲ့

    ချစ်ခင်စွာ
    ကြည်ကြည်

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။