Saturday, November 27, 2010

ကျွန်မ နှင့်ခရီး (ကြာခဲ့ပြီ Auckland ဆီသို့)

ခရီးဆိုတာ ပျော်စရာအမှတ်တရ ရှိမှ ပို ပြီး မှတ်မှတ်ရရရှိတာမဟုတ်လား။
ဘယ်ပဲသွားသွား လေယဉ်စီးရင် နောက်ဆုံးတန်းဘက်ကို တောင်းဖြစ်တာများတယ်။ လေယဉ်နောက်ပိုင်းနဲ့ အနီးဆုံးက စီးလို့မကောင်းဆုံး လို့လည်းပြောကြပြန်ပါတယ်။
နောက်ဆုံးတန်းက လူနည်းတယ်လေ။ နာရီကြာကြာစီးရတဲ့ ခရီးတွေဆိုရင် နောက်ဆုံးလေးခုံတွဲမှာကိုယ်က လှဲအိပ်လို့ ရတာကိုး။ Newyear ပြန်တုန်းကလည်း အသွားအိပ်လို့ ရတယ်။ အပြန်ကြတော့ ခလေးပါလာတဲ့ မိသားစုနဲ့  ကျတယ် အိပ်ဖို့ နေနေသာသာ တစ်ညလုံးအမေကို သနားလို့ ခလေးကူထိန်းပေးလိုက်  ချီပေး
ထားလိုက်နဲ့  အမှန်က ကလေး ပါရင် အရှေ့ exit နေရာမှာပေးတာများတယ်။ သူကလည်း  နောက်ဆုံးတန်း
ကို တောင်းထားတာတဲ့ ။ ၃ လပိုင်းထပ်ပြန်တယ်။ လက်ပ်တော့လေးပြပြီး ညငါအလုပ်လုပ်ရင်သူများကိုယ် အနှောင့်အယှက်ဖြစ်မှာဆိုးတယ် နောက်ဆုံးတန်းလေးပေးပါပေါ့။
ဘယ်ရမလည်း လေယဉ်မီးမှိတ်လိုက်တာနဲ့ တခါတည်း ခုံတွေကြားထဲက လက်တင်တွေ အကုန်ခေါက် အိပ်ဖို့ပြင်တော့တာပဲ။ အပြန် ကြတော့ ဆေးလာကုတဲ့ တရုတ်မိသားစု မန္တလေးကတဲ့ တွှေ့တတ်တယ် ကဲ တစ်ညလုံးအားပေးစကားပြောပေး လိုအပ်တာလေးဖြည့်ပေး သူတို့လည်းဂျပန်ကို အခုမှ  လာတာဆိုတော့
အတော်စိတ်ပူနေကြပုံ။ လေယဉ်စီးတိုင်း ဆုတောင်းဖူးတယ်။ စီးတိုင်း မြန်မာ ပါပါစေပေါ့။ အခေါက်တိုင်း ဆုတောင်းပြည့်တယ်။ပြည့်တာမှ နီးနီးနားနား………..
ခရီးသွားလို့ ရီစရာလေးတွေ အမှတ်ရစရာလေးတွေဆို ဘယ်တော့မှ မေ့မရတဲ့ ခရီးဖြစ်စေတာပဲ မဟုတ်လား။
ကြာခဲ့ပြီ အတော်ကိုကြာခဲ့ပြီ ဒီခရီးက ဘယ်လောက်တောင်ကြာခဲ့ပြီလည်းဆိုရင် တစ်လောက  မြန်မာအမျိုးသမီးလေး ခုန်တဲ့ bangy jump တွေ ခေတ်စားလာတဲ့အချိန် ပေါ့ newzeland ဆိုတာ home of bangy လို့တောင် ပြောကြတာလေ။ Auckland ခရီးစဉ်က OSAKA ကနေ AuckLand ကို ၁၃နာရီ နီးပါး စီးရတယ်။ ညဘက်ကြီးထွက်တာ ကိုယ်ကအနောက်ဆုံးတန်းမှာ အဲ့တုန်းက မီးလည်းမှိတ်ရော အိပ်ဖို့လုပ်တယ် crew တွေကို ညလယ်စာကျွှေးရင်မနိုးဖို့မှာပီးအိပ်တယ်. ကိုယ့်ဘေးနားမှာက အဖိုးကြီး
ကိုယ်ကသူ့မြေးအရွယ်လောက်ပေါ့။ ကိုယ်နိုးလာတော့ ဟ ဘာလည်းဟ ဆိုပြီး လန့်သွားတာကကိုယ်တစ်ခါ
 မှ မတွေ့ဘူးတဲ့အရာ လေယဉ်ပေါ်က ပေးတဲ့ခွက်အကြည်လေးထဲထည့်ပြီး သူသန့်ရှင်းရေးလုပ်နေတယ်။ စိတ်ထဲမှာတစ်မျိုးကြီးပဲ ကိုယ်စားမယ့် Supper ကိုမစားနိုင်တော့ဘူး။. မျက်စိပြန်မှိတ်လိုက်တယ်။ ငါလည်း တစ်နေ့ဆိုပြီး။
Auckland မှာလည်ကြတော့  bangy jump နဲ့ မာဝီပြတိုက်သွားကြမယ့် အဖွဲ့ကွဲ သွားတယ်။ လူငယ်မာဝီ.တွေကိုတွေ့ဘူးတာ အမျိုးသမီးတွေဘယ်လိုလည်းတော့ သတိမထားမှိလိုက်ဘူး။ အမျိုးသားတွေက အတော်တောင့်တောင့်တင်းတင်း ခပ်မိုက်မိုက်တွေ ဆေးမင်ကြောင်လည်းထိုးထားကြတယ်။ ကျောင်းသားတွေကားဆိုတော့ သူတို့ကြိုမယ်ပေါ့။  ကျောင်းသားထဲက  အရှေ့ထွက်ပြီး  
နှုတ်ဆက်မယ့် လူရွေးတော့ ကိုယ်ကလက်ညှိးထောင်တယ်။ မာဝီလူမျိုးတွေ  နှုတ်ဆက်ပုံက
နှာခေါင်းလေးကို နှစ်ချက်ဟိုဘက်ဒီဘက်ထိပြီးနှုတ်ဆက်ရတာ။.. ကားရပ်တော့ရပ်နေကြတာတွေက
မာဝီအမျိုးသမီးရော အမျိုးသားတွေရောပဲ။ရှင်းအောင်ကွင်းပြရရင်တော့  အမျိုးသားတွေက Rain ဘော်ဒီပေါ့။
တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြတယ်။ ကြည်ကြည့်အလှည့် အီး………….လို့ပဲ စိတ်ထဲက
photo from google
 အော်လိုက်တယ်။ ပြုံးပြုံးကြီးနဲ့  ကြည်ကြည့်ကို နှုတ်ဆက်ဖို့ လာနေတဲ့ မာဝီအဘ ၀၀ ကြီးက တအိအိနဲ့လာနေတယ်။
ပြုံးတာမှ ပါးစပ်တစ်ခုလုံးကို ပေါ်အောင်ပြုံးထားတာ။ တစ်ပြိုင်နက် လေယဉ်ပေါ်မှာမြင်လိုက်တဲ့ အရာကို မျက်လုံးက  မြင်ယောင်မှိတယ်။ ခုလာနေတဲ့ အဘိုးကြီးအဲ့လို အံတုကြီးဘာလို့ မတပ်ပါလိမ့်လို့။ ခုထိပြန်တွေးရင် ကိုယ့်နှာခေါင်းကို ယောင်ပြီးစမ်းမှိတယ်။
အဲ့တုန်းက ဓတ်ပုံကိုကြည့်တော့ စဥ့်အိုးကိုဖားကပ်သလိုဖြစ်နေတယ်။


ကည်ကြည်

5 comments:

  1. ဒုတ်နဲ့ဆီးရိုက်တာလား..
    တော်ပြီ..ကိုယ့်အိမ်မှာပဲအေးအေးနေတော့မယ်...

    ReplyDelete
  2. စဥ့်အိုး ဖားကပ်တဲ့ပုံ ပြပါ ကြည်ကြည်....:)

    ReplyDelete
  3. လေယဉ်....လေယာဉ်
    သတိမထားမှိလိုက်ဘူး....မိလိုက်ဘူး။
    ဓတ်ပုံ...ဓာတ်ပုံ

    လာပြောဆိုလို့ လာပြောတာ :P

    ReplyDelete
  4. မရဘူး မရဘူး။ အဲဒီ နှုတ်ဆက်တဲ့ ပုံပြပါ အမ။ စဥ့်အိုးကို ဖားကပ်နေတဲ့ပုံ။ ဖားမှ ဖားပျံဖြစ်ရမယ်။း)))

    သူတို့ရိုးရာလေးတွေ ဂလိုပါလားလို့ သိလိုက်ရတဲ့အတွက် ကျေးဇူးပါ အမ။

    ပျော်ရွှင်ပါစေ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  5. > ဘကျောက် ...ထင်တော့ထင်တယ် မရေးခင် ဘကျောက်ဓတ်ပုံသေချာကြည့်ရမှာ..သွားတွေက အော်ရဂျင်နယ်လားလို့း)
    >သူကြီး၊ မမချစ်
    အခု ကိုယ်တိုင် စဉ့် အိုးပုံ ဖြစ်သွားပြီ ကြည့်မလားး)

    >ကိုကောင်း ....သည်းခံသည်းခံ အယ်ဒီတာမရှိတော့ စာလုံးပေါင်းမှားမပေါ့ကွယ်...း)ကျေးဇူး တောင်ပေါ်သူတွေ မှိနဲ့ မိနဲ့ မကွဲကြပါဘူးဆိုမှ

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။