Saturday, November 6, 2010

တန်ဂျူံးပကား ရက်များသို့

ကျွန်းပိစိလို့ ခေါ်တဲ့
နေရာမှာ
ရင်ခုန်သံစဉ်ကြိုးညှိ
နုူးညံ့မှုရသ တိုးသိ
ကိုယ့်အတွက် ထာဝရလူ
ဟိုး..........................
တစ်ခါက သူကနေတယ်။

မှတ်မိနေတယ်။
အထပ်ထပ်ထုံးတဲ့ အသဲပုံး ကိုသယ်
တင်းနှောင်နှလုံးသွေးကြောတွေ ကိုဖယ်ဖို့ 
Silk Carrier မြေအကျ
ခြင်္သေ့ကျွန်းကို ခြေချမိတော့
အိုး............................
ချန်ဂီတစ်ခုလုံး
ပန်းရောင်တွေဖုံးလို့ ....

မှတ်မိနေတယ်
ကြင်နာသူပုခုံး
ကနွဲ့ကလျ မှီအုန်းမိတော့
အလှကဗျာထဲက
SAFARI ညကမ္ဘာလေးရဲ့အရောင်က
ပြာရီရီလဲ့ ရာက မှောင်

ဟူး.......ကြာခဲ့ပြီကွယ်
တခါတခါ ခြင်္သေ့ကျွန်းဆီ မျှော်တော့
အစောဆုံးနေထွက် အရှေ့အရပ်ဆီ ကို (သူလည်း)
တစ်ခါတစ်လေ ယောင်ယမ်း
Google နဲ့ ဖမ်းနေမလား။

ဒီလမ်း ဒီနေရာ
ကမ်းစပ်ဘေးနဲ့ ကလပ်ကီ
ပင်နီဆူလာနဲ့ အင်းလေး
Grand Plaza နဲ့  Takashimaya
အရိပ်တွေ မပီဝိုးဝါး
ရှိနေဆဲလား။
အတိတ်ကို ခဏဖမ်းဆုပ်ချင်လို့
Orchid ဘေး လမ်းရှုပ်ရှုပ်ကို
မိုင်ထောင်ချီ အဝေးဆီကလှမ်း
ခြေသံလုံစွာ ပြန်လာနမ်း ဖူးတယ်။


ကြည်ကြည်

8 comments:

  1. ရင်ခုန်သံစဉ်ကြိုးညှိ
    နုူးညံ့မှုရသ တိုးသိ

    ကာရန်လေးတွေ ယူထားတာ မိုက်တယ်။

    ReplyDelete
  2. ဟိတ်..အဲဒါဘူလဲကွ..
း)

    သူက..ဒါမျိုးလဲ ရတယ်ကိုး။

    ReplyDelete
  3. @ကိုကောင်း.......... ကိုကောင်းလို အတွေးမရဲ အရေးမရဲ ပါဘူး အသင်လေးပါ။

    @မကေ ...........ဟိုလေ...ဟို....ဟုတ်

    ReplyDelete
  4. အဲဒီကျွန်းမှာ သူ က နေတယ်...ခုရော..က သေးလား

    ReplyDelete
  5. ဘကျောက် နော်
    ဘယ်တော့မှ အကောင်းအပြောဘူး
    ရီလိုက်ရတာ တွေးတွေးပြီး ဟုတ်တာပဲ နော်
    သူ က နေတယ်..........

    ReplyDelete
  6. လာလည်သွားပါတယ် စီဗုံး မတွေ့ လို့ ဒီမှာ နုတ်ဆက်သွားတယ်နော်

    ReplyDelete
  7. ဟူး.......ကြာခဲ့ပြီကွယ်
    တခါတခါ ခြင်္သေ့ကျွန်းဆီ မျှော်တော့
    အစောဆုံးနေထွက် အရှေ့အရပ်ဆီ ကို (သူလည်း)
    တစ်ခါတစ်လေ ယောင်ယမ်း
    Google နဲ့ ဖမ်းနေမလား။

    ခေတ်ကြီးကိုက အွန်လိုင်းပေါ်မှာ ဖမ်းကြရတဲ့ အဖြစ်....

    လာလည်တယ် ညီမ ကြည်ကြည်....လင့်ခ်ယူသွားတယ်နော်....:)

    ReplyDelete
  8. @ ဆောင်း ကျေးဇူးပါ.

    @မမချစ်ကြည်အေး ကျေးဇူးပါနော်

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။