Monday, November 15, 2010

အတွေးတို့ က ဘလော့ရေးဖို့ သာ

Result တွေမကောင်းရင်
အပြင်ထွက် အိမ်ထဲမှာပဲ မchat နဲ့လေ
အင်း………
အိမ်ထဲမှာမငိုင်
ကော်ဖီတစ်ခွက်ကိုင် ၀ရန်တာထွက်ထွက်ထိုင်
ရန်ကုန်-မန္တလေးခရီးဝေး ၂နာရီလောက်နဲ့ပြေးမယ့်
ရှင်ကန်စင် ဖြတ်တာပဲငေးတော့
ပေပါရေးဖို့အတွေးမထိ အအေးတော့ မိတယ် အချစ်ရယ်။

တနေ့ကကျောင်းပွဲ ပေါ့
တို့ပြည်က မော်ဒယ်တွေ မယ်ဒေါ်တော်ရမယ့်
မြူးတူးခုန်ဆွ ကျောင်းသူအလှတွေ
အဖွဲ့ လိုက် performance အပေးကို
Lab ထဲကပဲ ငေးလိုက်ပါတယ်။
တစ်ယောက်မေးတဲ့အရာက အတွေးစတွေ ဖြစ်စေလို့
ယူတို့ နိုင်ငံကျောင်း ဘာတွေကောင်းသလည်း
ကျောင်းသူစုံညီ ကဗျာတေးသီပါသလား
ကျောင်းသားစုရုံး ရသတွေဖွဲ့ထုံးပါသလား
ဘယ်လိုအသင်း အားအပြင်းဆုံး
ဘယ်လိုရာသီ ကျောင်းသားတွေ ညီပါသလည်း
ကျောင်းသားအားလုံး ဘာ subsidy အရဆုံးလည်း
ဘယ်လိုကျောင်းသားအရေး နိုင်ငံက အလေးပေးပါသလည်း
Data တတ်ရှာWorldBankမှာ
မြန်မာပြည်ရှာမတွေ့ ဂဏန်းတွေလွဲ ကိန်းတွေ ကျဲတဲ့။
အင်း………………………………………………………….

တစ်ခါတလေပေါက်ကွဲ တစ်ခါတလေလည်း မဲမိတယ်။
ကဲ…..
ငါ့မွန်းကျပ်မှု ပစ္စုပ္ပန်ခါးတွေပျက်ပြယ်ဖို့
ဘလော့ဝင်္ကပါကို ဖက်တွယ်မလို့
ငါ့အတိတ်ကို ငါ့အရိပ်လိုပြန်ကြည့်
ရက်စွဲလွန်တွေ ပေါင်းပြီးအသစ်လုပ်
ငါ့စိတ်အဆာကို ငါ့ကဗျာဖြစ်ပြောင်းထုတ်မယ်။

*ရှင်ကန်စင် (ကျည်ဆံရထား)


ကြည်ကြည်

5 comments:

  1. ဒေါသတွေလျော့ပါကွယ်....

    ဒိုမိန်းပြောင်းထားလို့..ဧည့်သည်အလာမခံသေးဘူး..
    ကိုယ်တိုင်လဲ..ဆေးစွမ်းပြလို့ ပန်းဘဝရောက်နေလို့ ဘယ်မှသိတ်မသွားနိုင်ဘူး

    ReplyDelete
  2. တနေ့ကကျောင်းပွဲ ပေါ့
    တို့ပြည်က မော်ဒယ်တွေ မယ်ဒေါ်တော်ရမယ့်
    မြူးတူးခုန်ဆွ ကျောင်းသူအလှတွေ
    အဖွဲ့ လိုက် performance အပေးကို
    Lab ထဲကပဲ ငေးလိုက်ပါတယ်။
    တစ်ယောက်မေးတဲ့အရာက အတွေးစတွေ ဖြစ်စေလို့
    ယူတို့ နိုင်ငံကျောင်း ဘာတွေကောင်းသလည်း
    ကျောင်းသူစုံညီ ကဗျာတေးသီပါသလား
    ကျောင်းသားစုရုံး ရသတွေဖွဲ့ထုံးပါသလား
    ဘယ်လိုအသင်း အားအပြင်းဆုံး
    ဘယ်လိုရာသီ ကျောင်းသားတွေ ညီပါသလည်း
    ကျောင်းသားအားလုံး ဘာ subsidy အရဆုံးလည်း
    ဘယ်လိုကျောင်းသားအရေး နိုင်ငံက အလေးပေးပါသလည်း
    Data တတ်ရှာWorldBankမှာ
    မြန်မာပြည်ရှာမတွေ့ ဂဏန်းတွေလွဲ ကိန်းတွေ ကျဲတဲ့။
    အင်း

    ကြိုက်တယ်ဗျာ့ မကြည်
    ဘယ်အချိန်ကြမှာ ကျွန်တော်တို့နိုင်ငံမှာ ပြည်သူ့အခွင့် အရေး ၊ ကျောင်းသား အခွင့် အရေးတွေ ရနိုင်မှာပါလိမ့် ... ။

    ReplyDelete
  3. @ကိုသားထူး .....မုသားက အမှန်ဖြစ် အမှန်တွေ အပြီးပျောက်နေတာကိုး
    အမှန်ကို အမှန်ပါလို့ ပြောနိုင်မယ့်နေ့

    @ဘကျောက် .... ဖုန်းဆက်မလို့ လုပ်တိုင်း ဘကျောက် အိပ်ကောင်း ပြီးအိမ်မက်ထဲ နတ်သမီးလေးတွေ အခန်းတံခါးသွားခေါက်နေမယ့် အချိန်ဆိုတော့ အားနာလို့

    ReplyDelete
  4. အတွေးတို့က ဘလော့ရေးဖို့သာ ဆိုပြီး ဘာတွေတွေးနေပြန်ပြီလဲ။ ဘလော့နှင့်မဆိုင်တာတွေ တွေးပြီး ပေါက်ကွဲနေပြီထင်ပါ့။ အမနော်။ ဒေါသတွေလျော့ဦး။ တော်ကြာ ငယ်ငယ်နဲ့ အဘွားအိုပုံပေါက်နေဦးမယ်။ စိတ်တိုလွန်းရင် ရုပ်ကျမြန်တတ်တယ်တဲ့။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  5. > ကိုကိုမောင်

    သူုကြီးရေ ရုပ်ကျတော့လည်း ကွမ်းတောင်ကိုင် လက်လွဲ ရတာပေါ့ကွယ်
း)

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။