Friday, December 10, 2010

KOBE LUMINARIE အနုပညာလက်ရာမြောက် မီးထွန်းပွဲ...

ဒီတစ်ခါတော့ ဂျပန်က လက်ရှိအနေထားလေး ဝေမျှပါရစေ။

KOBE LUMINARIE (illumination  festival ) လေးပါ။

Entrance



၁၉၉၅  ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ magnitude 7 အဆင့်နဲ့ (KOBE)မြို့ ကို ပြာပုံဘ၀ရောက်သွားစေ
တဲ့ ငလျှင်ကြီးအကြောင်းကြားဖူးကြမှာပေါ့ ….
မြန်မာလူမျိုး နှစ်ယောက် ဆုံးသွားပါတယ်။(ဒါကအချင်းချင်းပြောလို့သိရတာပါ) ။
ငလျှင်ဒဏ်နဲ့  သေကံမရောက်  သက်မပျောက်ခဲံ့တဲ့ Phd  လာယူတဲ့  မြန်မာ အမကြီးတစ်ယောက် ကတော့လက်ရှိ ရန်ကုန်မှာ ဂျပန်ဘာသာသင်တန်းဖွင့်ထားပီး အောင်မြင်နေပါတယ်။ အဲ့ဒီ့တုန်းက  ဂျပန်အစိုးရက ဆေးကုသမှုအပြင် အခြားသောထောက်ပံ့ကြေးတွေပါပေးတာသိရပါတယ်။
ကျန်တဲ့ဆုံးသွားတဲ့ မြန်မာ တစ်ယောက်ပါတဲ့ ဂူကိုတော့ မြန်မာတွေ နှစ်စဉ်သွားတဲ့ Koyasan ဆိုတဲ့တောင်ပေါ်မှာတစ်ခါ တွေ့ ဖူးပါတယ်။
အခုရေးမှာက ပြာပုံထဲက KOBEရဲ့ တစ်စိတ်တစ်ပိုင်းအကြောင်းလေးပါ။ ၁၉၉၆ မှာ ဂျပန်ကိုရောက်ပါတယ်။ KOBE သွားလည်တော့ ငလျှင်ဒဏ်ခံခဲ့ရတဲ့ KOBE ၊ မြန်မာပြည်က စာတွေမှာမြင်ဘူးတဲ့ KOBE ပုံနဲ့ က တစ်ခြားစီမို့လို့  ငလျှင်ဘယ်နားလှုပ်သွားတာလည်း လို့ မေးယူရတဲ့အထိပါပဲ။  တစ်နှစ်အတွင်းမှာ
KOBE ရဲ့ ပြုပြင်ပြောင်းလည်းတိုးတတ်မှု့  နောက်ငလျှင်သင့် ပြည်သူတွေရဲ့ နေစရာအနေထားအဆင် သင့်ဖြစ်အောင်ပြန်လည်တည်ထောင်ပေးမှု့ လက်ရှိ ၁၄ နှစ်နီးပါးကျော်သွားပေမယ့် ဘယ်လိုမှ  ပြန်ပီးမတည်ထောင်နိုင်လောက်တော့တဲ့
ဝင်ငွေမရှိတော့တဲ့ သက်ကြီးရွယ်အို တစ်ချို့  (အရေတွက်ကတော့နည်းပါတယ်)
ငလျှင်သင့် ပြည်သူတို့ နေထိုင်နိုင်ရန်ဆိုတဲ့ ယာယီအဆောက်အဦးမှာ  မှာဆက်လက်နေထိုင်ဆဲပါ။ (သူတို့ယာယီအဆောက်ဦးက အိမ်လိုပါပဲ သေးတာနဲ့ ကြီးတာလောက်ပဲ ကွာပါတယ်)
ငလျှင်အကြောင်းပြန်ဆက်ရလျှင် မျက်စိရှေ့မှာရှိနေတဲ့ KOBE   တစ်နှစ်ကျော်အချိန်လေးမှာ အဲ့လောက်   
ပြောင်းလည်း  တိုးတက်ပီး ပြည်သူတွေ ပုံမှန်နေထိုင်သွားလာတာကို မြင်မိတော့ မယုံနိုင်လောက်အောင်ပါ ပဲ။  ငလျှင်မှတ်တမ်းကိုဓာတ်ပုံပါတဲ့ စာအုပ်တွေ စာတမ်းတွေ လိုက်ရှာပီးကြည့်ပါတယ်။ အဲ့ဒီင်္ခေတ်က အင်တာနက်ခေတ်မဟုတ်သေးအလွယ်တစ်ကူ သိပ်မတွေ့ခဲ့ရဘူး။  အဆောင်တူတူနေတဲ့ မြန်မာဆရာ
 တစ်ယောက်က ငလျှင်တုန်းက အတွေ့ကြုံကို ပြောပြပီး အဆောင်ရဲ့အက်ကွဲကြောင်းကိုပါပြပါတယ်။ KOBE နဲ့ အတော်လှမ်းတဲ့မြို့ ပေမယ် အဲ့လောက်အထိ ရိုက်ခတ်သွားတယ်ဆိုတာ သိသာမြင်သာခဲ့ပါတယ်။
 စာရွက်စာတမ်းတွေလိုက်ရှာ နောက်ဆုံး ဓာတ်ပုံ စာအုပ်ရလာတော့  ပြောင်းပြန်နီးပါးလန်နေတဲ့
ဟိုက်ဝေးလမ်းကြီးတွေ မီးခိုးတွေ  မီးတွေလောင်နေတဲ့ပုံတွေက လောက ငရဲဆိုတာဒါများလားလို့ တောင်
လန့်သွားပါတယ်။ ပီးခဲ့သော နှစ်တွေက  တရုတ်မှာ ဖြစ်သွားတဲ့ ငလျှင်ထက် အများကြီးကို ပျက်စီးနေတာပါ။  နောက်မနက်စောစော ရထားတွေ စပြီးပြေးစ မှာ လှုပ်သွားလို့သာပါ။ မနက် ၅း၄၅ မှာလှုပ်တာကိုး။  ရုံးချိန်သာဆိုဘယ်လောက်  အသေအပျောက်များလိုက်မလည်းလို့ တွက်ချက်ပြကြပေါ့ 
၆၄၀၀ကျော်သေဆုံးနဲ့  ၃သောင်းကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။
လက်ရှိ KOBE
Photo from google.
 ဟာ နိုင်ငံခြားသားတွေ အတော်ကြိုက်တဲ့မြို့ပါ။ တစ်ဘက်မှာတောင်တန်း တစ်ဘက်မှာကမ်းခြေနဲ့ မြို့က မော်ဒန်တိုက်တွေနဲ့ တခြားမြို့တွေနဲ့ နှိုင်းရင် ခေတ်မှီသစ်လွင်သလို နိုင်ငံခြားသင်္ဘောတွေ အကပ်များတဲ့ဆိပ်ကမ်း တစ်ခုလည်းဖြစ်နေတော့ အစားသောက်ဖွယ်ရာလည်းစုံလင်စွာဝယ်လို့ ရပါတယ်။ ဂျပန်မှာ yokohama ရယ် kobe ရယ်က တရုတ်တန်းရှိတဲ့ မြို့ ပါပဲ။

၁၉၉၅ ရဲ့ဒီဇင်ဘာလမှာတော့ KOBE luminarie ဆိုပီးစလုပ်ပါတယ်။ အီတလီနိုင်ငံအစိုးရကနေ လှုဒါန်းတယ်လို့ သိရပါတယ်။ ကျွန်မက ၉၆ မှာ စရောက်တာ ဆိုတော့ ဒုတိယအကြိမ် မီးထွန်းခြင်းကိုမှီတယ်လို့ ဆိုရမှာပေါ့။
ဂျပန်ရဲ့ ကန်ဆိုင်းဒေသ ( အိုဆာကာ၊ ကျိုတ၊ို နာရာ၊ ကိုဘေး) မှာတော့ KOBE Luminarie ကနာမည်ကြီး ပွဲတော်လို့ ခေါ်ရမယ့်အထင်ကရတစ်ခုပါပဲ။
Luminarie ဆိုတာက ၁၆ ရာစုနှစ်ဟောင်းပိုင်းလောက်မှာ ဥရောပမှာ စတင်ပီး
ခေတ်စားလာတဲ့ မီးဖြင့် ပူဇော်ဆုတောင်းပွဲလုပ်တဲ့ အနုပညာတစ်ရပ်လို့ ဖော်ပြထားပါတယ်။။ ခုKOBEကလည်း ၁၉၉၅ ခုနှစ်ကနေ လက်ရှိ ၂၀၁၀ ထိ ကို နှစ်စဉ်ဒီဇင်ဘာလတိုင်းမှာ တစ်နှစ်တစ်နှစ်
ခေါင်းစဉ်အမျိုးမျိုးတပ်ပီး ဒီဇိုင်းအမျိုးမျိုးနဲ့ ကျင်းပလာပါတယ်။ ၁၉၉၅တုန်းက ခေါင်းစဉ်က မျော်လင့်ချက် အိမ်မက်ဖြင့်အလင်းလို့ အဓိပ္ပါယ်ရတဲ့ ခေါင်းစဉ်လေးနဲ့ စတင်ခဲ့ပါတယ်။
 အိုးအိမ်မဲ့သွားတဲ့ မိသားစုတွေ ကို ဆုံးရှုံးလိုက်ရတဲ့ သူတွေ ငလျှင်ကြောင့်သေဆုံးသွားတဲ့သူတွေ အတွက် ဆုတောင်းပေးတဲ့အနေနဲ့ ပြုလုပ်ပေးခဲ့တာကို အနယ်နယ်အရပ်ရပ်က လူတွေ က လာရောက်ပီး မီးထွန်းပွဲကို တစ်ကူးတစ်က ကြည့်ခြင်းအားဖြင့် KOBE ရဲ့ ၀င်ငွေကို တိုးစေခဲ့တယ်လို့ ဆိုပါတယ်။စစခြင်းနှစ်မှာပဲ လူပေါင်း ၂၅သိန်း၎သောင်းကျော် နီးပါးလာရောက်ခဲ့ကြပါတယ်။
၁၀ရက်လောက်ကျင်းပတာပါ။ ၂၀၀၉ ခုနှစ်မှာတော့ လူပေါင်း ၃သန်းကျော်လာရောက်ကြည့်ရှုခဲ့ပါတယ်။
ဝင်ငွေတိုးတယ်ဆိုလို့ လာကြည့်သူတွေ ကို ပိုက်ဆံကောက်တာမဟုတ်ပါဘူး ။အလကားကြည့်ရတာပါ။ အများစုက ရထားကို အသုံးပြုပြီးသွားကြတယ်လေ နောက်ပီး အဲ့ဒီဒေသရဲ့ထွက်ကုန် နာမည်ကြီး ကိုဘေး အမဲသား  (KOBE GYU) KOBE ရဲ့ ချောကလက်တို့  နောက် KOBE မှာရှိတဲ့ တရုတ်တန်းရဲ့ ရောင်းအား နောက် အဲ့အချိန်နဲ့ ကိုက်မိနေတဲ့ကုန်တိုက်တွေရဲ့ Discount တွေက ရောင်းအားပိုမိုတတ်လာခြင်းကိုဆိုလိုတာပါ။
main pavilion
ဗော်လန်တီယာအုပ်စုတွေရဲ့  ယန်း၁၀၀ကန်ပိန်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်နှစ်တွေလည်းဆက်ပီး ပြုလုပ်နိုင်ရန် ယန်း၁၀၀လှုကြပါ ဆိုတာလေးတွေ
တွေ့ရပါတယ်။ အလှူငွေထည့်တဲ့သူတွေကို luminarie ပုံပါတဲ့ ဖြတ်ပိုင်းလိုမျိုးလေးတွေ ပြန်ပေးပါတယ်။
Main pavilion မှာတော့ အလှူငွေပစ်ထည့်လို့ရတဲ့ ခေါင်းလောင်းပုံနေရာလေးကို ခရစ်စမတ်ကာလနဲ့လိုက်ဖက်အောင်လည်း ပြင်ပေးထားပါတယ်။ ထွန်းထားတဲ့ မီးတွေရယ် စည်းကမ်းရှိရှိ သွားနေကြတဲ့ လူတန်းကြီးရယ် လွင့်ပေးထားတဲ့ သီချင်းတီးလုံးတွေရယ်က လွမ်းမောစရာ
ဝမ်းနည်းသလိုတော့ ခံစားရပါတယ်။
ဒီနှစ်KOBE Luminarie ရဲ့ ခေါင်းစဉ်က ဂျပန်လိုတော့  hikari no shinjou 光の心情 ရောင်စဉ်များ၏ ခံစားချက်လို့ ပဲ ဘာသာပြန်လိုက်ပါတယ်။ ငလျှင်ဒဏ်သင့်ပြည်သူတွေကို ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ အထိမ်းအမှတ်နဲ့ သူတို့ နှစ်စဉ်ပြုလုပ်နိုင်ရန် ကြိုးစားနေကြပါတယ် ဆိုတဲ့နယ်မြေခံတွေ
ဝန်ထမ်းတွေ....   မရောက်တာကြာပီ ဖြစ်တဲ့ Kobe luminarie ကိုကြည့်ရင်း ပြန်လည်ထူထောင်ရေးနဲ့ ကျွန်မတို့ ဆီက ဘ၀တွေကိုတွေးရင်း.............



(စိတ်ထဲမှာစာတွေရေးချင်နေပါတယ် ခုတစ်လောနည်းနည်းအားသွားတော့ ဟိုအကြောင်းဒီအကြောင်းလေးတွေရေးချင်ပေမယ့် မျက်မှန်က ပါဝါတိုးတိုးနေပါတယ်... စာလုံးပေါင်းကျန်ခြင်းမှားခြင်းများသည်းခံဖတ်ပေးကြပါ။
မှတ်ချက်....... ဖွားဖွားကြီးမဟုတ်...အဖွားလေးလည်းမဟုတ်.....း)

မနေ့ကပို့စ်ကိုတင်လိုက်တာ လူဦးရေ တနေ့လာတဲံ့လူဦးရေကိုမှားပီးရေးမှိပါတယ်.စုစုပေါင်း ၂သိန်းကျော်ဆိုပီးရေးထားမိပါတယ်..၂၅ သိန်းကျော်ပါ.. ယခုပြင်လိုက်ပါပီ။
(၁၁.ဒီဇင်ဘာ ၂၀၁၀)

 ကြည်ကြည်

11 comments:

  1. စိတ်ဝင်စားစရာလေး..
    ဒေသန္တရ ဗဟုသုတလေး ..
    အဘွားလေး မျက်မှန် နဲ့ပုံမမြင်ဘူးသေး..း)

    ReplyDelete
  2. ဘွားကြည်။
    မျက်စိတွေ မွဲနေပြီလား။ အသက်ကလေးကလဲ ထောက်လာပြီဆိုတော့ မှုန်မှုန်သုန်သုန် တုန်တုန်ချိချိ ဖြစ်နေရှာရောပေါ့။း)))
    အဲဒီမီးထွန်းပွဲတော်လေးက စိတ်ထဲမှာ ကြည်နူးသလို ၀မ်းနည်းသလို ဖြစ်စေမှာ အမှန်ဘဲနော်။

    ပျော်ရွှင်ပါစေ အမ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  3. မီးထွန်းပွဲလေးက သာယာတာပဲနော်...
    ကျမတို့ဆီက ဘဝတွေလဲ သာယာပါတယ် အဖွားရယ်..
    ဟော..ဘာပွဲလုပ်လုပ်..မူးမူးရူးရူးနဲ့ ရိုက်လိုက်ကြနှက်လိုက်ကြ..ထိုးလိုက်ကြသတ်လိုက်ကြ..ဘယ့်လောက်ပျော်ဖို့ကောင်းလဲ

    ReplyDelete
  4. အဘွားလတ်ခင်ဗျာ.. သား စာတွေ ဖတ်သွားပါတယ်.. ခင်ဗျ..
    မီးထွန်းပွဲလေး လှလိုက်တာနော်... အနော်တို့ဆီမှာတော့
    ဘကျောက်ပြောသလိုပါပဲ မူးလိုက်ကြရူးလိုက်ကြ... ဆွဲလားရမ်းလားနဲ့ အသရေဖျက်လိုက်ကြ ကိုယ့်ကိုယ်ကို ကြော်ငြာထိုးကြ ပျော်စရာဂျီးပါဗျာ..

    ReplyDelete
  5. >မကေ...မြင်ဘူးတဲ့ပုံကို နွားနို့ ပလင်းဖင် အထူလောက်မျက်မှန်နဲ့တွဲကြည့်လိုက်..:)
    >သူကြီး..မျက်လုံးမပါတဲ့ အဲ့လေ မျက်မှန်မပါတဲ့နေ့ဆို ကွန်ပြုတာကို လက်ကိုင်မှန်ဘီလူးနဲ့ ကြည့်တယ်.
    >ဘကျောက်....စာလုံးပေါင်းပြင်ပီး....ကျေးဇူး .(.ဘွား..ဖွား)
    >အင်္ဂါဟူး.....အမှန်ပါပဲ..ဒီမှာပွဲကြီးလမ်းကြီးတွေ မှာ ရန်ဖြစ်တယ်ဆိုတာ ရှားပါတယ်..မုးယစ်သောက်စားပီးရမ်းတဲ့လူလည်းမရှိ..နေ့စဉ်လူက သိန်းဂဏန်းလာနေတာတောင် ဘာတစ်ခုမှ ရှော့မ၇ှိ
    ဧပြီလမှ လုပ်တဲ့ ပန်းကြည့်ပွဲမှာတော့ တစ်ခါတစ်ခါ စကားများရန်ဖြစ်ပွဲလေးတွေ သတင်းမှာတွေ့ဘူးပါတယ်.

    ReplyDelete
  6. Really want to go after I read your post..
    I missed that chance. Let's go again tomorrow. ;D

    ReplyDelete
  7. >April.

    It is worth but consider going alone..;D.

    ReplyDelete
  8. ဖတ်ကောင်းတယ် အဲလို ဒေသန္တရ ဗဟုသုတလေးတွေ အကြောင်း ဖတ်ရတာ ကြိုက်တယ်...ညီမကြည်ကြည်က ကိုဘေးမှာ နေတာလားဟင် ၉၆ထဲကဆို ကြာလှပြီပဲ...

    ReplyDelete
  9. မမချစ်ရေ

    ကိုဘေးမှာမနေပါဘူး ဟိုးအ၇င်ကတော့ကိုဘေးကိုလစဉ်နီးပါးကိုရောက်တာ
    ၉၆ ကနေ တောက်လျှောက်မနေဘူးပါဘူး မချစ်ရယ် ..
    ကြားထဲမှာပြန်သွားလိုက် လာရလိုက်နဲ့...
    ဘ၀သမားလေ ရေကြည်ရာမြက်နုရာ ၇ှာစားရတော့ မချစ်ရာ...း)

    ReplyDelete
  10. မကြည် ပုံတွေမြင်ရ ၊ စာတွေဖတ်ရတာ စိတ်ချမ်းသာတယ်ဗျာ့

    ReplyDelete
  11. မရောက်ဖူးတဲ့ နေရာလေးတွေ မြင်ရတဲ့အတွက် ကျေးဇူးပါ..
    ပထမဆုံး အလည်ရောက်လာရင်း စာတွေဖတ်သွားတယ်နော်..

    ခင်မင်စွာဖြင့်
    ယွန်း

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။