Friday, January 28, 2011

စေတနာ. ၀ါသနာ


တခါတခါသွားတတ်တဲ့ FACE SPA နေရာလေးရှိတယ်။ ဆိုင်ရှင်ကလည်း ရွယ်တူလောက်ပဲရှိအုန်းမယ်။ သူ့ အိမ်မှာ ဖွင့်ထားတာ။ အိမ်ဆိုင်လေးတွေက သာမန်ဆိုင်တွေ ထက်နည်းနည်းဈေးများပေမယ့် နာမည်ကြီးဆိုင်ကောင်းကြီးတွေ လိုလည်းပေးရတာ မများဘူး။ ကြိုတင်ဘိုကင်တော့လုပ်ရတယ်။ သူ့ အချိန်နဲ့သူကွက်တိပေါ့။ အဲ့ဒီတော့ဘာအားသာချက်ရှိလည်းဆိုတော့သူရဲ့ ဆိုင်လည်းလူမ၇ှုပ်တော့ဘူး။ကာစတန်မာ ကိုယ်တိုင်လည်း အေးအေးဆေးဆေး တစ်ယောက်တည်းပွင့်ပွင့်လင်းလင်း ဖြစ်ချင်တာကိုယ်ပြောလို့ ရတယ်။  အခန်းသီးသန့်မှာ ကာစတန်မှာတစ်ယောက်စာအတွက်ပဲ နေရာကိုလုပ်ထားတော့ အတော်ကို နေရာကျယ်သလိုပဲ။ အိမ်ဆိုင်ဖြစ်တဲ့အတွက် သန့် ရှင်းရေးကအစ ပိုတာဝန်ကြီးတယ်တဲ့။  သူယူလိုက်တဲ့ငွေနဲ့ တန်အောင် ဆားဗစ်ကိုသူပြန်ပေးရမယ်။ ဆိုင်နေရာ မလို ၀န်ထမ်းမလိုတဲ့ အတွက် ဈေးက အပြင်ထက်သက်သာတယ်။ မဆိုးဘူးဒီအိုင်ဒီယာ။
နောက်တစ်ခုက သွားနေကြ ဆံပင်ဆိုင်လည်းအဲ့လိုပဲ။ အရင်ကတော့နာမည်ကြီးဆိုင်မှာ လုပ်ခဲ့တယ်ဆိုတယ်။ ခု အိမ်ထောင်ကျတော့ သူ့ အမျိုးသားနောက်လိုက်လာပီး သူ့ အိမ်အောက်ထပ်မှာပဲဆိုင်ဖွင့်တယ်။ ပစ္စည်းပြည့်ပြည့်စုံစုံနဲ့  သန့်ရှင်းရေးလည်းသူ အကုန်လုံးသူပဲ သူလည်းဘိုကင်က အမြဲထပ်နေတယ်။ဝင်ငွေအတော်ကောင်းတယ်လို့ သိရတယ်။
မနေ့ က ကျောင်းကအပြန် ခြံလေးတစ်ခြံထဲမှာ လက်သည်းခြေသည်းအလှပြင်ဆိုင်လေး ကြော်ငြာထားတယ်။ သူလည်းသေချာတယ် ဘိုကင်ကြိုယူရမယ့်သဘော။

တလောက အလည်သွားတဲ့နေရာက အိမ်ထမင်းဆိုင် အိုင်ဒီယာလေးကြိုက်တယ်။ တနေ့ကို ၂ တွဲပဲလက်ခံတယ်။ အိမ်ရဲ့အောက်ထပ်မှာ လုပ်ထားတယ်။ဆိုင်လို့ နာမည်မတပ်ထားဘူး ဘိုကင်လိုအပ်တယ်။ ဆိုင်ပုံစံမဟုတ်ပဲ အိမ်ထမင်းဟင်းပုံစံကို ကိုယ့်အိမ်အတိုင်းလုပ်ပေးထားတယ်။
စားပွဲထိုးမ၇ှိဘူး။စားခါနီးမှလာ တခါတည်းပူပူနွေးနွေး အဆင်သင့် ရေနွေးကြမ်းထည့်ပေးတဲ့အချိန်ကလွဲလို
အိမ်ရှင်ကထွက်မလာဘူး..အံမယ် အဲ့မှာလည်း ဘိုကင်က အပြည့်..။

မြန်မာပြည်မှာ အိမ်ဆိုင်အလှပြင်ဆိုင် (သို့) အခြားသော လုပ်ငန်းလုပ်ကြသည်ဆိုပါဆို့ဘာလို့ မပေါက်လည်း
တို့ မြန်မာတွေ က ဆိုင်ကြီးတွေကိုသာ ဘိုကင်လုပ်. ဆေးခန်းလောက်သာဘိုကင်လုပ်ချင်တာ
ကိုယ်တိုင်အပါအ၀င် သွားချင်ရင်ချက်ချင်းသွားလိုက်တာပဲမို့ လား။  နောက်တစ်ခုက အိမ်ဆိုင်တွေက အိမ်မှာဆိုပီး ဈေးတော့ သက်သာပါရဲ့ သန့် ရှင်းရေးအားသာမှု့ . ပရိုက်ဗိတ်စီဆိုတာတွေ ကို ထည့်မစဉ်းစားကြသေးဘူး ။ဒီမှာက ဆိုင်နဲ့ အိမ်ဆိုတာပဲ ကွာတယ်။ အိမ်ဆိုင်က ပိုပီးသန့် ရှင်း မှု့  မှာပိုသာတယ်။

တိုကျိုက ၇ှင်းအိုကုဘိုက  ယိုးဒယားဆိုင်မှာမြန်မာတွေ အထိုင်များတယ်။
ဆိုင်ဝန်ထမ်းက ၀န်ထမ်းဝတ်စုံနဲ့ ချက်နေတဲ့ယိုးဒယားကြီးက Chef ၀တ်စုံနဲ့ မိသားစုဆိုင်လို မျိုးပေမယ့်စားပွဲထိုးကလည်းစားပွဲထိုးဝတ်စုံဝတ်ထားတယ်။ မီးဖိုချောင်သန့် သန့်ကိုလည်း လှမ်းပြီးမြင်နေရတယ်။ ရောင်းလိုက်ရတာလည်း အုန်းအုန်းကိုထနေတာပဲ။
နောက်နေ့ 
သွားနေကြမြန်မာဆိုင်သွားတယ်။ ဆိုင်၇ှင်အမကြီး ဆွယ်တာအနီနဲ့ ဆံပင် စည်းပီးဟင်းချက်နေတယ်။ မီးဖိုချောင်ထဲမှာ ငရုတ်သီးပုလင်း ၊ဆီပုလင်း ၊အိုးတွေက မဲနေတယ်။ ဟင်းချက်နေတဲ့ နောက်စားဖိုမှုးက စွပ်ကျယ်လက်တိုရယ် ဂျင်းဘောင်းဘီနဲ့  ချက်နေရင်း ထွက်လာပီး ရန်ကုန်ကလက်ဖက်ရည်ဆိုင်တွေမှာတွေ့ ရတဲ့ ဓတ်ဘူးအနီေ၇ာင်အကွက်လိုလိုတွေ(သိမှာပေါ့)
ထဲကနေေ၇နွေးကြမ်းလာထည့်ပေးတယ်။ ဈေးကြီးလို့ လို မပြောနဲ့ ဂျပန်က used ဆိုင်တွေ မှာ
ကုန်တိုက်ကနေ လှည့်ဝင်တဲ့ ပစ္စည်းအသစ် ဈေးသက်သက်သာသာတွေ တပုံကြီး။
အဲ့ဆိုင်က လူတွေက ဂျပန်ရောက်တာမနေ့ တနေ့ က လူတွေ မဟုတ်  မ၇ှိဘူးဆို အနှစ် ၃၀လောက်နားနီးပီ..
ထွက်လာပီးစကားပြောလိုက် ပြန်ဝင်ချက်လိုက် ဟင်းခွက်လာချလိုက်။ ပေးရတဲ့ဈေးကလည်းဂျပန်ဆိုင်တွေနဲ့ တန်းတူ တခါတခါ ပိုတောင်များတယ်။
မြန်မာစိတ်လို့ တော့မပြောနဲ့ စီးပွားရေးလုပ်နေတာလေ။ တစ်ခါတစ်ခါ ဆရာသမားတွေကို မြန်မာအစားအစာဆိုပီးဧည့်ခံဖို့ ခေါ်သွားလို့ ရမယ့်ဆိုင်က နည်းလွန်းတယ်။
ဒါကြောင့် မြန်မာဆိုင် မြန်မာအစားအစာဟာ မြန်မာလူမျိုးညဘက် ကာ၇ာအိုကေ လာဆိုဖို့ လောက်ပဲ အဆင့်က ရှိသေးတယ်။ မသွားချင်မသွားနဲ့ ပေါ့လို့ တော့ အလွယ်မပြောပါနဲ့ ကွယ်။ အားပေးချင်တဲ့စိတ်တစ်ဝက် စားချင်တဲ့စိတ်တစ်ဝက်နဲ့ သွားနေကြကိုး။။။

 ရန်ကုန်မှာဘ၀ရပ်တည်ဖို့ အတွက် တင်္နလာကနေသောကြာ အလုပ်လုပ်ရပါတယ်။ ဘ၀၇ှင်သန်ဖို့ အတွက်တော့ စနေတနင်္ဂတွေဆို  အပင်တွေစိုက်ပါတယ်။  မြစ်ကြီးနားက ပန်းဥပင်(ထောင်းစားရန်)
ကနေစလို့  မုံရွာ ဘက်က ဆူးပုတ် ကစ စိုက်ထားပါတယ်(ဖြစ်ချင်ခဲ့တာ စိုက်ပျိုးရေးသမားပါ)။ (ပြောစရာဆိုလို့ ) တီကောင်တို့ မျှော့တို့ ကျွတ်တို့ တော့ သေမတတ်ကြောက်ပါတယ်။
ရန်ကုန်ပြန်ရင် ကိုယ်တိုင်စိုက်ပျိုးထားတဲ့အသီးအရွက်တွေနဲ့ အလုပ်အားရက်တွေမှာ အဲ့လို အိမ်ထမင်းဆိုင်လေးတော့ ဖွင့်ချင်သား။  ဘိုကင်ကိုတော့ အွန်လိုင်းကနေ လှမ်းယူထားကြပေါ့  ဘယ်လိုလည်း။

             

ခုရှိတဲ့ဝရန်တာမှာ စိုက်ထားတာလေးတွေ



နံနံပင်ကအဲ့လောက် ဆိုရင်ဂျပန်မှာယန်း ၂၀၀လောက်ပေးရတယ်။ပီးတော့လိုသလောက်လည်းမရဘူး။
ပူစီနံကတော့ ၁၅ရွက်လောက်ဆိုရင် ယန်း၂၀၀။ ပူစီနံက မာလီဘူးမိုဟိတို အတွက် ထားတာ.။ ကိုယ့်ပူစီနံကသူငယ်ချင်းပေါင်းစုံအတွက် ပျိုးပေးရတာလက်မလည်ဘူး။
 ကြည်ကြည်

8 comments:

  1. တို့က အလှပန်းပင်ထက် စားပင်စိုက်ရတာဝါသနာပါတယ်
    နံနံပင် ကြက်သွန်မြိတ် ပူစီနံ ငရုတ်သီး စသဖြင့် မီးဖိုနားမှာစိုက်ချင်တယ်
    တခြားအပင်ကြီးရောပေါ့
    လိုတာနဲ့ချက်ချင်းခူးပြီးချက် ဘယ်လောက်ကောင်းလဲ
    စိတ်ကူးတာ

    စူးနွယ်လေး

    ReplyDelete
  2. စားပင်စိုက်တာချင်း ၀ါသနာ တူတယ် အစ်မရေ...

    ဒါနဲ့ 5.11.2015 နေ့လည် 1 နာရီခွဲ မှာ ကောင်မလေးချောချောလေးနဲ့ ထမင်းလာစားမယ်.. နှစ်ပွဲစာ လုပ်ထားပေးနော်... ဘိုကင်လဲ ကြိုလုပ်ထားတယ်.. ဆိုင်လိပ်စာလဲပေးဦး

    ReplyDelete
  3. good idea.
    can I make a booking at your coming home restaurant? :)

    ReplyDelete
  4. စိုက်ထားတဲ့ အပင်လေးတွေကို သဘောကျတယ် :)

    ReplyDelete
  5. ကောင်းတယ်။ မြန်မာပြည်မှာသာ အဲ့လိုလေးဖွင့်ရင် ရောင်းလောက်မှာမဟုတ်ပါဘူး။ စေတနာကောင်းပါတယ်။ အိုင်ဒီယာလည်းကောင်းတယ်။ အပင်စိုက်ခြင်းကလည်း ပညာတမျိုးပါပဲ။

    ReplyDelete
  6. ကိုယ်နဲ့ အိုင်ဒီယာချင်းတူနေပြီ၊
    ကိုယ်က စုံတွဲအနည်းငယ်အတွက်တော့ မဟုတ်ဘူး၊ အုပ်စုလိုက်အတွက်၊

    ဂျပန်က အဲဒီဆိုင်လေးကို စိတ်ဝင်စားလိုက်တာ။

    ဒီမှာ ရေးဖူးတယ်၊
    http://apyonepan.blogspot.com/2009/06/blog-post_28.html

    ReplyDelete
  7. ခုကတည်းက ဘွတ်ကင်လှမ်းလုပ်ထားလိုက်မယ်နော်..
    ကိုယ်တိုင်စိုက်ပြီး ချက်ရောင်းတာမျိုး သဘောကျတယ်.. အဲဒီအိုင်ဒီယာဆို ရန်ကုန်မှာ သေချာပေါက်ဖြစ်ထွန်းတယ် တကယ်..
    ဘယ်သူမှ မလုပ်သေးတဲ့ စိတ်ကူးလေးဘဲ
    ပူစီနံပင်လေးရော နံနံရော ချစ်စရာလေး စိမ်းစိုနေတာဘဲ။ အပင်စိမ်းစိမ်းတွေ သဘောကျတယ်..

    ReplyDelete
  8. စားပင်လေးတွေစိုက်ပျိုးရတာဝါသနာပါတယ်....၊မကြည်ဆိုင်အတွက်ခုတည်းက
    ဘိုကင်လုပ်ထားမယ်နော်....၂၀၁၅ခု ဒီဇင်ဘာလ ၃၁ရက်နေ့အတွက်.....:P

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။