Sunday, April 17, 2011

စတော်ဘယ်ရီ ချယ်ရီ ရော ရင်

ပျောက်သောသူရှာရင်တွေ့ မရေးသောသူကြာရင်မေ့ .......


ဒီမှာတော့ ဆာကူရ တွေပွင့်လို့ ကြွေတောင်ကြွေပြီ ။ကြည့်လို့ရမယ်ဆိုလည်း ဒီတစ်ပတ်က နောက်ဆုံးပါပဲ။ လတ်တလော ဘာတွေလုပ်နေလို့ ငြိမ်သွားတာလည်းလို့ မေးတဲ့သူတွေကို စာတွေများလို့ ရယ် မုဒ်မ
ဝင်ဘူးလို့ ပဲ ပြောပါရစေ။
ကိုယ်တွေ နေတဲ့နေရာနဲ့ကဝေးပေမယ့်   တိုကျိုဘက်အခြမ်းကတော့ နေ့တိုင်းနီးပါးကို အနည်းဆုံးတနေ့ ၂ ကြိမ်လောက်တော့  ငလျှင်သတင်းက တွေ့ နေရတယ်။ အသိတွေနဲ့ဖုန်းပြောလည်း မူးနေတာပ
ဲလို့ ပြောကြတယ်။ ပြန်လည်ထူထောင်ရေးတွေလည်း လုပ်နေကြပေမယ့် ပျက်စီးမှု့ ကနည်းတဲ့ အတိုင်းအတာမဟုတ်တော့ အတော်အချိန်ပေးရအုန်းမယ်။ လွန်ခဲ့တဲ့ လအထိ မာနေတဲ့ ဂျပန်ယန်းဈေးကလည်း ခုတဖြေးဖြေး တန်ဖိုးကျလာပြီ။   ငလျှင်ကြီးနောက်ပိုင်းမှာ ဂျပန်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ၀င်လုပ်နေကြတဲ့ တရုတ်လူမျိုးအများစု နောက် အခြားနိုင်ငံခြားသားတွေ အတော်ကို ပြန်သွားကြတယ်။ တစ်လနီးပါး ပိတ်ထားတဲ့ တိုကျို ဒစ်စနေလန်း လည်း စနေ နေ့ကပြန်ဖွင့်တယ်။
ကျွန်မတို့ တွေ လည်း ခရီးကပြန်လာပြီးကတည်းက တစ်ချို့ လည်း ကိုယ့်စာကိုယ်ပြီးအောင်အမြန်လုပ်ကြ ဘွဲ့မယူပဲ စာတမ်းတင်ပြီးသည်နှင့်ပြန်ကြမယ့်သူတွေ ကျွန်မလည်းစာတမ်းတင်ပြီး တာနဲ့အိမ်ပြန်ဖို့ အစီအစဉ်ဆွဲပြီး ဘွဲ့ယူခါနီးမှပဲ ပြန်လာတော့မယ်လို့ ဆုံးဖြတ်။ စာတမ်းတင်ပြီးတာနဲ့ ဘွဲ့ယူတာက တစ်လခွဲနီးပါး အချိန်ရသည်။   တစ်ချို့  လည်း လိုအပ်သလောက်အ၀တ်အစားသာထားပြီး အကုန်ပြန် ပို့ နေကြသည်။ အားလုံးတူညီစွာတွေးမိသည်က ငါတို့ ကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုကိုယ်တိုင်မကြုံလိုက်ရတာ ဘုရားမကြတာပဲလို့ ။
ကျွန်မက  ဆက်နေဖို့ မနေဖို့ကို အစက မရေမရာ။ ခုတော့မိသားစုကလည်းကိုယ့်နောက် လိုက်မနေနိုင်သည့်အတူတူ ဆက်တက်ဖို့ ဆိုတာလည်းဆန္ဒမရှိတော့။ ဒီကြားထဲ မနှစ်က တိုကျိုမှာနေတုန်း အိမ်ရှေ့အိမ်ကို ညကြီးမင်းကြီး ဆေးရုံကားရောက်လာ ဆေးရုံတတ်မည့်သူက ဆေးရုံကားပေါ်ပါသွား မိန်းမဖြစ်သူက ခလေးလေးပိုက်ပြီး အိမ်တွင်ကျန်ခဲ့။ ဘေးပတ်ဝန်းကျင်ရဲ့ ခလေးကြည့်ပေးမယ်လေ လိုက်သွားလို့ ပြောမယ့်သူမရှိ။ လူနာလည်း တစ်ယောက်တည်း လူနာရှင်လည်းတစ်ယောက်တည်း.။ ထို မြင်ကွင်းမြင်မိကတည်းက အတော်ကိုေ၇ှာ့ခ် ဖြစ်ခဲ့ရသည်။ ကိုယ်လည်း အားငယ်တတ်တဲ့ အမျိုးကိုး….(မချစ်လေသံ..တိုက်ဆိုင်၍ယူသုံးသည်)။

ပါ့သ်က ချစ်မမ ကတော့ညည်းပြန်ပါအေ တဲ့။ စ က မမ ကတော့ ညည်း ပြန်မယ်လုပ်တာ
မှန်တယ်အေ့တဲ့။
ဒီထက်ကြာရင်လည်း အိမ်က ဖေဖေခေါ်သလို မယ်မဒန်း ဖြစ်တော့မည်။ အိမ်က လူလည်း နောက်ထပ်အိမ်တစ်ဆောင်မီးတစ်ပြောင် မဖြစ်ဘူးလို့ အာမမခံနိုင်။ ကဲဒါကတော့ လတ်တလော အခြေအနေ။


ဂျပန်မှာ ဆာကူရ. ကျွန်မနှင့်ချယ်ရီ

ပထမဆုံး ကျွန်မ ဆာကူရကိုမြင်ဘုးတာ 19xx (နှစ်အတိအကျမရေးတာ သည်းခံ)
ကျွန်မရဲ့ဆယ်ကျော်သက်ကိုကုန်ခါနီး..ဟဲဟဲ….
ပထမဆုံးဂျပန်ကိုရောက်တာက ဧပြီလ သင်္ကြန်ကျခါနီး ရက်ပိုင်းအလိုမှာ မြန်မာပြည်ကနေထွက်လာရရော လေယဉ်ပေါ်ကနေခြေချပြီး ရထားစစီး တာ နဲ့ ဆကူရာတွေကိုမြင်လိုက်တဲ့ မြင်ကွင်း ၊ ရန်ကုန်မှာ ပိတောက်ဝါ၀ါတွေ မြင်လာသူက ၁၂ နာရီ နီးပါး ကွာသွားသည့်နောက် နောက်ထပ် ပန်းရောင်ပန်းတွေ အများကြီးမြင်လိုက်ရတဲ့ မြင်ကွင်းက  ကျွန်မဘယ်သောအခါမှ မေ့မရနိုင်ခဲ့သည့်မြင်ကွင်း။ နွဲ့ယဉ်ဝင်းရဲ့ 
ဝေးတစ်မြေကိုသွားတဲ့ ဂျပန်က မောင့်ရဲ့စာ ဆိုတာက သူ့ အချစ်လည်း ကျွန်မလိုပဲ ဒီလိုအချိန်မျိုးရောက်လာသူဖြစ်ပေလိမ့်မည်။
အတုတွေ အစစ်ထက်လှနေတဲ့ ခေတ်မှာ  မနှစ်က မှ စိုက်တဲ့ ဆကူရာ ကိုင်းကူးပင်လည်း ဆေးထိုးပေးထားတော့ကျောင်းထဲမှာပွင့်နေပြီ။ တစ်ချို့ နေရာတွေ လည်း ဆေးထိုးပြီးစိုက်ခဲ့တာ နှစ်၅၀ သက်တမ်းတဲ့။ ခုသက်တမ်းကုန်ခါနီးပြီတဲ့ နောက်မပွင့်ရင်ဒီလိုနေရာဘာနဲ့ ဆွဲဆောင်မလည်း
လို့ စိတ်ပူနေကြသူတွေ ရှိသည်။ ပွင့်တာကတော့ အပင်မသေမချင်းပွင့်မည့်အပင်ကတော့ ရှိမှာပါပဲ။စိုက်ပျိုးရေး သမားတွေကတော့ နားလည်ပေလိမ့်မည်။

ဟနမိ(hanami) ချယ်ရီပန်းပွဲတော်ပေါ့လေ။ ချယ်ရီပင်တန်းတွေအောက်မှာ နေရာကြိုယူထားကြပီး ပန်းပင်တွေအောက်မှာ ပန်းတွေရဲ့အောက်မှာ ပန်းတွေကိုငေးမောပြီး စကားပြောကြ ။စားကြသောက်ကြ တဲ့ပွဲ (ဟိုးအရင်ကတော့ရန်ပွဲတွေဘာတွေဖြစ်ကြသည်)။ သူတို့ ရိုးရာ ပွဲ တစ်ခု။

စတော်ဘယ်ရီ ချယ်ရီရောရင် တော်တန်ရုံလူပင်  ဆိုတဲ့ စိမ်းမို့ မို့ ရဲ့သီချင်းလိုပါပဲ။ ချယ်ရီပေါ်ချိန်က စတော်ဘယ်ရီလည်းပေါ်ချိန်ကိုး …ဒါပေမယ့်စားတဲ့ချယ်ရီသီး (sakuranbo)ဟာ ဒီဆာကူရာ ချယ်ရီ ပင်ကမဟုတ်မှန်းတစ်ချို့ လည်းမသိကြ။
နောက်ဒီပန်းချယ်ရီ မှာမှ စားလို့ ရတဲံ့ ချယ်ရီပန်း ပွင့်ရွက်နဲ့  စားလို့ မရတဲံ့ ချယ်ရီပန်းကရှိသေး ။
တို့ ရွှေပြည်မှာ အ၀ါရောင် မယ်ဇလီဖူုးတွေ တွေ့ တိုင်းစားလို့ ရမယ်ထင်တာ။ စားလို့ ရတဲ့ အပင်က သပ်သပ်လို့ ပြောကြတာပဲ။
ဒီမှာလည်း စားလို့ ရတဲ့ ချယ်ရီပန်းပင်က အရွက်ရဲ့ ရနံတို့ အရွက်ရော ပန်းပါ ချဉ်ဖတ်လေးစိမ်ပြီး မုန့်တွေထဲထည့်တာကသပ်သပ်။
ဒီလိုရာသီ ဒီလိုချယ်ရီတွေ နောက်ဘယ်တော့မှ ပြန်ကြည့်ရမလည်းတော့မသိ။…
ချယ်ရီပွဲတော်



နေခြည်မှာရွှေရည်လောင်း ငါတို့ စာသင်ကျောင်း


 တွေ့ လား ကိတ်ပေါ်မှာ ဆာကူရာပုံနဲ့ ဆာကူရာ ပန်းချဉ်ဖတ်လေး

ကျွန်မနှင့်သင်္ကြန်..

အသက်ကြီးလာမှ ရန်ကုန်သင်္ကြန်ကို ပြန်ပြီး ဆော့ကစားချင်စိတ်က ပေါက်လာတယ်။ ကျွန်မက သင်္ကြန်လည်ရမှာ ကြောက်သူ … အိမ်ရှေ့ ရေပုံးထားပြီး ဖြတ်သမျှကားသာ ပက်သူ။
ခု သင်္ကြန်ပုံတွေကြည့်ပြီး ကျွန်မသူငယ်ချင်း ဂျပန်မလေး ရန်ကုန်သင်္ကြန်လာလည်တာ သတိရသွားသည်။ ၂၀၀၀လောက်တုန်းက ပေါ့ ။ သင်္ကြန်ဆိုတာ ရေလောင်းတယ်နော် တစ်ကိုယ်လုံးရွှဲမှာလို့ ပြောထားခဲ့တော့ သူ ကလည်ရင် ရေကူးဝတ်စုံနဲ့  လည်ဖို့ ပါလာတယ်တဲံ့ ။ ရေစိုမှာကိုး သူတွေးတာမလွန်လောက်ဖူး။
နောက်နားမလည်တာက လည်ကြပတ်ကြတော့ နိုင်ငံခြားသားတွေက ရော်ဘာဖိနပ်စီး ရေစိုခံစီးကြပေမယ့် တို့ ရွှေမြန်မာမိန်းကလေးတွေက လေဒီရှုးစီး ကြိုးသိုင်းအလှတွေစီးပြီး အပျက်စီးခံကြတာကို
သူတို့ ကအံသြကြတယ်။ ကျွန်မလည်း အဲ့လိုတွေးဖုးတယ်။ ဟော ခုလည်းသင်္ကြန်ပုံတွေမှာ မိန်းကလေးပုံတွေမှာ လေဒီရှုးတွေ ဘွတ်တွေ က အထင်းသား ။
ရန်ကုန်ပြန်လျှင်ယူသွားရန် စာရင်းမှာ တစ်ခုထပ်တိုးလိုက်ပြီး မင်နီနဲ့ ရေးလိုက်တယ်။

မြန်မာပြည်သင်္ကြန်သုံးရန် ၀ယ်ရန်စာရင်း
၁။ စကဒ်တိုတို
၂။ အင်္ကျင်္ီကျောတစ်ဝက် အနက်ရောင်
၃။ ခရမ်းရောင် ဆံပင်ဆိုးဆေး
၎။နှတ်ခမ်းနီ အနက်ရောင်
၅။ကြောင်ကြောင်ကျားကျား ခြေအိတ်…
၆။ မိုးတွင်းစီးရော်ဘာဘွတ်ဖိနပ်။


photo from google

ဒီပုံက ၁၉၉၆ လောက်က ဂျပန်မှာ ခေတ်စားသွားတဲ့စတိုင်
မြန်မာပြည်သင်္ကြန်နဲ့ ကိုက်မလားပဲ။
gankuro လို့ ခေါ်တယ်။ တစ်ကိုယ်လုံးကိုနေလောင်တဲ့မိပ်ကပ်အရောင်လိမ်း မျက်လုံး နဲ့ နှုတ်ခမ်းကို အဖြုဆိုးတာ။ ဆံပင်ကို ရွှေရောင်မှာ မှ အဖြူရောင်ဟိုက်လိုက် ထပ်ဖောက်။ ဖက်ရှင်ဆိုတာ တစ်ပတ်လည်နေတာပဲကိုးနော်။

photo from google



 ချစ်ခင်စွာဖြင့်
ကြည်ကြည်



6 comments:

  1. ဟေး... အဲဒီပုံ ဗမာပြည်သင်္ကြန်နဲ့ကိုက်တယ်
    ဒီမှာလဲဂျပန်ချယ်ရီတွေပွင့််နေပြီ
    စားလို့ရတဲ့ချယ်ရီတော့မလာသေးဘူး
    လိုသေးတယ်သူက
    နှစ်သစ်မှာပျော်ရွှင်ပါစေနော်

    စုးနွယ်လေး

    ReplyDelete
  2. ချယ်ရီပင်တွေ လှလိုက်တာနော်....
    မမရေ မင်္ဂလာရှိသောနှစ်သစ်လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း။။။

    ReplyDelete
  3. အောက်က ကောင်မလေးက ဒေါ်လေး ကြည်ကြည် ငယ်ငယ်တုန်းကများလား

    ReplyDelete
  4. စတော်ဘယ်ရီ ကျောက်သဲရှင်April 18, 2011 at 5:33 PM

    ဘလော့ဂါက ဓါတ်ပုံနှင့်တကွ သူ့ပုံကို ကြော်ငြာနေပါလား

    ReplyDelete
  5. ပါ့သ် က..ချစ်မမApril 19, 2011 at 12:00 AM

    ပျံသာ ပျံပါ.. ရွှေဟင်္သာရေ...

း)

    မင်္ဂလာနှစ်သစ်...

    စီးပွားရေး မျက်စိ ရှိ တဲ့ ကြည်ကြည်..ပြန်ရောက်ရင်.. သင်္ကြန် ဒီဇိုင်း ဆိုင် ဖွင့်လေ..း)

    ReplyDelete
  6. အစ်မရာ..ချယ်ရီတွေက စိတ်ကူးယဉ်ဖို့ကောင်းလိုက်တာ...လွမ်းစရာလေးတွေ..
    ပွင့်နေလိုက်တာများ....၊အင်း..စဉ်းစားမိတာက စတော်ဗယ်ရီကို ချယ်ရီမရောပဲ၊
    ချယ်ရီနဲ့ ပန်းတောက်ကို အတူယှဉ်စိုက်လို့ အတူပွင့်လာရင်ဖြင့်....:P

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။