Friday, December 30, 2011
မီးဘေးသင့် မိသားစုများအတွက် စောင်သွားလှုပါတယ်။
ကျွန်မတို့ထက်ဝေးတဲ့နေရကာလူတွေတောင်သိကြ ကြားကြတယ်။
လူတိုင်းကြားကြပေမယ့် ကျွန်မတို့ သားအမိတွေမကြားကြဘူး။ အောက်ထပ်မှာ အမေကြီး နဲ့ကောင်မလေးတွေ အပေါ်ထပ်မှာ ကျွန်မနဲ့ ခလေးနှစ်ယောက် မိုးလင်းတော့မှ ဂိတ်စောင့်ကြီးပြောမှသိကြတယ်။  ဘာသတင်းမှ အတိအကျမသိသေးချိန်ဆိုတော့ ဗုံးပေါက်တာလို့ပဲပြောတာကိုး ။
ဖြစ်ဖြစ်ချင်းနေ့ကပဲ လှူဖို့စိတ်ကူးလိုက်တာက စောင်ပါ။ ဒီလိုရာသီမှာ ဘုန်းကြီးကျောင်းဘိလပ်မြေကြမ်းခင်းမှာ အိပ်ရမှာ အေးကြရှာမှာပဲလို့။
ရုံးက ခလေးတစ်ယောက်က အဲ့ဒီ့ဘက်မှာ နေဖူးသူဆိုတော့ အတော်ကိုစိတ်ထိခိုက်နေရှာတယ်။
ကားလမ်းတွေကျပ်တယ် အဲ့ဒီ့ဘက်  လှုဖို့လာတဲ့ကားမှန်း သိပီး အသိစိတ်ရှိသူတွေက ကားကိုရပ်ပေးပေမယ့် မသိတတ်တဲ့ ဘတ်စကားတွေကတော့ လုံးဝမရပ်။ ကွေ့ကားကွေ့မရတော့ကားတန်းကြီးဖြစ်။ တစ်စီးစီအလှည့်ကျသွားပေးကြမယ်ဆိုတဲ့စိတ် ဝေးကြသေးတယ်။
ကဲ ကိုယ်ပဲကမကထလုပ်တော့ ခလေးတွေ စောင်သွားဝယ်ပေးကြတယ်။ တစ်ထည်ကို ၂၂၀၀တဲ့ ၂၅၀၀ တန်ကိုလှုမယ်ဆိုလို့ လျှော့ပေးတယ်တဲ့ ။ ၁၄၀၀ တန်စားရှိတယ်တဲ့ ကြိတ်သားပုံစံမျိုးဂွမ်းစောင်တဲ့ အပေါ်မလုံအောက်မလုံတဲ့။ မနေ့ကတော့တွေ့ခဲ့တယ်။
အဆောင်တစ်ခုဆီကိုရောက်သွားတယ် အိမ်ထောင်စု ၄၀ ရှိတဲ့နေရာ စောင်က အထည်၆၀ ၀ယ်သွားတယ်။
တစ်အိမ်ထောင် ၁ ထည်နဲ့ မီးသင့်ခံရတဲ့ကျောင်းက သံယာအပါး ၁၀ ပါးတစ်ပါးတစ်ထည် ရတယ်။
ပိုတဲ့ အထည်ကို မိသားစုများတဲ့သူတွေပေးလိုက်မယ်တဲ့။
ကိုယ်တိုင်လှူခဲ့ရတယ်။
ဆေးပေးခန်းတွေ လည်းရှိတယ်။ အစားအသောက်က ပိုတောင်ပိုတယ်လို့ပြောနေကြတယ်။
တစ်ရက်တည်းမဟုတ်ဘူး။ ၂ ရက်တည်းမဟုတ်ဘူး။ သူတို့အတော်ကြာကြာနေရမယ်ဆို ရင် အလှည့်ကျက ပိုကောင်းလိမ့်မယ်။
မိဘမဲ့ကျောင်းမှာ လှုတာတို့ နာဂစ်တုန်းက သွားလှူချိန်တို့ လူတဲ့ပစ္စည်းသာ မှတ်တမ်းအနေနဲ့ထားသည်။
ဒီလိုနေရာမျိုးတွေသွားရင် ကျွန်မသိပ်ပီး ဓာတ်ပုံရိုက်လေ့မရှိ။ သူတို့မျက်လုံးတွေကိုပါရင်မဆိုင်ရဲ မျက်လုံးနဲ့ရင်ဘတ်နဲ့မှတ်တတ်သူမို့ ဓာတ်ပုံကတော့ ဒီလောက်ပါပဲ။
အမျိုးသမီးတွေလည်းများတယ်လေ။ ဘယ်လောက်ကြာကြာနေရအုန်းမယ်မသိတဲ့အတွက် အတွင်းခံဘောင်းဘီတို့ လစဉ်သုံးတို့လည်း လှုချင်တယ်။
ဘယ်လောက်ပဲဖြစ်ဖြစ်လှု ဖို့ အကူညီလိုရင် ကျွန်မ ကူညီပါရစေ။ သူများကိုယ်စားလှုပေးရမယ်ဆိုရင်တော့သေချာ မှတ်တမ်းမှတ်ရာနဲ့ ရိုက်ပို့ပေးပါမယ်ရှင်။
 လေးစားစွာဖြင့်
ကြည်ကြည်
8 comments:
  1. ကောင်းပါတယ် မကြည်ကြည်...။
    ပေါက်
    ReplyDelete
  2. မမရေ အရမ်းဝမ်းသာတာပဲ မမရယ်
    သာဓုပါ သာဓု သာဓု
    ချစ်တဲ့
    ညီမ မဒိုးကန်
    ReplyDelete
  3. သာဓု သာဓု သာဓု
    အိုင်အိုရာ
    ReplyDelete
  4. သာဓု သာဓု သာဓု မမကြည်
    ReplyDelete
  5. ဂုဏ်ပြုပါတယ် မကြည်ကြည်။
    ReplyDelete
  6. သာဓုခေါ်ပါတယ်
    ReplyDelete
  7. ကျွန်တော်တို့ကတော့ ငွေအားမကူညီနိုင်လို့ လူအားပဲကူညီခဲ့ရပါတယ်ဗျာ။
    ReplyDelete
  8. မွန်မြတ်တဲ့အလှုအတွက်
    ReplyDelete
ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။