Tuesday, March 20, 2012

လွမ်းမိသော နွေရက်များ


အိမ်က ဘီအေတို့ စာမေးပွဲပြီးကြပြီလေ။
သူ့တို့စာမေးပွဲဖြေချိန်တုန်းကလည်း ပင်ပန်းလိုက်တာ (ကိုယ့်ညီမနဲ့မေမေ)း)
အိမ်ကတော့ပြောရှာပါတယ် ခလေးတွေစာမေးပွဲဖြေချိန်တောင် ဟိုသွားဒီသွားနဲ့ကျွန်မကို မယ်မဒန်းတဲ့း(

ကဲနွေဆိုတော့ တို့တွေငယ်ငယ်ကနွေရက်တွေဘာလုပ်ကြတုန်း
၇တန်းနှစ်က နွေမှာ အဖွားတို့ရွာ တောင်ငူရေတာရှည်က ရွာ ကို လိုက်လည်တာဘယ်တော့မှ မမေ့
ရွာထဲဝင်သွားတာနဲ့ မန်ကျည်းပင်တွေမြင်ရတယ်။ နုလားရင့်လားဆိုတာတော့ ခုမမှတ်မိတော့ဘူးလေ။
မှတ်မှတ်ရရကတော့ ရွာရဲ့ နေ့လည်မှာ အိမ်ရှေ့အိမ်က ဖွင့်လိုက်တဲ့ ရေဒီယိုရဲ့ မောင်ညီမလေးတို့ရေဆိုတာ ခုချိန်ထိ နားထဲကမထွက် … အော်.အိမ်ကကလေးတွေ အဲ့ဒါမျိုးတွေပြောပြ လည်းနားလည်မှာမဟုတ်ပါဘူးလေ။ရေဒီယိုကိုတောင်မြင်ဖူးအောင်ပြအုန်းမှ

ရွာထဲမှာ မင်္ဂလာဆောင်ရှိလို့တဲ့ မနက်စောစော အခါတော်ပေးတာက  ဆိုပီးအကျယ်ကြီးဖွင့်လိုက်တဲ့ အသံချဲ့စက်သံကြောင့် ကျွန်မနိုးလာတော့ အဖွားက ဘုရားရှိခိုးနေပြီ။
ရွာဆိုတော့လည်း အသားငါး ရှားလားမသိပါ။ နေ့တိုင်းဖိတ်ကျွေးတဲ့အိမ်တွေကတော့ ဟင်းကောင်းတာမှတ်မိတယ်။
ဘုရားသာ အဖွားကရှိခိုးနေတာ  အိမ်ရှေ့ကနေ ငါးရမယ် ဆိုတဲ့ဈေးသည်ကို ဘယ်ဘက်လက်က ဘုရားရှိခိုးလျှက်ညာဘက်လက်က နေ လာအုန်းလို့လှမ်းခေါ်နေတယ်။ ၂ ခါလောက်ခေါ်တာကို ငါးသယ်က ဆက်အော်နေတုန်း အဖွားတစ်ယောက် အပေါ်ရုံသဘက်ပစ်ချပီး တယ်  ဒီငါးသည်မ ဆိုပီး အော်ပါလေရော်
ကျွန်မတို့မြေးတစ်သိုက်ကတော့ တစ်ခွီးခွီးပေါ့ …
တစ်ကယ်တော့ မြို့က ကျွန်မတို့ကို ဟင်းစားမရှိမှာ အဖွားက အတော်ပူပုံရတယ်။
ဖေဖေငယ်ငယ်က အိပ်ခဲ့တဲ့ ကျွန်းပုခက်ကြီးတွေရယ်  ကျွန်းဘီဒိုကြီးတွေရယ် ကတော့ အခန်းမှောင်မှောင်မှာ ရေနံချေးမဲမဲတွေလိုလိုမှာဖုန်တွေ ပိုးမျှင်တွေတက်လို့။တွင်းရေအေးအေးလေးကို စဥ့်အိုးထဲထည့်ပေးတဲ့ အကိုဝမ်းကွဲတွေကို ကျေးဇူးတင်သား။ လသာတဲ့နွေညတစ်ခုမှာပဲ အဖွားက ဆုံးပါးသွားတယ်လို့သိရတာပါပဲ။
ငယ်ငယ်က နွေဆိုရင် အပင်ပေါ်တတ်ကြတယ်။အပင်ပေါ်မှာ လင့်စင်ထိုးကြတယ်။  ခုကျွန်မခလေးတွေ ကြတော့ အပင်ပေါ်တတ်မှာ ဆိုးလို့ ကျွန်မမှာ အရိပ်တစ်ကြည့်ကြည့်  မေမေတို့ငယ်ငယ်က အပင်ပေါ်တတ်တယ်သိလားဆိုတော့ သားကြီးက ခြံထဲက သရက်ပင်ပေါ်တတ်ချင်လို့ တစ်ပူဆာဆာ သူလည်းတတ်ကြည့်ချင်တယ်တဲ့။ နွေရက်တွေမှာသူငယ်ချင်းတွေစု မန်ကျဉ်းရွက်တွေ ခူး ဖက်ထဲထည့်
မြေကြီးကိုတူး အဲ့အထုတ်ကိုထည့် အပေါ်က ပြန်ဖုံး ဖနောင့်တွေနဲ့ ပေါက် ပြီးမှ ပြန်ဖော် စားကြ။
တနေ့က အိမ်မှာ သရက်သီးတွေကို စိတ်ပီး ငံပြာရည် နှဲ့ ငရုတ်သီးမှုန့်တွေ ဖြူး ပီးသုတ်စားနေတာမြင်တော့
ကိုယ့်ငယ်ငယ်က နွေရက်တွေတုန်းကလည်း သရက်ပင်အောက်မှာ ထိုင်ပီး တစ်ရှုးရှူးရှဲရှဲနဲ့စားမိတာ မြင်ယောင်မိတယ်။ ရန်ကုန်သူ/သား တိုက်ခန်းနဲ့နေသူတွေတော့မသိဘူး ကျွန်မတို့ကတော့ နယ်ဆိုတော့ ခြံကလေးဝိုင်းကလေးနဲ့ စားပင်လေးနဲ့ ရေတွင်းနဲ့လေ။
ကျွန်မပြောဖူးသလားပဲ။ သားကြီးက ကြံဆိုတာ စားစရာမှန်းမသိဘူး။ 
ကျွန်မတို့ငယ်ငယ်ကတော့ ကြံကို ဓါးနဲ့အခွံတွေ ခွာချလိုက်တယ် ပီးရင် အချောင်းလိုက်စုပ်ပဲလေ။တစ်ခါတစ်လေများ ဒီအတိုင်းတောင် သွားနဲ့ခွာတာ။ ကျွန်မရှေ့သွားတွေ မညီတာ အဲ့တာကြောင့်များလားး).
 ဟော ခုတော့ ကြံပန်းခိုင်လည်းရန်ကုန်မှာ သိပ်မမြင်မိ။ မိုမိုကျွေးတဲ့ ကြံချောင်းကြီး ဟိုမှာစားနေတယ်မေမေတဲ့ ဆိုလို့ သကြားဆိုတာကြံက ရတာ ဆိုတာရှင်းပြရသေး။ ဒီလိုဆိုတော့လည်း ကိုယ်တို့ ဖီဂျီကျွန်းသွားတော့ ကြံပင်တွေကို တအံ့တသြကြည့်တဲ့ ဂျပန်မတွေ ကို ကိုယ်ချင်းစာမိသလိုလို…

ကျွန်မတို့အိမ်ဘေးကို ဥသြလေး ခုတစ်လောလာသာတယ်။ ကျွန်မလည်း အားလုံးကိုသတိရတယ်။သူတို့လည်း မြန်မာပြည်နွေကို လွမ်းကြမလား။ ကျွန်မလိုပဲ သောတရှင်များရှင် ဆိုတဲ့အသံရယ် မောင်ညီမလေးတို့ရေ ဆိုတဲ့အသံကို ယဉ်ပါးဖူးတဲ့သူတွေရှိမှာပဲနော်။ ခုမပြောနဲ့ ၂၀၀၃ ခုနှစ်လောက်ကတည်းက မုံရွာဘက်ရောက်တော့ ရေဒီယိုကအသံထက် ထန်းတောထဲမှာလည်း ဇော်ပိုင်သီချင်းသံက ပျံလွင့်လို့ကောင်းနေတယ်။ ပူပြင်းလွန်းတဲ့အညာနွေကို ကျွန်မ အံမတုနိုင်ခဲ့။
အိမ်က အညာသားကိုတော့ ကိုယ်ဟာတောင်ပေါ်သားပါ(အဲ့လေတောင်ပေါ်သူပါ) ဆိုပီးအညာမှာ ၂ညထက်တော့ပိုမအိပ်ပါရစေနဲ့ဆိုပီးတောင်းတောင်းပန်ပန်။ ဒါတောင်ပူလို့နေရာရှာတာ နောက်ဆုံးထန်းတောထဲ အေးရာအေးကြောင်း ဒါမျိုးပဲ ကောင်း (တီဗီကြော်ငြာထဲကအတိုင်း)
ဆိုပီး ထန်းရည်ချိုလေးသောက်လိုက် အညာဆူးပုတ်လေးနဲ့ကြက်ဥကြော် နဲ့လိုက်ဖက်ခဲ့တဲ့  ကိုယ့်ရဲ့အညာနွေရက်….

သင်္ကြန်သီချင်းကို အထူးတလည်မကြိုက်ပေမယ့် ဒီနှစ်တော့သင်္ကြန်ကိုရင်ခုန်မိနေပြန်ရော ..အိုဆာကာ က သူငယ်ချင်း နှင်းလဲ့တစ်ယောက် ဒီနှစ်သင်္ကြန်လည်း ပြန်မလာဖူးတဲ့ သူဆို သင်္ကြန် ပြန်မလာတာ ၁၇ နှစ်ရှိပြီ။

ကျွန်မဒီကို ပြန်လာမယ်လုပ်တော့ တစ်ပိုင်းတစ်စ စပ်ထားတဲ့ကဗျာလေးရှိတယ်

မငိုနဲ့ ဗမာအကို
ညိုက ဂျပန်ဆိုတဲ့အရပ်
ခရီးတစ်ထောက်လို့ပဲမှတ်တယ်။

လိုတယ်အစ်မ
ကျွန်မတို့မြေမှာ
ဘက်ချလာ၊မာစတာ
အော်ဂနိုက်ဇေးရှင်းတွေကြား
ထင်ရှားတော့
အမလည်းတစ်နေ့
မြန်မာပြည်ကိုလာတွေ့လည့်လေ။

ကျန်တာတော့ မမှတ်မိတော့ဘူး.
ခုတစ်ခါ ထပ်ရေးချင်တာက

တိုကျိုက အကိုအမ မောင်နှစ်မတို့ရေ
နိုင်ငံလည်းပြောင်း ခေတ်လည်းတောင်းနေပြီမို့
သင်္ကြန်ရက်အမှီ အမိပြည် ကြည့်စေချင်သည်လို့လေ။


နွေရက်တွေကို လွမ်းသွားတယ်ဆိုရင်တော့ ဘွာတေးး)



လွမ်းလျှက်
ကြည်ကြည်




8 comments:

  1. ခေတ်လည်းတောင်းနေပြီ တဲ့.. အို ကြောက်စရာကြီး..တောင်းတယ် ဆိုရင်တော့..ပြေးမှ.း)

    ခေတ်လည်းကောင်းနေပြီ ဆိုတာ ဘယ်သူ ပြောလဲကွ..။
    မယုံ..မယုံ ..မယုံဘူး။

    ပြန်လာမယ်..ရှေ့လ

    ReplyDelete
  2. လွမ်းမိပါသည်နွေရက်များ။
    အိုင်အိုရာ

    ReplyDelete
  3. ကိုယ်တို့လည်း ပြန်လာတော့မယ်၊
    သင်္ကြန်တော့ မမီတော့ဘူးကွယ်။

    ReplyDelete
  4. စာတွေဖတ်သွားတယ်မကြည်ကြည်
    မိသားစုကိုယ်ေ၇ာစိတ်ပါကျန်းမာချမ်းသာကြပါစေ။

    ReplyDelete
  5. ကိုအောင်(ပျူနိုင်ငံ)March 22, 2012 at 1:32 AM

    ပြန်ေ၇းလိုက် .. ပြန်ပျောက်လိုက် ...း)

    ReplyDelete
  6. မမကလဲပျောက်သွားလိုက်ရင်အကြာကြီးဘဲး))
    မမလဲလတ်စသတ်တော့ တောင်ငူအမျိုးကို ...

    သတိရနေတဲ့ ညီမ
    မဒိုးကန်

    ReplyDelete
  7. ဘွာတေး ဘယ်ရမလဲ မမကြည်ကြည်..နွေရက်တွေကို လွမ်းသွားပြီ..

    ReplyDelete
  8. မကြည်ကြည် ပျောက်တာ ကြာပေါ့။ အရင်လို စာတွေပြန်ရေးပါ။

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။