Friday, April 20, 2012


ဆုတောင်း



တိတ်တခိုးဆိုတာထက်

တိုးတိတ်စွာ ချစ်ခဲ့တာပါ။

ကဗျာတစ်ပုဒ်လိုအချစ်ပေါ့

တစ်ခုသော ဆောင်းနံနက်မှာ

အခါးရည်တစ်ခွက်နဲ့ မိတ်ဆက်ခွင့်ရခဲ့ပါရဲ့။



စွဲလမ်းလို့ထင်ပါရဲလေ

မမြင်သာရင် ရင်တွေပူ

သခင်မပါရင် ဘလောင်တွေဆူလို့



ဆုတောင်းပဲ ပြည့်လေသလား

မဟူရာ ည နက်နက်မှာ

အသူရာလည်း မစွက်ဖက်ပဲ

မျက်ဝန်းရွှန်းလဲ့ ရီသဲ့သဲ့နဲ့

ချစ်သူဟာ ခစားလို့လာတယ်။



အကြင်နာနှုတ်ခမ်းနဲ့ ညင်သာစွာလည်းနမ်းလို့

နွေးထွေးတဲ့လက်နဲ့ ထွေးပွေ့ကာလည်း ဖက်လို့ပေးပေါ့။

ပင့်သက်ခပ်နွေးနွေး မှာ အသည်းဆိုတာ အေးကနဲ။



အိုး……………..

လက်၇ှိဘ၀က  တမှေးတာဝေးကွာနေဖို့

အိမ်မက် ရယ် ခဏပေးကာ နေပါလို့




လွမ်းလျှက်
ကြည်ကြည်


6 comments:

  1. လက်ရှိဘ၀ကြောင့် အိမ်မက်ရယ်ခနနေကာပေးပါတဲ့လားကွယ်

    ချစ်တဲ့

    ဒိုးကန်

    ReplyDelete
  2. ကဗျာ ကောင်းတယ်.................
    အသေအချာဖတ်လို့ သွားပါတယ်။

    ReplyDelete
  3. ကဗျားလေးက ဖတ်လို့ ကောင်းလိုက်တာ မမကြည်ကြည်

    ReplyDelete
  4. ချစ်စရာကဗျာလေးကိုလာဖတ်သွားပါတယ်ကြည်ကြည်...

    ReplyDelete
  5. Hi looks so impressive and interesting blogs, come and visit us back too:
    http://ads.com.mm/?

    cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads

    _lb_blog&utm_medium=lb_blog

    ReplyDelete
  6. ရီရီသန်July 8, 2012 at 11:08 PM

    ခံစားလို.ကောင်းပါတယ် စိတ်ကူးရယ် အိမ်မက်ရယ်က လက်တွေ.လိုမပင်ပန်းဘူးလေ

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။