Wednesday, August 15, 2012

အဝေးကြီးပါပဲ။


ဂျနီဖာအင်စတန်က ဘရက်ပစ်နဲ့ကွဲတော့ ငိုတယ်။
ဘရက်ပစ်နဲ့ဂျိုလီနဲ့ ခလေးရတဲ့သတင်းကြားတော့လည်း ငိုပြန်ရော။
ကွဲထားပီးသားပဲ။ ဂျိုလီနဲ့ကြိုက်မှန်းတွဲမှန်း သူနဲ့ဘယ်လိုမှ ပြန်မဆုံမှန်းသိရဲ့သားနဲ့ ငိုတယ်။

မအိက ကိုကျော်ကိုယ်သူကိုယ်တိုင်ထားခဲ့ပီး ကိုကျော်လက်ထပ်တဲ့အခါကျတော့ငိုတယ်။
ကိုကျော်ကလည်း မင်္ဂလာပွဲမှာ ငိုပြန်ရော ။ ဟော ခလေးရတော့လည်း ကိုကျော်က ပြန်မဆုံနိုင်တော့ပါဘူးဆိုပီး ငိုပြန်တယ်။ မအိကလည်း လူပျိုတုန်းကတောင် မယူခဲ့တာ ခလေးအဖေဖြစ်ပီးမှ ယူရလောက်အောင် ငါသတ္တိမရှိဘူးဆိုပီး ပြောပြန်ရော။

ညီမလေးနီနီက သူ့ ချစ်သူ မိန်းမယူတော့ ငိုတယ်။ ၁နှစ်ခွဲလောက်ကြာတော့ သူ့ချစ်သူဟောင်း ခလေးရပီဆိုပီးငိုပြန်ရော။

ညိုညိုရှည်ရှည်နဲ့ မောင်သိန်းထိုက် က ဘုတ်အီးဆိုတဲ့ ညိုညို ပြည့်ပြည့်မိန်းကလေးကိုချစ်လွန်းလို့ တစ်ကောက်ကောက်ပေါ့။ ဘုတ်အီး ယေကျာ်းလည်းယူရော မောင်သိန်းထိုက်က ငိုလိုက်တာ။ ဘုတ်အီင်္း သားလေးတစ်ယောက်ရတော့လည်း မောင်သိန်းထိုက်က ငိုပြန်ရော။

ကျွန်မနဲ့သူနောက်ဆုံးတွေ့တာ ချန်ဂီလေဆိပ်မှာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က။
ဝေးနေပေမယ့် သတိရတိုင်းအခါတိုင်းသူက နီးနေတတ်တယ်။သတိရမိတဲ့အခါတိုင်း ကျွန်မတစ်ယောက်တည်းမဟုတ်သလိုပဲ။ ပြန်ဆုံနိုင်စရာမလိုအောင်ကို ကျွန်မရင်ထဲ နီးကပ်စွာရှိနေခဲ့တယ်။
သားလေး မွေးတယ်တဲ့။ မကြာသေးခင်က ….
ကျွန်မ ကြည်နုးစွာ စာကိုဖတ်ရင်း အဆင်ပြေကြပါစေ ဆုတောင်းရင်း မျက်ရည်တွေတော့ ကျနေတယ်။
တစ်ကယ်တော့ သူနဲ့ကျွန်မလည်းနီးနီးလေးပေမယ့် ဆုံနိုင်ခွင့် လုံးဝမရှိတော့တာ အသေချာပါပဲ။

မအိငိုတာ လည်းသိတယ်။ နီနီငိုတာလည်းတွေ့ဖူးတယ်။ မောင်သိန်းထိုက်ငိုတာလည်း ပြန်ကြားတာပဲ ။
ကဲ ခုကျွန်မငိုပြီကွယ်။

ပြန်မဆုံနိုင်ခွင့်ဆိုတဲ့ငိုချင်းမဟုတ်ဘူး။ မနာလိုတဲ့ငိုချင်းမဟုတ်ဘူး။ ရင်ထဲမှာထားချင်နေတဲ့အတ္တတစ်ခုမရှိတော့လို့
ဝမ်းနည်းသွားတဲ့ငိုချင်း ……..



လွမ်းလျှက် 
ကြည်ကြည်

10 comments:

  1. အဲလိုငိုချင်းမျိုးထဲက တမျိုးကို ငိုခဲ့ဖူးတယ်...။

    ReplyDelete
  2. မိကြည် ပျော်ရွှင်ပါစေ

    ReplyDelete
  3. အဲလို အငိုက တစ်ခါပဲ ငိုရမယ်ထင်တယ်။ ခနခန ငိုစရာမလိုတော. ကောင်းတာပေါ.လို.တွေးမိသား။

    ReplyDelete
  4. ရင်ထဲက အတ္တတွေအားလုံး မျက်ရည်တွေနဲ့ ပါသွားပါစေ မကြည်ကြည်ရေ..
    ခင်မင်စွာ

    ချော

    ReplyDelete
  5. ဘာတွေမှန်းကိုမသိပါဘူး။

    ReplyDelete
  6. ဝမ်းနည်းသွားတဲ့ ငိုချင်းမျိုး ငိုဖူးခဲ့တယ်....။ အဲ..အဲ...သူကတာ့ အိမ်ထောင်မကျသေး...၊ကလေး မရသေး၊ ၊ ကျွန်တော့်ကို ထားပြီး နောက်တစ်ယောက်ကို ချစ်သွား၍ ငိုဖူးခဲ့သည်။. သို့ဆိုလျှင် ကျွန်ုပ် ငိုစရာ နှစ်ခု ကျန်နေသေးသည်...

    လေးစားစွာဖြင့်
    ခနွဲ (မြင်းခြံ)

    ReplyDelete
    Replies
    1. သူ မိန်းမ ရတာသိတော့ စိတ်မကောင်းဘူး တော်တော်လေး ၀မ်းနည်းဖူးတယ်

      ပြန်မဆုံနိုင်တာ သိနေရင်း မမျှော်လင့်တော့ရင်း ဘ၀တွေ ဝေးနေရင်း ဘာလို့ ၀မ်းနည်းလဲ ကိုယ့်ကိုယ်ကိုယ် စိတ်တိုဖူးတယ်

      အခု အမ စာဖတ်ပီး နားလည် ခံစားမိပါတယ်

      Delete
  7. သူ မိန်းမ ရတာသိတော့ စိတ်မကောင်းဘူး တော်တော်လေး ၀မ်းနည်းဖူးတယ်

    ပြန်မဆုံနိုင်တာ သိနေရင်း မမျှော်လင့်တော့ရင်း ဘ၀တွေ ဝေးနေရင်း ဘာလို့ ၀မ်းနည်းလဲ ကိုယ့်ကိုယ်ကိုယ် စိတ်တိုဖူးတယ်

    အခု အမ စာဖတ်ပီး နားလည် ခံစားမိပါတယ်

    ReplyDelete
  8. သူကတော့ မိန်းမမရသေးဘူး..ကိုယ်က ယူရတော့မယ်..သူက ပြန်လာခဲ့ပါတဲ့..ပြန်လာ လို့လည်းမရတော့ဘူး.....အကယ်ရွေ့များ သူသာမိန်းမယူမယ်လို့တွေးမိရင် မျက်ရည်တွေ အလိုလိုဝိုင်းလာတယ်.....ပြန်မဆုံနိုင်တော့ဘူးဆိုတာ သေချာရဲ့နဲ့ ၀မ်းနည်းနေတယ်..တိုက်ဆိုင်မှုတွေတွေ့လာရင် အရမ်းဝမ်းနည်းတယ်..

    ReplyDelete
  9. အမရဲ့ပိုစ့်လေးကိုဖတ်ပြီးခံစားရလို့ ညီမ မှီငြမ်းပြီးရေးထားတာလေးရှိပါတယ် ။ မှီငြမ်းခွင့်ပေးပါ။ ကျေးဇူးပါအမ ။

    http://hsumyatmoe88.blogspot.sg/2013/05/may-god-bless-you.html

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။