Thursday, August 23, 2012

နတ်ဖြစ်ခဲ့တုန်းက


ကျွန်မတို့အိမ်ထဲတွင်  စကားအလွန်တတ်သော သာလိကာလေး ၃ ကောင် ၊  လှောင်အိမ်ဖြင့်ထားသော  ငှက်ကလေး ၁၀ကောင်၊ ညည နေ့နေ့ အိမ်ရှေ့ပေါက်တွင် ထိုင်နေသော  ရိပ်ခနဲ မြင်သည်နှင့် ချက်ချင်းထိုးဟောင်သော အယ်ဇေးရှင်း ၃ ကောင်နှင့် ကျွန်မရဲ့  ကင်မွန်းချဉ် နုနုများအား လာလာစားသော မျောက် ၁ ကောင်ရှိပါသည်။
ကျွန်မတို့အိမ်နောက်ဖေးရှိ ချောင်းစပ် ရေစပ်တွင် လမုပင်များ စွာရှိ၍ ထိုနေရာသို့ ငှက်လှလှများလည်း လာရောက်နားလေ့ရှိပါသည်။
မိုးလင်းသည်နှင့် အိမ်မှ သာလိကာ ၂ ကောင်နှင့် နယ်မှလာသော သာလိကာငယ်တို့ အသံကား ဘေးအိမ်များအားနာရလောက်အောင်ပင် ဖြစ်ပါသည်။

စနေနေ့မနက်မို့ အိမ်က သူတို့သာလိကာ တစ်စု အိပ်ယာထဲမှာ စကားပြောနေကြတယ်။
သမီးငယ်  .. ကိုကို သိလား  ကင်းအနော်ရထာကလေ  ဘီးလ်ဒင်းဒန်း (building dams)/ စတော့၇င်း ဖု (storing food)/ ရီခရုတင်း ဆိုးဂျား recruiting soldiers လို့စပြောပါတယ်။

သူ့အကိုက  ညည်းသိလား ကင်းအနော်ရထာနဲ့ ကင်းကျန်စစ်က သားအဖဗျား
သမီးငယ်  ဟုတ်တယ် ကိုကို ကင်းကျန်စစ် ရဲ့ မိန်းမကလေ သူ့ ရေကန်ထဲ မြင်းခြေဆေးလို့
ရှင်အဲ့လို မလုပ်ပါနဲ့ လို့ ပြောတယ်သိလား..
ကျွန်မ ကဟာ ငါတစ်ခါမှ အဲ့ဒါမသိပါလား ဆိုပီး အခန်းထဲပြေးဝင်ပီး  သမီးငယ် ဘာတွေ ပြောနေတာလည်းဆိုတော့
ဟုတ်တယ် မေမေရဲ့  မီးတို့ကျောင်းမှာ လေ မူဘီ ပြတယ် မေမေရဲ့ ဟုတ်တယ် ဆိုတော့မှ
အော် လူမင်းကား မင်းကျန်စစ်ကို ပြတာဖြစ်မယ်ဆိုပီး   သတိရမိတော့တယ်။



နယ်ကလာတဲ့ ညီမမိသားစု မေမေတို့အိမ်မှာတည်းပါတယ်။ ညီမလေးပြန်ရောက်လာတာနဲ့ အိမ်က သာလိကာ ကိုကိုက  ညီမဆီမှာပဲ အိပ်ပါတော့တယ်။ မီးပူတိုက်နေတဲ့ သူ့ဦးလေး သူ့အခေါ်ဒယ်ဒီ ကိုကြည့်လိုက် ထမင်းချက်နေတဲ့ သူု့အဒေါ် သု့မာမီကို ကြည့်လိုက် ဂိမ်းအကစားမပျက်ပဲ
တစ်ကယ်တော့လေ မာ မီ
 မာမီ ယောကျာ်းရွှေးခဲ့တာတော့ မှန်တယ်ဗျာတဲ့ ကဲ
ကြည့် ဒီကလေး ပြောလိုက်ပုံ  သူ့အဖွားက တခွီးခွီးရယ်ပီး
ဒါတို မင်းမေမေရော ဆိုတော့
ဟိုမှာလေ
ဖွားဖွားပေးစားတာမယူပဲ  သူ့ချစ်တာသူယူတော့ ခံပေါ့ ခံပေါ့ တဲ့
ဟယ် ဘယ်လိုခံရသည်း ဆိုတော့
 ဒီမှာ မာမီ သားကို ညီမလေးကို ညှာရမယ် မအော်ရဘူး မပြောပါနဲ့ ။
အငယ်ကို ညှာရမယ် မိန်းကလေးကို ညှာရမယ်ဆိုတာ မဟုတ်ဘူး။
ဖေဖေဆို မေမေငယ်မှန်းသိရဲ့သားနဲ့ အော်တာအရမ်းပဲ။ မေမေကလည်း ပြန်အော်တာပဲ  she said she is together with him because she loves him but I don’t understand why they are fighting and shouting တဲ့ ကဲ
ကျွန်မ အဲ့ဒီ့ညကတော့ အိမ်သားနဲ့တိုင်ပင်ရပါတော့တယ။် ကျွန်မတို့လုပ်ငန်းကိစ္စပဲ ဖြစ်ဖြစ်အမြင်ချင်းမတူကြရင်
အိမ်မှာ အော်ကြဟစ်ကြပေါ့ ။ ခလေးများက တစ်ခါတစ်ခါ ရုံးကိစ္စ လား မေမေဟု မေးလေ့ရှိကြသည်။ သူတို့လေးတွေသိပ်ကြည့် သိပ်သိနေကြပီပဲ။
တစ်ကယ်တော့ ဒယ်ဒီရဲ့ ယေကျာ်းဆိုတာ နာဗူးဗျား ဂိမ်းစက်ကို အောက်ချပီး သူ့ရဲ့ ချောကလက်လောလီပေါ့တစ်ခုကို စုပ်ရင်း ပေပွနေတဲ့ ပါးစပ်နဲ့ သားသား က ပြောပြန်ပါတယ်။
သူု့ဦးလေးက ဒယ်ဒီမဘူးပါဖူးကွာ မင်းကလည်း ကျွန်မရဲ့ မတ်ကပြောပါတယ်။
 ဖေဖေလည်း သားနဲ့တူတူသွားရင် ကောင်မလေးတွေကြည့်တာပဲ။ သားလည်းကြည့်တာပဲ ဆိုပီး လျှာနဲ့ နှုတ်ခမ်းကို ပေပွနေတဲ့ နှုတ်ခမ်းကို လှမ်းသုပ်ရင်း ပြောတဲ့ သားသားကို
ကျွန်မခလေးလို့ မမြင်မိတော့။
တစ်ကယ်တော့ သားသား သူ့ညီမသူငယ်ချင်းတွေကို ခလေးတို့သဘာဝ စကားပြောလိုက် ရီလိုက်နဲ့သာ
ပီးရင် သူတို့မောင်နှမ က ကိုကို့သူငယ်ချင်းက ဘယ်လိုနော်  ညည်းသူငယ်ချင်း ဟိုကောင်မလေးက ဘယ်လိုနော်လို့ တိုင်ပင်နေတာ ကျွန်မကြားနေရတာ ကြာပေါ့ အော် ၆ နှစ်နဲ့ ၈ နှစ်ရယ်လို့သာ ဆိုချင်တော့တယ်။
သားတို့ စားဖို့သောက်ဖို့ အတွက်တဲ့  အလုပ်ကတော့ မာမီရေ  always busy ပဲဗျား  လို့ ထပ်ဆိုသေး။
ကျွန်မညီမက ဟင်…
မင်းက ဒါလည်း သိတာပဲလား  ဆိုတော့
ဟာဗျာ မာမီရာ သားတောင် မသိလို့ အန်တီတစ်ယောက်ကျွေးတဲ့ အိုက်စကရင် စားလိုက်မိသေး 
မေမေဟိုမှာ(ဂျပန်) တုန်းကတဲ့ ..
ဟဲ့ ဗုဒေါ ဆိုပီး ကျွန်မညီမ  ဟင်းဆက်မချက်နိုင်တော့ပဲ သူ့တူနားကပ်သွားပါတော့တယ်။
အော် သားသား  သားသား လူကြီးကိစ္စတွေသူ သိနေပီပဲ ကြည့်စမ်းလို့….


သမီးငယ်က သူ့ အကိုသူငယ်ချင်းရဲ့ အလှူတစ်ခုမှာ ဖက်စိမ်းကွမ်းတောင်ကိုင်ရပါတယ်။ ၅ နှစ်ကျော်တုန်းက ဓတ်ပုံလေးကိုကြည့်ပီး
သူ့မာမီက သမီးငယ် ဖက်စိမ်းကွမ်းတောင်ကိုင်ဆိုတာ သိပ်ဂုဏ်ရှိတာ ကြည့်စမ်း သမီးက ငယ်ငယ်လေးနဲ့ ဖက်စိမ်းကွမ်းတောင်ကိုင်ရတယ်။  တော်ရုံတန်ရုံ ကောင်လေးကတော့ မကြည့်ရဘူးသမီးရဲ့  ဆိုပီး ကျွန်မတို့မိန်းမတို့ သဘောကို ကျွန်မသမီးငယ်ကို သနပ်ခါးလိမ်းပေးနေရင်းပြောပါတယ်။
ကိုကိုသာလိကာ ဒါလည်းပါလာပီး  ဟုတ်တယ် သမီးငယ် ညည်းကြည့်လို့တော့ ခလုတ်တိုက်မှောက်လဲမှာပဲ ဆိုပီး သူ့ ဘာသာသူ ပြောပီး ထွက်သွားလေရဲ့။
ကျွန်မရဲ့ ရှေ့  သွား၂ချောင်းကထပ်နေပါတယ်။ ကျွန်မက နှာခေါင်းကလည်း ပြားသူပါ။ ငယ်ငယ်တုန်းက နယ်စွန်နယ်ဖျားမှာ ကျောင်းနေခဲ့ရသူပေါ့ ။  ကျောင်းက ကပွဲတွေ မှာ ပွဲထုတ်တော့ခံခဲ့ရပါရဲ့။ ဓတ်ပုံကလည်းရိုက်မှရိုက်ပေါ့။ ၁၉၉၄ မှာ ရန်ကုန်ရောက် ၁၉၉၆ မှာ ဂျပန်ရောက်ခဲ့ပါတယ်။
ကျွန်မတို့နယ်မှာ အလှပြင်ကြရင် မျက်ခုံးဆိုရင် မဲနေအောင် နှုတ်ခမ်းဆိုရဲ ရဲနေအောင်အံမယ် ။ပါးနီတွေပါတွေဆို ပါးမှ အ၀ိုင်းလိုက်လေ  နောက်တော့ နှုတ်ခမ်းတစ်ဝိုက်ကို အရောင်မဲနဲ့ဝိုက်ပီး အတွင်းကို အရောင်ဆိုးတာကလည်းခေတ်ရှိသေးတယ် ။မှီတဲ့သူလည်း ရှိကြမှာပါ။
ကျွန်မရန်ကုန်ရောက်လာတော့ အဲ့လိုပြင်တာတွေ သိပ်မတွေ့သလို ကျွန်မဟာ ရန်ကုန်ယဉ်ကျေးမူ့မှာတော့ ပျော်ဝင်နှုန်း မြန်ခဲ့ပါတယ်။
ဂျပန်ကပထမအကြိမ်ပြန်လာတော့ မြန်မာမင်းသမီးတွေရဲ့ မိပ်ကပ်ထူလပျစ်ကို ခံစားလို့တော့မရခဲ့ပါဘူး။
မနေ့က  ကျွန်မ အထက်တန်းကျောင်းသူတုန်းက ပုံတွေ မေမေ က သူ့မြေးတွေကို ပြပါတယ်။

သားငယ် (၅)နှစ်မပြည့်သေးက ပုံကိုကြည့်ရင်း ဟား မေမေကြီး နတ်ဖြစ်ခဲ့တာပဲ တဲ့။ ကျွန်မကြည့်လိုက်တော့
ပုံဂံသူ အ၀တ်စားနဲ့ စတိတ်စင်ပေါ်က ပုံတစ်ပုံ။ သားကြီး ကတော့ ပြေးသွားပီး ကြည့်လိုက်တယ်။
ဟယ် .. မေမေနတ် လုပ်တုန်းက ရုပ်ဆိုးလိုက်တာကွာတဲ့။ အဲ့အထဲမှာ မျက်ခုံးမွှေးအတုံးလိုက် ပါးနီအ၀ိုင်းလိုက်နဲ့  ကျွန်မပေါ့။
ညက သားသား သူ့အဖွားအိမ်မှာ  အိပ်တယ်။ ကျွန်မလည်း ပြန်မခေါ်ဘူး။ သူလည်းသူပြောထားတာတွေအတွက် ခပ်မာမာနဲ့ သူ့အဖွားအိမ်မှာ နေခဲ့လေရဲ့။





လွမ်းလျှက်
ကြည်ကြည်


9 comments:

  1. ပြုံးယုံတောင် မကပါဘူး၊၊ အသံထွက်အောင်တောင် ရီသွားပါတယ်၊၊ ခုကာလ ကလေးတွေ အရာရာတိုင်း သိလွယ်တတ်လွယ် လွန်းကြတယ်၊၊

    ReplyDelete
  2. ကလေးတွေတတ်တာများ ကိုယ်တောင်မစဉ်းစားမိတာတွေပါတယ်။ ပြောတတ်လိုက်တာနော်။ ဒိုင်းကနဲ ဒိုင်းကနဲနေတာပဲ။

    ReplyDelete
  3. သားငယ်ပြောမှပဲ မမကြည်ကြည်လည်း နတ်ဖြစ်သွားတယ်..မမကြည်ကြည်တို့  မိသားစုလေးက ပျော်စရာကြီးဗျား..

    ReplyDelete
  4. မိသားစုေ၇းရာတွေ
    ဖတ်သွားတယ် မကြည်ကြည်

    ReplyDelete
  5. အစ်မကြည်ကြည်

    အရင်တုံးက ကြိုက်တဲ့စာလေးတွေ ရှဲလုပ်ပေးနေရာက

    ကိုယ်ပိုင်စာတွေရေးထုတ်နေတာ ခုမှသိရတော့တယ်တော်...စာရေးကောင်းလိုက်တာ... ။


    စင်စင်

    ReplyDelete
  6. ဖတ်သွားပါတယ်။ အရမ်းကောင်းပါတယ်လေ။

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။