Saturday, October 16, 2010

ချစ်သော သဘာဝတရားနှင့် သက်ရှိလေးများအတွက်


ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု သစ်ပင်စိုက်ပွဲ ဆိုပြီး ဖတ်ရပါတယ်။ ကျွန်မလည်းပဲ  တောတောင်ရေမြေ သစ်ပင်ပန်းပင် အလွန်တရာမှ ကို ချစ်မြတ်နိုးသူပါ။ အပင်မျိုးစုံ စိုက်ပျိုးလွန်း လို့ မိုးတွင်းမှာ လာတတ်တဲ့  ခရု၊ တီကောင်၊ မြက်ခင်းပေါ်ရှိတတ်တဲ့ ကျွတ် စတဲ့အကောင်လေးတွေကလွဲရင် ကျန်တဲ့ အကောင်လေးတွေကို သနားတတ်ပါတယ်  ခြံထဲမှာ စပါးတွဲလေးချိတ်ထားပေးလို့ အမြဲ လာစားတတ်တဲ့ စာကလေးတွေ နှင်းဆီပင်တွေ ရာသီပန်းလေးတွေဆီ လာတတ်တဲ့ လိပ်ပြာလေးတွေ
နှင်းသီးပင်ဆီလာတတ်တဲ့ ရှဥ့် ကလေးတွေ ကိုကြည့်ပီး  ခေါ်ထားချင်တယ်ဆိုတဲ့ ကျွန်မ ဘ၀လေး၂ ခုရယ်
ကြာအိုးတွေထဲ ခုန်ခုန်ဝင်လာတဲ့ ဖားကလေးတွေ ………….
အပင်လေးတွေ အကြောင်းရေး မလို့ ကနေ ကျွန်မရန်ကုန်က ဘ၀တွေကို သတိရသွားပါတော့တယ်
ကျွန်မ အပင်ကြိုက်တတ်တာတော့ မပြောနဲ့ ။ မော်လမြိုင်သွားရင်း ဇင်းကျိုက်တောင်တက်တော့ မိုးတွင်းမှာမှ ပွင့်တတ်တဲ့ ကျောက်ကြိုကျောက်ကြားက  ခရမ်းရောင်ပွင့်တဲ့ မြေကပ်ပင်လေးကို တောင်ပိုင်နယ်ပိုင်တွေ ကို ခွင့် တောင်းပီး ယူလာတယ်။ သူက နွေဆိုရင်  ဥကလေးအတိုင်းရှိတတ်ပေမယ့် မိုးလေး၁၀ရက်လောက်ရွာလိုက်ပီဆိုရင်  သူ့ ဟန်လေးပြတော့တာပါပဲ ……….

ဂမုန်းဆိုလည်းပြေးမလွတ် ပါဘူး။ စိုက်ချင်ပြီဆိုရင်တော့ ဂမုန်းစာအုပ်ဖတ်ြပီး စိုက်လို့သင့်တဲ့ အပင်ဆိုလို့ ကတော့ စိုက်ထား။ လပြည့် လကွယ် အမွှေးတိုင်ထွန်း မေတ္တာပို့  မေမေ လုပ်တဲ့ အတိုင်းလုပ်တာတွေက အကျင့်ပါ။ ….အင်း အိမ်က လူတွေ ဆက်မှ လုပ်ကြရဲ့ လားမသိနော်။………………………..

ကဲပါ။  အပင်နဲ့  အကောင်လေးတွေအကြောင်းရေးချင်စိတ်ပေါက်သွားတာက လောလောဆယ်ကြည့် လိုက်ရတဲ့ တီဗီ အစီအစဉ်ကြောင့်ပါ။ မသုံးတော့တဲ့  ပန်းခြံနားမှာ ရှိနေတဲ့ တောကို ရှင်းပြီး  လုနေ အဆင့်မြင့်  အိမ်ယာဆောက်လုပ်မယ့် ကုမ္ပဏီ တစ်ခုက ဆောက်လုပ်ခွင့် ကို မရသွားဘူးဆိုတာလေးကို ကြည့်ရင်း နဲ့  ကျွန်မတော့ မရောက်ဘူးသေးတဲ့  အမေရိကားက ကယ်လီဖိုးနီးယားပြည်နယ် က အကြောင်းလေးကိုပါ တင်ပြသွားပါတယ်။  အဲ့မှာရှိတဲ့ နာမည်တော့ မမှတ်မိပါဘူး။  အဆင့်မြင့် အိမ်ယာဆောက်မယ်လုပ်တော့ အဲ့ ဒီဆောက်မယ့်နေရာက  ဇီဝတွေ အတွက် ဘယ်လိုလုပ်ပေးရမယ် လက်ရှိနဲ့ အနည်းဆုံးတူအောင်တော့လုပ်ပေးရမယ်ဆိုတာလေးကို ရှင်းပြထားပြီး အဲ့ဒီ့နေရာနဲ့ သိပ်မဝေးတဲ့နေရာတစ်ခု မှာရေကန်က အစ အပင်တွေ စိုက်ပျိုးပေးရပါတယ်။ ၃ နှစ်ပြည့်လို့ အဲ့ဒီ့နေရာက လက်ရှိဆောက်မယ့် နေရာနဲ့ အတတ်နိုင်ဆုံးလည်းတူလာပြီ ဆိုမှ အိမ်ယာဆောက်လုပ်ခွင့် တောရှင်းခွင့်ပြုပါတယ်။  အဲ့ ဒီနေရာတုတခုဖန်တီးဖို့ ကို မြန်မာကျပ်ငွေနဲ့  သိန်းပေါင်း၆ သောင်းနီးပါး အကုန်ကျခံသွားရပါတယ်။

အကယ်၍ ကျွန်မတို့ နေနေတဲ့  အိမ်ကို တခြားလုပ်ငန်းကြီးတစ်ခု က အဆင့်မြင့် အိမ်ယာစီမံကိန်းအတွက် သိမ်းမယ်ဆိုရင် ကျွန်မတို့ လည်းပဲ လက်ရှိနေနေတဲ့အိမ်နဲ့ ၁၀၀% နှုန်းမတူရင်တောင် တတ်နိုင်သလောက် တူစေချင်ပြီး ကိုယ်မပြောင်းခင်မှာ အဆင်သင့် ဖြစ်နေဖို့ ကိုလိုလားကြမှာပဲမဟုတ်လား။
ဇီဝ လေးတွေလည်း ဒီလိုပဲ နေမှာပေါ။့ နို့ မို့ ဆို အနေအစားပျက် ဇီဝ ကမ္မ တွေ ပျက်ကုန်မှာပေါ့နော်။
အဲ့လိုဆိုတော့  မြန်မာပြည်မှာ မြေယာစီမံကိန်းတွေ တောတောင်တွေခုတ်ထွင်တော့  ဖြစ်လာတဲ့ အကျိုးဆက်တွေ ထဲ က နေ တော်တော်ရင် နင့် စရာကောင်းလိုက်တာက ရုရှားဘက်ကနေ ဆောင်းလာခိုတဲ့  ဆောင်းခိုငှက်တွေ အင်းထဲမှာ အကြီးအကျယ်သေကုန်တာပါပဲ။………………

ဂျပန်မှာလည်း အဲ့လို ပရောဂျက်လိုမျိုးတွေ မြို့ ပေါ်မှာ တင်ပြကြပေမယ့် စတည်းချနေတဲ့ သက်ရှိလေးတွေအတွက် နေရာပြန်မပေးနိုင်လို့  အဲ့လို ပရောဂျက် တစ်ခုပျက်သွားတယ်ဆိုတာတွေ တိုကျို မြို့ ရဲ့ အပူချိန်က နောက်၁၀ နှစ် မပြည့် ခင်မှာ ၄ ဒီကရီထက်တက်မယ် လို့ ဆိုထားတယ်မို့ လား။

ခုနောက်ပိုင်းမှာ ဆောက်တဲ့ အဆောက်အဦးတွေမှာ ခေါင်မိုးမှာ ပန်းပင် အပင်တွေ စိုက်ပီး  roofgarden လေးတွေ ထည့် လာကြတယ်။ အဲ့လို စိုက်တဲ့ အဆောက်အဦးတွေအတွက် မြို့ တော် က tax ကို တမျိုးစဉ်းစားပေးမယ်လို့ လည်းဖတ်ဘူးတယ် ဂျပန်မှာရပ်ကွက်တစ်ခုမှာ ခလေးကစားကွင်းသေးလေးတစ်ခု့ ပန်းခြံလို နေရာလေးနဲ့ တွဲပီးရှိတတ်တာလေးတွေက သဘာဝကို ထိန်းသိမ်းနိုင်သလောက်ထိန်းပေးနေတာလေးတွေက ချစ်စရာ အတုယူစရာ စံလေးတွေ ထဲ က တစ်ခုပါပဲ မဟုတ်လား…………


ခု ကယ်လီဖိုးနီးယားမှာလုပ်နေပါတယ် ဆိုတဲ့ အစီအစဉ်ကို  ကျွန်မ နားလည်သလောက် ဆိုရင်တော့  မြန်မာပြည်မှာ ရှိတဲ့ ဘာမဆိုလုပ်တဲ့   ကုမ္ပဏီ ကြီးတွေ ပေါ့ ။ ဥပမာလေးနဲ့ ပြောရရင်တော့ ထူးထရေးဒင်း ရယ်၊ မက်စ် မြန်မာရယ်၊ ကမ္ဘောဇ ရယ်  ဇေကမ္ဘာရယ် ပေါ့။  ထားပါတော့… သူတို့ က လုပ်ငန်းကြီးတွေ …ရေနက်ကွင်းတွေ တူးဖော်တယ်။  သို့ မဟုတ် ဆီဒိုနားဟိုတယ်ရှေ့ က မြကျွန်းသာ ပန်းခြံကို အကွက်အကွင်းကျလို့  အိမ်ယာဆောက်မယ်ဆိုပါစို့။  သူတို့ သစ်ပင်တွေ ခုတ်မယ် ကန်နေရာလေးတွေ ကိုမြေ ဖို့ မယ်ဆိုရင် ခုချိန်ထိအဲဒီ့မှာ စတည်းချနေခဲ့တဲ့  သက်ရှိငှက်ကလေးတွေ  ငါးကလေးတွေ ဖားကလေးတွေ အင်းဆက်ကလေးတွေ အနေအထားပျက်တာပေါ့။ အဲ့ လို မဖြစ်ရအောင် သူ့ မြို့ တော် စည်ပင်က သတ်မှတ်လိုက်တယ်။ ဒီလိုနေရာကိုလိုချင်ရင် ဒီလိုနေရာမျိုး နီးစပ်တဲ့ တနေရာမှာ လုပ်ပေးရမယ်ဆိုပါတော့။  သူတို့ ပရောဂျက်နဲ့ နီးမယ့် နေရာမှာ သဘာဝအတိုင်းဖြစ်အောင်လုပ်ပြီးတော့မှ သက်ရှိလေးတွေ အဲဒီ့ဘက်ကိုပြောင်းနေဖို့ အဆင်သင့် ဖြစ်လောက်ပြီဆိုမှ လုပ်ငန်းရှင်တွေတောင်းဆိုတဲ့  ပရောဂျက်ကို စလို့ ရပါတယ်။ အဲဒီ့မှာက အခက်အခဲက အနီးအနားမှာနေရာအခက်အခဲ ကြောင့်သဘာဝတုတခု လုပ်ဖို့ မလွယ်ဘူးဆိုရင်တော့   လုပ်ငန်းရှင်တွေရဲ့ ပရောဂျက်တောင်းဆိုတဲ့နေရာရဲ့ အနေအထားကိုကြည့် ပြီးတော့ သူတို့ သတ်မှတ်တဲ့အတိုင်း သို့ မဟုတ် သူတို့ ဘယ်လို နေရာမှာ သဘာဝ ထိန်းသိမ်းရေးအတွက် ပြန်လုပ်ပေးမလည်း ဆိုပြီး မြို့ တော်က သတ်မှတ်တဲ့ ပေးပါတယ်။ အဲလိုနေရာ မျိုးမှာ သဘာဝထိန်းသိမ်းရေး မြေယာရောင်းတဲ့ကမ္ပဏီ တွေ က အရေးပါလာပါတယ်။ အဲဒါကတော့  နောက်ဥပမာ တခုနဲ့ နားလည်သလို ရေးရမယ်ဆိုရင်တော့  လှော်ကား ပန်းခြံ ကြီးကို ပိုင်တဲ့ ကုမ္ပဏီက နေရာတွေကို ခွဲ ခြမ်းပြီးရောင်းပေးတော့တာပါပဲ။  အဲဒီ့တော့ စောနက ပရောဂျက်တင်ထားတဲ့ ကုမ္ပဏီတွေ က အသင့်ရောင်းချပေးတဲ့ သဘာဝ သစ်တော တနေရာကို ၀ယ်ပြီးအလျော်ပေးလိုက်တဲ့ သဘောပါပဲ။   သဘာဝကို ငွေနဲ့ဝယ်တယ်လို့  အဆိုးဘက်က
တွေးရင်လည်းရပါတယ်။   ရေနက်ကွင်းတွေ ဖော်ပြီး  အဲ့ဒီ့ တောရိုင်း မြက်ရိုင်းတွေထဲမှာနေတဲ့ သဘာဝ အကောင်လေးတွေကို မြန်မာပြည်လို ဒီအတိုင်း ပစ်ထားခဲ့ တာထက်စာရင်တော့  အတော်ကို အတုယူထိုက်တဲ့ အစီအစဉ်လေးတခုပါပဲ။
 
တို့ မြေကမ္ဘာထိန်းသိမ်းပါ
……………………..

ကြည်ကြည်

6 comments:

  1. ငါ့နှမရေ US မှာတော့ တိရစ္ဆာန်ကိုလဲ သက်ရှိသတ္တဝါ အဖြစ် တလေးတစားတန်ဖိုးထားတယ်..၊ အကို ကားမောင်းရင်း လမ်းပေါ်မှာ လိပ်တွေ၊ရေဘဲလေးတွေငန်းကြီးတွေ ဖြတ်သွားရင် စိတ်ရှည်လက်ရှည် စောင့်ပေးရတာ..ဒီမှာတော့ လူမပြောနဲ့ တိရစ္ဆာန်တောင်လုံခြုံမှုအပြည့်ပါပဲ

    ReplyDelete
  2. ဘကျောက်ရေ

    ဘကျောက် တစ်ခုတစ်ရ လာမန့် တာ ကျေးဇူးပါ.....ဘကျောက် စာတွေ အမြဲ ဖတ်နေပါတယ်
    ဟိုင်း...ဟောင်းတာယူကနေ ........

    အားလူးကြိတ် တဲ့ အထိပေါ့

    ReplyDelete
  3. မကြည်ကြည် ခင်ဗျား ပထမတော့ သာမာန်ကာရှန်ကာဖတ်ကြည့်ပြီး ကောမာန့် ပေးခဲ့ မလို့ပါ ။ မကြည်ကြည်ပြောတဲ့ နိုင်ငံတွေက မြေယာတွေဟာ နိုင်ငံတော်ပိုင်မဟုတ်ပဲ ပုဂ္ဂိုလ် က ပိုင်ဆိုင်တာပါ ။ ရွှေပြည်ကြီးကတော့ နိုင်ငံတော်က မြေယာတွေ အပြင် မြေပြင် မြေအောက် ၊ ရေပြင် ရေအောက် ရှိ ရှိသမျှကို ပိုင်ဆိုင်တာပါ
    နောက်ပြီး နိုင်ငံတော်ကလည်း အာဏာရှင်ရဲ့ လက်အောက်မှာ နှစ်ပေါင်း ၄၀ကျော်လောက် ကျရောက်နေတော့....... အာဏာရှင်နိုင်ငံတွေရဲ့
    ထုံးစံ့ အတိုင်း ပြည်သူ့အခန်းဏ္ဍက မှေးမှိန်နေခဲ့၇တာပါ ။ မကြည်ကြည် ဖြစ်ချင်တဲ့ ဆန္ဒ ကိုတော့ ပြည်တွင်းနေပြည်သူများကပိုလို့ ဖြစ်ချင်တာပါ

    ReplyDelete
  4. ကိုသားထူး ရှင့်

    ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်.....
    ကျွန်မလည်းပဲ ပြည်တွင်းနေ ပြည်သူတစ်ယောက်ပါ လောလောဆယ်ရေကြည်ရာမျက်နုရာ မှာ ခဏတဖြုတ်လာနေရတဲ့သူပါ။
    ကျွန်မ မျက်စိရှေ့ မှာတင် မိုးယွန်းကြီး ရေနက်ကွင်း အတွက် မြက်ရိုင်းတွေ ခုတ်တော့ ရုရှားဘက်ကနှစ်စဉ်လာတဲ့ ဆောင်းခိုငှက်တွေ သေကြတာကို တွေ့ ရခဲ့တဲ့သူ ပါ တိုက်တိုက်ဆိုင်ဆိုင် အခု ရေးထားတဲ့အကြောင်းအရာလေးကို တီဗီ အစီအစဉ်မှာကြည့် လိုက်ရတော့  မျက်စိေ၇ှ့ မြင်ခဲ့ရတဲ့အကြောင်းအရာလေးကို သတိရသွားပြီး ကျွန်မ သဘောပေါက်သလောက်လေးပြန်ရေးချမှိလိုက်တာပါရှင့်
    ကျေးဇူးတင်ပါတယ်ရှင့် 

    ကြည်ကြည်

    ReplyDelete
  5. မကြည်ကြည်ရေ...အပင်လေးတွေ၊တိရိစ္ဆာန်လေးတွေ မပြောနဲ့..၊လူတွေကို
    တောင် တန်ဖိုးထားတာမဟုတ်လေတော့...ကျွန်တော်တို့ ရွှေနိုင်ငံတော်ကြီးမှာ
    ဒီလိုဖြစ်လာဖို့ကတော့ အင်းးးးဝေးစွခြောက်ပါး..။

    ReplyDelete
  6. မြန်မာပြည်မှာ ရှိတဲ့ သဘာဝအရင်းအမြစ်တွေ၊ ရှေးဟောင်းအမွေအနှစ်တွေ ကို တန်ဖိုးသာ ထားတတ်ရင် ဒီလို ဘယ်ဖြစ်ပါ့မလဲ။ အခုတော့ ကိုယ်ပိုင် ပစ္စည်းလို လက်ညှိုးထိုး ရောင်းစားတာ ကုန်ပါရော..

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။