Monday, December 6, 2010

အတွေ့စားမှာလား အငွေ့စားမှာလား အမြင်နဲ့စားမှာလား.......ပုံဂံခရီး...



ကဲအဲ့ဒါဘာလည်း.....

အရင်ဆုံးပြောချင်တာက လူရွှင်တော်တွေ  ပျက်သလို အတွေ့မစားဘူး နတ်ဆိုတာအငွေ့ပဲ စားတာဆိုပီး နတ်တင်ထားတဲ့ အရာတွေကိုပြန်ယူတော့  နတ်ဟန်ဆောင်တဲ့ လူက စိတ်တွေတိုရော ဟော.ခု ကျွန်
မတို့ အတွေ့ အငွေ့ တင်မဟုတ်တော့ဘူး။  မျက်လုံးနဲ့ပါစားတတ်နေကြပြီ။ ဟင်းချက်ကောင်းတဲ့လူတွေ ကလည်း ချက်ပြီးတင်ကြ။  ဆူရှိကျွမ်းကျင်လှပစွာ လိပ်တတ်တဲ့သူတွေကလည်း ကြွား အဲ့လေ   fb မှာလာလာကျွေး ..း)
တစ်လောက မယ်ဇလီဖူးသုတ်လေးစားချင်တော့ စားနေတဲ့သူငယ်ချင်းကို ယုံဘူးဓတ်ပုံပြ ဆိုတော့ဓတ်ပုံလေး ပို့လာရှာတယ်.. ဓတ်ပုံလေးကြည့် ပြီးကိုယ့်မှာအရသာခံ  တောနယ်ဆိုတော့ စာကလေးအမွေးလောက်နံနံပင် ၄ ပင်လောက်ကို ယန်း၂၀၀လောက်ပေးနေရတာကိုး ။ မယ်ဇလီဖူုးဆိုတာတော့ ဝေးလို့ .. ကိုယ်မေမေ့ပြောသလိုဆိုရင် ပျော်ပါဘူးအေ ညည်းတို့ ဂျပန်တွေ မုန့်ဟင်းခါးမနက်တိုင်းစားမှ ကျူပ်အဲ့မှာနေမယ်ဆိုသလိုသာဆိုခက်ပြီ။  ဒီတော့ကိုယ်လည်းမျက်လုံးနဲ့ စားတတ်နေတာကြာပေါ့။  ဂျပန်တွေက  အရသာအပြင် တစ်ကယ်လည်း မျက်စိပသာဒ ဖြစ်အောင်လုပ်ပြီးစားတယ်။  ကြည့်ပါလား ဒီမှာ မယုံရင်

 အစားအသောက်တွေမှာ ဂန္ဓမာပန်းအသေး
အ၀ါရောင်လေးတွေလည်း တန်ဆာဆင်တဲ့အပြင်စားလည်းစားတယ်။
ရာသီရယ်ရာသီဥတုလေးရယ်ပေါ်ကိုမှီပီး ပုဂံခွက်ယောက်တွေကိုသုံးတယ်။ အရသာကတော့ နာဂိုယာ အရာသာ  ကျိုတို အရသာ တိုကျိုအရသာ ဟိုကိုင်ဒိုးအရသာဆိုပီး သတ်မှတ်ကြပြန်ရော . နဂိုယာအရသာကြတော့    နည်းနည်းပြင်းတယ်။  မိဆိုး(miso)တို့ ဆားတို့ သိပ်သုံးသလိုပဲ. ဟော..ကျိုတိုဘက်ကြတော့  အရသာက   ပေါ့ပေါ့လေး ဟင်းရည်လေးတွေဆိုလည်းကျဲတယ်။ တိုကျိုလိုနေရာမျိုးမှာ ကျိုတိုမှာ ဆိုင်ရင်းရှိတယ်ဆိုတဲ့ ဂျပန်ဆိုင်စစ်စစ်ကဈေးကြီးတယ်။
ကိုယ်ကတော့ဆရှိမိတစ်ပွဲ(တစ်တုံးသို့၂တုံးပဲပါတဲ့)ယန်း၁၀၀ဆိုင်လောက်ပဲ အမြဲသွားနိုင်တာပါ။
US တော့မသွားတော့ပါဘူး။  တစ်ပွဲကို ၄ဒေါ်လာဆိုတော့ကိုယ်နဲ့ မကိုက်ဘူး……….း)
မြို့တော် တိုကျိုဆိုတာက တော့ အရသာကစုံတယ်။ မြို့တော်ဆိုတာ အနယ်နယ်အရပ်ရပ်က တောသားတွေ လာစုတာကိုး.....း) ဒီတော့ နယ်ပေါင်းစုံက စားသောက်ကုန်အကုန်ရ။ အင်းအဲ့လို ပြောလို့ တိုကျိုသူတွေ ကြားရင် စိတ်နာမလားပဲ...

ကျိုတို ကဟင်းရည်တွေက ကျဲတဲတဲလေးကို အရွက်သေးသေးမွှေးမွှေးလေးတွေ ကလည်းထည့်
တတ်သေးတယ်။ ခက်တာက နေရာတိုင်းအတူတူလို့ ထင်ရင်တော့မှားပေမပေါ့။
ဒီလိုနဲ့  ၂၀၀၂ လောက်က ပေါ့။ ကြည်ကြည် ဒီမှာနေခဲ့တုန်းက မိသားစုက မြန်မာပြည်လိုက်လာရော ဒီလိုနဲ့ ကြည်ကြည်တို့  ပုဂံသွားတယ်။ နိုင်ငံခြားသားအစားများတဲ့  green elephant စားသောက်ဆိုင်မှာစားတယ်။ သူကမြစ်ဘေးလေးကို ကြည့်ပြီးတမာပင်ကြီးကြီးရဲ့ အောက်မှာခုံကလေးတွေချပေးထားတာ။ ထမင်းစားရင်း တစ်ခါတစ်ခါကိုယ့်ပန်းကန်ထဲ တမာရွက်ကလေးတွေ က လေအဝေ့မှာကြွေကျသေး…………
အဲ့တုန်းက မီနူးက တန်ပူရာ ပုဇွန်ကင် ထမင်းကျော်နဲ့ အသုတ် ပဲကြာဆံဟင်းချို အပြင် အပေါ်က ပုံလေးကလည်းSet ထဲမှာပါလာတယ်။ ပုဂံဆိုတော့ ဟင်းခွက်လေးတွေ က ယွန်းခွက်တို့ နောက် အင်တုံတို့ ပေါ့…..စားလည်းပြီးရော. ယွန်းခွက်လေးထဲ အပေါ်က ပုံအတိုင်း ထည့်ထားတဲ့အရာကို   ဂျပန်အမေကြီးကဂွတ်ကနဲ့  မော့သောက်လိုက်ရော အထဲက ဂန္ဓာမာပန်းလေးပါကောက်ဝါးလိုက်သေး ...………………….ပြီးတော့အရသာမရှိဘူုးတဲ့..........
ဝိတ်တာလေးကအမောတကောပြေးလာတယ်………….အမ အဲ့ဒါပုစွန်ထုပ်စားပြီးရင် လက်ဆေးဖို့ တဲ့ ....
ဆိုးလိုက်တဲ့ ပုဂံသားတွေ...း)

တိုကျို Tokyo
ကျိုတို Kyoto
ဆူရှိပုံ google မှ ယူပါသည်။
ကြည်ကြည်

2 comments:

  1. ဟားဟား..ဂျပန်တွေ..ခံလိုက်ရတာပေါ့..။
    ကြည့်ကြည့် အမေ ပြောတာ..သဘောကျပါ့..
    ဟုတ်တယ်..လူကြီးတွေ ကတော့.. ဘာရုပ်ပစ္စည်းမှ မလိုအပ်ဘူး။ ပြောပြောဆိုဆို အိမ်နီးနားချင်းတွေရယ်.. မုန့်ဟင်းခါး တနေ့ တခွက်ရယ် ဆို..ဘ၀က.. နိဗ္ဗါန်ပဲ..

    ReplyDelete
  2. US မှာ sashimi $ ၁၀ လောက်ပေးရတာ၊ ၆ဖတ် ရဖတ်လောက်ပါတာ၊
    ဒါပေမဲ့..လက်ဆေးရေတော့ ပန်းပွင့်လေးနဲ့ ချမပေးဘူး..အဟီး...

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။