Monday, January 10, 2011

ဂျပန်ဆောင်း နှင့်

နယူးရီးယားကျောင်းပိတ်ရက် မိသားစုအလည်လာတော့ ထုံးစံအတိုင်းတိုကျို ကို မြန်းရပြန်ပါတယ်။..မနှစ်က တိုကျို ကမာကုရကို ၄ခေါက်ဖူးလိုက်ရတယ်။ ကိုကိုခြေရှည်ကြောင့်
သူ့ သူငယ်ချင်းအိမ်တွေ.. ski resort၊ golf resort တို့ အစုံရောက်ရပြန်ပါတယ်။ခရီးသွားတုန်းကပုံ အမြည်းပေးလိုက်တယ်။

FB ရယ် ဘလော့ရယ်ကို ပစ်ထားလိုက်ရတယ်။ ရက် ၂၀ နီးပါး။  ပြန်ရောက်တော့လည်း ပရော်ကြီးက ပေပါတစ်ခုအမြန်တင်စေတဲ့။ က..ဲကဲ ကျောင်းပိတ်ရက်ပေမယ့် ချစ်သူတို့ကို ချော့ပြီးကြည်ကြည်ကျောင်းမှာ တနေကုန်ပေါ့။ ပရော်ကြီးရယ် ရက်စက်တယ်လို့။ ဟော မိသားစုလည်းပြန်ရော ပေပါလည်းပြီးရော ဆရာ့ဆီလည်း ဓတ်စာလွှာ ပို့လိုက်တယ်။ တင်ဆိုလို့သာတင်လိုက်ရတာ ပေပါက သိပ်တော့မကြိုက်လှ။
ကိုယ်ဘာသာကိုယ်တော့ဟုတ်နေတာပဲ ပရော်ဖက်ဆာနဲ့ သဘောထားချင်းမတိုင်ဆိုင်ရင်တော့လည်း
ဘယ်တတ်နိုင်မလည်း။ ဂျပန်နဲ့က ကံပါလွန်းလို့  သူတို့ ပိုက်ပိုက်ကိုနှစ်ရှည် ၂ ခါစားဖူးပြီ။
စာကတော့ သူလိုကိုယ်လိုလောက်တောင်ရှိပါ့မလား။ အိမ်မှာတစ်ခါတစ်လေ ဟင်းချက်ရင် ကိုကိုပြောသလို ပေါ့ သင့်ဆိုတဲ့အဆင့်မှာတောင် မရှိဘူး  ညံ့ဆိုပီး ပန်းကန်ဘေးစာရေးထားတတ်တယ်။
ဟင်းကိုတော့ကုန်အောင် စားပေးရှာပါတယ်။ ဒေါ်ကြည်ကြည်တို့  ရုပ်ကလေးမချောတာတင်မဟုတ် ဟင်းချက်လည်း ညံ့သကိုး ဟဟ လို့ လုပ်တတ်သေး ။ ဘယ်ရောက်သွားပါလိမ့် ရေးမယ့်အကြောင်းတောင်
ဂျပန်ပြည်သူတွေရဲ့ အခွန်တွေကိုး ကျေးဇုးတင်ပါ့ တစ်ကယ်ကို
 ဒီညတော့ ယောင်တောင်တောင် ပေါင်တောင်တောင်နဲ့ ဘလော့လေးကိုလွမ်းလာတယ်။  သွားထားတဲ့ နေရာတွေများတော့ အကြာင်းအရာတစ်ခုစီအတွက်ကို စာရေးဖို့ လည်းဆုံးဖြတ်ထားတယ်.။ ခုတော့ရေးသေးဘူး။

ခုရေးမယ်အကြောင်းအရာက သိထားပြီင်္းသားသူတွေအတွက်တော့ just ignore it လို့ ပဲ ပြောရမှာပါပဲ ။
သူငယ်ချင်းတစ်ယောက်ပြီးတစ်ယောက် ကြည်ကြည်လုပ်သလိုလိုက်လုပ်ပြီး  သူတို့humidifier တွေကြွသွားကြလို့ ။
Humidifier 



လေးကိုအေးတဲ့နိုင်ငံတွေမှာတော့ အသုံးများကြမှာပေါ့။  ခုမှရောက်တဲ့သူတစ်ချို့လည်း သုံးရကောင်းမှန်းမသိကြဘူး။ အကိုကြီးတစ်ယောက် ဆောင်းတွင်းတောက်လျှောက်လည်ချောင်းတွေခြောက်လွန်းလို့ ညဘက်ဆိုရင် ပိုဆိုးတယ်ဆိုလို့ ဒါမျိုးဝယ်သုံးဆိုတော့ သက်သာတယ်တဲ့။ ကြည်ကြည်တို့  စာဖတ်ခန်းတွေမှာများဆို ပန်ပန်တွေ က  
သူတို့ ခုံပေါ်မှာတစ်လုံးစီလောက်ကိုတင်ထားကြတာ။.
  ဒီမှာဆောင်းတွင်းဆိုရင် ဟိုတယ်တွေမှာသွားတည်းလည်း အခန်းထဲမှာအဆင်သင့်မရှိရင် ကောင်တာမှာ မေးပြီးငှားလို့ ရတယ်။ ဂျပန်က မိုးတွင်းနဲ့ နွေမှာ စိုထိုင်းဆ များသလောက် ဆောင်းမှာတော့ အတော်ခြောက်သွေ့ တာ….ဒီကြားထဲ ဟီတာကို stove လောက်ဆိုတော်သေးတယ်။ ကြည်ကြည်က stove ကြတော့ ကြောက်တယ် မတော် စောင်မီးလောင်သွားလို့ ကိုယ်ပါ ကင်ပြီးသာဖြစ်မှာအတော်ကြောက်တယ်။
…တစ်ညလုံးဖွင့်တဲ့ ဟီတာကျောင်းမှာလည်း ဟီတာ ကြာတော့ လည်ပင်းတွေနာ နာခေါင်းတွေခြောက် လည်းချောင်းတွေ ယား ချောင်းတွေ ဆိုးကြရောပေါ့ ဒီတော့ အသားအရည် ကျန်းမာရေး ဆံပင်လေးပါ မခြောက်အောင်  Humidifier လေးသုံးရော အဲ့ဒါသုံးတော့ဘာဖြစ်ည်း ကဲအခန်းထဲမှာ moisture လေးရှိတော့ နေလို့ ကောင်းတာပေါ့ ဆောင်းတွင်းမှာ အို moisture ရှိတော့ အခန်းထဲက အ၀တ်တွေ အထူးသဖြင့် ဘကျောက်ပြောတဲ့ victoria secret တွေ မှိုတတ်မှာဆိုးရပြန်ရော (ကျန်းမာရေး ရှု့ထောင့်ဖြင့်ဖတ်ပါရန်) ဒီတော့အခန်းထဲက အ၀တ်ဗီရို မှာ moisture စုပ်စေတဲ့ အထုတ်တွေ ထားရပြန်ရော။ ဂျာအေးသူ့ အမေရိုက်တယ် အဲ့လေ ဆောင်းတွင်းအတော်ကို အလုပ်၇ှုပ်တယ်။

ခက်တာက ကြည်ကြည်က humidifier အပြင် aroma mist 


ကလည်းကြိုက်တော့ ၂ ခု တစ်ပြိုင်တည်းဖွင့်ရော သူငယ်ချင်းတွေ လာတိုင်းအခန်းလေးက မွှေးနေတယ။် ကိုယ်သုံးတဲ့ aroma mist lamp  စက်ကလည်းသေးတော့ 
သူတို့ သတိမထားမှိပဲ ကိုယ့်  humidifier  ကိုပဲ သူတို့က မြင်တာကိုး။
ရေငွေ့ တွေ ထွက်နေတယ်။ မွှေးနေတယ်၊ လည်ပင်းမနာဘူး အိုကေ 
   သူတို့ဝယ်ကြတယ်တဲ့။

သူတို့ဝယ်တာမကြာသေးဘူး။ သူတိ့ humidifier ကိုရေထပ်ထည့်မည့်အပေါက်တွန့်လိမ်နေပြ။ီ  ဖွင့်မရလို့ ကိုယ်စီယူလာပြတယ်။  နင်တို့ဘာလုပ်လိုက်လည်း ၁၃ နာ၇ီထက်ပိုပီး သုံးလို့ လား တစ်ခါသုံးရင် ဘာညာမေးတော့ သူတို့ ရနံအဆီတွေ ထည့်ပီး ဖွင့်ကြတယ်တဲ့ ချက်ချင်းဗူးအဖုံးကိုစာဖတ်ကြည့်တော့ ရေမှလွဲ၍ ဘာဆီမှ မထည့်ပါရန်လို့ ရေးထားတယ်။ သူတို့ ဂျပန်စာ မတတ်ကြဘူးလေ။ တစ်လုံးကို အပေါ်ဆုံး ယန်း၃ထောင်ကနေ ၂သောင်းအထိရှိတာကိုး။ သနားဖို့ကောင်းတယ်။..မျက်စိရှေ့မှာတင် ၂ယောက်ဖြစ်သွားတယ။်  နောက်တစ်ချို့ က အဲ့ aroma mist  ကိုပဲ  humidifier အစားသုံးဖို့ ကြိုးစားကြတယ်။ လုံးဝ effect မရှိဘူးဆိုတာလေး သုံးချင်ရင် နှစ်မျိုးလုံးသုံးလို့
ရတဲ့ စက်ကိုရအောင်ရှာဖို့ ပြောကြားရင်း



အပြင်မှာနှင်းတွေ တအားကျနေတယ် ခုတစ်လော အေးလည်းအေးတယ် တစ်လောက -4 ထိဆင်းသွားတယ် Hokaido သွားတဲ့သူငယ်ချင်း -23 တဲ့ အင်း ခက်ရချေရဲံ့ အဲ့လိုဆိုရင် 

ကြည်ကြည်



က့

5 comments:

  1. မအိပ်သေးပဲ ရေးတယ်ပေါ့
    အလူပြောလည်း ရုပ်မချောဘူး လို့ 

    ဟင်းချက်တာလည်းကောင်းမှကောင်းပဲပုတ်ထောင်း လည်း စားလို့ ကောင်း...ယိုးဒယားဟင်းချက်လည်းကောင်းမှကောင်း


    p.y

    ReplyDelete
  2. အင်း..ဒီဆောင်းကတော့မြန်မြန်ကုန်ပါမှ...
    ကိုကို ခြေရှည်တယ်ဆိုရင်တော့ အရပ်ခြင်းတော်တော်ကွာတော့မယ်..

    ReplyDelete
  3. သူငယ်ချင်းရေ .. လာလည်ပါတယ်နော်၊ ဗဟုသုတလေးဖတ်သွားတယ်၊
    ပျော်ရွှင်နွေးထွေးပါစေ ချမ်းမြေ့ပါစေလို့ ဆုမတောင်းရဲဘူး .. ချမ်းလို့ကြားတာနဲ့ လန့်သွားမှာစိုးလို့
    ခင်မင်လေးစားလျှက်

    ReplyDelete
  4. ဒေါ်ကြည်ကြည့်ရဲ့ စာတွေဖတ် သဘောကျပြီးလဲ ရယ်.. မြန်မာပြည်ကနေ အမြဲပူတဲ့ မသဲအူ... အဲ ဟုတ်ပေါင် မလေးရှားသာ နေဖူးလို့.. ဂျ ပန် အတွေ့အကြုံတွေ မှတ်သားသွားပါကောင်း... စီးကရက်ကိုလဲ ကျန်းမာရေး ရှုထောင့်ဖြင့်သာ ဖတ်ပါကြောင်း


    ငြိမ်းချမ်းပါစေ.
    မိုးယံ

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။