Thursday, January 20, 2011

တကယ်ဆို အိုင်ဒီယာပဲ လိုတယ် ..

စီးပွားရေးကျပ်တည်းနေကြတဲ့ ယခုခေတ်မှာ သူထက်ငါအပြိုင် ဘယ်လို ထိုးဖောက်ရမလည်းဆိုတာ
ပြင်ကြဆင်ကြ  ပလန်တွေဆွဲကြ  ပုံစံအသစ်တွေ ချကြ
အဲ့ထဲမှာ တစ်လောကကြည့်လိုက်ရတာလေးက အတော် စိတ်ဝင်စားဖို့ ကောင်းတယ်။
တိုကျိုမြို့ ရဲ့ မြို့လယ် ရှင်းဂျူကုလမ်းပေါ်မှာဖွင့်တဲ့ဆိုင် အကြောင်း
ခုခေတ်မှာ ဆိုင်တွေတော်တော်များများမှာ NO smoking နဲ့ smoking area ဆိုပီး နေရာခွဲထားကြတယ်မို့ လား။
ဘယ်လောက်ပဲခွဲခွဲ ဆိုင်ထဲဝင်ရင်တော့ အနံအသက်ကရှိတာပဲ။ အဲ့လိုခေတ်ကြီးမှာ အဲ့ဆိုင်က ပြောင်းပြန်ပြန်လုပ်လိုက်တယ်။.. ကျွန်တော်များဆိုင်သည်  ဆေးလိပ်ချစ်မြတ်နိုးသူများအတွက် သီးသန့်  ပြုလုပ်ထားပါသောကြောင့် ခလေးသူငယ်များဖြင့် လာရောက်ခြင်း သည်းခံပေးပါတဲ့။
သူများနဲ့ပြောင်းပြန်တော့ လုပ်လိုက်တာပဲ တနေ့ကိုဆိုင်ကို လူအယောက် ၇၀၀ ၀င်တယ်တဲ့ ကဲလူတစ်ယောက်ကို ယန်း ၈၀၀နဲ့ ပဲ တွက်လိုက်နော်။ အိုင်ဒီယာ….


ကဲနောက်တစ်ခုကတော့ မိန်းကလေးတိုင်းလိုလိုသိတဲ့ ဂျပန်မိတ် TRIUMPH နာမည်ကြီး အတွင်းပစ္စည်း 
တံဆိပ် . သူ့ ပစ္စည်းတွေ ပိုရောင်းရတဲ့ ပလန်တစ်ခုချလိုက်တယ်အွန်လိုင်းကနေရောင်းတဲ့ဆိုက်မှာ
အောက်ပါ ၀တ်စုံ sale campaign သီးသန့်လုပ်ပေးထားတာ။ 


သီးသန့် ထုတ်ကုန်ရဲ့ အောက်မှာ လင့်တစ်ခုထည့်ထားတယ်။ ၀င်ကြည့်တဲ့မိန်းကလေးက သူ လိုချင်တာလေးကို ကလစ်ပီး ရင် သူပို့ ချင်တဲ့မေလ်းလိပ်စာကို ရိုက်ထည့်လိုက်
ပြောရရင်တော့……..အချစ်ရေ …..ဒါလေးနဲ့ ဆို ဘယ်လို နေမလည်းဆိုပီးပေါ့
ကိုယ်ဝယ်ခိုင်းစေချင်တဲ့ သူဆီ (ချစ်သူ) ရဲ့မေးလ်းထဲကို လှမ်းပီးပို့ ယုံပါ








အပြင်မှာ အင်တာဗျူးတော့ အတော်များများသော ပုရိသတွေက အဲ့ဒီ ဆိုက်ရဲ့ပလန်ကိုကြိုက်ကြောင်း ကိုယ့်မိန်းခလေးကို လက်ဆောင်ဝယ်ပေးချင်ရင်တောင် အရောင် အကြိုက်မသိတော့ ခုဒီဆိုက်ကလေးရှိတော့ လက်ဆောင်အတွက် ခေါင်းမစားပါတဲ့..။.
အဲ့လို လုပ်လိုက်တာ ၉၇% နှုန်းအောင်မြင်မှု့ ရှိကြောင်းနဲ့ ရောင်းအားမြင့်တတ်လာပါတယ်တဲ့ ..



တစ်လောက ကမာကုရ သွားတော့ ကမာကုရ ကမ်းခြေက ဟာဝိုင်ယီဆိုင်မှာရောင်းတဲ့ သူတို့ က ရင် ၀တ်တဲ့အင်္ကျီကြည့်ပီး ဟာ…..ဟုတ်တယ် ငါ ရန်ကုန်ပြန်ရောက်ရင် သင်္ကြန်အမှီ ဒီပစ္စည်းထုတ်မယ်လို့ ....အုန်းသီးလည်းပေါတာပဲ ဟာ...



   အိုင်ဒီယာ…

ပေါ့ပေါ့ပါးပါးပြုံးလိုက်ပါ။
ကြည်ကြည်

10 comments:

  1. သေ ရော ကွယ်.....
    ဒီကောင်မလေးတွေ လုပ်တာနဲ့
    တို့လုပ်ငန်းကြီးရပ်ရတော့မှာလားကွယ်..

    ReplyDelete
  2. တစ်ချို့များတော့ ကျွဲကောသီးခွံနဲ့မှ အဆင်ပြေမယ်ထင်တယ်... ၀တ်ရတာလဲ နူးညံ့.. အဲ တပ်ရတာလဲ နူးညံ့တာပေါ့နော်.

    ReplyDelete
  3. ခုတည်းက အော်ဒါ မှာခဲ့ပြီနော် ဒါပဲ....အရောင်စုံ လိုချင်သူတွေအတွက် ဆေးရောင်လေးလည်း ခြယ်ပေးဦး ဟိဟိ :)

    ReplyDelete
  4. မိုးယံ ကျွဲကောသီးက ညည်းတို့လို ဆိုက်ကြီးသမားတွေအတွက်အေ့ တို့များတော့ မူလ ပထမ အုန်းမှုတ်ခွက်ပဲ ဟွန်းးးး :D

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. တာရှည်ခံလို့ အုန်းသီးကို စဉ်းစားတာပါကွယ်

    မမချစ် ဆေးလည်းချယ်ပေးမယ် ဇာပေါက်လိုမျိုးလေးတွေလည်းလုပ်ပေးမယ်...နော်

    ရန်ကုန်ရောက်ရင် mr guitar ဆိုင်ကိုသွား မိန်းကလေးသန့်စင်ခန်းမှာ နေမျိုးဆေးကိုယ်တိုင်ရေးထားတဲ့ မိန်းကလေး အပေါ်ပိုင်းကိုယ်တစ်ဝက်နဲ့ ခုအဲ့အုန်းမုတ်ခွက်တပ်ထားတဲ့နေရာလေးမှာ အသီးလေးတွေ ပြထားတယ်
    စတော်ဘယ်ရီ ပန်းသီး သင်္ဘောသီး နောက် အုန်း သီး
    ပြီးတော့ သင်ဘာသီးလည်းတဲ့

    မှတ်ချက် ...FYI only......

    ချစ်ခင်စွာ

    ReplyDelete
  7. အဲ.... တစ်ခု တတိကြုမိတာလေ။ အဲဒီ အုန်းမှုတ်ခွက် ဆင်မြန်းထားတဲ့ ပဂေးလေးရဲ့ လက်မောင်းက များတို့လောက် ရှိတယ်... အံ့တာပဲ။

    တို့းများငယ်ငယ်တုန်းက ရွာအ၀င်လမ်းဆီကနေ.. အဲ ယောင်လို့. တို့ငယ်ငယ်တုန်းကလိုများ အင်ပေါ့မောင်လေးရယ်များလား ဖြစ်နေသလားလို့.. ထင်တာပါ။

    ReplyDelete
  8. ဝတ်ရတာလေးမယ်ထင်တယ်နော်း)

    ReplyDelete
  9. ဒီအမကတော့ လုပ်ရော့မယ်။ အဲဒီလို လုပ်တာ ကောင်းလား။ တကယ်ဘဲ။ တစ်ပုံထဲ တင်ထားရတယ်လို့။းဝ)

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
    Replies
    1. ရန်ကုန်မှာရောင်းမှာလားဟင်။အရမ်းကြိုက်ကြမှာ

      Delete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။