Saturday, January 22, 2011

မီဒီယာလား ခေတ်လားကွယ်

ခုတစ်လော ဂျပန်မှာ ဟော့ နေတဲ့ သူတစ်ယောက်ပေါ့ သူ့ နာမည်က MR . WATANABE YOUICHI
သူက စစ်ဖြစ်တဲ့နေရာတွေမှာသွားပြီးရိုက်တဲ့ ကင်မရာ မန်းပေါ့။ 


ဂျပန်လိုတော့SenJou cameramen.. မနှစ်ကလောက်စပြီး TV အစီအစဉ်တွေမှာပါလာတယ်။ အသက်နဲ့ ယှဉ်ရင် တော့ အိုစာသလိုပဲ ၃၆ နှစ်တဲ့။ သူ့ စကားပြောဟန် အမူအရာတွေက လေးလေးအေးအေးနဲ့  တမင်လုပ်ပြောနေသလိုထင်ရပေမယ့် ရီစရာလည်းကောင်းသလို စိတ်ဝင်စားဖို့ လည်းကောင်းတယ
 သူ့ ဘလော့နာမည်က http://yoichi4001.iza.ne.jp/blog/ senjou kara konnichiwa ..စစ်မြေပြင်ကနေ ခွန်နိချိဝတဲ့...


စစ်မြေပြင်ကို ဓတ်ပုံရိုက်ဖို့ သွားရင် ဆောင်ရန်ရှောင်ရန်တွေ နယ်မြေခံတွေနဲ့ ဘယ်လိုပေါင်းရတယ်။ ဘယ်လိုလူမျိုးကို သူ့ ဂိုက်အဖြစ် မငှားဘူး။နယ်မြေခံဂိုက်ကို ငှားတော့မယ်ဆိုရင် သူ့ မိသားစု အထိထဲထဲဝင်ဝင် လိုက်လည်
ငှားမယ့်သူရဲ့ စိတ်နေစိတ်ထား မိသားစုနဲ့ ဆက်ဆံရေး စတာတွေပါ လိုက်လေ့လာတယ်ဆိုတဲ့ အချက်အလက်တွေကို ရှင်းပြတာတွေ အတော်ကို ပညာသားပါပီး နားထောင်လို့ လည်းကောင်းပါတယ်။
ဒီလိုနဲ့ သူတဖြေးဖြေးနာမည်ကြီးလာလိုက်တာ ခုဆို အပတ်စဉ်နီးပါးလို  သူ့ ကို TV မှာတွေ့နေရသလို
သူ့ အသံလေးလေးကြီးနဲ့ ပြောတဲ့ ring tone တွေကအစ ဖြစ်ကုန်ပါတယ်။ တနေ့က သူ့ ကိုနာမည်ကြီး တစ်ယောက်က ဗျူးတော့ ခင်ဗျားဟာ TV မှာလိုတာထက်ပိုပါနေတယ်။ခဏခဏထွက်လွန်းရင် မကြာခင် ပျင်းသွားကြလိမ့်မယ်။ နားလည်ရဲ့လားဆိုတော့ ငါးပွက်ရာငါးစာချတဲ့ အနုပညာနယ်ပယ်ရဲ့ သဘောကို သူနားလည်ထားပါတယ်လို့ ဖြေပါတယ်။ သူ TV မှာထွက်ရတဲ့ အချိန်တစ်ခုမှာ သူသွားခဲ့တဲ့စစ်မြေပြင်အကြောင်းတွေ နိုင်ငံတွေကို ရွတ်ပြခြင်းအားဖြင့် ခလေးတွေ TV ကိုကြည့်မှိလို့ ဒါတွေကို နည်းနည်းပဲဖြစ်ဖြစ် သိမယ်ဆိုရင် နောက်တစ်ချိန် စစ်ဆိုတာနည်းသွားနိုင်ပါတယ်ပေါ့။
ဒီလိုနဲ့ TV ဌာနက အပြင်မှာ လိုက်ပီး သူ့ ကို ဘယ်လောက်သိမှု့ ရှိလည်းဆိုတာ စစ်တမ်းကောက်တော့
မူလတန်းအရွယ် ခလေးတော်တော်များများက သူ့ နာမည်ပြောလိုက်တာနဲ့  သူ့ လိုစတိုင်ဖမ်းပြီး အီရတ်ဆိုတာ…. အာဖဂန်ဆိုတာ… ရ၀မ်ဒါဆိုတာတွေ လုပ်ပြကြတယ်။ ဒါနဲ့ မိဘတွေကို စစ်တမ်းကောက်တော့ ခလေးတွေက အဲ့ဒီ့  အီရတ်ဆိုတာ ဘာလည်းမေမေ ရ၀မ်ဒါဆိုတာဘာလည်း မေမေလို့  မေးကြတယ်။ လူမျိုးတူတွေ အချင်းချင်းသတ်နေကြတယ် ဆိုတဲ့ အချက်အလက်တွေ မိဘတွေကနေ သိခွင့်ရကြ စစ်ဆိုတာဘာလည်းလို့ သူတို့ သိကြတယ်။ဒီလိုဆိုရင် သူပေးချင်တဲ့ မီဒီယာက ပေးတဲ့ သူ့ မက်ဆေ့ခ်ျကိုရ ကြတယ်ပေါ့။  တခါတလေ ခလေးသူငယ်တွေ အတွက် Quiz အစီအစဉ်တွေကြည့်ရရင် ရန်ကုန်က တံတားနာမည်တွေ ရုပ်ရှင်နာမည်တွေ အမေးများတဲ့ အစီအစဉ်တွေကိုပြေးသတိရပြီး “မောင်လေးဖြေတာ မှန်ပါတယ်ကွယ်”ဆိုတာတွေ သတိရမိတယ်။

ဒီလိုနဲ့ သမီးအကြောင်းစိတ်က ရောက်သွားတယ်။ သမီးက ၉ လပိုင်းက လာလည်တယ်။ ပဲများ အလှကြိုက် အရွယ်နဲ့မလိုက်အောင်သိလွန်းလို့ ခွဲခွာထားရတဲ့ ဒီ၁ နှစ်ကျော် အတွင်းမှာ အတော်ကို ပြောင်းလည်းသွားတယ်လို့ သိသာတယ်။ ရန်ကုန်ပြန်တုန်းကလည်း သူကျောင်းသွားချိန် ကိုယ့် Research ကိစ္စတွေနဲ့  ညအိပ်ခါနီး လောက်သာ အေးအေးဆေးဆေးတွေ့ရတယ်။ သမီးက မေမေ မီးလေ ကိုရီးယားကိုသွားလည်ချင်တယ်တဲ့။ ..မီးသနယ်ချင်း (သူပြောသလို)
ကိုရီးယားကိုသွားလည်တယ်။ ဒီနှစ် ခရီးတွားရင် ကိုရီးယားကိုသွားမယ်နော်တဲ့ သူ့အဖေက ကိုရီးယားဘာမှ မရှိပါဘူးကွယ် ဆိုတော့  မင်းတမီးလှလှတွေ ၇ှိတယ်လေ  ကလစ်လှလှတွေ လိုချင်တယ် သူတို့ ချဉ်ဖတ်တော့  မီးမကြိုက်ဘူးစီးတီးမတ်က ၀ယ်စားတာ ချဉ်တယ်တဲ့။ အော် တတ်လည်းတတ်နိုင်ကြပါပေ့ပေါ့။ဒီကိုလာတော့ သူ့ အဖေက အလုပ်ရှုပ်တော့ သမီးနဲ့ မအေ ၂ ယောက်တည်း ၁ပတ်လောက်နေလိုက်ရတယ်။    လူနာတင်ကားတွေ ဖြတ်သွားရင် ကျွန်မက အမြဲ အသက်ချမ်းသာရာရကြပါစေ လို့ ရေရွတ်တာကို သူက ကြည့် ပြီးတော့ ဂျပန်တွေနေကောင်းပါစေ လို့ သူလိုက်ရွတ်တတ်တယ်။ ညဘက်စာကြည့်တာနောက်ကျတော့ မနက်ဆိုမထနိုင်ဘူး။
မေမေမအိပ်တေးရင် မီးစောင့်မှာပေါ့တဲ့။ဒါနဲ့ သမီးရယ် မေမေ ဘုရား   ဆွမ်းတော်မနက်ဖြန်တင်ရမယ်။
မေမေ့ကိုနိုးနော်ဆိုတော့ မနက်ကိုခလေးက ၆ နာရီလောက် ငေါက်ကနဲ ထပီး မေမေထတော့ ဆွမ်းချက်တော့ပေါ့။ကိုယ်ကလည်း အော် အေးအေး ဆိုပီးပြန်အိပ်ရောသူလည်းပြန်အိပ်တယ။် နောက် ၇ နာရီလောက်ကြတော့သူ နိုးလာပီး ဘုရားစင်ကိုလှမ်းကြည့်တယ်။ မေမေရာ ဆွမ်းကပ်ရမယ်ဆို..ဆိုပီး ဘုန်းဆို အိပ်၇ာထဲပြန်အိပ်တယ်။ ကျွန်မက အင်းပါဆိုပြီးပြန်အိပ်ရော။ နောက် ၈ နာရီလောက်ထပြန်ရော ဒီမေမေနော် ဘုရားဆွမ်းတော်ကပ်မယ်ဆိုလို့မီးထပီး နိုးရတာပေါ့ ဘာညာနဲ့ ။သမီးတောင် သိတတ်လိုက်တာကြည့်ပါအုန်းဆိုပီး ပီိတိဖြစ်ပေါ့။
လာခါစက ဂျပန်မလေးတွေ စကဒ်တိုတာပေါ်င်ဖြူတာတွေတွေ့ ပီး သဘောတွေကြလို့ ။ သူကိုယ်တိုင်လည်း အတို ကလွဲရင် သိပ်မ၀တ်ဘူး။ 
သူစကဒ်က တိုလွန်းတော့ ကျွန်မက သမီးရယ် တိုတိုလေးတွေ ၀တ်တယ်ဆိုတာ ထိုင်တတ်ရတယ်။အောက်ခံ ဘောင်းဘောင်းမပေါ်အောင်ထိုင်ရတယ်။  ရန်ကုန်ပြန်ရင်လည်း ဘိုးဘိုးတို့ဖေဖေတို့ကိုကိုတို့ တခြားကောင်လေးတွေရှေ့မှာ ဘောင်းဘောင်းမပေါ်အောင်ထိုင်နော်ဆိုတော့
 အော် ချကဒ်အတို ချိုတာ ရီးချားရှေ့ပဲဝတ်ရတာလား ဘောင်းဘောင်းက ရီးချားကိုပဲပြရမှာလားတဲ့ ဟယ်…………….ပြောစမ်း ရီးစားဆိုတာဘာလည်း ဆိုတော့ မီးတိပါတယ် မေမေရဲ့ ပြေတီဦးနဲ့ အူဝဲက ရီးချားတဲ့ ..ဟဲဘာဖြစ်လို့ စကဒ်တိုတို က ရီးစားနဲ့ ဆိုဝတ်လို့ရတာလည်းဆိုတော့ မေမေကလည်း…
ကိုရီးယားကားထဲမှာ ကောင်မလေးက တူ့ ရီးချားနဲ့ စကဒ်တိုတိုလေးနဲ့ လေတဲ့
မီဒီယာလား ခေတ်လားကွယ်……သမီးက ဒီနှစ် မှ ၅ နှစ်ပြည့်မှာ.

ကြည်ကြည်.

12 comments:

  1. ချစ်စရာကောင်းတဲ့..သမီး ပဲ..
    သမီးလေးကို ပြောလိုက်.. မင်းသမီးတွေကို ကြည့်မ၀တ်နဲ့
    မေမေ့ကို ကြည့်ပြီး လိုက်ဝတ် လို့..
း)

    ReplyDelete
  2. အဟတ် ဟတ် .. မကြည်သမီး တော့ အမေကို ခြေရာနင်းမှာတောင် မဟုတ်ဘူး ခြေရာကျော်မှာ ။

    မင်းသမီးတွေ ၀တ်တာလိုက်တုရင် အမျိုးပျက်တော့မပေါ့..(တစ်ချို့)

    အော် ချကဒ်အတို ချိုတာ ရီးချားရှေ့ပဲဝတ်ရတာလား ဘောင်းဘောင်းက ရီးချားကိုပဲပြရမှာလားတဲ့

    ReplyDelete
  3. ကလေးကချစ်ချာရေး ။ မအေ နဲ့ ရုပ်ချင်းတူတယ်.။

    ReplyDelete
  4. အဲဒီဂျပန်ရဲ့ ပေးချင်တဲ့ မက်ဆေ့ခ်ျလေး ကောင်းလိုက်တာ။

    သမီးလေးက ချစ်စရာပဲ၊

    ReplyDelete
  5. ပဲများတာ အမေနဲ့ တူတာ..
    အတိုကြိုက်တာလည်း အမေနဲ့ တူတာ..
    အိပ်ပုတ်တာလည်း အမေနဲ့ တူတာ
    ရှည်မျောမျောလေးလည်း အမေနဲ့ တူတာ
    မျက်လုံးလေးတွေလည်း ပဲ အမေနဲ့ တူတာ....


    p.y

    ReplyDelete
  6. အမေကိုနှိုးတဲ့နေရာ ရေးထားတာ သဘောကျတယ်၊ ငေါက်ကနဲ ထပြီး .. ဘုန်းဆိုပြန်အိပ် ၊ ခေါင်းစဉ်နဲ့ ဂျပန်ကင်မရာမန်း စစ်ပွဲသတင်းယူတာကို ရေးသွားတာလဲကြိုက်တယ်၊
    ခင်မင်လေးစားလျှက် .. သမီးလေးက ချစ်စရာလေး

    ReplyDelete
  7. သမီးလေးက အတတ်ကလေးဘဲ... ချစ်စရာကောင်းလိုက်တား)

    ReplyDelete
  8. MR . WATANABE YOUICHI အကြောင်းလေးဖတ်ရင်း ချစ်စရာသမီးလေးကို ကြည့်သွားတယ်..
    ကလေးက ကြီးလာရင် ချောမဲ့ပုံ..
    စကားလဲ သွက်မဲ့ပုံရတယ်..
    အမေတူသမီးမို့ထင်တယ်နော်

    ReplyDelete
  9. အစ်မသမီးလေးက တတ်လိုက်တာ....၊

    ReplyDelete
  10. မကေ>>>> ရွှတ်...(မွှေးမွှေးပေးလိုက်တာ)
    မိုးယံ>>>>ရွှီးပီ..ဟဟဟ

    မပန်း၊ ဖြိုး၊ မချော၊မရိုစ့်၊ ကျေးဇုး ....အမေက ရေခဲတုံးပါ...း)
    ကိုတိမ်>>>ဟုတ်

    သမီးပီးတော့ သားအကြောင်းရေးရမလားဟင်....
    ကိုယ့်မှာရတနာတွေ ပေါလို့ ဟိဟိ..

    P.Y >>ရိပ်သာတူတူဝင်ကြတာပေါ့ဟာ....အလှမပြင်တော့တဲ့နေ့ 

    ReplyDelete
  11. နာ့တူနယ်ချင်း ထလေးအမေ က ညှညှလေး (နုနုလေး)
    ချကားကြောရင်လည်း ထွဲပစ်နေတာ
    တမီးနဲ့ လည်း ချိတ်ကောက်တတ်တယ်..း)


    စာရေးတော့စိတ်တော့ ထွက်ပေါက်၇ှိတာပေါ့ အချိန်တော့ သိပ်မပေးနဲ့ ပေါ့
    ပို့ စ်တွေ နီးလို့ 



    好きだよ、可愛いくて 素直

    消さないでね、、

    ReplyDelete
  12. ဟဟဟ အမေတူ မခေသူ သမီးလေးပေပဲ...။ အဲဒီ ဂျပန်က မဆိုးဘူး ဒါလည်းပဲ သူ တတ်နိုင်တဲ့ ဘက်က ကမ္ဘာကြီး ငြိမ်းချမ်းရေး အတွက် အုတ်တချပ်အဖြစ် စွမ်းဆောင်နေတာပါပဲ...

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။