Tuesday, January 25, 2011

လွမ်းမောဖွယ်သော သောကရောင်စုံတော မှတ်တမ်း

သတိရလို့ ဆိုတဲ့ မက်ဆေခ့်ျ တစ်ကြောင်း
3D နဲ့ ပြောင်းကြည့်
ပုလဲလုံးဖြစ်ဖို့ ကမာတစ်ကောင် ထုဆစ်နေတယ်။

Touch screen ကို လက်တင်ဖို့ ပြင်တိုင်း
ဝိုင်မြစ်တွေ ကပြောင်းကပြန်စီးတယ်။

လွမ်းလိုက်တာရှင်
လွမ်းလိုက်တာရှင်
လွမ်းလိုက်တာရှင်
အဲ့လို  စာကြောင်းတွေ စီကာရိုက်ေ၇းပေမယ့်
Screen ပေါ်က ဗလာ word တစ်အုပ် သိမ်းထုတ်ရတာလည်း ညစဉ်

မိုးသောက်ယံညတွေမယ် အားတွေငယ်
အနောက်တောင်အရပ် စိတ်ကတွက်မှန်းဆ
မျက်ဝန်းလွှာပိတ် ဆိတ်ဆိတ်ကလေးတမ်းတ
လှိုင်းခတ်သံလည်းကြားတယ်  Vanda Miss Jaoquim နံလည်း သင်းတယ်..
တိမ်တွေ ခေါ်ရာအလိုက်သင့်ပါပါရစေ…

 ခဏအငိုက်
 စကားသား  ကျောက်ဆောင်နဲ့ တိုက်မိလိုက်တယ်။
 ယိမ်းနွဲ့  ပန်းခင်း လေပြေညှင်း
 အိကျနေမလို တိမ်ရွှေအို
ငှက်တေးချိုသီ အသံညီ
ဆက်သနေသလိုလို
အဆင်းလှ ရသာချိုချို
ဒါပေမယ့်                                   
ဧ၀ဆိုသူတဲ့  ခေါင်းရမ်းရင်း  စာတစ်စောင်အရင် ကမ်းတယ်။










Vanda Miss Jaoquim ( National Flower of XXXXXXXX)




ရေးသူနဲ့ သူရေးတဲ့စာ တစ်ခါတစ်လေ ထပ်တူမကျတတ်ပါဘူး....
ကြည်ကြည် 







4 comments:

  1. ဧ၀ဆိုသူတဲ့ ခေါင်းရမ်းရင်း စာတစ်စောင်အရင် ကမ်းတယ်။

    အဲဒါ ဘာစာ လဲဟင်...

    ReplyDelete
  2. အာဒမ်ကို သူလိုချင်တဲ့ဟာတွေ ဝယ်ခိုင်းဖို့ စာရင်းလုပ်ပြီး ပေးလိုက်တာ ဖြစ်ရမယ်။ :D

    ReplyDelete
  3. သူလိုချင်တာဆိုရင်တော့..ခေါင်းမရမ်းလောက်ဘူး..
    အာဒမ်ရဲ့အိပ်ထောင်ထဲက တွေ့တဲ့ ဧပိန် အတွက် ရည်းစားစာနေမှာ..
    အာဒမ်က ဝ တာမကြိုက်ဘူးတဲ့..

    ReplyDelete
  4. အဂျစ်လေ အဂျစ်ပေါ့

    လူပြိုသိုးကြီး ဘကျောက်...း)
    လူပြိုကြီး ကိုကောင်း....း)
    ခက်တယ်ခက်တယ် ......

    မိုးယံ..ညည်းလည်း ဒီအတိုင်းဆိုရင် တော့ အင်းခက်မယ် ခက်မယ်..

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။