နေ့စဉ်နေ့တိုင်း အလွယ်တစ်ကူ လုပ်လို့ရမယ့် ဆောင်ရန်ရှောင်ရန်လေး ပြောပြပါရစေ.(မသိသေးတဲ့သူများအတွက်ပါ)
မျက်နှာသန့်စင်ရာဝယ်
ရန်ကုန်ကဆိုင်တော်တော်များများ မှာ မျက်နှာသန့်စင်တယ်ဆိုရင် အောင်မလေး တရအောင် ကို
facial form ပြီးတာနဲ့ scrub form တွေနဲ့ မျက်နှာကို ပယ်ပယ်နယ်နယ် မျက်နှာပေါ်တင် အမြှပ်ထအောင် လုပ်ပြီး သစ်ပေးတော့တာပါပဲ။ အဲ့ဒါတို့တွေရဲ့ မျက်နှာက အဆီကိုခန်းသွားစေတယ်ဆိုတာ သတိထားမိရင် နောက်ကိုအဲ့လို မျက်နှာအသစ်ခံဖို့ကြောက်မှာပါပဲ။
တို့မမတို့၊ညလေးတို့ကတော့ နိင်ခြန်ခါး နေသူတွေမို့ သိကြမှာပါ..
formကို မျက်နှာပေါ်မှာ မပွတ်ပဲ လက်နဲ့ အရင် အမြှပ်ထအောင်လုပ်ပြီးမှ မျက်နှာကိုသစ်တယ်ဆိုတာ။ခုနောက်ပိုင်း ဒီမှာပြောပြောနေတာ
မျက်နှာကို လက်နဲ့မသစ်ပါနဲ့ ဆိုတော့ ဟာ.......လက်နဲ့မသစ်လို့ ဘာနဲ့သစ်ရမှာလည်း လို့ ကပ်သီးကပ်သတ်တွေးမိတဲ့အခါရှိပါတယ်။
photo form google
အမြှပ်နဲ့သစ်ပါ။ အမြှပ်ပိုထစေချင်ရင် လက်အစား မျက်နှာသစ် net လေးတွေနဲ့ အမြှပ်အဖြစ် ဖန်တီးပြီးမှ မျက်နှာအသားနဲ့ လက်ဖ၀ါးရဲ့ကြားမှာ အမြှပ်များများနဲ့သန့်စင်စေပါ။ ဒီနေရာမှာ sponge ထက် net ကိုပိုအားပေးပါတယ် net ကသာလျှင်အလွယ်တကူခြောက်သွေ့စေတော့ သန့်ရှင်းမှု့ပိုင်းမှာပို သန့်တယ်လို့ထင်တယ်။ ရေချိုးခန်းဆိုတာက စိုထိုင်းစတော့များတာကိုး နော်...
ဂျပန်ကရေဟာ ကလိုရင်းတွေများလွန်းပါတယ်။ နောက် ဒီမှာငယ်ငယ်ကတည်းကနေ ဒီကအစားအသောက်နဲ့ယှဉ်ပါးနေတဲ့သူထက် ခဏတစ်ဖြုတ် လာတဲ့သူအတွက်တော့ ဆံပင်ကျွတ်ခြင်းဆိုတာက လူတိုင်း စိတ်ညစ်တဲ့အရာပေါ့ ရှင်။
ခေါင်းလျှော်တဲ့အခါ ရှန်ပူဗူးကို ဗျစ်ကနဲညစ်ပြီး လက်ထဲ ပါလာတဲ့ ခေါင်းလျှော်ရည် ကို ဒီအတိုင်း တော်တော်များများက ခေါင်းအရှည့်ပိုင်း သို့ မဟုတ် ငယ်ထိပ်ကို သွားပွတ်ပြီး ခေါင်းမှာတင် အမြှပ်ထအောင် လုပ်တယ်ဆိုရင်တော့ ....ခေါင်းေ၇ှ့ပိုင်းကနေ စပြီးပြောင်မှာအမှန်ပါပဲ
မယုံရင်ကြည့် ဂျပန်ကနေပြန်သွားသူတွေ ထိပ်ပြောင်ဆံပင်ပါးး)
ခေါင်းရဲ့ အနောက်ခြမ်းကနေ ရှန်ပုကို စပြီး ပွတ်ပါ ရှန်ပူကို ရေနဲ့ အရင်ဖျော်ပြီး လျှော်တာဟာအကောင်းဆုံးပေါ့။ (မိုးယံမ လည်းသုံးလို့ရတယ်။ ပဲရစ်ကျောက်ဟီလတန် လည်းသုံးလို့ရတယ်။သူကြီးလည်း သုံးလို့ရတယ်)။
rinse ထည့်မယ် ဆံပင်ပေါင်းတော့မယ်ဆိုရင်
ခေါင်းလျှော်ပြီးrinse ထည့်ကြမယ်ဆိုရင် ရှန်ပူပြောင်အောင် အရင်ရေတော့ဆေးကြပါရဲ့ ရေစက်လက်နဲ့ဆံပင်ကိုပဲ rinse အလွယ်တကူ ထပ်ထည့်ကြတာကိုး။
ရှန်ပူစင်သွားတဲ့ ခေါင်းကို တဘက်နဲ့အရင်သုတ်ပြီးမှ Rinse လေးထည့်ကြည့်ပါလား။ ပိုပြီးကောင်းတဲ့ဆံပင်သားလေးဖြစ်လာပါလိမ့်မယ်။ရေဆေးလို့
rinse မစင်ရင်တော့ ဘောက်ထမှာမို့လို့ ဂရုစိုက်ကြပါနော်။
rinse ပဲဖြစ်ဖြစ် hair pack ပဲဖြစ်ဖြစ် ဆံပင်ကိုပေါင်းတဲ့အခါမှာဦးရေကိုမထိပါစေနဲ့။ဦးရေနဲ့ တစ်လက်မှလောက်ကနေဝေးပါစေ။ ပုံမှန်အားဖြင့်တော့ hair treatment တွေက အေးအေးလေးတွေလေ။ ဦးရေအေးရင်ခေါင်းက ဆံပင်ကိုကောင်းမှာပဲလို့ ထင်ကြတယ်။ အဲ့treatment ထဲက အဆီက ဆံပင်အရင်းမှာသွားစုလျှင်လည်းဆံပင်ကျွတ်စေမှာပါပဲ။
အရင်ကတော့ ဂျပန်မှာလည်း Asa Shan အတိုကောက်အနေနဲ့ (မနက်ရှန်ပူပေါ့) ဆိုတာခတ်စားပေမယ့် ခုနောက်ပိုင်းတော့ တီဗီမှာလည်း နေ့စဉ်ခေါင်းလျှော်ရင် ခေတ်ဆံပင်ကျွတ်စေတယ်လို့တဖြေးဖြေးပြန်ပြောလာကြပြီ။နေ့တိုင်းခေါင်းမလျှော်ရင်သူတို့ က ညစ်ပတ်တယ် လို့ အရင်က ပြောကြတာကိုး။
ပိုလူးရှင်း များလွန်းတဲ့ ဒီနိုင်ငံမျိုးမှာ မြန်မာပြည်မှာပြောကြသလို တစ်ပတ်တစ်ခါသာလျှော်ရရင် ကိုယ့်နားမှာ ဘယ်သူမှတောင်ရှိမှာမဟုတ်ဘူး။
ခြောက်သွေ့လွန်းတဲ့လေကြောင့် အသားအရည်လည်းခြောက်နေတယ်။ အနံအသက်လည်းကင်းချင်တယ်။ အသားအရည်လည်းယားယံတာပျောက်စေချင်တယ်ဆိုရင် ကိုယ်ရေစိမ်တဲ့ ရေချိုးကန်ထဲ ဗီနီဂါထည့်ကြည့်ပါလား....(အသားအရည်ပေါ်မူတည်၍ တည့်မတည့်တော့သတိထားပါ)
တစ်ချို့လည်း ပူစီနံပေါတဲ့ဒေသကလူတွေက ပူစီနံထည့်ချိုးကြတယ်။အိပ်လို့လည်းကောင်းတယ။် အသားအရည်ပြသနာဆိုရင်လည်း ပူစီနံတို့ ပင်စိမ်းတို့ကပျောက်စေတယ်လို မြန်မာ့ တိုင်းရင်းဆေးက ထုတ်တဲ့စာအုပ်မှာလည်းဖတ်ဘူးတယ်။ ဒီမှာလည်းနောက်ပိုင်းပုစီနံနဲ့ထုတ်တဲ့ aroma products တွေ ပူစီနံနဲ့ထုတ်တဲ့ လိုရှင်းတွေ အမျိုးသမီးမဂ္ဂဇင်းတွေမှာတွေ့လာတယ်။
ဂျပန်ကနေ စထွင်လိုက်တယ်လို့ဆိုကြတဲ့ တခြားနိုင်ငံတွေမှာလည်း abura tori kami ဆိုပြီးရောင်းနေကြတဲ့ မျက်နှာဆီစုပ်စက္ကုပါးပါးလေးတွေ မြင်ဘူးကြမှာပေါ့။
အသားအရည်မညီ T Zone နဲ့ မေးစေ့တွေမှာ
ဝက်ခြံပေါက်တတ်တဲ့သူတွေ အနေနဲ့ မသုံးသင့်ပါဘူးတဲ့ ။ ၀က်ခြံပေါက်ခြင်းမှာ အသားအရည်ခြောက်လွန်းရင်လည်းဖြစ်တတ်ပါတယ်တဲ့. ဆီစုပ်စက္ကု သုံးလိုက်ခြင်းဖြင့် အဲ့ဒီင်္အရေပြားမှာရှိသင့်နေတဲ့ အဆီက မ၇ှိတော့ နောက်ထပ်ဆီထပ်ပြီးထွက်ဖို့ အရေးပြားအောက်က တစ်ရှုးတွေက ရုန်းကန်ရပါတယ်။ အဲ့လိုရုန်းကန်ပြီးမှ ထွက်လာတဲ့ဆီကြောင့်ပိုပြီး
ဝက်ခြံပေါက်စေပါတယ်။ ရိုးရိုး တစ်ရှုးလောက်နဲ့သာသုတ်ကြပါတဲ့။
လက်တို့ပါရစေ

ကိုယ်တိုင်လည်းသုံးကြည့်ပါတယ် မဆိုးပါဘုး။ ဈေးလေးကလည်းအများလက်လှမ်းမှီတဲ့ဈေးလေး။ အသားအရည်ခြောက်တဲ့သူတွေဆိုရင်တော့ သုံးပြီး လိုရှင်းများများလိမ်းစေချင်ပါတယ်။
သဌေးက အမျိုးသမီး။ သူ့ အိမ်မှာကျောင်းလာနေတဲ့ အင်ဒိုနီးရှားကျောင်းသူက မျက်နှာမှာဝက်ခြံပေါတယ်တဲ့ ။အဲ့မှာအင်ဒိုနီးရှားမလေးက လက်ဖက်နဲ့ ထုတ်တဲ့ မျက်နှာသစ် ပစ္စည်းကောင်းကောင်းရှိရင်သိပ်ကောင်းမှာပဲလို့ အမြဲပြောရာကနေ အိမ်ရှင်ဂျပန်မကြီးက အကြံရတာကနေ စပြီးထုတ်တယ်လို့ဆိုတယ်. (ဆရာမပြောပြလို့ သိရတာ)...
အရင်က မျက်နှာကို toner ပဲဖြစ်ဖြစ် လိုရှင်းပဲဖြစ်ဖြစ်လိမ်းတဲ့အခါ ပါးနှစ်ဘက်ကိုလက်ဖ၀ါးနဲ့  အသံလေးမြည်အောင် ဖွဖွလေး ရိုက်ပြီးလိုရှင်းကို လိမ်းပေမယ့်
ခုမဟုတ်ဘူး တတ်နိုင်သမျှ မရိုက်ပဲ ဖွဖွလေး ဖိပြီး သိပ်တဲ့နည်းကို သုံးပါတဲ့..
လိုရှင်းတွေလိမ်းတဲ့အခါ တတ်နိုင်သမျှအသားထဲစိမ့်ဝင်အောင်ဆိုတဲ့နည်းနဲ့ မျက်နှာပေါ်မှာတော်တော်ကြာအောင် ပွတ်ပေးနေမိတဲ့အခါရှိတယ်။ မလုပ်ရဘူးတဲ့ လိုးရှင်းသို့မဟုတ် အဲ့ဒီတိုနာ စိုစို လေးအတိုင်းထားလိုက်ပါ။ ဒီအတိုင်းခဏနေရင်ခြောက်သွားလိမ့်မယ်။ လုပ်ကြည့်ပါ
သူ့ သဘာဝအတိုင်း ခြောက်သွားတာလေးက အသားရည်ပိုကြည်လင်လာတယ်..
ဆံပင်ဆေးဆိုးရာဝယ်
ကြည်ကြည်ဟာအသက် ၂၀လောက်ကတည်းက ဆံပင်ဆေး ဆိုးတာကိုကြိုက်မိတော့
ဟော ခုတော့ရွယ်တူတွေကြားထဲမှာကိုယ်က အရင်ဆံပင်ဖြူပြီ။ သတိထားမိကြမှာပေါ့ ။
အာရှကနေ မယ်ကမ္ဘာသွားပြိုင်သူတွေ အပြင်မှာဘယ်လောက်ပဲ ဆံပင်နီရဲနေပါစေ။ ပြိုင်ပွဲဝင်ခါနီးပြီဆိုရင် အာရှသူတွေ ဆံပင်အမည်းနဲ့ ပြိုင်ပွဲဝင်ကြတယ်။ကိုယ်တွေရဲ့သဘာဝကပေးထားတဲ့ အော်ရီဂျင်နယ်ကသာ အကောင်းဆုံးပါပဲ။
ဒါကြောင့်ငယ်ငယ်ရွယ်ရွယ်တွေ ဆံပင်မဆိုးကြတာအကောင်းဆုံးပါပဲလို့။
(Miss Japan 2011ရဲ့ပုံ)photo from google
ရောက်ခါစသူငယ်ချင်းတွေမေးလွန်းလို့ အသားအရည်တွေ ယားရင်ဆိုတာ ဂျပန်လေက သိပ်ကိုခြောက်သွေ့ လွန်းတယ်။
သာမန်လိုရှင်းလောက်နဲ့မရဘူး ဆေးပါတဲ့ လိုရှင်းမျိုးကို ခဏခဏ ဖုန်းနဲ့ဆက်မေးကြတဲ့ သူငယ်ချင်းတွေအတွက် သူတို့လူမျိုးတွေလည်းအသုံးများပြီးဈေးသက်သာတဲ့ လိုရှင်းဗူး ရော့ ဒီမှာ
ရှိရင်းစွဲထက် ၇ နှစ်ပိုငယ်နိုင်ကြပါစေ။
ဒီပို့စ်ရေးရတာ အသက်ကြီးမှန်းလူသိလိုက်တာ။
ဒီပို့စ်ရေးရတာ အသက်ကြီးမှန်းလူသိလိုက်တာ။
ဝက်ခြံပေါမှန်းလူသိလိုက်တာ။ အလှကြိုက်မှန်းလူသိလိုက်တာနော်...
ကျောင်းစာသာ ဒီလို အားထုတ်လို့ကတော့ ကြည်ကြည်တို့ ဒေါက်တိုကြည်ကြည်ဖြစ်တာကြာပေါ့..း)
ကြည်ကြည်