Monday, February 14, 2011

ကြီးမှဝက်သက်ပေါက်လေသလား ဗာလင်တိုင်အလွဲ..

ဒီနှစ် ပန်းစည်းကို လှလှပပ၀တ်ပြီးတော့ကို ယူအုန်းမှာ (ကြည်ကြည့်အတွေး)

၁၃ရက်နေ့ညက ဆရာဟောင်းတွေ၊ အိုးလ် .မ.ဖလိန်းတွေ၊ အတန်းဖော်တွေ ပြန်ဆုံကြတယ်။ ပါတီမစခင်  တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး  စကားတွေ ပြောချင်နေကြပြီ။
စာတမ်းဖတ်ပွဲလည်းအပြီး  ဆရာတွေ ကိုနှုတ်ဆက်ပြီးတာနဲ့ ပါတီခမ်းမထဲဝင်ပေါ့။ အလုပ်တူတူလျှောက်ခဲ့ကြတဲ့ သူငယ်ချင်းက သပ်ရပ်လှပစွာ. အကြီးတန်းလေယဉ်မယ် First class တွေမှာပဲတာဝန်ကျနေပြီတဲ့။ကျွန်မကတော့ နောက်ဆုံးရောက်ခါနီးမှာမှ ဆေးကျခဲ့တယ်။လူလည်း မျက်မှန်ဘ၀ရောက်ပေါ့။
နာမည်ကြီးခရီးသွားကုမ္ပဏီတစ်ခုရဲ့  မန်နေဂျာတဲ့၊တစ်ယောက်က ကျောင်းဆက်တတ်ြပီး ခုအချိန်ပိုင်းပရော်ဖက်ဆာတဲ့  (ငယ်လိုက်တာ)၊ တစ်ယောက်က  ဝေါလ်းဒစ်စနေမှာတဲ့၊
နောက် ဂိမ်းနဲ့ဆော့ဝဲရေးနေတဲ့သူ အားလုံးက စာတမ်းနဲ့ မပတ်သက်ပေမယ့် ဆရာဟောင်းတွေ
နဲ့ ပြန်တွေ့ ချင်လို့ လာသူတွေ။
ကျောင်းပြန်တတ်နေတဲ့ကျွန်မကို သူငယ်ချင်းဟောင်းက ၁၄ ရက်နေ့ ည အားရင် ထမင်းကျွေးပါရစေ…...(အရင်လို ကြည့်ကောင်းနေတုန်းပဲ….အချစ်ရေ အဲလေ သူငယ်ချင်းရေ.)
ဘုလား…ဘုလား… မဖြစ် …ဟယ်ကျေးဇူးပါ နောက်မှ အားလုံး    ဆုံပြီး စားကြတာပေါ့ နော်..
အော် ဒါနဲ့ ငါကကလေး၂ယောက်ရှိနေပြီသိလားလို့ ပြောလိုက်တော့ သောက်နေတဲ့ ဘီယာနင်သွားပုံ ...

 မင်း လက်စွပ်ကို ချွတ်သွားတယ်မို့လားဆိုပြီး ပြောအုန်းမှာ အိမ်ကသူသာသိရင်..သေချာတယ်။

အောင်မြင်နေတဲ့သူငယ်ချင်းတွေကိုကြည့်ခဲ့တဲ့ကိုယ်တိုင်လည်း ၀မ်းတွေသာပြီး
တညလုံးလူးလွန့် အိပ်မပျော်။
၁၄ရက်နေ့ မနက်
ပန်းဖိုးတွေနှမျောလွန်းလို့ မပို့နဲ့နော်လို့သာမှာရတာ မသိစိတ်ကတော့မျှော်တော်တော်။
အခုနေတဲ့ အဆောင်က လွယ်လွယ်ကူကူ အခန်းေ၇ှ့ တံခါးခေါက်လို့ ရတယ်။
အမျိုးသမီးတိုင်းကြည့်ကောင်းရမည်။လှတာမလှတာသူ့ ကုသိုလ်ပေး
လို့ ဆရာမကြီး ရဲ့ ပြောစကားအတိုင်း 
 ကြည့်ကောင်းအောင်နေရသည်ကတော့အမှန်။
အိပ်ရာနိုးလာခေါက်ရင်တော့ အိပ်မှုံစုံမွား ၊ ဆံပင်ဖရိုဖရဲ အနွေးထည်ထူထူကြီး
နဲ့ ထွက်လာတဲ့ မိန်းမကြီးပဲတွေ့မှာပေါ့လို့ …

တနှစ်ကဆို သူငယ်ချင်းတွေက  surprise လုပ်ဖို့ ညကြီးမိုးချုပ်တံခါးလာခေါက်တယ်။
ဖွင့်လိုက်တော့မှ ဘတ်ဒေးကိတ်နဲ့  တံခါးဝမှာရပ်နေကြတဲ့ သူငယ်ချင်းတွေ ခေါင်းတည့်တည့်မှာဆံထုံး ၊ မျက်နှာမှာက သခွားသီးစေ့တွေ၊၊ ဗိုက်မှာက ဗိုက်ချပ်ကိုစည်း မျက်ကပ်ကိုဖြုတ် မျက်မှန်ပိစိတပ်ထားတဲ့ကိုယ့်ကို မှင်သက်စွာ  ပြီးတော့မှရီလိုက်ကြတာ။
မနှစ်က ဗာလင်တိုင်း လည်းဒီလိုပဲ  စောစောစီးစီးတံခါးလာခေါက်တော့  သူငယ်ချင်းပဲထင်ြပီး အိပ်မှုန်စုံမွှားနဲ့ ထသွားတော့ ပန်းစည်းလာပို့ တဲ့ အမျိုးသမီးလေးက ပန်းစည်းကို ကြည့်..လူကိုကြည့်နားမလည်နိုင်သလို ဒီလို သူကို ပန်းစည်းပေးတဲ့သူရှိနေတယ်လို့ များထင်သွားလားမသိ. စိတ်ထဲကနေ ဖတ်လိုက်နိုင်တယ်။သူ့ မျက်လုံးကို
ဒီနေ့ဘာတွေ ဖြစ်နေပါလိမ့် နော်.....
ရေချိုးခန်းထဲမှာ ဗူးပေါင်းများစွာဆိုတော့  သွားတိုက်ဆေးဆိုပြီးထည့်တိုက်လိုက်တာ အမြုပ်တွေလိုလို ဖြစ်လာမှ ဟာ .. ဆပ်ပြာကရင်မ်တွေ...
နောက် မျက်နှာကို တိုနာလိမ်း နောက်ထပ် moisture ထပ်လိမ်းမယ်လုပ်တော့ ချွဲလိုက်တာကိုသတိထားမိမှ  ဆံပင် ဗိုက်တာမင်အီး ဗူးနဲ့မှားတာ
ကြည့်လေ မမှားပဲနေမလား ပုံကို

အိမ်မက်ထဲံမှာပန်းသီးဖျော်ရည်သောက်တယ်တဲ့ နိုးလာတော့ မြန်မြန်ပဲထပြီး မီးဖိုချောင်မီးကိုမဖွင့်ပဲ ပန်းသီးဖျော်ရည်သောက်မယ်ဆိုပီးပုလင်းတွေထဲနေထုတ်ပြီး ဖန်ခွက်ထဲထည့်…မော
အား   …ချဉ်လိုက်တာ …ဘယ်ဟုတ်မလည်း ဟင်းချက်ပန်းသီးဗီနီဂါ....

ရန်ကုန်ကိုဖုန်းခေါ်  ကျောင်းသွားတော့မလို့  ဒီနေ့ဘာထူးလည်းဆိုတော့ အင်းမထုးဘူး
အိုကေ ဒါဆိုသူ ပြောစကားနားထောင်တယ် ဒီနှစ်ပန်းမပို့ဘူး။

စိတ်ချလက်ချ …..ဟူး..........

ခဏနား...
တီ.တီ ...  မြည်လာတဲ့ ဘဲလ်…စောနက တော့ သန့် ရှင်းရေး အဘွားကြီးတွေရဲ့ အသံတွေလည်း ကြားနေရတယ်။ခင်နေတဲ့ အဘွားကြီး
အသံစူးစူး နဲ့   ၀တရှိ ဒတ်စ်.( ငါပါကွ..ပေါ့)
ဟိုက် ...ဟိုက်..အသံရှည်ဆွဲပီး  (လာပြီလာပြီ)
ကဲပါလေ ဒီအတိုင်းထွက်လိုက်မယ် လေ
အိအိ ဒတ်စ်စနဲ ( ကောင်းလိုက်တာနော်) တဲ့
ဆိုပီး အဘွားကြီး တစ်ယောက်တည်းမဟုတ် သူ့နောက်မှာက..

ပန်းစည်းအိုးကြီးနဲ့ ပန်းလာပို့ သူက ခဏတာမှင်သက်သွားတယ်။
လွန်ခဲ့တဲ့ ၃ရက်က စားပီးတစ်ခြမ်းကျန်နေတဲ့ ထောပတ်သီး(အရောင်ကိုမှန်းသာကြည့်တော့) ပစ်ရမှာဆိုးလို့ မျက်နှာရော ဆံပင်တွေ ရော လိမ်းထားတာကိုးလို့

ငါ့နှယ့်နော်…


ကြည်ကြည်

11 comments:

  1. ဟိ...ဖြစ်ရလေ
    ဒါပေမယ့် ပျော်သွားတယ် မဟုတ်လား

    စူးနွယ်လေး

    ReplyDelete
  2. ဖြစ်ရမယ်ကြည်ကြည်ကတော့။
    စာဖတ်သူလည်း ဖတ်ရင်းနဲ့ရီလိုက်တာ ဘီယာနင်သွားပြီ။ (*^_^*)

    ReplyDelete
  3. သဘာဝအတိုင်းပဲ
    ပန်းလက်ဆောင်ရတာ ကောင်းလိုက်တာ
    ဒီကတော့
    နှင်းဆီပန်း ၀ယ်အုံးမှပဲနဲ့ပဲ ပြီးသွားတယ်၊
    မရပါဘူး။

    ReplyDelete
  4. ပျော် ပျော် ပျော် ပျော်နေတယ်ပေါ့လေ။းဝ)

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  5. လာပို့တဲ့သူက အိမ်လွဲလာမိတယ်ထင်ရင်..ဖြေရှင်းနေရအုန်းမယ်..

    ReplyDelete
  6. >စူးနွယ် .အင်းအသက်အရ သိပ်တော့လည်း ခိခိ....
    >မပန်းရေ မကအနားမှာရှိနေတယ်လေ ..အဲ့ဒါအကောင်းဆုံးလက်ဆောင်ပေါ့
    >april. နောက်ဆို စာဖတ်ရင်းဘီယာသောက်နဲ့း)))
    >သူကြီး ရှင်လည်းဘာပေးလိုက်လည်း ပြန်ပြပေါ့လို့ 
    >ဘကျောက် ...ဘကျောက်ပြောမှ စာရွက်ကိုပြန်သွားစစ်ရတယ်။ ဟုတ်ပါတယ်ဘကျောက်ရဲ့ စလစ်လေးမှာ ပေးပို့ သူ မြန်မာနံမည်နဲ့ အွန်လိုင်းမှမှာကြားသည်တဲ့ ဟွန့်...

    ReplyDelete
  7. ကောင်းဗျား ၊ဆက်သာရေးပါဗျာ အားပေးလျက်ရှိပါကြောင်း

    ခင်လျက်

    မင်းဒင်

    ReplyDelete
  8. ချော(အစိမ်းရောင်လွင်ပြင်)February 15, 2011 at 11:17 PM

    အားကျလိုက်တာ
    ဒီမှာတော့ ၁၄ရက်သာကျော်သွားတယ် ပန်းတစ်ပွင့်ချောကလက်တစ်တောင့်တောင် မရလိုက်ပါဘူး
    ကြည်ကြည်ရေးတာဖတ်ပြီး ခိခိတက်အောင်ရယ်မိသေးး)

    ReplyDelete
  9. အခုလိုရေးပြမှာသာ နည်းနည်းခန့်မှန်းမိတာ.. အရင်တုန်းက ခဏခဏ ပြောပေမယ့် ဒီလောက် အားနည်းမှန်းမသိဘူး.. ဒါပေမယ့် အဲကိစ္စနောက်ရင်လည်း မကြိုက်ဘူး မဟုတ်လား။

    ReplyDelete
  10. ရယ်လိုက်ရတာနော် အခုဘဲ ကြည်ကြည်ရေး တဲ့ သနပ်ခါးအကြောင်း ပြောနေသေးတယ် အခုတော့ ထောပတ်သီးတဲ့

    ReplyDelete
  11. ကြည်ကြည်ရေ ..ရှိသမျှအသီးအကုန်အသုံးချတယ်ဆိုတော့..ခုလောက်ဆို သံပုရာသီးခွံ နဲ့  ကိုကိုပို့ တဲ့ ပန်းပွင့် ထဲ့ထားတဲ့ အိုဖုရုများ ၀င်နေပြီလား

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။