Tuesday, February 22, 2011

ပြည်တော်ပြန်တို့အိုင်ဒီယာ (၂)

ပြည်ပကိုထွက်ခွာလာကြသူနဲ့ ပြည်တော်ပြန်ကြသူအချိုးချကြည်ရင်တော့  မနှုတ်လောက်တစ်ဆယ်ချေးရမှာပါပဲ။   ဒီထဲက မှ ပြန်တော့မယ။် လုပ်ကြည့်ကြမယ်ဆိုတဲ့ သူတွေ ထဲက နည်းနည်းလေးကနေစခဲ့ကြတဲ့ အကြောင်းလေးထပ်ပြီး ရေးပါရစေ။ တစ်ချို့တွေကလည်းမရေးစေချင်ဘူး ။ တစ်ချို့ကလည်း ဟင့်အင်းနာမည်မတပ်နဲ့ ဆိုတာတွေနဲ့  ကိုယ့်အနေနဲ့ဆောင်ရန်ရှောင်ရန်တွေကိုလည်းထည့်တွက်ရပါသေးတယ်။

လှည်းတန်း ဦးထွန်းလင်းခြံလမ်းမှာ ဖွင့်ထားတဲ့ Coffee Kosan အကြောင်းလေးကြော်ငြာပေးပါရစေ။
သူငယ်ချင်းတွေစုပြီးရှယ်ယာလုပ်ထားတဲ့ဆိုင်လေးပါ။ ဒီကနေပြန်သွားတဲ့တစ်ယောက်ရယ် နောက်မြန်မာပြည်က UFL မှာကျောင်းနေဘူးတဲ့ ဂျပန်လူငယ်တစ်ယောက်ရယ်ပါ။ ဂျပန်ကတော့ ဒီမှာလည်းသူ့ တခြားအလုပ်အကိုင်ရှိနေပါတယ်။နောက်သူ့ ကောင်မလေးကလည်း ဂျပန်က ဆိပ်ကမ်းတစ်ခုမှာ စားသောက်ဆိုင်လေးဖွင့်ထားပြီးအတော်ကို ရောင်းအားကောင်းတဲ့ဆိုင်လေးပါ။ ဂျပန်လေးက ဂျပန်က ၀န်ထမ်းဘ၀ကိုထွက်ပြီး မြန်မာပြည်မှာ နေပြီးလုပ်ကြည့်ချင်တယ်။ ချမ်းသာချင်မှချမ်းသာမယ်ဒါပေမယ့် စိတ်ချမ်းသာလွပ်လပ်ပေါ့ပါးနိုင်တယ်ဆိုပြီး သူငယ်ချင်းတွေတိုင်ပင်ကြပါတယ်။ ဦးထွန်းလင်းခြံလမ်းရဲ့ တိုက်ခန်းငှားခတွေဟာအတော်ကိုလန့်ဖို့ကောင်းပါတယ်။ တလကို ၁၀သိန်းနဲ့အထက်မှာရှိပါတယ်။ ဆိုင်ရဲ့နောက်မှာ မီးစက်ထားမယ်ဆိုရင် မီးစက်ထားခကိုလည်းသပ်သပ်ထပ်ပေးရပါတယ်။ သု့ဆိုင်ဖွင့်ခါနီးကျွန်မက ဒီကိုလာခါနီး သူ့ ကိုအားပေးတဲ့အနေနဲ့ သွားတဲ့အခါမှာ သူ့ ဆိုင်အတွက် ကြမ်းခင်းကို သူပဲ အကုန်ခံပြီးခင်းပြီးပြင်ဆင်နေတာကိုတွေ့ရပါတယ်။ ဘေးနားမှာလည်းအဲ့တုန်းက တစ်ခြားဆိုင်အပြိုင်တွေလည်းရှိတော့ ဖြစ်ပါ့မလားဆိုတော့ မြန်မာစကားသိပ်လည်တဲ့ သုက ကျွန်တော်စေတနာအပြည့်နဲ့ရောင်းမယ်။ မြန်မာပြည်ကလူငယ်တွေတစ်ချို့ နာမည်ကြီးပါတယ်ဆိုတဲ့ စားသောက်ဆိုင်တွေမှာ ပိုက်ဆံအပြည့်ပေးပြီး Mocca တို့ Blue moutain လို့ပြောလည်း သောက်ကြတာပဲ။ တစ်ချို့တွေ နာမည်ပဲတပ်တာ အရသာက ဟုတ်မှမဟုတ်တာပေါ့။
သူငယ်ချင်းမကတော့ အေးဟယ် မြန်မာပြည်က တစ်ချို့ ဆိုင်တွေ ကိုယ်တိုင်လိုက်လေ့လာတော့မှ
 တောက သဌေးသမီးကို ပါတိတ်သွားရောင်းသလိုပေါ့ ရန်ကုန်မှာခေတ်စားတဲ့ အဆင်လို့ ပြောလိုက်ရင် ပိုက်ဆံပေါတော့ တန်း ၀ယ်သလိုပေါ့ဟယ်တဲ့။
ဈေးနှုန်းက အစ ကျောင်းသား တွေစားနိုင်လောက်တဲ့ဈေးနှုန်းတို့   မြန်မာမိန်းကလေးတွေက ဘီယာ
ေ၇ာင်းတဲ့ဆိုင်မှာ ကြတော့မထိုင်ချင်ကြဘူးဆိုလို့ သူတို့ beverage menu ကအစ မိန်းကလေး အထိုင်များဖို့ ဦးစားပေးပြီးဆွဲကြပါတယ်။ (သူငယ်ချင်းမပြောတော့လည်းဟုတ်နေတာပဲ ချစ်သူနဲ့ဆိုင်တစ်ဆိုင်ထိုင်မယ်ဆိုရင် မိန်းကလေးကဆိုင်ကိုရွေးတာလား ယေက်ျားလေးက ဆိုင်ကိုရွေးတာလားတဲ့ ကျွန်မဆိုလည်းကိုယ်ထိုင်လို့ သိပ်မပျော်တဲ့နေရာဆိုနောက်သွားခဲတယ်)။
 ကောက်တေးလ်းတော့တင်ထားတယ်ပြောတယ်။
ရှယ်ယာသူငယ်ချင်းက ကျွန်မကိုအစားအသောက်ဒီဇိုင်းစာအုပ်လေးတွေမှာတတ်လို့ တစ်လောက ဆိုင်ရောင်းကောင်းလားဆိုတော့ သူငယ်ချင်းအစား ကိုဂျပန်က မြန်မာပြည်စီးပွားရေးမကောင်းဘူးကွယ်တဲ့ ခုတော့ဆိုင်လေးက ဈေးနှုန်းသက်သာတာလေးကြောင့် ညနေဘက်ဆိုရင်လည်း လူစည်သလို သန့်ရှင်းသပ်ရပ်မှု့လေးကြောင့် ပြည်ပကငှားထားတဲ့ ဘောလုံးသမားတွေ တခြားနိုင်ငံခြားသားတွေ လည်း လာကြတယ်ဆိုပဲ ဘာပဲဖြစ်ဖြစ် ပြန်သွားတဲ့သူငယ်ချင်းမအတွက် ၀မ်းသာမိတယ်။

နောက်တစ်ယောက်ကတော့ သူနိုင်ငံခြားကပြန်လာတော့ သူတို့ခြံလေးထဲမှာ အ၀တ်စတွေ စက်တွေ ကောင်မလေး ၃ ယောက်လောက်ကနေစတာမကြာဘူးနောက် ဆိုင်အခန်းကျဉ်းကျဉ်းလေးမှာ သူတို့ ချုပ်ထည်တွေ စတင်တယ်။ ပိုလိုရှပ်မျိုးတွေစွပ်ကျယ်သားနဲ့ ချုပ်တဲ့ အကျီတွေ ပေါ့။ နောက်တဖြည်းဖြည်းနဲ့ လုပ်လာလိုက်တာ ခု ၁၀နှစ်နီးပါးတော့ကြာသွားတယ်။ ခုများ နည်းတဲ့အင်အားလား သူ့ အကျီတွေကို နယ်စပ်ဖက်ကိုပြန်ပို့နေတာ။ ဘယ်ဘက်ကိုပို့လည်းဆိုတာတော့ စာဖတ်သူပဲစဉ်းစားပါ။ ရေရှည်ဆိုတဲ့ အလုပ်ကိုတော့စိတ်ရှည်စေချင်တယ်လို့ ပဲ တိုက်တွန်းပါရစေ။

နောက်တစ်ယောက်ကတော့ သူကတစ်ယောက်တည်းသမား အမျိုးသမီးပဲနော် လွန်ခဲ့တဲ့ ၆ နှစ်က  သူ့ တိုက်ခန်းသွားလည်တော့ ကောင်လေး၂ ယောက်ရယ် နောက်စဥ့်နီတုံး အကြီးကြီး ၂ ခုလောက်ရယ်နောက် သားရေတွေ အများကြီး ။မိန်းကလေးခြေညှပ်ဖိနပ်ချုပ်တာ။ အတော်ကို အရင်းအနှီးနည်းတာနော်. သောင်းဂဏန်းပဲ ရှိတယ် အဲ့တုန်းက။  ၃ လလောက်ကြာတော့ အလုပ်သမားက ၄ ယောက်လောက်ဖြစ်နေပြီ ။ တစ်နှစ်လောက်ကြာတော့ သူ့ ခမျာတိုက်ခန်းနဲံ့ မဖြစ်တော့ဘူး။
မြို့ ပြင်ဘက်မှာခြံငှားပြီးကို လုပ်နေရပြီ။ နောက်သူလည်း သူ့ ဖိနပ်တွေကို နယ်စပ်ဘက်ကို တင်လို့ ရသွားတယ်။အလုပ်တိုင်းမှာတော့ ပင်ပန်းတာပေါ့ ...သူ့ခမျာအတော်အ၇ှိန်ရနေပြီ သူများနာမည်နဲ့ပါ သူမှာ အော်ဒါတွေ လုပ်ပေးနေရတာ လက်မလည်ဘူး။  နေ့ တိုင်းငွေမြင်လာရပြီ ပေးထားတဲ့ပစ္စည်းတွေက များလာတယ်။ သူဘာလုပ်လည်းဆိုတော့ နှစ်လုံးဆိုတဲ့ချဲထီနောက်ကို သူစလိုက်မိလိုက်တာ သူ့ဘ၀ပျက်တော့တာပါပဲ။ ငယ်ကလည်းငယ်တယ်။ ဖိနပ်လုပ်ငန်းလုပ်တော့လည်း သူ့မှာအုပ်ချုပ်မှု့မှာပဲပင်ပန်းသွားလားမသိပါဘူး။  အလွယ်နည်းကို ဘာလိုများ လမ်းမှားသွားမိလည်းမသိဘူး။ရှိရင်းစွဲ အလုပ်လည်း ဆက်မအုပ်ချုပ်နိုင်..ရှိပြီးသားကားကအစ ထိုးအပ်လိုက်ရတယ်။ အဲ့သူငယ်ချင်းမအတွက်တော့ စိတ်မကောင်းဘူး။
အောင်မြင်ကြပါစေ......


ကြည်ကြည်

4 comments:

  1. Angelhlaing..မမရေ ဗဟုသုတလည်းရ သတိပေးလေးလည်း ဖြစ်တဲ့ မမရဲ့ ဝေမျှခြင်းလေးကို အားပေးလျှက်ပါမမ။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  2. ဟုတ်ကဲ့ သတိထားစရာလေးတွေပါ.. သိထားအောင်မျှဝေပေးတာ ကျေးဇူးပါ အစ်မကြည်ကြည်ခင်ဗျာ.

    ReplyDelete
  3. ဓနကျောက်February 22, 2011 at 8:38 AM

    ရွာပြန်ပြီး..ဘာလုပ်ရကောင်းမလဲကြည့်မိတာ..
    လုပ်စားတဲ့သူထက် အကန်တော့ခံစားတဲ့သူက ပိုပြီးအဆင်ပြေနေပါ့လား..

    ReplyDelete
  4. ချော(အစိမ်းရောင်လွင်ပြင်)February 23, 2011 at 8:04 AM

    ကြိုးစားပြီး စီးပွားရေးစလုပ်တဲ့ လူငယ်တွေကို အားကျတယ်
    လေးလဲလေးစားမိပါတယ်
    သူများဝန်ထမ်းဘ၀ကနေ ရဲရဲရင့်ရင့် ရုန်းထွက်ရဲတာကိုက ချီးကျူးစရာ
    ဦထွန်းလင်းခြံလမ်းက ဆိုင်လေးကိုတော့ စိတ်ဝင်စားမိတယ်
    ရောက်ရင် သွားအားပေးဦးမယ်

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။