Sunday, March 6, 2011

ခေါင်းစဉ် မတပ် တတ်သော ပို့ စ်

ကျွန်မမျက်ရည် လွယ်တယ်။ ဘာကြောင့် ငိုခဲ့လည်း ဆိုတာကိုတော့ အမှတ်မရတာ များတယ်။
အမှတ်ရစရာ မကောင်းလောက်တဲ့ ငိုချင်းတွေ များခဲ့လိုလည်းဖြစ်မယ်။
ဒါပေမယ့် မှတ်မှတ်ရရ ငိုခဲ့ဘူးတဲ့ အကြောင်းအရာအချို့ လည်း ရင်ထဲမှာ ခုချိန်ထိ ကျန်နေတုန်း။ အဲဒီ့ရင်ထဲမှာ ကျန်နေပါတယ်ဆိုတဲ့ငိုချင်း အချို့ မှာ ချစ်သူနဲ့ကွေ့ကွင်းရလို့ ငိုရတဲ့အငို၊ ကျရှုံးမှု့တွေကြောင့်ငိုရတဲ့အငို၊ သူတစ်ပါး ချောက်ချလို့  ငိုရတဲ့အငိုတွေ တစ်ခုမှ မပါဘူးဖြစ်နေတယ်။ ဒါဆိုဘာအတွက် ကျတဲ့မျက်ရည်လည်း။
ငိုချင်း ၁။
စည်သူလွင်ဆိုတဲ့
အဖေက အသက် ၆၀ ပင်စင်ပြည့်လို့ အထုပ်ထမ်းအပြန် ကျွန်တော့်ရဲ့ အမေ 
ဝါးဒနိတွေသယ်ကာလေ အကျော်ဆိုင် လေး ကားဂိတ်ဘေး  ဒီသီချင်းကိုကြားတော့  ကျွန်မဟာ သီချင်းထဲက စာသား ကောင်မလေးကို ကျောင်းမုန့် ဆိုင် မခေါ်နိုင်တာထက်  သာမန်ဝင်ထမ်းဘ၀ ရိုးသားကြိုးစားစွာအသက် ၆၀ ပြည့် တဲ့အထိ လုပ်ကိုင်ခဲ့ပြီး  ပင်စင်ယူမှ ဘ၀ကို အကြော်သည် ဘ၀နဲ့ပြန်စရတဲ့ ခေတ်ရဲ့ အဖြစ်အပျက်ကို တနုံနုံ ခံစားခဲ့ရတယ်။ သူများနိုင်ငံမှာ သာမန်  ၀န်ထမ်းတွေ ပင်စင်ယူပြီးတဲ့အချိန်မှပဲ   ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို လွပ်လပ်စွာ သင်ယူမယ့်သူတွေ ၊  ခရီးထွက်မယ့်သူတွေ ၊ကျန်ရှိတဲ့  ဘ၀တစ်ခုကို အနည်းဆုံးတော့ အပူပင်ကင်းစွာ နဲ့
 ဖြတ်သန်းကြတော့မယ့်သူတွေ ကိုမြင်ခဲ့တွေ့ခဲ့ရတော့ တို့ ဆီက ပင်စင်စားတွေရဲ့
ဘ၀ တစ်သက်လုံးလုပ်ခဲ့ရတဲ့ အလုပ်လည်းပြီးရော ၆၀ကျော်မှ အကြော်တဲ စပြင်ရပါလားဆိုတာကို တော့ရင်ထဲံမှာ မကောင်းလှဘူး။
တနေ့ အမေနယ်ပြန်တော့ မြို့ အ၀င်မှာ တဲလေးထိုးပြီး သစ်ကိုင်းခြောက်တွေ လိုက်ကောက်နေတဲ့ အဘွားကြီးတစ်ယောက် တွေ့ တော့ မေမေက တူပါတယ်ဆိုပြီး ခဏလေး မေမေ နှုတ်ဆက်ကြည့်မယ် ဘယ်လိုဖြစ်တာပါလိမ့် ဆိုပြီး နှုတ်ဆက်တော့ မေမေ့အသိဖြစ်နေတယ်။  အဲ့ဒီ့မှာ အသက် ၆၀ကျော်ပင်စင်ယူပြီး စစ်တပ်ကနေ  အရာခံဗိုလ် အဆင့်နဲ့ ထွက်လာပါတယ်လို့ အဘိုးကြီးက မျက်ရည်စမ်းစမ်း နဲ့ပြောရှာပါတယ်။  ကျွန်တော့်တို့ ခုမှ ဘ၀ပြန်စရပြီ ဗျာ ဆိုတော့
ကျွန်မ စည်သူလွင်သီချင်းကို နားထဲကနေကြားယောင်လာတယ်။ ဖြုတ်ကနဲ ကျသွားတဲ့မျက်ရည်ဟာ ပုဂ္ဂိုလ်ခင်လို့ တရားမင်လိုက်တဲ့ မျက်ရည်မဟုတ်ဘူး ဆိုတာတော့သေချာတယ်။

ငိုချင်း ၂။
နာဂစ်ပြီးစမှာပဲ  ရင်းနှီးတဲ့ ပတ်သတ်ရာပတ်သတ်ကြောင်း ဂျပန်တွေက ချက်ချင်းဆိုသလို မုန်တိုင်းဒဏ်ခံရတဲ့နေရာတွေ ကိုသွားလှူချင်တယ် လို့ပြောလာတယ်။ သက်ဆိုင်ရာကိုဆက်သွယ်ပြီးဘာလိုလည်း မေးတော့ ဘုန်းကြီးကျောင်းမှာလာနေရတဲ့လူတွေ ကို လိုချင်တာလာမေးမလားလို့ ဖိတ်ခေါ်လာတယ်။ ဒါနဲ့ပဲ ဒလ ကိုကူးသွားတော့ ဒလက ဘုန်းကြီးကျောင်းမှာ နေတဲ့သူတွေက ခြင်ထောင်ရရင်ကောင်းမယ်။ခြင်ကိုက်တယ် တဲ့။မိသားစုခြင်ထောင်ကြီးကြီးတွေ လိုချင်တယ်တဲ့။ ဒါနဲ့အလှူရှင်ရောက်လာတော့ သိမ်ကြီးဈေးထဲ ခြင်ထောင်တွေ ရသလောက်လိုက်
ဝယ်ကြတယ်။ဆိုက်စုံ အလုံး ၂၀၀ကျော်ရတယ်။ တံဆိပ်တွေ ကပ်အပြီး သွားလှုမယ်ဆိုတော့
အိမ်ကရော ရုံးကရော ကျွန်မကို မသွားစေချင်ကြဘူး စိတ်ပူတာပါသလို မမြင်သင့်တာတွေ မြင်ပြီး ကျွန်မလန့် လာမှာစိုးလို့ ။ အင်တာနက် က ကြေကွဲဖွယ် ပုံတွေခုထိ ကျွန်မ သေချာမကြည့်ရဲဘူး ။
ဒီလိုနဲ့ ခြင်ထောင်တွေသယ်ပြီး အဲ့ဒီ့ဘုန်းကြီးကျောင်း ရှိရာ ဟိုဘက်ကမ်းကိုသွားပြီး လှူခဲ့တယ်။ အပြန်မှာ ခလေး၃နှစ်သားနဲ့  ၅နှစ်သားလေးတွေ ရှိနေတဲ့ မိသားစုတဲကလေးတစ်လုံးကို တွေ့တော့ အလှူရှင် ရော ကျွန်မရော ၀င်မိတယ်။ မိသားစုရဲ့ ပုံစံကိုကြည့်ပြီး  အလှူရှင်ဟာ မျက်ရည်ဝဲ နေတယ်။
ကျွန်မလည်းမခံစားနိုင်ဘူး ။ ပါလာတာလေးပေးပြီး ရင်ထဲမှာတော့ အတော်ကို နာကျင်ပြီး မခံစားနိုင်ဘူး။
သူတို့မိသားစုနဲ့
ကျွန်မတို့ အပြန်အလှန် စကားတွေ အများကြီးမပြောကြဘူး။  သူတို့ ရဲ့ ကျေးဇူးတင်တဲ့ မျက်လုံးတွေကို နားလည်တယ်။   တဲရဲ့ဘေး ရေစပ်စပ်ကလေးမှာ  ဒန်အိုးအဖုံးထဲ အနီရောင်သန်းနေတဲ့ ထမင်းကို ငါးပိစိလေးတွေကို  ကျော်ချက်ပုံစံလေး နဲ့ ထည့်ပြီး မိန်ရှက်စွာစားနေတဲ့ ခလေးနားကို ဂျပန်က ဒူးထောက်ပြီး သကြားလုံးလေးပေးတော့ အဲ့ဒီ့ ၃ နှစ်သားအရွယ်ခလေးက သူစားနေတဲ့ ထမင်းပန်းကန်လေးကို   ဂျပန်ဦးလေးကြီး ကို လှမ်းပြီး စားပါအုန်းဆိုတဲ့ အမူုအယာလေးနဲ့
ကျွေးတယ်။ ဒီကလေးဟာ သူကိုယ်တိုင်လည်း ဗိုက်ဆာနေသလို ရှိတာနဲ့ စားနေရတဲ့ဘ၀မှာ
သူ့ နားလာသူဟာလည်း သူ့ လို ဘ၀တူ ပဲလို့ ထင်ပြီးကျွေးလိုက်တာ။ သူ့ မျက်လုံးလေးတွေ ကို ကြည့်ရင်း ကျွန်မနားလည်လိုက်တယ်။
ဂျပန်ဦင်္းလေးကြီးရဲ့ အင့်ကနဲ့ ရှိုက်လိုက်သံ ကျွန်မကိုယ်တိုင်လည်းကြားလိုက်တယ်။
အဲ့ဒီ့ည က ကျွန်မ အိမ်ရောက်တော့ အတော်ကို သည်းသည်းထန်ထန်ငိုနေမိတယ်။ အိမ်ကလူတွေ က ကျွန်မဘာတွေမြင်ခဲ့လို့ လည်းဆိုပြီးပဲ စိတ်ပူနေတယ်။

(အဲ့ဒီ့နှစ် ၉ လပိုင်းမှာ ဂျပန်ကို ကျွန်မ အလုပ်ကိစ္စနဲ့လာတော့ ဂျပန်အဘိုးကြီးတစ်ယောက်အိမ်ကို သွားလည်တယ်။ ၂၀၀၇  သူမြန်မာပြည် လာတုန်းက ရိုက်ထားတဲ့ ပုံတွေ ထုတ်ပြတယ်။ ၂၀၀၇ ခုနှစ်သူသွားတဲ့ အချိန်မှာ တွေ့ မြင်ရတဲ့ ဒလ ဟာ သူ ဂျပန်ခေတ် တုန်းက ရန်ကုန်မှာနေဖူးတုန်းက သွားလည်တဲ့ ဒလနဲ့ ဘာမှ မကွာခြားပါလား ။ခု မုန်တိုင်းထိတော့ ဘယ်လိုများပိုဆိုးလည်းလို့ မေးရှာတယ်)

ငိုချင်း ၃။
မှတ်မှတ်ရရ သားအကြီင်္းကိုမွေးအပြီး ၄၅ ရက်ပြည့်လောက် ဖြစ်မယ်။ အမျိုးသမီးဆေးရုံရှေ့နားက မီးပွိုင့်
မိနေတုန်း  ကိုယ့်လိုပဲ ဆနွင်းတွေ ၀ါဝါ၀င်းဝင်းနဲ့ အမျိုးသမီးတစ်ယောက် ခလေးသေးသေးလေးရင်မှာပိုက်လို့  ကားနားကပ်လာတယ်။ အားနည်းနေတဲ့ ပုံနဲ့ အမျိုးသမီး သူ့ ရဲ့
 နို့ ပိန်ပိန်လေးကို အငမ်းမရ ဆွဲနေတဲ့ ရက်သားအရွယ်ခလေးငယ်။  အမျိုးသားက ကိုယ်ဝန်နဲ့ ကတည်းက ပြစ်သွားတယ်။ ခုရွာပြန်ဖို့ ပိုက်ဆံမရှိဘူုးတဲ့။ သူဟာ တစ်ကယ်ကို ခလေးမွေးထားသူ ဆိုတာ မွေးထားသူအချင်းချင်းနားလည်လိုက်တယ်။ သူ့ကို ကူညီလိုက်ပြီး ဒီလူ့လောကရယ်လို့ စရောက်လာကည်းက  လမ်းမပေါ်မှာတောင်းနေရတဲ့ လူမမယ်ကလေးလေး အကြောင်းတွေးရင်း  တလမ်းလုံး သည်းထန်စွာ ငိုလာမိတယ်။
ဒီလိုအမျိုးသမီးတွေ  ဒီလိုခလေးမျိုးတွေ ဘယ်လောက်တောင်ရှိနေမလည်း ။ ငါ ဘာလုပ်ပေးနိုင်မလည်း ဆိုတဲ့ အတွေးနဲ့အတူ ဘာကိုစိတ်တိုမှန်းမသိ ဘယ်သူ့ ကိုစိတ်တိုမှန်းမသိခဲ့။

ငိုချင်း ၄။
အိမ်ထောင်မကျခင်အထိတော့  မိဘမဲ့ ခလေးတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေ မှာ နှစ်စဉ်လှူတဲ့ အလှူတွေ၊အိမ်ရှိ အိမ်သားတွေ ရဲ့မွေးနေ့ တိုင်း ထမင်းကျွေး လစဉ်လိုအပ်တာ
ဝယ်ပေးတိုင်း  ပိုက်ဆံပဲ အလှူထည့်ပေးခဲ့တယ်။ ညီမဖြစ်သူ ခေါက်ဆွဲတွေ ၊ကြာဇံတွေ ဓမ္မာရုံကနေ အိုးတွေ၊ ဒယ်တွေ ငှားပြီးကျော်လှော်  ကားပေါ်တင်ပြီးသွားလည်း ခလေးတွေကိုကျွေးတာသိနေတော့ လိုက်သာသွားတယ် မပြီးခင် အရင် ပြန်လာခဲ့တာများတယ်။ သူက ခလေးတွေ ဆီအသွားများသလို ကျွန်မကတော့ နှင်းဆီကုန်း ၊စိတ်ကျန်းမာရေး ဆေးရုံနဲ့ သံယာ့ဆေးရုံကိုပဲ အသွားများခဲ့တာကိုး။
အိမ်ကတော့ ငွေပဲ လှူမနေနဲ့ လူကိုယ်တိုင်လည်း ကူအုန်း အမြဲပြောတာတော့ ၀န်ခံပါရစေ။
 ဒီလိုနဲ့ သားကြီး ရက် ၃၀ ပြည့်မှာတော့  ခလေးတွေ ရှိတဲ့နေရာ ကိုရောက်ခဲ့ပြန်ရော။
 အ၀တ်မစုံမလင် ခြေထောက်မှာ ဒဏ်ရာ ဗရပွနဲ့  ထမင်းကို မိန်ရေရှက်ရည်စားနေကြတဲ့ခလေးတွေ ကြည့်ရင်း ရင်မှာ ဆို့ နင့်လာတယ်။ ညီမဖြစ်သူက သူကိုယ်တိုင်ဘာကြောင့်အလုပ်ရှုပ်ခံပြီး ချက်ရလည်းဆိုတာ သိပြီလား။ လက်ရာအပြောင်းအလဲမှာ ခလေးတွေစားကောင်းအောင်လို့တဲ့။
ထမင်းစားပြီးတော့ ကျောင်းထိုင်ဆရာတော်က ကလေးတွေ  လာကြဟေ့ အလှူရှင်ကို ကျေးဇူးစကား
လာဆိုလို့ လည်း အော်လိုက်ရော
ခလေးတွေ ပြေးလာပြီး  ကျေးဇူးစကားကို သေချာညီညွတ်စွာဆိုကြပြီး  ထိုင်ကတော့လိုက်တဲ့ အချိန်မှာ
ခုချိန်ထိ ကိုယ့်အထက်  မိဘ မောင်နှမတွေကိုပဲ ကန်တော့ခဲ့ဖုူးသူကျွန်မ။ ယခု ကိုယ်တိုင်ပထမဦးဆုံး အကန်တော့ခံလိုက်ရတဲ့အချိန် သူတို့ ကို လာကျွေးမွေးလို့ သူတို့ ကန်တော့တာကို သိလိုက်ရတော့ ကျင်ကနဲနေတဲ့ ခံစားမှု့  သားသမီးအရွယ်လေးတွေ ကို ကြည့်ရင်း အိမ်အပြန်လမ်းမှာ ရှိုက်ပြီးငိုခဲ့ဘူးတယ်။

ပွင့်သောပန်းတိုင်းမွှေးစေချင်ပါတယ်ခလေးတို့ရေ



ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် ပို့ စ်တွေ တစ်ခုပြီးတစ်ခုတင်နေမိပေမယ့် ဘလော့ ၃  ပတ်လောက် နားပါအုန်းမယ်။   ကျွန်မ ခလေး၊ ကလေး ဆိုပြီး နှစ်မျိုးသုံးထားမိပါတယ်။


လေးစားစွာဖြင့်
ကည်ကြည်




12 comments:

  1. တာမွေမီးပွိုင့်မှာ ကိုယ်တွေ့ကြုံလာတာလေးပြောရအုံးမယ်။ နေ့လည် နေက ခြစ်ခြစ်တောက်ပူနေလို့ တောင်းတဲ့မိန်းမတွေတောင်ကြာကြာမရပ်နိုင်ဘူး၊ မိန်းမတစ်ယောက်က အရမ်းပူလာရင် တိုက်ရိပ်ကလေးထဲဝင် ကလေးကို နောက်တစ်ယောက်ကိုပြောင်း၊ နောက်တစ်ယောက်ကထွက်နဲ့ လူကြီးတွေပဲ လဲတယ်။ ကလေးကမလဲဘူး။ ကလေးလေး ဘယ်လောက်သနားဖို့ ကောင်းလဲဆိုတာ။

    ReplyDelete
  2. ငိုချင်းတွေဖတ်သွားပြီး ငိုချင်သွားတယ်

    ခင်မင်တဲ့
    seesein

    ReplyDelete
  3. ငိုချင်းသည်ကျောက်March 6, 2011 at 8:07 AM

    ရန်ကုန်ကဘိုကလေးဈေးနားမှာ ပင်စင်စားအဖိုးကြီးတွေ အဖွားကြီးတွေ အိမ်က အိမ်သုံးပစ္စည်းတပတ်နွမ်းလေးတွေ ချရောင်းနေတာမြင်ရတာ မိဘချင်းစာနာစိတ်နဲ့ ဝမ်းနည်းလိုက်တာ..အင်း..လူတွေရဲ့ ကံပေါ့လေ...ကိုကြီးကျောက်အဖေနဲ့အမေတို့ ရတဲ့ ပင်စင်က သူတို့တလစားနိုင်ဖို့နေနေသာသာ..ဘဏ်ကို ပင်စင်သွားထုတ်တဲ့ ခရီးစားရိတ်တောင်မရှိပါဘူး..ကိုကြီးကျောက်တို့ ညီအကိုတတွေက ပြည့်စုံကြတော့ သူတို့မှာမပူမပင်နေရ၊ လှူရတန်းရတာကလား၊ အဲဒါတွေမြင်လို့ သားမရှိမယားမရှိကိုကြီးကျောက်လဲ ဗမာပြည်ကို စွန့်ခွာခဲ့တာ၊ ပင်စင်ယူရင် စားရမဲ့သောက်ရမဲ့ ဘဝကို ကြီးတောင်ကြီးမားရောက်မှ မကြုံချင်တော့ဘူး..
    ကလေးဘုစုခရုနဲ့လာတောင်းတဲ့မိန်းမတွေတော့ ခနခနကြုံဘူးတယ်၊ အရင်ကတော့ ကိုကြီးကျောက်က သူတို့ကို ပြောတယ်..ငါတောင် တယောက်စာအနိုင်နိုင်မို့ မိန်းမ မယူရဲဘူး..ကလေးမမွေးရဲဘူး..နင်တို့မယ် ဘာမှ ရေရေရာရာမရှိပဲ ဘာကိစ္စ ကလေးတွေမွေးနေတာလဲ လို့ပြောပြီးမှ နောက်မှစဉ်းစားမိတယ်...သူတို့မှာက အသိဉာဏ်ဖွံ့ဖြိုးမှုနဲရှာလေတော့ နောက်ဆုံးကြံရာမရတောင်းစားနေကြတာပဲလေဆိုပြီး တွေးမိပါရဲ့..
    အင်း....ကိုကြီးကျောက်လဲ မထူးပါဘူး ခုတော့ မလုပ်နိုင်မကိုင်နိုင်အောင် ကျန်းမာရေးက မပြည့်စုံတော့ တောင်းစားနေရတာပါပဲ၊ ဒီမှာတော့ လကုန်ရင် ကိုယ့်ကဒ်ထဲ ငွေဝင်လာတော့ ဣနြေ္ဒတော့ရတာပေါ့လေ..

    ReplyDelete
  4. မမရေ..ငိုချင်းတွေများတော့
    ဖတ်ရင်းနဲ့တောင်ငိုချင်သွားတယ်။
    အားပေးသွားလျှက်..
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  5. ၀မ်းနည်းစရာတွေပဲနော်။ ဘာပြောရမှန်းမသိတောင်ဖြစ်သွားတယ်။

    ReplyDelete
  6. မီးပုံပျံ မတော်တဆလွဲချော်ပြီးကျလို့ မြန်မာပြည်ရောက်လာတဲ့ လူစွန့်စားနှစ်ယောက်ဟာ သူတို့ရောက်နေတဲ့နေရာကိုကြည့်ပြီး ၁၉ ရာစုအတိုင်းရှိတဲ့နေရာလို့ မှတ်ချက်ချလိုက်တယ်၊ အဲဒီကနေ နောက်တော့ ကြည့်ချင်တဲ့သူတွေကို လေယာဉ်ပျံစီးလုံးလိုက်ခေါ်ခေါ်လာကြတာ စီးပွားတော်တော်ဖြစ်သွားကြတယ်၊
    တောင်းစားတဲ့သူတွေကို မဝေဖန်ပါဘူး၊ အဓိကက ငွေရဘို့ …….လောကမှာနည်းမျိုးစုံနှင့်တောင်းစားနေတာကိုး ……………….

    ReplyDelete
  7. တိမ်တမန်သီချင်းလည်း မတွေ့ဘူး.။
    ကိုယ့်ဖာသာကိုယ်ပဲ ဆိုပြီး.. လွမ်းစရာ..သနားစရာ..မုတ်သုန်မိုး တွေ စိုရွှဲ တုတ်တုတ် ကျ နေတဲ့.. အမိနိုင်ငံလေး ထဲက..လွမ်းစရာတွေ ကို လွမ်းသွားတယ်..ကွယ်..

    ငိုချင်းသယ်ကျောက် နှမ..

    ReplyDelete
  8. ကူပြီးလွမ်းသွားတဲ့ ချစ်သောအမ. ညီမ အကို မောင် များအား ကျေးဇူးပါ ။



    နောက်မငိုတော့ဘူးကွယ် အားတင်းထားမယ်....

    လေးစားစွာ
    ကြည်ကြည်

    ReplyDelete
  9. မကြည်ကြည်ပိုစ့်လေးဖတ်ပြီး ကိုယ်တိုင်လည်း မျက်ရည်ကျမိပါတယ်.
    နာဂစ်ကိုလည်း ကိုယ်တိုင်က ကြုံခဲ့သလို အဲဒီဒေသကိုလည်း ရောက်ခဲ့သူမို့ သူတို့တွေရဲ့ ခံစားချက်ကို တကယ်နားလည်မိခဲ့ပါတယ်.. နှလုံးအိမ်ကို ရိုက်ခတ်စေတဲ့ အကြောင်းအရာတွေ တွေ့တိုင်းလည်း မျက်ရည်မခိုင်ပါဘူး
    အတူတူပါပဲ။

    ReplyDelete
  10. တကယ်လို.ပေါ.တတ်နိုင်ကြမယ်ဆိုရင်လေပင်စင်စားတွေလခထုတ်တဲ.နေ. တွေမှာဘဏ်တွေမှာစောင်.ပြီးတဦးချင်းစီ သွားလှူကြရင်ကောင်းမယ်နော်

    ReplyDelete
  11. သနားစရာအကောင်းဆုံးကတော.ပင်စင်စားကျောင်ဆရာ/မတွေပါဘဲ။အားလုံး ပါဘဲလေ

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။