Wednesday, March 30, 2011

ပြန်လာပါပြီရှင်.. ကျန်းမာပကတိ အကောင်းတိုင်းရှိနေပါ၏။

ချစ်ခင်သော မောင်နှမများ အားလုံး... မေလ်းနဲ့ တစ်မျိုး ဖုန်းနဲ့ တစ်ဖုံ   စိတ်ပူပေးကြတာကျေးဇူးပါရှင်။
အိမ်က ညီမလေးချစ်စနိုးနဲ့  ပြောသလိုဆိုရင်  မကြီးကို သမီးတို့ ကပဲ မေတ္တာပျက်တာ ။ ကျန်တဲ့သူတွေ က အတော်မေတ္တာရှိကြတာပါလား  ၅ နှစ်လောက်  အဆက်အသွယ်မရှိသူတွေကလည်း သူတို့ ကိုယ်သူတို့
ပြန်မိတ်ဆက်ပြီး သတင်းမေးကြသတဲ့ . လာလိုက်တဲ့ဖုန်းတွေ ဖြေနေရလိုက်တာတဲ့။ 

ကြည်ကြည်  ဘယ်ရောက်နေသနည်းး)

မောင်နှမတွေကို ဒိုင်လျှိုပြီး ခရီးသွားတာပါ။  ကြိုတင်သာပြောသွားရင်း  စိတ်ပူကြမှာမဟုတ်ဘူး။


၇ ရက်နေ့ တိုကျို
၈ ရက်နေ့  တိုကျို  ဟနေဒါ ကနေ  ကွာလာလမ်ပူ 
၁၁ရက်နေ့  ကေအယ် ကနေ  စ ကို ကူးတော့  ဘက်စ် ကား ပေါ်ကို မက်ဆေ့ခ်ျ ရန်ကုန်ကနေ
ဝင်လာတယ်။  နေ့ လည်  ၂ နာ၇ီလောက် စ ရောက်တော့ ရောက်ရောက်ခြင်း သတင်းကြည့်တော့  ကြေကွဲစရာ။   တိုကျို ဘက်ကို  လွန်ခဲ့တဲ့ အနှစ်  ၅၀ လောက် ကတည်းက  ခန့် မှန်းထားတဲ့ ငလျှင်ကြီးလှုပ်မယ်လို့   ခန့်မှန်းခဲ့ကြတယ်လို့   ဆိုနေကြတာ  ခန့်မှန်းထားတဲ့ နှစ် ၅၀ ဆိုတာကလည်းဒီ နှစ်ပိုက်း အတွင်းတွေ မှာ ပြည့်နေပြီလေ။  တကယ်ပဲ မှန်သွားလေသလား  ။ ကြည့်ရင်းနဲ့
မြို့ တစ်မြို့ လုံးပျောက်သွားလိုက်တာ။  ကမ္ဘာကြီးဟာ ဘယ်နေရာမှာ မှ  စိတ်မချရလေတော့သလား။

ခရီးကတော့
သူငယ်ချင်းတွေနဲ့ လာကြတဲ့ခရီးပါ  ။ ခရီးသွားရင်း ဇတ်လမ်းလေးများရမလားလို့  လမ်းမှာ လေယဉ်ခုံဘေးချင်းကပ်ပဲ ဖြစ်ဖြစ်  ၊ပန်နီဆူလာ မှာ  မြန်မာချောချော ကြီးတွေ များ တွေ့ မလားပေါ့ ။
မလေးမှာပဲ  နည်းနည်း အာပြိုလုပ်လိုက်ရတယ်။  စ ကိုရောက် တဲ့ နေ့ ညမှ ပဲ  ကိုယ့်တံခါး လာခေါက်ခံရတော့   အိုး ရင်တွေ ပန်းတွေ တုန်လို့  ။  တံခါးဖွင့်လိုက်တော့  ကတုံးကြီးနဲ့  လူကြီးတစ်ယောက်  ...အိုးမိုင်ဂေါ့  အခန်းမှားသလား ။ ဘယ်ဟုတ်မလည်း  လွန်ခဲ့တဲ့ နှစ်ပတ်လောက်က  ဗုဒ္ဓဂါယာမှာ ဘုန်းကြီးဝတ်တဲ့ ကိုယ့် အချစ်... သူ ဘုန်းကြီးဝတ်တာ မလာလို့ စိတ်ကောက်နေတာ။ ကိုယ့်မှာလည်း   သူများတစ်ကယ်
ဝတ်သွားမလား စိတ်က တစ်ထင့်ထင့် ။စိတ်က မပြတ်နိုင်တော့ မသွားဘူး  ငရဲကြီးမှာစိုးလို့ ။ လူထွက်ပြီးတာနဲ့
သူက ဟောင်ကောင် .၊ မကာအို တဲ့
 သူ့ အလုပ်ကိစ္စနဲ့ အသွား ကိုယ်ကလည်း နာ့သူငယ်ချင်းတွေနဲ့ နာသွားမှာ ဘာဖြစ်လည်းဆိုပြီးတော့ကို ထွက်လာတာ။ ကိုယ်တော်က လိုက်လာတယ်။  မမချစ် ( ချစ်ကြည်အေး) ကတော့ ပြောရှာပါတယ်။ ကြည်ကြည်တစ်ယောက်  အာပြို မလုပ်နိုင်တော့ဘူးတဲ့း)။

၁၄ ရက်နေ့ ကြတော့ ဘာလီကိုကူးကြတယ်။  ကို AATO နဲ့ တော့  ဖုန်းပဲ ရလိုက်တယ်။
ခရီးစဉ်အတိုင်းဆိုရင် ၁၇ရက်နေ့  ဂျပန် ပြန်ရမှာ။ လေယဉ်ကလည်း တိုကျို ကို ပြန်စီးရမှာ ။ ဈေးအပေါ်ဆုံးလက်မှတ်ဆိုတော့ တိုကျိုကနေ ထွက်တာ။ အိမ်က လူကြီးက စ မှာကတည်းက  မြန်မာပြည်ပြန်လိုက်ဖို့  ဖိအားပေးနေပြီ။ ဘာလီလည်း လိုက်လာတာပဲ  ။ နောက် ဘာလီနောက်ဆုံးည ဆုံးဖြတ်ချက်ချကြတယ်။ ဂျပန်ကို မပြန်ကြတော့။  အင်ဒိုနီးရှား ၂ ယောက်က ဂျကာတာ ပြန်လေသတည်း။
မွန်ဂို နဲ့ စပိန်က ဘာလီမှာ ၄ ရက်ထပ်နေပြီး အခြေအနေကြည့် ။ ဥဇဘက် ကစ်စတန် ၂ယောက်က သူ့ 
သံရုံးက ဖုန်းလာသည်။ လေယဉ်အဆင်သင့် ရှိသည် ။ ပြန်မယ်ဆိုလျှင်  လာခဲ့ပါတဲ့။ ဒီတော့  ဘာလီ -မလေး - တိုကျိုပြန်မယ့် လက်မှတ်အဆုံးခံ။

ဒါဆို ဒီမြန်မာမလေးကရော...

မမက  မောင်ခေါ်ရာလိုက်မှာလား  အဲ့လေ.. ....

အိမ်ကလူကြီးက လာခဲ့ စ ကိုပြန်ကြမယ်။ သူ့ လက်မှတ်က စ ကနေ မြန်မာပြည်ပြန်ရမှာကိုး။
မနက် ဂိုးရှိုးဖြင့် အားလုံး လေဆိပ်သို့ ချီတတ် ကြ။ ကိုယ်တို့ နှစ်ယောက်က  စ သို့ ပြန်ဝင်  ၂ ရက်လောက်နေကြ.။ မြန်မာပြည်သို့  ၁၉ ရက်နေ့ ရောက်။

 အမချစ် ရိုက်ပေးသောပုံ.....
 မလေး ရှား ...
ဘာလီ  ဘနားနား ဘုတ်

ခု  ဂျပန်ပြန်ရောက်ပြီ။ ခုလေးတင်ရောက်တာ ...
နောက်မှ အသေးစိတ်ရေးမယ်နော်။

10 comments:

  1. နိပွန်ကျောက်March 30, 2011 at 10:11 PM

    လူတွေကဖြင့် သူပျောက်နေလို့ မေးလိုက်ကြတာ..သူက ရွာရိုးကိုးပေါက်လျှောက်ပြီး ကဲနေတာကိုး...

    ReplyDelete
  2. ချစ်ကြည်အေးMarch 30, 2011 at 10:15 PM

    ဟေးးးးးတို့ညီမ ကြည်ကြည် ပြန်ရောက်ပြီ....အသေးစိတ် မျှော်နေမယ်နော်...:)

    ReplyDelete
  3. ခရီးသွားမှတ်တမ်းလေးတွေ ပြောပြအုံးနော်မမ...
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  4. အော် ဒီလိုလား...ဗမာပြည်ပြန်သွားတယ်လို့တော့ ကြားပါတယ် စီဘောက်စ်မှာတယောက်ရေးထားတာ ဖတ်လိုက်ရတာ
    ခရီးသွားပုံလေးတွေ မျှော်နေမယ်နော် :)

    စူးနွယ်လေး

    ReplyDelete
  5. ဟယ်...အာပြိုကြီးက ခြင်ထောင်ကြီး ၀တ်ထားတာလား။


    မလေးရှားရောက်တာတောင် ဘာလက်ဆောင်မှ လာမပေးသွားဘူး။ တော်တော်ဆိုးတဲ့ အန်တီ။

    ReplyDelete
  6. အာပြိုကြီး..ခြေချုပ်မိပုံ.. (သို့) အချစ်ခံရပုံ...း)

    ReplyDelete
  7. အော် ကျမ္မာပကတိ၊ ချမ်းသာစွာ ရှိတယ်ဆိုတော့ ကောင်းပါတယ်။
    စင်္ကာပူ စာပေဟောပြောပွဲးတော့ မလာတော့ဘူးလား ... .. . :P

    ReplyDelete
  8. ကျန်းမာပကတိ လန်းဖြာစွာ ရှိကြောင်းသိရတဲ့အတွက် ၀မ်းသာပီတိ ဖြစ်ရပါကြောင်း
    ဆက်လက်ပြီး အဆင်ပြေချောမွေ့ပါစေ

    ReplyDelete
  9. လှတယ်။ ခရီးက အကြောင်း(အကုန်)ရေးပြရမယ်နော်။

    ReplyDelete
  10. ပြန်ရောက် သွားပြီလားဗျာ့ .. ပြန်သွားတာတောင် နှုတ်ဆက်ဖော်မရဘူး မကြည် ၊ အတော်ဆိုးတာပဲ... စာတွေပြန်ရေးဗျာ... မျှော်နေမယ်

    ခင်တဲ့
    သားထူး

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။