ဗီယက်နမ်သူနှင့်ကျွန်မ
ကျွန်မဒီတစ်ခါကျောင်းပြန်တတ်ခါနီးပေါ့ (2009)။
အင်တာနေရှင်နယ်အဆောင်မှာနေရတယ်ရှင့်။ ဂျပန်စာလယ်ဗယ်တန်းအလိုက် ပြန်လေ့လာဖို့ကို နောက်နှစ်အပတ်ဆိုရင် ယခုနေရာကနေ ကျူရှူးကျွန်းကိုသွားရမယ်ပေါ့လေ။ ရန်ကုန်မှာ လယ်ဗယ်ကိုဖြည့်တော့ လယ်ဗယ် ၁ နှင့် ၂ ကတိုကျို၊ ၃ ဆိုအိုဆာကာ ပေါ့လေ။ ဒီလိုနဲ့ ကျွန်မက လယ်ဗယ် ၁ လို့ဖြည့်ရင် ငါစာလုပ်ရလိမ့်မယ်။ ၂ လောက်နဲ့ပဲ ဖြည့်ပြီး ၂ လလောက်တော့ နှပ်မယ်။ တိုကျိုမှာလည်း နေချင်တာကိုး။ နေ့တိုင်းအပြင်ထွက်မယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ်ပေါ့။ လာခါနီးလည်းကြရော လယ်ဗယ် ၂ က ယခုနှစ်မှစပြီး ကျူးရှုးကျွှန်းကို သွားရမယ်တဲ့ ။ တိုကျိုသွားချင်တဲ့သူ ခုတော့အိုဆာကာထက် ပိုပြီးတောကျတဲ့ နေရာသွားရတော့မယ်ဆိုပြီးလူက ဟာ ...ကနဲပါပဲ။
အင်တာနေရှင်နယ်အဆောင်မှာနေရတယ်ရှင့်။ ဂျပန်စာလယ်ဗယ်တန်းအလိုက် ပြန်လေ့လာဖို့ကို နောက်နှစ်အပတ်ဆိုရင် ယခုနေရာကနေ ကျူရှူးကျွန်းကိုသွားရမယ်ပေါ့လေ။ ရန်ကုန်မှာ လယ်ဗယ်ကိုဖြည့်တော့ လယ်ဗယ် ၁ နှင့် ၂ ကတိုကျို၊ ၃ ဆိုအိုဆာကာ ပေါ့လေ။ ဒီလိုနဲ့ ကျွန်မက လယ်ဗယ် ၁ လို့ဖြည့်ရင် ငါစာလုပ်ရလိမ့်မယ်။ ၂ လောက်နဲ့ပဲ ဖြည့်ပြီး ၂ လလောက်တော့ နှပ်မယ်။ တိုကျိုမှာလည်း နေချင်တာကိုး။ နေ့တိုင်းအပြင်ထွက်မယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ်ပေါ့။ လာခါနီးလည်းကြရော လယ်ဗယ် ၂ က ယခုနှစ်မှစပြီး ကျူးရှုးကျွှန်းကို သွားရမယ်တဲ့ ။ တိုကျိုသွားချင်တဲ့သူ ခုတော့အိုဆာကာထက် ပိုပြီးတောကျတဲ့ နေရာသွားရတော့မယ်ဆိုပြီးလူက ဟာ ...ကနဲပါပဲ။
ဒီလိုနဲ့ သူမနဲ့တွေ့ခဲ့ပါတော့တယ်။
နိင်ငံတကာ ကျောင်းသားတွေစုံပြီး meeting လုပ်တိုင်း သူတို့က ဦးဆောင်ချင်တယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် ထပြောတယ်။ ငြင်းတယ် ။ ကောင်းပါတယ်။ ဒီအချက်ကိုလက်ခံတယ်။ ပွဲတစ်ခုခု ဘယ်သူများလိုက်မလည်း။ ၃ ယောက်ပဲရပါမယ်ဆိုရင် သူ့နိုင်ငံက ၃ ယောက်စလုံး လက်ညှိုးထောင်တယ်။ ကျန်တဲ့သူတွေကို ဘယ်သူမှ မကြည့်ဘူး ။ ကိစ္စ မရှိ။တို့မြန်မာများစည်းလုံးသည်။သွားချင်တဲ့နေရာ အုပ်စုလိုက် လစ်ကြတာပါပဲ။
သူ့ကို သတိထားမိခဲ့တယ် အသားဖြူဖြူ ။ မျက်နှာကတော့ ဒီလောက်မလှ။ ကိုယ်လုံး အနေထားလည်း ပိန်ပိန်ထဲကမဟုတ် ၀၀ထဲကတော့မဟုတ်။ သူက ဂျပန်စာကို နာဂိုယာတွေ လေ့လာထားသည်တဲ့။ တစ်နှစ် တဲ့။coordinatorပြောပြထား၍ထင်သည်။ သွားကြမယ့်သူ ၃ ယောက်မှာ မြန်မာ၂ ယောက် သူတစ်ယောက်ပေါ့ဟု သူကလည်းသိထားသည်ထင်သည်။ သူနဲ့အတူတူသင်မည့် သူ ကျွန်မဆိုတာပါ။ တစ်ခွန်းမှ သိပ်မပြောသူ ကျွန်မကိုလည်း ဂျပန်စာလယ်ဗယ် ဘယ်လောက်ရှိသည်ဆိုတာ အရမ်းသိချင်နေပုံ။
ဒီလိုနဲ့ တနေ့ ဓတ်လှေကားထဲမှာ စမေးလာသည်။ ကျွန်မကလည်းသူတအားကို ဂျပန်စာရထားသည်လို့ သူ့အသိုင်းဝိုင်း က ပြောပြထားလို့ အမှန်ပြောရရင် အဖော်ရပြီလို့တောင်တွေးထားတာ။ လက်ရှိမှ ကျွန်မက စာဖြင့်အဆက်ပြတ်နေသူ။
နှုတ်ဆက်စကားဖြင့်တောင် စကားကိုမစပဲ တွေ့တွေ့ချင်းမေးလာသည်က
နင်ဘယ်လောက် ဂျပန်စာတတ်သလည်းတဲ့။ ကဲ... မေးလာတဲ့ပုံကို ကြည့်လိုက်ကတည်းက သူ့လယ်ဗယ်ခန့်မှန်းလို့ ရသွားသည်။ နည်းနည်းပါးပါးပါ လို့ဖြေလိုက်သည်။ သူက ဆက်၍
နင်ဘယ်လောက် ဂျပန်စာတတ်သလည်းတဲ့။ ကဲ... မေးလာတဲ့ပုံကို ကြည့်လိုက်ကတည်းက သူ့လယ်ဗယ်ခန့်မှန်းလို့ ရသွားသည်။ နည်းနည်းပါးပါးပါ လို့ဖြေလိုက်သည်။ သူက ဆက်၍
ခန်းကြီးရော ဘယ်နှစ်လုံးရလည်း တဲ့။ ကျွန်မက စလိုက်မိသည်။ ၃ လုံးလို့ ichi . ni san ပေါ့ တစ် ဆိုရင်တုတ် တစ်ချောင်း၊ နှစ်ဆိုရင် တုတ် နှစ် ချောင်း ၊ သုံး ဆိုရင် သုံး ချောင်းပဲ ဆွဲရတာလေ။ သူနည်းနည်းစိတ်ဆိုးသွားသည့်ပုံ ။သူက အထင်သေးနေတာကိုးလို့ ။ ဒီတော့လည်း ကိုယ်က လျှိုရတာပေါ့ ဟတ်ဟတ်။
နောက်မတွေ့မိ ။ ဒီလိုနဲ့စာသင်မည့်နေရာသို့ ရောက်သွားသည်။ စစချင်းဆရာမက အရည်အချင်းစစ်လေးလုပ်လိုက်ချင်သည်တဲ့။ ဒီ ၃ ယောက်တည်းကိုများ ဆရာမကလည်းပေါ့။ သူက ကျွန်မ နောက်ဆုံး ဘယ်အချိန်ထိ စာမေးပွဲ ဖြေဖူးလည်းထပ်မေးလာသည်။ ကျွန်မလည်း ၁၀ နှစ်ကျော်ကြာပြီလို့ပဲ အေးအေးဆေးဆေးဖြေရော ..
မနက်စစ် ညနေ အဖြေ ပြောမည်ပေါ့ ။ဆရာမက အမှတ်တော့မပြော။ စာစစ်ပြီးတော့ ဆရာမက ခေါ်တွေ့သည်။ ကျွန်မကို ဒီမှာဆက်သင်မလား။ တိုကျိုရွှေ့တာများကောင်းမလား။ coordinator ကိုပြန်မေးမည်ပေါ့။ ကျွန်မကတော့ ဒီမှာပဲ နေပါ့မယ်။ တိုကျိုလည်းမရွှေ့နိုင်တော့ပါလို့။ တခြားသောသူငယ်ချင်းများ(မြန်မာ)များကတော့စိတ်ဝင်စားနေကြသည်။ ကျွန်မဗရုတ်ကျထားတာသိကြသလို နေရာတကာစွာကျယ်စွာကျယ် လုပ်နေသည့်သူ့ကို သထိထားမိနေကြတာရော ။ ကျွန်မ ကိုယ်ရေ မသွေးသေးဘူးနော်။် ကောင်းခန်း က မရောက်သေးဖူး ဆက်ဖတ်အုံး.
ဒီလိုနဲ့ အဖြေကို သူက ဆရာမကိုမေးတော့သည်။ ၁၀၀မှာသူက ၄၆ မှတ် တခြားမြန်မာကျောင်းသူက ၇၀ကျော် ကျွန်မက ၉၆ အဲ့ဒီ့မှာသူ မျက်နှာပျက်ပြီး ကျွန်မဟာ သူ့အတွက် မျက်မှန်းကျိုးစရာ ဖြစ်သွားတော့သည်ပါပဲ။
စာတွေသင်ကြသည်။
စာတွေသင်ကြသည်။
သူဟာ အီကိုဌာန က ဆရာမတဲ့ အသက်ကတော့ ၂၈ ။ ငယ်ရွယ်သူမို့ ကျွန်မခွင့်လွှတ်ပါတယ်။ ဒါပေမယ့် ရီစရာလေးတွေလည်းဖြစ်ဖြစ်လာတယ်။
သူက မြန်မာကို မသိဘူးရှင့်။ သူတို့ ဟာလည်း ကွန်မြုနစ်ကနေ ပြောင်းလာတယ်။ ကျွန်မတို့ကလည်းဆိုရှယ်လစ်က ပြောင်းလာတယ်။ သူတို့ဟာ တိုကင်နဲ့အစားအသောက်ကိုတန်းစီ ယူပြီး
အစားကိုစားခဲ့ရတယ်လို့ ပြောပြပါတယ်။ ဒီတော့ မြန်မာကိုလည်း အဲ့လိုပဲ သူထင်နေခဲ့ပုံ။ ယခုအချိန်မှာ ဗီယက်နမ်ရဲ့တိုးတတ်ပုံကို သူကပြောသလို မြန်မာသတင်းဟိုဖတ်ဒီဖတ်လောက်နဲ့ သူဟာ မြန်မာကို အထင်သေးတော့တာပါပဲ။ ဆရာမက မြန်မာပြည်ဟာ ဘာမှ မရှိတဲ့နိုင်ငံမဟုတ်။ စားရေရိက္ခာ ကြွယ်ဝတဲ့နိုင်ငံလို့ရှင်းပေမယ့်သူက သူတို့နိုင်ငံဟာဆင်းရဲခဲ့တယ်။ ခု သူတို့နိုင်ငံမှာကျွန်မတို့နိုင်ငံမှာ
အစားကိုစားခဲ့ရတယ်လို့ ပြောပြပါတယ်။ ဒီတော့ မြန်မာကိုလည်း အဲ့လိုပဲ သူထင်နေခဲ့ပုံ။ ယခုအချိန်မှာ ဗီယက်နမ်ရဲ့တိုးတတ်ပုံကို သူကပြောသလို မြန်မာသတင်းဟိုဖတ်ဒီဖတ်လောက်နဲ့ သူဟာ မြန်မာကို အထင်သေးတော့တာပါပဲ။ ဆရာမက မြန်မာပြည်ဟာ ဘာမှ မရှိတဲ့နိုင်ငံမဟုတ်။ စားရေရိက္ခာ ကြွယ်ဝတဲ့နိုင်ငံလို့ရှင်းပေမယ့်သူက သူတို့နိုင်ငံဟာဆင်းရဲခဲ့တယ်။ ခု သူတို့နိုင်ငံမှာကျွန်မတို့နိုင်ငံမှာ
မ၇ှိတာတွေရှိနေပြီဆိုတော့ ။ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာပြည်ဟာ ဆင်းရဲမယ်ပဲ... ပေါ့ ။
တနေ့ကျွန်မသူ့ကို ခွင့်လွတ်လိုက်မိတာက ။ သူဟာ ငယ်ငယ်က ၅ နှစ်သမီးမှာ ငှက်ပျော်သီးနဲ့ပဲ ထမင်းစားခဲ့ရတယ်လို့ပြောလာပါတယ်။ ကျွန်မ နားလည်ပေးလိုက်နိုင်တယ်။ တခြားသော ငြှိကြတဲ့အကြောင်းရာတွေကတော့ များကြီးပါပဲ ။ သူက ရတာနာဆိုတာတောင် သေချာနားလည်ပုံမရပါဘူး။ မြန်မာပြည်ရတာနာတွေ ရှိတယ်ပြောတော့ ကျောက်စိမ်းလောက်၊ ပုလဲလောက်သာသိသူ။ မြန်မာပြည်မှာများကြီးလို့ပြောရင် ယုံတာမဟုတ် ။ ဒီကလေးမနဲ့တော့ ခက်ပါတယ်လို့ပဲ မှတ်ပါတယ်။
ရီစရာကို အဓိက ထားပြောရရင် သူက ကျွန်မကို ဗီယက်နမ်မှာဆို ယေကျာ်းရမှာမဟုတ်ဘူးတဲ့။
ဟယ်ဟုတ်လားဆိုတော့ အင်းတဲ့ အသားကလည်းမဲတယ်တဲ့။ လူကလည်းဝတယ်တဲ့။ ယေကျာ်းဘယ်လိုရသလည်းတဲ့။ သူက အသားအရည်က ၀င်းနေတာကိုး ။ပိန်ဖို့လည်းအမြဲ ကျိုးစားနေပုံ။
ဗီယက်နမ်ယေကျာ်းတွေက မိန်းမဆိုလှမှတဲ့။ ဒါနဲ့ ကျွန်မကလည်းမနေနိုင်။
ဟင်သူတို့ကြတော့ရုပ်ဆိုးပြီးတော့လို့ ဖြေလိုက်တော့ သူက အောင်မယ် ငါ့ယေက်ျားက ချောချောလေး တဲ့။
ဟင်သူတို့ကြတော့ရုပ်ဆိုးပြီးတော့လို့ ဖြေလိုက်တော့ သူက အောင်မယ် ငါ့ယေက်ျားက ချောချောလေး တဲ့။
ဓတ်ပုံပြလာပါတယ်။ သေချာတော့မဟုတ်ဘူး။ဟုတ်တယ်တော့ ကျွန်မမြင်ဘူးသမျှ ဗီယက်နမ် ထဲမှာတော့အတော်ကို ပြေပြစ်ပြီးချောတယ်။
သူ့ယေကျာ်းက ပြည့်လည်းပြည့်စုံတဲ့ပုံ။သူက ဘယ်လိုရအောင် ယူရတယ်ဆိုတာပါပြောထားတာ။ မနော်ဖော်ရဲ့ ပိုစ့်ကို ဖတ်ပြီးကတည်းက ဒါကို ရေးချင်နေတာ။
ဒါနဲ့သူက နင်တို့ မြန်မာယေကျာ်းတွေလည်းမချောပါဘူးတဲ့။ အခုကျွန်မတို့ နဲ့က
စိုက်ပျိုးရေးက ဆရာလေးတစ်ယောက်ပါတယ်။ကျွန်မတို့ထဲမှာ သူကလည်းအတော်လေးမဲရှာပါတယ်။
စိုက်ပျိုးရေးက ဆရာလေးတစ်ယောက်ပါတယ်။ကျွန်မတို့ထဲမှာ သူကလည်းအတော်လေးမဲရှာပါတယ်။
ဒါနဲ့ကျွန်မက ဟယ်သူ့ကိုတော့ မကြည့်ပါနဲ့ဟယ်။ ငါတို့မြန်မာအမျိုးသားတွေက မိန်းကလေးကို လှတာထက်၊ မရှပ်မပွေ စိတ်ထားကောင်းတဲ့ သူကို ပိုကြိုက်ကြပါတယ်လို့ဖြေရော။
သူက ထပ်ပြီးကျွန်မကို နင်က ကံကောင်းပါတယ်။ တစ်ကယ်ပြောတာ ငါတို့နိုင်ငံမှာဆို လုံးဝ ယေကျာ်းရမှာမဟုတ်ဘူးပဲ ထပ်ပြောလာတော့ ကြည်ကြည်လည်းဝမ်းနည်းလာပါတယ်။ အေးဟယ် ငါမြန်မာဖြစ်ရတာ ကံကောင်းတာပေါ့။ ငါ့ကို ယူမယ့်လူလည်းရှိတယ။် ခလေးတောင်မွေးပြီးပြီဟ လို့ပဲ ပြန်ပြောလိုက်တယ်။
အဲ့ဒီညက အိမ်ကို ဖုန်းဆက်ပြီး ကိုကိုရေ ကျေးဇူးနော်လို့ဆိုတော့ အိမ်က လူက ဟ ဘာဖြစ်တာလည်းတဲ။့ ကျွန်မကို ယူလို့လေ လို့ပဲ ကျွန်မ ဖြေမိလိုက်တယ်။
ဒီလိုနဲ့ဇတ်လမ်းက မပြီးဘူးရှင့်။ နောက်နေ့သူက ကျွန်မ အမျိုးသားပုံကြည့်ချင်တယ်တဲ့။ ဟာ ခက်ပြီ ဒီတစ်ခါတော့ ငါနိုင်ချင်တယ် ။ ကဲ..ဆိုပြီး တခြားသူငယ်ချင်းတွေ ဆီက အကြံဝိုင်းတောင်းတာပေါ့ ။
အကြံက
သူ့ယေကျာ်းပုံ အရင်ကြည့် ။
မချောရင် ကိုယ့် ချစ်ချစ်ပုံပဲပြ။
ချောရင် နောက်တစ်ပုံပြ ကိုယ့်ချစ်ချစ်ပုံ မထုတ်ပြနဲ့တဲ့ ။ ...ကဲ အဲံဒီ့နောက်တစ်ပုံရဖို့ကို တညလုံး ဟိန်းဝေယံ သိပ်မချောတဲ့ပုံ ယူသွားရင်ကောင်းမလား။ လွင်မိုး ပိန်တုန်းကပုံယူရင်ကောင်းမလားပေါ့။ ကျွန်မတို့ မြန်မာ ၅ ယောက် ခေါင်းချင်းဆိုင်ကြတာပေါ့။
နောက်တစ်နေ့ကြတော့ သူက သူ့ယေကျာ်းပုံကို သေချာပြပါတယ်။ ကျွန်မကလည်းသေချာကြည့်ပြီးတော့ ဟယ်ချောတယ်တော့ပေါ့။ ဒါနဲ့ သူ က ကဲ နင့်အမျိုးသားပုံပြဆိုတော့ ကျွန်မက ပါမလာဘူးပေါ့ ။ အတန်းထဲ ၃ ယောက်ထဲရှိတာ ဆရာမပါသိတယ် ဒီကိစ္စက ။ သူ က ကျွန်မကို စိတ်ဆိုးတဲ့ပုံ။
ညနေပိုင်းအတန်းလည်းဝင်ရော လိုအပ်လို့ laptop ဖွင့်လိုက်တော့ screen ပေါ်မှာ ကျွန်မက အိမ်က လူနဲ့ခလေးတွေပုံတင်ထားမိတာကိုး ..သူက အတင်းပြေးလာပြီး ကြည့်ပါတယ်။ ကျွန်မ လွင်မိုး ပိန်တုန်းက ပုံမပြလိုက်ရဘူး သူမြင်သွားပြီ။ အိမ်က အညာသားပုံ။
သူက တံတွေးကို မြိုချလိုက်တယ်။ အင်း မဆိုးပါဘူးတဲ့ ။
ဒီလိုနဲ့ ကျွန်မသူနဲ့ ၂ လခွဲပဲ တူတူစာသင်ပြီး မိခင်တက္ကသိုလ်ကိုရောက်လာပါတယ်။ ဗီယက်နမ်မဆို လန့်လည်းလန့် အပေါင်းအသင်းလည်းမလုပ်ချင်တော့ဘူး။ အဲ့မှာချစ်စရာကောင်းပြီးမြင်ဖူးသမျှ ဗီယက်နမ်မထဲမှာ အချောဆုံး လို့ဆိုရလောက်အောင် ကောင်မလေးတစ်ယောက်က ကျွန်မကို ခင်ခင်မင်မင် အရမ်းပေါင်းပါတယ်။ ကျွန်မကအစပိုင်းက အင်တင်တင်ပါ။ နောက်တော့ ခင်သွားကြတယ်။ သူ့ကို ဒီအကြောင်းပြောပြပြီး ဒါကြောင့် ယူ့ကို စတွေ့ တုန်းက ခင်ဖို့ကို ခပ်ကြောက်ကြောက်ဆိုတော့ အဲ့ကောင်မလေးက ရီလိုက်တာ ပြီးတော့ပြောရှာပါတယ်။ ကျွန်မတွေ့ဖူးလိုက်တဲ့သူက ခပ်ကြောင်ကြောင်လို့မှတ်ပါဟယ်တဲ့။ ခုဗီယက်နမ်မလေးလား ကျွန်မမို့လို့ကျောင်းမလာရင် အိမ်အထိ လိုက်လာတတ်သူ။
ကဲ ..
တစ်လောက သူငယ်ချင်းတွေနဲ့ ဖုန်းပြောတော့ ဒီအကြောင်းပြန်ပြောပြီး ဒီပို့စ်ကို ရေးချင်လာတယ်။
ဒီတချက်မှာတော့
ReplyDeleteမြန်မာပြည်မှာလူလာဖြစ်တာ ကံကောင်းသွားပြီ။
ဗီယမ်နမ်မှာဆို သီလရှင်ဖြစ်ပြီ ။
ခင်လျက်
မင်းဒင်
ဟဟဟ...ဗီယက်နမ်မလေးတွေက ချောတော့ချောသားဗျနော်...ဒီမှာတော့
ReplyDeleteဗီယက်နမ်သူဆိုရင်နာမည်ကြီးပဲ...ဘာနာမည်ကြီးတာလဲမမေးကြေး...:D
တော်သေးတယ် ကျွန်မလည်း ဗီယက်နမ်မှာ သွားမဖြစ်တာ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် သူပြောသလို ယောက်ျားရမှာ မဟုတ်တော့ဘူး။ အဲလေ ခုလည်းမြန်မာမှာလည်း မရပါဘူး။ မထူးပါဘူးနော်း)
ReplyDeleteဗီယက်နမ်မှာ ပြည်တွင်းစစ်ကြောင့် ယောက်ျားလေး ရှားပါးပါသတဲ့။ မမကြည်ရဲ့  ဗီယက်နမ်မတော့ အစားအသောက် သောင်းကြန်းလားတော့ မသိဘူး စန်းထွန်းရဲ့  ဗီယက်နမ်မနှစ်ယောက်ကတော့ အစားအသောက် သောင်းကြန်းလွန်းလို့  သြချရတယ် ...:P
ReplyDeleteမမရဲ့ ပို့စ်လေးကြောင့် မြန်မာမလေးဖြစ်ရတာ ..ကံကောင်းတယ်ပေါ့နော်.. :):)
ReplyDeleteခုထိတော့...:P:P
ကောင်းသောနေ့လေး ဖြစ်ပါစေမမ..ရေ။
တူရာတန်ရာတော့ ရတတ်ကြပါတယ်။း)))))
ReplyDeleteခင်မင်လျက်
ဒီလိုလုပ်စမ်းပါ :)
ReplyDeleteစူးနွယ်လေး
ဘုရား ဘုရား...တို့လည်း အိမ်ကလူကြီးကို ကျေးဇူးတင်တဲ့အကြောင်း ပြောအုန်းမှပါ....။ ဒါထက် တို့အကိုကြီးကို အညာသားလို့ပြောတာတော့ မယ်ညို ညည်းလွန်တယ်အေ....:)))
ReplyDeleteဒါဆိုရင် ဒို့ ရဲ့ဗထက်ချိုင့်မလေးက တော်တယ် တရားမျှတတယ် တဖက်သား ကို နားလည်ပေးတယ်။ ကိုယ်ချင်းစာ သနားတတ်တယ်။ စေတနာရှိတာ မိုလို့  ဒို့ သူငယ်ချင်းမလေးကို ပိုခင်သွားပြီ။
ReplyDeleteများသောအားဖြင့် ဗ တွေက တကိုယ်ကောင်းဆန်တာ မဆန်းဘူး။ ၁၉၇၂ လောက်မှာ စစ်ဖြစ်နေတော့ စစ်အတွင်းမှာ အစားသောက်က အစ ကိုယ်စားရဖို့ ဘဲ အခြေနေဖြစ်နေတော့ ကိုယ့်အတွက်သာ စဉ်းစားကြတယ်။ ကွန်မြူနစ် ဆိုတော့ ကြမ်းတာ မဆန်းဘူးလေ။
ဒါပေမဲ့ ဗတွေက စည်းလုံး ညီညွတ်တယ်။ သူတို့ လူတွေ အလုပ် ရအောင် ကူညီတယ်။
ဆရာမင်းဒင် .. သီလရှင်တော့မလုပ်ဘူးဆရာ ရရာယူမှာပဲ ...း)
ReplyDeleteမောင်ညိမ်း.. ဒီမှာတော့ အဲ့လိုမကဲဘူးကွယ့် သူတို့
မချော . အို ..မယူတာများ မသိတာကြလို့
မစူးနွယ် ..ကျေှးဇူးမ ကိုယ်တိုင်လည်းစိတ်မကောင်းလို့အဲ့ပို့စ်ဖြုတ်ပြီး ဒီပို့စ်ပြန်တင်တာ။း)
သူကြီးရေ မရပါဘူး မယ်ရုပ်ဆိုးလည်း လွင်မိုးတော့မှန်းတာပေါ့အေ
မမချစ် ....ဦး ၃ ကြိမ်ပါ ကတော့ကွာ ဟိဟိ
ကိုကို စန်းထွန်း အဲ့လေ ညီမလေးစန်းထွန်း .. အင်းအစားအသောက်ဆိုသူတို့နံပတ်တစ်
မဆောင်း ခုကြည်ကြည်နဲ့ပေါင်းနေတဲ့ကောင်မလေးလည်းမဆိုးဘူး တစ်ဝက်တစ်ဝက်ပေါ့ကွယ်.. သူတို့လည်း တို့လို့ မြန်မာမကို ပြန်ပြီးဘလော့ရေးနေလောက်ပါပြီလေ
ဟ...ဗီယက်နမ်က သကောင့်သားတွေ တယ်လည်းဘုန်းကြီးပါကလား...ပြောလည်းပြောချင်စရာ...သူတို့ပုံတွေက တစ်စက်ကလေးမှ ခန့်ခန့်ညားညား မရှိဘဲနဲ့ဗျာ...
ReplyDeleteအင်း ဖတ်လို့တော့ကောင်းသား...ဗီယက်နမ်မှာဆိုရင် ယောက်ျားမရဘူးတဲ့လား..။ဗီယက်နမ်နိုင်ငံသားဖြစ်အောင် ဆုတောင်းရင်ကောင်းမလား..။ဘုန်းကြီးဝတ်ရတာပဲ ကောင်းပါတယ်ဗျာ.. ကျန်းမာပါစေ...။
ReplyDeleteဟာ...ဒေါ်လေးကလည်း ဂျပန်မှာ ကားတွေအရမ်းများတယ် ယာဉ်စည်းကမ်းလိုက်နာ.....
ReplyDeleteမြန်မာမ ဖြစ်ရတာကို ဂုဏ်ယူတတ်မယ်ဆိုရင် သံသရာရှည်မယ်ဆိုရင်တောင် မြန်မာပြည်မှာ လူဖြစ်ဖြစ်ဖို့ဆုတောင်းသင့်တယ် (သာသနာကြောင့်)
ဒါနဲ့ အညာသားကျောကုန်း(မုန့်)သာ စားဖူးပြီး အန်တီညိုရဲ့ အညာသားကြီးကိုတော့ မြင်ဖူးချင်တာဗျ။
မှတ်ချက် (ပိတ်ရန်၊ ဖျက်ရန် အလိုမရှိ)
နာမည်တော့ ထပ်တွင်ပြန်ပြီ
ReplyDeleteမချစ်ကလည်း မယ်ညိုတဲ့
မိုးယံနင်ကလည်း အန်တီညိုတဲ့
ကြည်ကြည်ညိုလို့ပဲ ပြောင်းလိုက်တော့မယ်.း)
ကြည်ကြည်
အိမ်ကလူကိုအဲဒီဗီယက်နမ်မနဲ့တွေ့စေချင်တယ်..
ReplyDeleteး)
လာလည်သွားပါတယ်မမရေ..
ခင်တဲ့
ချစ်ခြင်းအလကာင်္
သူတို့ က သူများလူ ကိုယ့်ကို တန်းတန်းစွဲးနေရင်ကို ဂုဏ်ယူနေတာဆို။
ReplyDeleteဟား ဟ ရေစက်ပါရင် ရပါတယ်လေ။ စိတ်ပူစရာ မဟုပ်ပါဘူး။
:D
မပြောကြပါနဲ့ဗျာ။ ကျွန်တော့မိန်းမက ဗီယက်နမ်သူဖြစ်နေလို့ပါ။ ဟီး။ သူလဲမြန်မာကယောက်ကျားလေးများရအောင်ယူလိုက်သလားမသိဘူး။ ခွိ....
ReplyDeleteမမ .. မမရဲ့ ဗီယက်နမ်က တော်တော်ချောလို့လား ဟင်။်မြန်မာနိင်ငံကိုမသိတာတော့ဆိုးပါတယ်နော်။
ReplyDelete