ဒါကတော့ ကိုကိုကာလသားတွေ သိချင်ခဲ့တဲ့ မိုးဟေကိုလိမ်းတဲ့ လိုးရှင်း တံဆိပ်ပါ။ BOOTS တဲ့ ဘန်ကောက်လေဆိပ်ထဲမှာကို ဆိုင်ရှိပါတယ်။ aroma oil တွေလည်း ဈေးလေးမဆိုးပါ။ ဘန်ကောက်လေဆိပ်ထဲက သန့ှ်ရှင်းရေးအဖွားကြီးကနေ အဲလိုင်းတွေက လေယဉ်မယ်တွေပါလာဝယ်ကြတာတွေ့ပါတယ်။
ပြည်တော်ပြန်ကြတဲ့အခါ ၀င်ရောက်မွှေနောက်လို့ရအောင်ပါ။ Bodylotion တစ်ဗူးကို (၄၀၀မီလီ ) မြန်မာငွေ ဒေါ်လာ၂၀ ကျော်ရင် ကြည်ကြည်မလိမ်းရက်ပါဘူး။ ခုBootsက၃ထောင် ကျပ်လောက်ကနေစပါတယ်။
မျက်လုံးမိပ်ကပ်ဖျက်ဆေးနဲ့ လိုးရှင်းကတော့အကောင်းဆုံးပါ။ မိပ်ကပ်ကတော့ မတိုက်တွန်းပါ။ အဲ့ထဲကမှ ဒီ bergamot orange နဲ့ olive က ကြည်ကြည့်အကြိုက်ဆုံးပါ။
ပြည်တော်ပြန်ကြတဲ့အခါ ၀င်ရောက်မွှေနောက်လို့ရအောင်ပါ။ Bodylotion တစ်ဗူးကို (၄၀၀မီလီ ) မြန်မာငွေ ဒေါ်လာ၂၀ ကျော်ရင် ကြည်ကြည်မလိမ်းရက်ပါဘူး။ ခုBootsက၃ထောင် ကျပ်လောက်ကနေစပါတယ်။
မျက်လုံးမိပ်ကပ်ဖျက်ဆေးနဲ့ လိုးရှင်းကတော့အကောင်းဆုံးပါ။ မိပ်ကပ်ကတော့ မတိုက်တွန်းပါ။ အဲ့ထဲကမှ ဒီ bergamot orange နဲ့ olive က ကြည်ကြည့်အကြိုက်ဆုံးပါ။
ဘလောဂါတစ်ယောက်ကိုလည်းလက်ဆောင်ပေးဖူးပါတယ်။ အဲ့အမလည်းအတော်နှစ်သက်တယ်လို့ပြောပါတယ်။ အဲ့ဒီ့အနံကိုသာသုံးကြည့်ပါ။ ဘေးကလူက ဘာတံဆိပ်လည်း ဘယ်လောက်လည်းမမေးရင် လာသတ်လိုက် ..
အကြိုက်ဆုံးကတော့ အောက်ကပစ္စည်းပါပဲ။ မနှစ်က ၈ လပိုင်းမှာ ပါးပေါ်မှာ
ဝက်ခြံပေါက်တာကနေကုတ်လိုက်တာ အမဲရာ ၁၀ ပြားစေ့ခန့်ကျန်ခဲ့ပါတယ်။ ၉ လပိုင်း အိမ်က မိသားစုလာလည်တော့ မျက်နှာက အမဲရာကို သိသာလို့ ၀ိုင်းမေးတာရော ဓတ်ပုံတွေထဲမှာလည်း ထင်းနေလို့ Internet ကနေလျှောက်ရှာလိုက်တာ ဒါလေးကိုတွေ့ရပါတယ်။ ဒါကတော့ တစ်ကယ်ကို ညွန်းပါတယ်။ တစ်လကိုမိပ်ကပ်ဖိုးယန်းတစ်သောင်းနီးပါး သုံးကြမယ်ဆိုရင် ဒီတစ်ဆိပ်ကနေထုတ်တဲ့ပစ္စည်းတွေကိုသုံးကြည့်ပါ။ မိပ်ကပ်ဆိုတာမျိုးက ကုန်ရင် အကုန်စုကုန်တာနော်. မိန်းကလေးချင်းချင်းပဲနားလည်မယ်။ ၃ လစာ ၄ လစာ တစ်ဗူးမျိုး ၄ မျိုးလောက်သာဝယ်လိုက် အဲ့လအတွက်က မိပ်ကပ်ဖိုးက အိမ်လခတဲ့များသွားတာတွေရှိတတ်တာကိုး။ ရက်နဲ့ပြန်တွက်ပေါ့။ ကြည်ကြည်ကတော့ ခုနောက်ပိုင်းကိုယ်၎ မျိုး သုံးတယ်ဆိုရင် ၃ လစာစုစုပေါင်းကို လေးမျိုးကို တစ်လချင်းစီပြန်စားတဲ့အခါ တစ်လကို ၄ မျိုးပေါင်း ယန်း၃ထောင်ကနေ ၄ထောင်ကြားကိုပဲ စဉ်းစားပါတော့တယ်။
ဒီ AMPLEUR ကတော့ sample တစ်ပတ်သုံးလိုက်တာနဲ့ အမာရွတ်က သိသိသာသာပါးသွားပါတယ်။ ဒါနဲ့ တစ်ဗူးမှာပြီး သုံးလိုက်တာ တစ်ဝက်နဲ့တင်အရှင်းနီးပါးမရှိတော့ပါ။ ကျန်တဲ့တစ်ဝက်ကတော့ အိမ်က ညီမကိုပေးခဲ့တာ သူလည်းအတော်ကြိုက်ပါတယ်။ ampleur က skincare တွေလည်းသုံးရတာအတော်ကိုနူးညံ့မှု့ရှိလာတာတော့အမှန်ပါ။
ဗူးအခွံတော့သိမ်းထားတယ်။ နောက်လူကြုံရှိရင်မှာရအောင်လို့ဆိုပြီးတော့။
ဗူးလေးသေးတယ် ဈေးကလည်းမိုက်တယ်။ ယန်း၁သောင်း၁ထောင်ပါ။ ကျောင်းပါတီညပွဲတွေ မှာ
မိပ်ကပ်တွေဘယ်လောက်အုပ်အုပ် သိသာခဲ့တာပါ။
ခုတော့ကျွန်မပြုံးနိုင်ပြီလေ ။နားကပ်လေးလှဖူးလား ဘာလီက ၀ယ်လာတာ. ဟွန်းဟွန်း
အကယ်၍နေ့စဉ် မျက်တောင်ကော့ဆေးကို အသုံးပြုနေတယ်ဆိုရင် မျက်တောင်လည်းပဲ အားဆေးလိုလာပါလိမ့်မယ်။ ကျွန်မနှစ်သက်နေမိတာက DHC ကလုပ်တဲ့ မျက်တောင်အားဆေး သို့မဟုတ် based ပါပဲ။ ကျွန်မတို့လက်သည်းနီ ဆိုးကြတဲ့အခါတိုင်း ဆိုးဆေးမတင်မှီ လက်သည်းအရောင်တွေ မပျက်စီးအောင် based coating ခံသလိုပါပဲ။ လက်သည်းနီ ခြေသည်းနီအမြဲဆိုးတဲ့ ခြေသည်းတွေဟာ
အ၀ါရောင်သန်းနေတတ်တာသတိထားမိမှာပါ။။ ဒီလိုပါပဲ။ အခု မျက်တောင်အားဆေး အဖြစ်သုံးနေတဲ့ အရာလေးကလည်း mascara မတင်ခင်မှာ အောက်ခံဖြင့် သုံးလို့သင့်တော်တဲ့အရာလေးပါ။ တစ်ဗူးကို ၅ လနီးပါးသုံးခံပါတယ်။ ယန်း ၁၆၀၀လားပါပဲ။တစ်လကို ယန်း၃၀၀ခုဈေးနဲ့ဆို ၃၀၀၀ကျပ်လောက်ပါပဲ။
လွန်ခဲ့တဲ့ လတွေတုန်းက ဖတ်မှိတဲ့ မဂ္ဂဇင်းတွေမှာ လည်း အမျိုးသမီးတွေ နှစ်သက်တဲ့ ပစ္စည်း ranking ထဲမှာပါလာပါတယ်။
မျက်နှာက ၀က်ခြံ တွေ ပေါက်ပြီးကတည်းက ကောင်းနိုးရာရာတွေ လျှောက်ရှာလိုက်တာ အပေါ်က တံဆိပ်ကို ရေရှည်လည်းသုံးဖို့ နှမျောပါတယ်။ ဒါကြောင့် ၀ိတ်လျှော့မယ်လေဆိုပြီး ဈေးအဲ့ဒီထက်သက်သာတာတွေ လိုက်ရှာလိုက်တာ နောက်တစ်မျိုးတွေ့လာပါတယ်။ ဈေးလည်း အတော်ကိုနှစ် သက်ပြီး မြန်မာ အသားအရည် အထူးသဖြင့် sensitive skin အတွက်ကောင်းမွန်ပါတယ်။
စကားမစပ် ဂျပန်မှာ အလှကုန်ပစ္စည်းကို ကောင်တာတွေမှာလည်း ရောင်းသလို ဈေးဆိုင်တွေမှာလည်း အတော်များများတွဲရောင်းပါတယ်။ နာမည်ချင်းတူရင်တောင် ဆေးဆိုင်တွေက သက်သာပြီး ကောင်တာ တွေက များပါတယ်။ ကောင်တာတွေရဲ့ အားသာချက်က ရာသီပေါ်မူတည်ပြီး တင်ရောင်းတဲ့ series တွေပါပဲ။
ရန်ကုန်မှာ kanebo , Kose , Shiseido ဘာကြောင့်သိပ်မပေါက်သလည်းဆို ရာသီဥတုနဲ့လိုက်ဖက်တာမဟုတ်လို့ ပါပဲ။
နောက်ပေးရတဲ့ဈေးနဲ့ဆို မကိုက်ကြတော့ သိပ်မပေါက်တာလို့ထင်ပါတယ်။ ကျွန်မလည်း kanebo , Kose , Shiseido နဲ့မတည့်ပါ။ ဆီပါသော အရာများနှင့်မတည့်ပါ။
နောက်ပေးရတဲ့ဈေးနဲ့ဆို မကိုက်ကြတော့ သိပ်မပေါက်တာလို့ထင်ပါတယ်။ ကျွန်မလည်း kanebo , Kose , Shiseido နဲ့မတည့်ပါ။ ဆီပါသော အရာများနှင့်မတည့်ပါ။
အခု ဒီ တံဆိပ်ကတော့ အပင်ရဲ့ အခေါက်တွေ အပင်ရဲ့ ပန်းပွင့်တွေနဲ့လုပ်ထားပြီး ၄ မျိုးရှိပါတယ်။ ၀က်ခြံသက်သာစေပြီး ကာကွယ်ပေးတာက အညိုရောင်စီးရီးပါ။ SOKAMOKA
ကျွန်မလည်းတစ်ဖြည်းဖြည်းဝိတ်လျှော့လာလိုက်တာ နောက်ဆုံးအလကားရတာပဲသုံးရင်ကောင်းမလားအထိပါ။
ဒီလိုနဲ့အောက်က တံဆိပ်လေးနဲ့ထပ်တွေ့ခဲ့ပါတော့တယ်။
ခုနောက်ဆုံးသုံးနေပါတယ်။ အပေါ်က အညိုရောင်ကို တစ်ခါတစ်လေမှ သုံးပါတော့တယ်။ သူက ပိုပြီးဈေးသက်သာပါတယ်။ ၁၈၀ မီလီတစ်ဗူးကို ယန်း၁၆၀၀ပဲရှိပါတော့တယ်။ အပေါ်က sample ပါ။
နေ့စဉ်လိမ်းနေရတဲ့အရာဖြစ်တဲ့အတွက် ဈေးကိုလည်းကြည့်ရပါတယ်။ သာမန်ရောင်းနေတဲ့ kanebo, kose, တို့ထက်များပေမယ် special series တွေထက်တော့သက်သာပါတယ်။
ကျွန်မရဲ့ ပစ္စည်းရှာတဲ့ စံက အရင်ဆုံး ဒီမှာ kuchikomi လို့ခေါ်တဲ့ feedback များများရေးတဲ့ ranking ကိုအရင်ကြည့်ပါတယ်။ ပြီးရင်ဈေးကို ကြည့်ပါတယ်။ ကိုယ်နဲ့လိုက်မယ့် product တော့ဖြစ်ရမယ်ပေါ့။ နောက်Herbal သို့မဟုတ် aqua နဲ့လုပ်ရမယ်။ အသီးနဲ့လုပ်တာတွေသိပ်မကြိုက်လို့ပါ။ မျက်နှာအတွက်ကြတော့။ နောက် အနံမပါတာဖြစ်ရမယ် ဆိုပြီး စံသတ်မှတ်ထားပါတယ်။ အွန်လိုင်း feedback ranking no 1 product ပါပဲ။
ကျွန်မတို့ဘက်က နာမည်ကြီး ကုန်တိုက်တွေမှာလည်းတင်ထားပေမယ့် ဈေးက အတော်ကို reasonable ဖြစ်တာလေးပါ။
ORBIS ပါ။
Cheek colour မှာတော့ ဂျပန်တံဆိပ်ထက် နိုင်ငံခြားတံဆိပ်တွေက သုံးရတာ စီးစီးပိုင်ပိုင်ရှိပါတယ်။
မြန်မာပြည်က နာမည်ကြီးမာမီတွေက ဒီတံဆိပ်ကို ပွဲထိုင်တွေမှာလိမ်းတာတွေ့ဘူးပါတယ်။
မြန်မာပြည်က နာမည်ကြီးမာမီတွေက ဒီတံဆိပ်ကို ပွဲထိုင်တွေမှာလိမ်းတာတွေ့ဘူးပါတယ်။
ပေးရတာ များတယ်ထင်ပေမယ့် သေချာသပ်ရပ်စွာလိမ်းတတ်တဲ့သူတွေအတွက်တော့ အတော်ကိုဆွဲဆောင်မှု့ရှိစေတဲ့ ပါးနီပါ။ ပါးပေါ်မှာပြောင်ပြောင်လေးပါ။ မလက်ပါဘူး။
ကဲဒီလောက်ဆိုတော်လောက်ပါပြီ
အထက်ပါလင့်များမှာ ကြည့်နိုင်ပါတယ်။
နောက်တစ်ခါ တင်းတိပ်ဆေး လေးမိတ်ဆက်ပေးပါမယ်။
ကြည်ကြည်လို လှနိုင်ကြပါစေ။ (ဘာရီတာလည်းဟွန်း)
လေးစားစွာ
ကြည်ကြည်
ကြည်ကြည်
ကျေးဇူးပါ....အန်တီကြည်...။
ReplyDeleteမိန်းမယူရင် ဘယ်လို မိန်းမမျိုးယူရမယ်လို့ ပိုပြီး စဉ်းစားတတ်လာပြီ။ ဟာဟ
This comment has been removed by the author.
ReplyDeleteပိုလှချင်တာပေါ့အေ၊ ကြည်ကြည့်လို လှချင်တာ...
ReplyDeleteAMPLEUR ဝယ်သုံးဦးမှ.... တို့လည်း ကြည်ကြည့်လို ခုတော့ ကျွန်မ ပြုံးနိုင်ပြီလေ လုပ်ချင်လွန်းလို့ပါ ခွိ :))
ကျေးဇူးပဲနော် အမကြည်ကြည်။
ReplyDeleteပစ္စည်းရောက်လာပြီ ကျေးဇူး ..
ReplyDeleteDHC တော့ မျက်ခုံးကို လိမ်းမလားလို့
အသိမှတ်ပြုသွားပါတယ် ၀မ်းသာတော့
အပေါ်ကစာကြောင်းတွေကိုတော့ကျော်ချပလိုက်တယ်...စိတ်မဝင်စားလို့....။
ReplyDeleteအောက်ဆုံးစာကြောင်းရောက်တော့ အသံထွက်ပြီးကိုရီမိပါရဲ့....:D
မမရေ...မမလိုလှအောင် မှတ်ထားလိုက်ပြီနော်...:)
ReplyDeleteပြောတော့ ဆုတောင်းမေတ္တာ ပို့သပါလေ။
ReplyDeleteမလိုအပ်ပဲ ပလပ်ပေါက်မှာတပ်ဆင်ထားတဲ့ မီးကြိုးတွေ ဖြုတ်ပါနော်။ မလိုအပ်သေးပဲ လမ်းကြုံလို့ ဆိုတာတွေ မ၀ယ်ပါနဲ့နော်။ ငလျှင်ဒဏ်ခံလိုက်ရတဲ့ သူတွေ ရဲ့ဘ၀ခဏလေးပဲ ကိုယ်တိုင်ခံစားကြည့်။
My Photo
ကြည်ကြည် ဆို။
အလှပြင်ပစ္စည်းတွေထက် နားရွက်လေး နည်းနည်းလေးပေါ်တဲ့မျက်နှာလေးကိုပဲ ပိုစိတ်ဝင်စားသွားတယ်။ အသားလေးများ မွတ်နေတာပဲ။ လှလိုက်တာ။
ReplyDeleteတင်းတိပ်ဆေးသိချင်ပါတယ်
ReplyDeleteကိုယ်က Sheseido skincare သုံးပါတယ်
ပါးနှစ်ဖက်မှာ တင်းတိပ်နဲနဲလေး မသိမသာ
ဖြစ်လာနေလို့ပါ အရမ်းစိတ်ညစ်တာပဲ
ဆရာဝန်နဲ့ပြတော့ ဆရာဝန်က ဖြေးဖြေးချင်း
ထွက်လာလိမ့်မယ် ပျောက်ဖို့ခက်မယ်တဲ့ :(
Sheseido skincare က ၄လကို US$320ကျ
ပါတယ်။ ဒီ့ထက်သက်သာတာ ရှိရင်ပြောပြနော်း)
ကျေးဇူးတင်နေမယ်သိလာ။ ဒါနဲ့ ကိုယ့်အသားရေက ခြောက်သွေ့တယ်
anonymous
ReplyDeleteဟင်.. မလိုအပ်တာမ၀ယ်ဘုး လိုအပ်တာပဲဝယ်တာပါ။
ထမင်းစားသလို skin ကလည်း အဟာရပေးရတယ်လေ
သတိပေးတာကျေးဇူးနော်
Babytester
ဟုတ်ပြောပါ့မယ် sheseido ကိုဈေးကြီးလို့ မသုံးနိုင်ပါဘူးး)
ခုတင်းတိပ်ဈေးက သောက်ဆေးပါ။ ခက်တာက ၄၀ ကျော်မှသောက်ရမှာ
transino တဲ့
ဝယ်ပေးလိုက်လို့သောက်နေတဲ့ အန်တီ ၁ ယောက်ကတော့ မျက်စိရှေ့တင်ပါးထွက်သွားတယ်။
နောက်တစ်ယောက်တော့ မမြင်သေးဘူး မေးကြည့်အုန်းမယ်
ကြည်ကြည်
လှတဲ့သူ၊ လှအောင် ပြင်ဆင်နေထိုင်နိုင်သူတွေကို တကယ်အားကျတယ်၊
ReplyDeleteကိုယ်ကတော့
စိတ်လျှော့ထားလိုက်ပြီကြည်ကြည်၊
ကိုယ့်မျက်နှာမှာ အမဲစက်တွေက အသက်ကြီးလာတာနဲ့အမျှ ပေါ်ပေါ်လာတယ်၊
ဘယ်လိုမှ လုပ်လို့ မရတော့ဘူး၊
ဒီအတိုင်းပဲ ထားလိုက်တော့တယ်၊
အသက်လည်း ကြီးပါပြီလေ၊
ဟူး။။။။
AMPLEUR ကို အွန်လိုင်းကနေ ဝယ်လို့ မရဘူးလား ကြည်။ ခုနက သူ့ဆိုက်ကို ဝင်ကြည့်တာ ဂျပန်လိုတွေချည်းပဲတွေ့ရတယ်။ ဒို့က ဘူးသီး ငါးပေါင်း တွေလို့ပဲ မြင်နေတယ်။ ဖတ်တတ်ဘူး။ ဟီး။ သူ့ဆိုင်ခွဲတွေ ဘယ်နိုင်ငံတွေမှာရှိသေးလဲ သိချင်လိုက်တာ။
ReplyDeleteခင်မင်လေးစားလျက်
တင်းတိပ်ဆေးက ၄၀ကျော်မှလားဟင်း(
ReplyDeleteစိတ်ပိန်လိုက်တာ။ ၃၀ကျော်အတွက် တွေ့ရင်
ပြောပြပေးနော်း)
>>> မေသိမ့်သိမ့်ကျော်
ReplyDeleteamplure ကလေ မနှစ်ကမှ တအားဟော့လာတာ မဂ္ဂဇင်းတွေမှာလည်း နံပတ်၁ တို့ဘာတို့ဇြစ်လာတယ် သူ့product အကုန်တော့မဟုတ်ဘူးပေါ့
နောက် ဖော်စပ်သူက အရေပြားဆရာဝန်မ ငယ်သေးတယ် လောလောဆယ်တော့ပြည်ပ မှ ဆိုင်ခွဲမရှိဘူး ။ သေချာထပ်ဖတ်ပေးမယ်။
>> Baby taster ဟုတ်တယ် ဒါပေမယ့်ခု cream ပါတွေ့တယ် ။ နောက်တစ်ပတ်ဆေးဆိုင်သေချာသွားပြီး မေးပေးမယ် ခဏစောင့်နော်
cream ဆိုရင်တော့ ၃၀ကျော်လည်းလိမ်းလို့ရမှာပါနော်
လာလည်သွားပါတယ်...
ReplyDeleteအမြဲတမ်းလှနေပါစေလို့ဆန္ဒပြုပါတယ်။
လိုချင်သွားပြီ.. ၀ယ်လို့ လဲမရ ခက်တာဘဲ
ReplyDeleteး-(
မဖြိုးရေ အသားက မီးရောင်နဲ့မို့ပါကွယ် ဘာမှ မလိမ်းထားရင်တော့လည်း အစက်အပျောက်တွေ ရှိပါတယ်။
ReplyDeleteမအပြုံးပန်း မရေ ဘာလို့ အဲ့လိုပြောရတာလည်း လူတိုင်းတော့ အသက်ကြီးရင် အမဲစက်ပေါ်မှာပဲ ကိုယ်တွေက မင်းသမီးမှ မဟုတ်တာ စိတ်ဓတ်ကျနဲ့ လုပ်ပါ။ လိမ်းပါး)
မဆောင်း တစ်ချို့ဟာတွေက amazon.com မှာရနိုင်တယ်။ ယူအက်စ်ဆိုတော့ တစ်ချို့ဟာတွေရနိုင်တယ်ထင်တယ်။
မချစ်ကတော့ လိုတော့ဘူးလေ ဒီလောက် အရေးကြောင်းကင်းတဲ့မျက်နှာ အားကျပါရဲ့
ကြည်ကြည်
i want all. :)
ReplyDeleteနောက် ပိုင်း ကြရင်.. botox တွေ ဘာတွေ လာတော့မယ် ထင်တယ်။ အဲကျမှပဲ လာဖတ်တော့မယ်..း)
ReplyDeleteမကေ
ReplyDeletebotox တော့ ကြောက်တယ်ကွယ် ၅ နှစ် ....၅ နှစ် (ကျော်ဟိန်းလေသံဖြင့်) ..
လောက်တော့ စောင့်လိုက်အုန်းမယ် ဟဲဟဲ
ညီမ ရေ ပွတက် လာ တဲ့ mask လေး အ ကြောင်း ရှင်းပြ ပါ ဦးနော်
ReplyDeleteမျော် နေ မယ်