Saturday, July 16, 2011

ပိုလှချင်တယ်ဆို (တင်းတိပ်) ပစ္စည်းအညွန်း

လောလောဆယ် ဒီနေ့ခဏအားသွားပြန်ပြီ။ ဆေးတော့သွားမ၀ယ်ရသေးပေမယ့် ကတိခံထားတဲ့အတိုင်း
တင်းတိပ်ဆေးလေး ဆက်ရေးချင်လာပါတယ်။

ပထမဦးစွာပြောချင်တာက သူနဲ့ပျောက်ပေမယ့်ကိုယ်နဲ့ဆိုတာ မျိုးကိုကြိုပြီးစဉ်းစားပါ။
ပုဂံကအန်တီတစ်ယောက်ဂျပန်လာတော့ တင်းတိပ်ဆေးပဲတစ်မေးမေးနဲ့ ၂၀၀၈ ကပါ. ဒါနဲ့ တိုကျိုက ကုန်တိုက်တစ်ခုမှာ ဒီဆေးကို စပြီးကြော်ငြာပြီးရောင်းနေတာတွေ့ပါတယ်။ သေချာလည်းမမေးမစမ်းပဲ သူကလည်းဝယ်သွားပါတယ်။ ဆေးဗူးလေးကြည့်ပြီး သောက်နည်းလေးတော့ပြောလိုက်တယ်ထင်တာပဲ။
၈ လလောက်အကြာမှာထပ်တွေ့တော့ အရမ်းကြီးထူနေခဲ့တဲ့ မည်းနေခဲ့တဲ့အဲ့အန်တီမျက်နှာမှာ တအားပါးလာပြီး ၀င်းနေတော့ တအားကိုအံသြသွားတယ်။ အန်တီကလည်း ၀မ်းတွေသာပြီး ဆက်သောက်ချင်တာ။ဆေးကကုန်ပြီတဲ့ သေချာတာတော့ ၂ ဗူးဝယ်သွားတာပဲ။ ဒါကပျောက်တဲ့သူနော်။

၂၀၁၀မှာ ဒီက အမတစ်ယောက်က ရန်ကုန်ပြန်တော့မှာမို့လို့ တင်းတိပ်ပျောက်ဆေးလိုက်ရှာကူပါဆိုလို့ ချက်ချင်းဒီဆေးကို သတိရလို့ဆေးဆိုင်ကိုအတူုတူလိုက်သွားတယ်။ မေးပေးကြည့်တော့ဈေးဆိုင်က ၄၀ ပြည့်ပြီလားလို့မေးလိုက်တာသတိထားမိလိုက်တယ်။ အဲ့အမကလည်း၄၀ အတိ ဒါနဲ့သောက်မယ်ပေါ့။ သူစသောက်ပြီး၃ ရက်လောက်မှာ ရင်တွေတုန်လာတယ်တဲ့။ နေလို့မကောင်းဘူးတဲ့။ ဒါပေမယ့် သူကအဲ့အချိန်မှာ တစ်ပတ်လုံးမှာ၁၀ နာရီလောက်ပဲ အိပ်ထားပြီး တခြားအားဆေးတွေလည်းသောက်နေရသူု သိပ်ပြီးမခြားမိဘူးဆိုလားပဲ။ အေးအေးဆေးဆေးအနားယုပြီးမှ စသောက်မယ်လို့ဆိုတယ်။

ခုမေမေ့အတွက် တင်းတိပ်ဆေးလိုက်ရှာတော့ တိုက်ဆိုင်စွာ ဒီဆေးက တီဗီမှာလည်းကြော်ငြာလာတယ်။ ဈေးဆိုင်ကလည်းထပ်ညွန်းတယ်။ ဒီကဆေးဆိုင်တွေက ရောင်းတဲ့ သူတွေကလည်း လိုင်စင်ရတွေပါ။ ဒါတော့စိတ်ချရပါတယ်။

TRANSINO
၁၅ နှစ်အထက်ဆို သောက်လို့ရပါပြီ တဲ့။ ဆေးညွန်းမှာရှင်းပြထားတယ်။ (မေ့သွားလို့ရေးဖို့ ထပ်ပြင်တာ)
သူက တစ်လစာနဲ့ ၂ လစာဗူးနဲ့ပါ ။နောက်မနက်၊ နေ့လည်၊ ညကို သေချာအောင်ပုံလေးနဲ့ ပြထားတယ်။ မဖတ်တတ်လည်း ကလစ်ပြီး ပုံလောက်တော့သွားကြည့်လိုက်အုန်း။ မနက်သောက်ရမယ့်ဆေး ၊ နေ့လည် သောက်ရမယ့်ဆေး၊ ညသောက်ရမယ့်ဆေးကို သေချာပုံလေးတွေနဲ့ ကဒ်ထဲထည့်ထားပေးတယ်။
အောက် က ဗူးပုံက အရင်ကမြင်ဖူးတာ ခုအပေါ်ကလင့်မှာ ဆေးကဒ်နဲ့
google image

နောက် ထုတ်တဲ့ကုမဏီကလည်း နာမည်ကြီးပါ။

သူက တစ်နေ့ ၆ လုံးသောက်ရမယ်။ တစ်လ မပျက်မကွက်သောက်ရမယ်တဲ့။ ဆက်တိုက် သောက်မယ်ဆို ၂ လအထိသောက်ပြီး နောက်ထပ်သောက်ဖို့ကို ၂ လ နားရမယ်။ အကြိမ်ကြိမ် သောက်လို့ရတယ်။ ၂ လတော့ကြားထဲခြားရမယ်နော်။
၁၉ ရာခိုင်နှုန်းက ၁ လ သောက်ပြီး သိသာတယ်လို့ဖြေကြတယ်။ ၆၀ ရာခိုင်နှုန်းက ၂ လသောက်ပြီးမှာ သိသိသာသာကို ပြောင်းလည်းလာပါတယ်လို့ ဆိုကြပါတယ်တဲ့။

ပါဝင်တဲ့ဓတ်တွေက
Tranexamic acid
cysteine
Vitamin C
တဲ့ ဒီထဲမှာမှ cysteine ကို NAC လို့ပြန်ရှင်းပြထားသေးတယ်။ အဲ့ဒီ့ဓာတ်ကို ဘယ်မှရနိုင်လည်းဆိုရင်တော့
ကြက်သွန်ဖြု။နီ၊  ဂေါ်ဖီပင်ပေါက်၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်သီးအနီ၊ ဂျုံပင်ပေါက်၊ မြင်းစားဂျုံ (oats) မှာ ရှိတယ်တဲ့။
တစ်လစာ ကို ယန်း ၃၉၈၀ ၊
၂ လစာကို ယန်း ၇၄၈၀ ပါ။
ဘာသိချင်သေးလည်း သိချင်တာရှိမေး . သူ့ဆိုက်သွားပြီး ထပ်ဖတ်ပေးမယ်။ ပြီးရင် ဆုတော့တောင်းပေးပေါ့ ။ ငါလည်းလှပါစေ ကြည်ကြည်လည်းလှပါစေလို့။

အဲ့ဒါထက် ပိုစိတ်ဝင်စားတာက မှဲ့ခြောက်နဲ့ အစက်အပျောက် နေလောင်တဲ့အကွက်တွေအတွက်ထုတ်တဲ့
whitening essence ပဲ .. မိုက်မဲ့ပုံ တံဆိပ် က လည်းတူတယ်။သုံးကြည့်မယ်။ ပျောက်ရင်ပြောမယ်။
အောင်မယ် အောင်မယ် ဒီလောက်ပဲ ဖတ်ပြီး ပြန်ထွက်သွားမလို့လား မရဘူး ဆက်ဖတ်အုန်း ။

ကြည်ကြည်၈ တန်းရောက်တော့ မေမေ့အာချီ ပရိုမီနာ ကို နေဗီယာခံပြီး စလူးတယ်။ မေမေကတော့ ဆူတာပေါ့  ငယ်ငယ်လေးနဲ့ မလူးနဲ့ပေါ့။ ၉ တန်းရောက်တော့  မုန့်ဖိုးစုပြီး နတ်ရေကန် တင်မောင်ထွေး
ဝယ်လိမ်းရော .ပျော့ပျော့လေးနဲ့ သနပ်ခါးနံလေး ။
ခလေးဆိုတော့လည်း အသားအရည်က မွတ်တာပေါ့ ဘာလိမ်းလိမ်း ။
၁၀ တန်းရောက်တော့ မန်းလေးက တက္ကသိုလ်ကျောင်းသူ မမတွေလာလည်တယ်။ အဲ့တော့ သူတွေ့တွေက နတ်ရေကန် ကိုကြည့်ပြီး အံ့သြကြတယ်။ ခလေးဆိုတော့ ဘာလိမ်းလိမ်း အဆင်ပြေတာပဲနော်တဲ့။
 မြို့သူတွေများ မလိမ်းဖူးကြဖူးထင်တယ်။
မြို့သူတွေက မိပ်ကပ်လိမ်းနည်းသင်ပေးတယ်။ သူတို့လိမ်းတာ doru, max factor, cover girl, avon, arty လားပဲ မိုက်သလားပဲ မေးကြည့်တော့ အဲ့ခေတ်က ခုခေတ်လို မိပ်ကပ် က မပေါ်များသေးဖူးလေ။  အောင်မယ် ဘယ်ခေတ်လည်းမပြောနဲ့ ရန်ကုန်မှာမိပ်ကပ်အစုံဝင်လာတာ ၂၀၀၀ လောက်ကမှ  ကောင်တာတွေနဲ့ စပြီးရောင်းလာကြတာ အဲ့မတိုင်ခင်က စကော့ဈေးထဲက အောက်လမ်းက
ဝင်တာတွေလောက်အားကိုးနေကြတာ ။

သူတို့က ပြောတယ် ဒီဟာက သင်္ဘောသားတွေ ဆီကနေ၀ယ်တာတဲ့. သူတို့တွေပါလာတာတဲ့။ သူတို့မိန်းမတွေရောင်းတာတဲ့။
မမတို့ရယ် ထားခဲ့ပါ လို့။
သူတို့က မှာပေးမယ်ပေါ့။ သိတယ်လေ တောသူဌေးမို့လား ..ဟွင်းဟွင်း  ဘယ်ရမလည်း ၂နှစ်စာမှာပေးလို့
၁၀တန်းမို့လား။ အောင်ရင် ရန်ကုန်မှာကျောင်းတတ်ဖို့ကို အဘနဲ့ အမကိုပြောထားတော့ အဲ့လေ ယောင်လို့ ဖေဖေ့ကိုပူဆာထားတာ တက္ကသိုလ်ကို ရန်ကုန်မှာတတ်မယ်လို့ ဒဂုံမှာမတတ်ဘူး အာစီတူးမှာတတ်မယ်လို့
၁နှစ်နဲ့ မအောင် ၂ နှစ်ဖြေရမှာကိုး ။
ဒီတော့ ၂ နှစ်စာမှာတာပေါ့. ရန်ကုန်ရောက်လို့ကတော့သင်္ဘောသားဆိုတာရှာကြိုက် အဲ့လေ ရှာပြီး အလှပြင်ပစ္စည်းမှာမယ်လို့ကို ကြံထားခဲ့တာ။ ဒီလိုနဲ့  မိပ်ကပ် ကို စပြီးသိခဲ့တာပဲ။ ဖောရိမ်းမှ ဖောရိမ်းဖြစ်သွားရခြင်းအကြောင်းရင်းး)

၁၉ ကနေ ၂၄ လောက်ထိက ဂျပန်မှာ ဘာမှ သိပ်မလိမ်းလိုက်မိဘူး နေပူလည်းထွက်တာပဲ။
၂၄ ကနေ ၂၇ လောက်အထိက ရွာပြန်လယ်ထဲဆင်းဆိုတော့ မျက်နှာက နေလောင်တာနေ့တိုင်း။
၂၇ လည်းရောက်ရော တိုင်းခမ်းလှည့်လာတဲ့ အဲ့လေ ပဲလာကောက်တဲ့ မြို့ပေါ်က ကိုကို ကအိမ်ကိုလိုက်ခဲ့ပါဆိုလို့  အဲ့ကနေ နေပူမခံရတော့တား)  (ပျော်စေပျက်စေ ကလက်စေပါကွယ်)
ခက်တာက ကြည်ကြည်က ထီးဆောင်းရမှာ အင်မတန်ပျင်းသူ။
အသားသာ မဖြူတာ အရေပြားကလည်းပါးတာမှ
သွေးကြောသေးသေးလေးတွေမြင်နေရတယ်။အဲ့ဒါတွေက ဖြတ်ကနဲ့ကြည့်လိုက်ရင် ညိုနေတယ်။ နောက်
ခုတစ်လော ပါးပေါ်မှာ မှဲ့ခြောက်တွေထွက်လာတယ်။
စစ်ကြည့်တော့ မျက်နှာပေါ်နောက်ထပ်ထပ်ထွက်နိုင်တယ်တဲ့။ ဒီတော့ ညစဉ်ပါးပေါ်ကို ပိုပြီး ပုံအိပ်ပါတယ်။ ညီမတို့လည်း ငယ်ငယ်က နေပူထဲထွက် ဂရုမစိုက်ခဲ့ဘူးဆိုရင် ပါးနေရာကို ပိုပြီးဂရုစိုက်ပြီး essence တွေကို ပုံပါလို့ ။
အိမ်မှာတော့ လိုးရှင်းလူးတိုင်း ကိုကို ဆိုတဲ့သီချင်း ရှိတယ်... မိန်းမ  .. မိန်းမ ... မိန်းမ အသားညို.. မိန်းမပုံကို ကြည့်ရန်မလို... ဒယ်အိုး ဖင်သာကြည့်ပါဆိုတဲ့..
အိမ်မှာလိုးရှင်းလူးတိုင်း ဖေဖေကပြောတယ်..ထုံးသုတ်ပါလားသမီးတဲ့.
မှန်တင်ခုံရှေ့ကြာကြီးထိုင်ရင် မေမေကတော့ အားပေးတယ်။ ရှင်ဘုရင်ထွက် ပဲကြီးတစ်လှေချက် ထွက်လာတော့လည်းကြက်တောင်စည်းနဲ့တဲ့..
ကျောင်းပြီးလို့ ရွာပြန်ရင် မြို့ကရတဲ့ စက်တရက် (stress ) ဆိုတာတွေကြောင့် ယပ်တောင်လေးခေါင်းမှာ မထိုးရရင် တော်ပါပြီ။ မြင်ဘူးလား ယပ်တောင်လေးခေါင်းမှာထိုးတဲ့သူ


ဒါလေး ဘာလည်းသိလား . ကြိုက်လို့ အားလုံးကို မျှလိုက်တယ်။ ခရီးသွားရင်ယူသွားလို့အကောင်းဆုံး

 ရေနဲ့ထိတာနဲ့ အဲ့လိုပဲ ပွတတ်လာတယ်။ ဆော်ဒါနဲ့လုပ်တာမဟုတ်
 ဟော ဖြန့်ကြည့်လိုက်ရင် အဲ့လို (အောက်ပုံ) လေး ကပ်လို့ရတော့တာပေါ့။  toner နဲ့ဆို နမျောစရာ။ ကြည်ကြည်ကတော့ moisture lotion တွေကိုရေခဲသေတ္တာထဲ ထည့်ထားတာများတယ်။ အဲ့ဒါလေးနဲ့ ဆွတ်လိုက်ပေါ့ အေးအေးလေးနဲ့ မွှေးမွှေးလေး ။
ကြည်ကြည်တို့လို မော်ဒယ်လုပ်နေသူတွေအတွက် တော့ ဒါကလိုတယ်လေ။ ဟင်း ဟင်း
google image.

18 comments:

  1. ကြည်ရေ တင်းတိပ်ဆေးက ၄၀ကျော်မှလားဟင်း(
    ကိုယ့်မှာက အများကြီးတော့မဟုတ်ဖူး
    လက်သန်းလက်သည်းခွံလောက်လေး ပါးပါးလေးပါ
    များလာမှာ စိုးရိမ်တာပါ။ မော်ဒယ်လ် မဖြစ်ချင်နေပါစေ
    ကြည့်ပျော်ရှူ့ ပျော် အိမ်ကလူကြီး တရက်တရက် မလန့်ရင်
    ကျေနပ်ပါတယ် :P ဒါနဲ့ ရေနဲ့ထိရင် ပွတက်လာတာ အသေးစိတ်သိချင်ပါ၏
    ကိုယ်က ခုလောလောဆယ် SHISEIDO The Skincare Purifying Mask နဲ့
    Shiseido White Lucent Intensive Brightening Mask
    သုံးတယ်။ ဒါနဲ့ ကိုယ်မြစ်ကြီးနားက ဟုတ်ပါတယ်။ အမြဲတမ်းလှနိုင်ပါစေ

    ReplyDelete
  2. ကြည်ရေ

    အဟီး မဘေဘီလို ခေါ်ကြည့်တာ
    တို့လည်း မဘေဘီနဲ့ အတူတူပဲ
    တစ်ထေရာတည်းပဲ
    အသက်က ၃၀ ကျော် တင်းတိတ်က ပါးမှာပေါ်
    တို့လည်း မော်ဒယ်လ်မဖြစ်ချင်နေ
    အသားရေလေး လှရင်ပြီးရော
    ငါ့မှာတော့ သူ့ဘလော့လေးကို ဖွင့်ဖွင့်ပြီး ဘယ်နေ့များ တင်းတိတ်ပျောက်ဆေးတင်မလဲ မျော်လိုက်ရတာ
    ပြီးတော့ ၄၀ကျော်တွေအတွက်ဆိုတော့ ငိုချင်သွားတယ်
    ရှာပေးပါအုံး ကြည်ရယ် အားကိုးပါတယ်
    တို့က အခု Dr's Secret T Sereies လိမ်းနေတယ် နဲနဲတော့ ပါးလာတယ်
    ဒါပေမယ့် မပျောက်သေးဘူးကွယ်
    ကျေးဇူးတင်ပါတယ် ကြည်ရယ်
    YM

    ReplyDelete
  3. အပေါ်က မလှချင် နှစ်ယောက် ဟိဟိ.. တို့က လှချင်ဘူးကွ

    ဆောရီး အကြမ်းရေးထားတုန်းက ထည့်ရေးထားတယ် ။ ခုပြန်ပြင်လိုက်ပြီ
    ၁၅ နှစ်အထက်လို့ ရေးထားတယ်။
    ဒီတော့ ၁၆ နှစ်မို့လား သောက်လို့ရတယ်စိတ်မပူနဲ့

    ကြည်ကြည်

    ReplyDelete
  4. အမကြည်ကြည် ဝက်ခြံဆေးအကြောင်းလည်း ရေးပါဦးနော်။

    ReplyDelete
  5. အော် ..ခုတော့လဲ..တင်းတိပ်တွော မိတ်ကပ် တွေ ဖြစ်နေပြန်ပြီ.. ကောင်းပါ့အေ..း)

    ဟေံ.. တင်းတိပ်က.. မိတ်ကပ် ရယ်..နေရယ်..ချွေးရယ် ပေါင်းသွားရင် ဖြစ်တတ်တယ် လို့ သိထားတယ်။ တို့တော့..ရှိသေးဘူး.. ငယ်ငယ်လေးမိ့..ဟဟ

    ReplyDelete
  6. if i want to buy, how can u help me to get it/// please help. a lot of pigmentation on my face.

    rgds/Nang Myint

    ReplyDelete
  7. hi Kyi, i m now in Singapore

    Nang Myint

    ReplyDelete
  8. ညီမလေးကြည်ကြည်ရေ

    အမက စင်ကာပူမှနေပါတယ်။ အသက်၄၀ကျော်ပါပြီ။ အမရဲ. ပါးနှစ်ဖက်နဲ.အပေါ်နှုတ်ခမ်းပေါ်မှာ တင်းတိပ်ထွက်နေတာ ၂ နှစ်လောက်ရှိပြီ။ အမ ယိုးဒယားက ထုတ်တဲ. မီလာကလီးယားကို သူများညွန်လို.လိမ်းတာ ၂ ဘူးရှိပြီ မဆိုသလောက်လေးဘဲပါးလာတယ်။ အခုညီမလေးပြောတဲ.ဆေးကို စိတ်ဝင်စားလို. ဒီကနေ ဘယ်လိုဝယ်နိုင်မယ်ဆိုတာလေးကို ကူညီပြောပြပေးပါလားဟင်။
    ကျေးဇူးတင်စွာဖြင်.
    အမခင်ခင်(စင်ကာပူ)

    ReplyDelete
  9. ကဲ အပေါ်က မမတို့ ညီမတို့ ရေ

    စ ဆိုတော့ လည်း ခဏစောင့်ပါ မ/ညီမတို့ရေ .. မေးပေးမယ် ကုမဏီကို စာရေးပြီးမေးပေးမယ်နော်.

    တင်မိတာ ကြည့်အမှား ကြည့်အမှားး)

    မေးပေးမယ်ကွယ် အားလုံးလှစေချင်တယ် . ခဏတော့စောင့်နော် ၁ပတ်လောက်တော့

    ကြည်ကြည်

    ReplyDelete
  10. စောင့်အုံးမှာ :)
    အဲဒီတစ်ပတ်ကို နေ့တိုင်း မျော်နေမယ်
    Singapore ကနေ ဝယ်လို့ရရင် ပြီးရော
    ကျေးဇူးရှင် မကြည်ကြည် တစ်ယောက်
    ပပဝတီကဲ့သို့ ခုနှစ်ဆောင်တိုက်ခန်း မီးမထွန်းပဲလင်ရပါစေရှင်
    :)
    တစ်ပတ်မပြည့်မခြင်း ဂရုစိုက်နော် မဖျားမနာစေနဲ့
    နှာစီး ချောင်းဆိုးမဖြစ်စေနဲ့နော် (Blog မတင်နိုင်မှာ စိုးလို့ )
    ဟိဟိ ချစ်လို့ စတာနော်
    စိတ်ဆိုးနဲ့

    ReplyDelete
  11. ပပဝတီကဲ့သို့ မီးမထွန်းပဲ လင်း ရပါစေရှင်
    မှားသွားလို့ပါ
    :P
    ဘွာတေး
    ချိတ်ချိုးနဲ့ အချစ်ဆုံး

    ReplyDelete
  12. အမကြည်..

    မှဲ့ခြောက်နဲ့ အစက်အပျောက် အတွက်ဆိုတဲ့ essence စိတ်ဝင်စားတယ် အမ..
    japanbeauty.ecrater.com မှာ $74 တဲ့...online ဘဲ မှာလို့ရမယ်ထင်တယ်နော်...ဒါပေမယ့် feedback မှာ အဲ့ essence အကြောင်းရေးထားတာ မတွေ့တော့ အမ ကွန်မန့်ဘဲ စောင့်ဖတ်တော့မယ်...
    ညီမ က Singapore မှာပါ...

    ကျေးဇူးနော် အမ... ပိုလှလာမဲ့ ပို့စ်တွေ ဆက်ရေးပေးပါအုံး ^_*

    ReplyDelete
  13. ညီ မ ရေ နဲ့ ထိရင် ပွ တက်လာတဲ့ mask လေး အ ကြောင်းရှင်းပြ
    ပေး ပါ ဦး ပုံမှန် မျက် နှာ အသား အရည် နဲ့ လုပ် လို့ရလား လုပ်နည်း
    ရယ် ဈေး ရယ် အမျိုး အစား ရယ် ရှင်း ပြ ပေး ပါ ဦး အစ် မ အမျိုး သား
    က ဒီလ ကုန် ကျော် ရင် ဂျ ပန် က ပြန် တော့ မှာ မို့ လို့ လူ ကြုံ ရှိ
    တုန်း မှာ ချင် လို့ပါ Kyushu မှာ ဝယိ ရင် ရော ရနိုင် မှလား နေ ရာလေး ပါ ညွှန် ပေး ပါ ဦး နော် ကျေး ဇူး တင် ပါ တယ်

    ReplyDelete
  14. ညီမ ရေ တင် ပေး ပါ ဦး နော် mask အ ကြောင်း ကို မျော် နေမယ်

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. အမရေ နှစ်လသောက်ပြီးရင်ဆေးဘူတစ်ဘူးကုန်မှာဆိုတော့ တင်းတိပ်အကုန်ပျောက်မလာ နောက်ထပ်သောက်စရာမလိုတော့ဘူလာ

    ReplyDelete
  17. This comment has been removed by the author.

    ReplyDelete
  18. တစ်ခုလောက်မေးချင်ပါတယ် အပေါ်ကရေးထားတဲ့စာတွေကိုဖတ်တာ နားလည်တစ်ချက် နားမလည်တစ်ချက်ဖြစ်နေပါတယ် ..
    ခု ညီမ သိချင်တာက မှည့်ခြောက်ပျောက်တဲ့နည်းပါ ပြီးတော့ ညီမက အခုမှ မိတ်ကပ်စသုံးမှာဆိုတော့ ဘယ်လိုမျိုးသုံးရမယ် ဘယ်ပစ္စည်းသုံးရမယ် ဘယ်လိုလိမ်းရတယ် ဆိုတာတွေ မသိပါဘူး အဲ့ဒါလေးပါ ပြောပြပေးပါလား အစ်မ ညီမအောက်ခံမိတ်ကပ်ကို Doru တစ်ခါလေးသုံးတာ အသားကအရေခွံတွေလန်လာတယ် အစ်မ မတည့်ဘူးထင်လို့ မလိမ်းတော့ဘူး တစ်ချို့ အမ တွေက ပြောတယ် မိတ်ကပ်ကိုစ လိမ်းတော့တဲ့ ဒါပေမယ့်ဘယ်လိုလုပ်ရမယ်ဆိုတာမသိလို့ ခက်နေပါတယ် ညီမကိုကူညီပြောပြပေးပါဦးလား အကူညီတောင်းပါတယ် အမ ...

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။