Sunday, July 31, 2011

ဂျပန်မှာကျောင်းတက်မည် အပိုင်း(၂)


အရင်အပိုင်း(၁)မှာတုန်းက မရှင်းမလင်းရေးထားမိခဲ့တာတစ်ခုရှိပါတယ်။ ဂျပန်မှာကျောင်းတက်တဲ့အခါ ၁၂ တန်းလို့အလွယ်တစ်ကူရေးလိုက်မိတာပါ။ စိတ်ထဲမှာ ဂျပန်မှာကျောင်းတတ်မည်ဆိုတာကို ဂျပန်သွားချင်တဲ့သူလောက်ပဲစိတ်ဝင်စားမယ်။ ဂျပန်လာမယ့်သူကလည်း ဒါတွေသိထားပါတယ်ဆိုပြီး အလွယ်တစ်ကူရေးလိုက်တာပါ။ နောက်တစ်ခုက တော့ ကျောင်းစရိတ်ကိုရေးမိတာပါ။
ဂျပန်မှာကငွေကို သောင်းအထက်ဖြစ်သွားရင် တစ်သိန်းဆိုတာထက် ၁၀သောင်းတို့ သောင်း၁၀၀ စသည်ဖြင့် အသုံးပြုကြပါတယ်။ ကျွန်မတို့တစ်သန်းလို့ မသုံးပဲ ၁၀ သိန်းလို့ သုံးသလိုမျိုးပေါ့လေ။

အတန်း ၁၂ တန်းဆိုတာကတော့ ဂျပန်မှာ မူလတန်းက ၆ နှစ်၊ အလယ်တန်းက ၃ နှစ် နဲ့ အထက်တန်း ၃ နှစ်၊ စုစုပေါင်း စာသင်နှစ် ၁၂ တန်းပြီးမှ တက္ကသိုလ်ဆိုတာဖြစ်တဲ့အတွက် ကျွန်မတို့ မြန်မာပြည်က ၁၀ တန်းအောင်နဲ့ဆိုရင်တော့ ၂ တန်းလိုပါတယ်။ ဒါကြောင့် မြန်မာပြည့်က ၁၀ တန်းအောင်တွေက ဒီမှာ ဂျပန်စာ ၂ နှစ် ပြန်တက်ရတာပါ။ တစ်ချို့တော့ ဂျပန်စာတစ်နှစ်နဲ့တင် တက္ကသိုလ် ၀င်ခွင့်ဖြေကြတဲ့သူတွေလည်းရှိပါတယ်။

ကျွန်မတို့ခေတ် undergrad တုန်းက မြန်မာပြည်မှာ ၁၂ တန်းရှိရမယ်ဆိုပြီး ခေါ်တာပါ။ ဒီတော့အများစုက ဒုတိယနှစ်တွေပါလာကြတာပါ။ အဲ့ခေတ်တုန်းကအသက်ကို ၁၉ နှစ်ပြည့်ပြီး ၂၂ နှစ်ထက်မကျော်ရဆိုပြီးခေါ်ကြတာပါ။

ဘွဲ့လွန် စကောလာ (Master, Ph.D.) အတွက် ဘာတွေလိုမလည်း။
မာစတာ စပြီးလျှောက်တော့မယ်ဆိုရင် မြန်မာပြည့်ဘက်က
အစိုးရ၀န်ထမ်းအများစုလျှောက်လို့ရကြတာကတော့ ယခင်မွန်ဘူးေ၇ှာ(Monbusho) ယခု
မွန်ဘူးခကခုေ၇ှာ(Monbukagakusho)လို့ခေါ်ကြတဲ့ ဂျပန်ပညာရေးဝန်ကြီးဌာနရဲ့ Fully scholar ပါပဲ။ အပြင်က သူတွေလျှောက်တာအတော်ကိုနည်းပါတယ်။ အပြင်ကနေလည်း(အစိုးရ
ဝန်ထမ်းမဟုတ်သူတွေလည်း)လျှောက်လို့ရပါတယ်။ သူရဲ့အားသာချက်က မာစတာ၂ နှစ်ပြီးလို့ ကိုယ့်ပေ၇ာ်ဖက်ဆာက ထောက်ခံတယ်ဆိုရင် နောက်ထပ် Ph.D. ကိုဆက်တက်လို့ ရတာ က အားသာချက်ပါပဲ။ အများစုက ဆက်ပြီးရကြပါတယ်။ ဘယ်လို ဆိုရင် မာစတာကနေ Ph.D. ဆက်လျှောက်လို့ရသလည်းဆိုရင်တော့ ကိုယ့်ရဲ့ သီးစစ်က အနည်းဆုံး A grade သို့မဟုတ် A+ တော့ရဖို့လိုပါတယ်။ တစ်ချို့သော မေဂျာတွေမှာတော့ ဆရာနဲ့အဆင်ပြေတယ်ဆိုရင် B လောက်ဆိုရင်ကို လက်ခံပေးတာရှိတယ်လို့ပြောပါတယ်။ အစိုးရ၀န်ထမ်းအများစုကတော့ မာစတာပြီးတာနဲ့ Ph.D. ကို ဆက်ပြီးလျှောက်ကြတာ များပါတယ် (တွေ့ရသလောက်ပြောတာပါ)။  အစိုးရ၀န်ထမ်းမဟုတ်သူလည်း အလုပ်မလုပ်သေးဖူးဆိုရင် ဆက်တက်ပေါ့ ။ မာစတာကနေ ဆက်ပြီးတက်မယ့်သူကြတော့ Ph.D. ကို ၃ နှစ်အတွင်းပြီးအောင် လုပ်ရပါတယ်။ မွန်ဘူးရှော စကောလာက အများဆုံး ၅ နှစ်ပဲပေးတဲ့အတွက် ၂ နှစ်ကို မာစတာမှာသုံးလိုက်ပြီဖြစ်တဲ့အတွက်ပါ။ ၃ နှစ်နဲ့ မပြီးသွားတဲ့သူတွေလည်း ရှိခဲ့ဖူးပါတယ်။ လွယ်ကူစွာမတွေးမှိအောင် ရေးရတာပါ။

တစ်ချို့ကတော့ လာကတည်းက Ph.D. အတွက်ဆိုပေမယ့် ၁ နှစ်ကိုတော့ research student အနေနဲ့ တက်ရပါတယ်။ စကတည်းက Ph.D. အတွကလက်ခံပေးထားပြီးလို့ လာတယ်ဆိုပေမယ့် စာမေးပွဲတော့ဖြေရပါသေးတယ်။ သူတို့လိုမျိုးကြတော့ ၁ နှစ် research နဲ့ နောက်၎ နှစ်ကို Ph.D. အတွက်
အေးဆေးလုပ်နိုင်ကြတာလည်းရှိပါတယ်။
ဒီပို့စ်မှာအဓိက ရေးမှာကတော့ အစိုးရ၀န်ထမ်းမဟုတ်သူများအတွက်  မာစတာအတွက် စကောလာလျှောက်မယ်ဆိုရင်ပါ။
အထက်မှာပြောခဲ့တဲ့ ၁။ Monbusho
                            ၂။ ADB Asian Development Bank
                            ၃။ World Bank
စကောလာတို့ဖြစ်ပါတယ်။

လတ်တစ်လောမှာ World Bank ကနေ မြန်မာ တွေလည်းစကောလာရတာတွေ့ပါတယ်။ နှစ်ရှည်တော့မဟုတ်ပဲ ၆ လ တို့ဘာတို့တော့မြင်ဖူုးပါတယ်။
World Bank ကနေ လက်ရှိ ၂ နှစ် စကောလာနဲ့ လာထားတဲ့သူငယ်ချင်းနိုင်ငံခြားသားတွေကတော့အတော်ကို level မြင့်ပါတယ်။ ကိုယ့်သင်ယူမယ့်မေဂျာအခြေခံ မရှိခဲ့ကြဘူးသူတွေ ပါလာကြပေမယ့် သူတို့တွေက သင်ယူမယ့်မေဂျာကို တစ်ချို့ မာစာတာ ပြီးထားပြီးသားတွေပါပါတယ်။ ဒါကသိထားရအောင်ပြောတာပါ။ ခက်လွန်းတယ် မရနိုင်ဘူးလို့ပြောတာမဟုတ်ပါ။

မြန်မာ တွေအတွက် အခွင့်အရေးများများရနိုင်တာဆိုရင် ADB နဲ့ မွန်ဘူးရှော စကောလာပါ။
ကျွန်မတို့မြန်မာနိုင်ငံဟာလည်း ADB အဖွဲ့ဝင်ဖြစ်တဲ့အတွက် ADB ရဲ့ စကောလာကိုလျှောက်လို့ရတာပါ။ ADB ရဲ့သဘောတစ်ရားဟာ အမျိုးသမီးတွေရဲ့ ဘ၀ကိုမြင့်တင်ဖို့ဆိုတဲ့ သဘောတရားများရှိလေသလားပါ။ (ဆရာရဲ့ တရားဝင် မဟုတ်တဲ့ပြောစကားပါ)။
လက်တလောမှာလည်း ADB နဲ့ လာကြတဲ့ ကျောင်းသား၊သူမှာ ကျောင်းသူက ပိုများသလားလို့လေ။


ဘယ်မေဂျာတွေ လျှောက်ကြသလည်း

MBA, MPA, Public Policy, IR, Eco. မေဂျာတွေများပါတယ်။ လက်လှမ်းမှီသလောက် ရေးချတာပါ။တခြားမေဂျာတွေလည်းရှိပါတယ်။

၂၀၁၂ စာသင်နှစ်အတွက် ရန်ကုန်က ကျွန်မနဲ့အလုပ်တူလုပ်ခဲ့ဘူးတဲ့ ညီမလေးတစ်ယောက် ဒီနှစ်အောင်ပါတယ်။  ၉ လပိုင်းဆို လာမှာပါ။
ကျွန်မ တိုက်တိုက်တွန်းတွန်းနဲ့ လိုအပ်တဲ့ဂိုက်လိုင်းတွေပေး (သူကအင်တင်တင်ဒါတောင်) ဒီဘက်က လိုချင်လောက်တဲ့အချက်နဲ့လည်းသူက ကိုက်ညီတယ်လို့ထင်လို့ အတင်းလျှောက်ခိုင်းလိုက်တာ အောင်ပါတယ်။ (ကျွန်မ တအားဝမ်းသာမိလို့ပါ။ ကိုယ်တိုင်သူများပေးတဲ့စကောလာစားနေရတော့ သူများတွေကိုလည်း ကိုယ့်လိုခံစားစေချင်တဲ့စေတနာနဲ့ တိုက်တွန်းမိလိုက်တာပါ) လိုအပ်တဲ့အင်ဖော်မေး၇ှင်းတွေ ကျွန်မ ၃ ယောက်လောက်ကို ၂၀၁၀ တည်းက လှမ်းပြီးပို့ပေးပါတယ်။
တစ်ယောက်မှတုတ်တုတ်မလှုပ်ဘူး ။ ဒီနှစ်ထပ်ပြီး အဲ့ထဲက နောက်တစ်ယောက်ကို ဒီဘက်ကနေ ဆူဆူဆဲဆဲ (ခင်လွန်းလို့ပါ) လျှောက်ပါဘာညာဆိုမှ လျှောက်တော်မူတယ်။ အိုင်တီ လျှောက်တဲ့သူကတော့ ဒီနှစ် အခွင့်အရေးမရသွားရှာပါဘူး။

ADB စကောလာကို လျှောက်မယ်ဆိုရင် ၂ လပိုင်းလောက်မှာလိုအပ်တာတွေ ကျောင်းကို လှမ်းပို့ရပါတယ်။
၃ လပိုင်းလောက်ဆိုရင် လျှောက်တာကို လက်ခံတယ်မခံဘူးဆိုတာကို ကျောင်းကပြန်အကြောင်းကြားပါတယ်။
ကျောင်းက လက်ခံတယ်ဆိုတာနဲ့ ကျောင်းနဲ့အင်တာဗျူးပါတယ်။ နောက်ကျောင်းနဲ့ ဗျူးတဲ့အခါ မေလ်းနဲ့ လှမ်းပြီး ပေ၇ာ်ဖက်ဆာနှစ်ယောက်က အမေးအဖြေ တွေ၊ ပုဒ်ဆာလိုမျိုးနဲ့ ကိုယ်တင်မယ့် စာတမ်းအကြောင်းကို ကိုယ်ဘယ်လောက်ပြင်ဆင်ထားလည်းဆိုတာကို မေးတာတွေပါ။
ကျွန်မလည်းဒီတစ်ခေါက်မှ ဆရာတွေ လှမ်းမေးတာမြင်ဖူးတာ. (ကျွန်မတို့စကောလာနဲ့ နည်းနည်းကွာတယ်) တစ်နှစ်ထက်တစ်နှစ် ခက်လာသလိုလည်းမြင်ရတယ်။ အဲ့လိုဖြေရတဲ့အခါမှ အီးမေလ်းပြန်ဖို့ကို အချိန်သတ်မှတ်ပေးထားပါတယ်။ နောက် ဆရာက ဖုန်းဆက်ပြီး အင်္ဂလိပ်လိုမေးဖြေတွေလည်းလုပ်တာတွေ ရှိပါတယ်။
ဖြေပြီးလို့ တစ်လလောက်အကြာမှာတော့ ADB စကောလာအတွက်ရတယ်မရဖူးဆိုတာ လှမ်းအကြောင်းကြားပါတယ်။


လျှောက်တဲ့အခါ ဘာတွေလိုလည်း

၁။ကိုယ့်ရဲ့ပတ်စပို့တ် ကော်ပီ
၂။အိမ်ထောင်စုစာရင်း နိုတြီ .နဲ့  အိမ်ထောင်စုစာရင်း ကော်ပီ
၃။မှတ်ပုံတင် ကော်ပီ နဲ့ နိုတြီမူရင်း
၎။ ဘွဲ့လက်မှတ်ကော်ပီ နဲ့ နိုတြီ မူရင်း
၎။နောက်ဆုံးထိတတ်ခဲ့တဲ့ ဘွဲ့ လက်မှတ် (တစ်ချို့မာစတာ ပြီးထားတဲ့သူတွေအတွက်ပါ)
၅။ကိုယ့်မှာရှိ့တဲ့ သင်တန်းလက်မှတ်တွေ
၆။လုပ်ငန်းခွင်ကနေ recommendation letter လုပ်ငန်းခွင်အတွေကြုံ  ၂ နှစ် အနည်းဆုံးရှိရပါမယ်။
၇။ ကိုယ်ဘာကြောင့် လျှောက်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်..
၈၊၊နောက် ကိုယ်စာသင်ပြီးရင် ဘာဆက်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် (နိုင်ငံကိုပြန်မှာလား ဆိုတာပါ ရေးကြပါတယ်) ။
အင်္ဂလိပ်စာ IELTS သို့မဟုတ် TOFEL ဖြေထားတဲ့ရမှတ်
၉။ ကိုယ့်ရဲ့ သီးစစ် ပရိုပိုဆယ်။. အနည်းဆုံး A4 8 ရွက်လောက်ရေးတာတွေ့ပါတယ်။
ဒါတွေကို အကုန်လုံး Post mail နဲ့ပို့ရတာပါ။
သတ်မှတ်ချက်က TOFEL ဆိုရင် ၅၅၀ အနည်းဆုံးပါ။ လက်၇ှိအောင်လာကြတဲ့သူတွေဟာ ၆၅၀ အထက်မှာရှိကြပါတယ်။
နိုင်ငံခြားတိုင်းပြည်တစ်ခု မှာ မာစတာပြီးထားပြီးသူတွေ လျှောက်လို့မရပါဘူး။
ယခု စကောလာတွေဟာ အင်္ဂလိပ်လိုသင်မယ့် course တွေပါ။ နိုတြီ လည်းပဲ အင်္ဂလိပ်လို ပဲလိုအပ်တာပါ။

(ယခုအောင်တယ်ဆိုတဲ့သူငယ်ချင်းလေးက အင်္ဂလိပ်စာမှာအမှတ်က အရမ်းကိုမြင့်သလို ဂျာမန်ဘာသာကိုလည်းကျွမ်းကျင်တဲ့ သူ လက်၇ှိမှာ နာဂစ်ပြန်လည်ထူထောင်ရေးဒေသမှာ(NGO) အလုပ်လုပ်နေသူပါ။ လက်ရှိလုပ်နေတဲ့အလုပ်နဲ့ပတ်သတ်တဲ့အကြောင်းရာကို ပရိုပိုဆယ်အနေနဲ့ရေးသွားပါတယ်။)
ပရိုပိုဆယ်. (ကိုယ့် ဘာအကြောင်းရာကို သီးစစ်လုပ်မှာလည်းဆိုတာ အတိအကျရေးရပါမယ်။ ဒါပေမယ့် ကျောင်းရောက်ပြီးမှ ဒေတာအနေထားပေါ်မူတည်ပြီး သီးစစ်ခေါင်းစဉ်ကိုပြောင်းလို့ရပါတယ်။
ဆရာနဲ့ညှိပြီးပြောင်းတဲ့သူတွေရှိပါတယ်။
ကိုယ်ရေးပီးတင်လိုက်တဲ့ သီးစစ် ခေါင်းစဉ်ပေါ်မူတည်ပြီး ကိုယ့်အပေါ်ဗျူးမယ့် ဆရာ လက်ခံမယ့်ဆရာ ကျောင်းက သတ်မှတ်တယ်ထင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ဗျူးတဲ့ဆရာမတူကြလို့ပါ။
လိပ်မူတဲ့အခါ ကျောင်းကို ပဲ လိပ်မူကြတာပါ။ ဘယ်ဆရာရယ်လို့ လိပ်မူတာမဟုတ်ဘူးလေ။

အသက်ကန့်သတ်ချက်။ မြန်မာပြည်အတွက်ကို ၃၅ ထိ pass ပေးတဲ့ပုံရှိပါတယ်။ အများစုကတော့ ၂၂ နှစ်ပြည့်ပြီး ၂၈ ထက်မကျော်ရလို့ လည်းသိရပါတယ်။ ၃၅ နဲ့အောင်လာတဲ့သူတွေရှိသလို( မြန်မာ) အသက်ငယ်ပေမယ့် လုပ်ငန်း အတွေ့ကြုံ ၂ နှစ်မရှိလို့ ကျတဲ့သူ (နိုင်ငံခြားသား) တွေလည်းရှိပါတယ်။
လတ်တစ်လော မွန်ဘူးရှောစကောလာနဲ့ ရောက်နေသူက လုပ်ငန်းအတွေ့ကြုံ မရှိလို့ ADB ဖြေလို့ မရခဲ့ဘူးလို့ ပြန်၇ှင်းပြဖူးလို့ပါ။

ဘာလိုအကြောင်းရာတွေ ရေးကြသလည်း ။

သူများတွေရဲ့သီးစစ်ခေါင်းစဉ်တွေကို ဘလော့မှာ ပြန်ပြီးဒီအတိုင်းတင်ဖို့ဆိုတာမဖြစ်နိုင်လို့
အနီးစပ်ဆုံး ရေးပေးလိုက်ပါတယ်။


Monetary Policy and …………………………………
Financial development and…………………………………….
Fiscal policy and ………………….: The case study on ………………………….
Regional Development of………………….sector and ………………………
Micro credit firm and constraints……………….
Deforestation and regional economy…………………………….
Women Empowerment and ……………………………….
Remittance and……………………….
Migrant Labour issue and……………………………
Trade and ………………
Safety net နှင့်…………………………………..

ကျွန်မဆိုရင် (………….) role on မဟာမဲခေါင်ဒေသနှင့် The case study on (…….) ပါ။

အထက်မှာတင်ပြလိုက်တဲ့ခေါင်းစဉ်တွေဟာ သာမန်ခေါင်းစဉ်တွေပါ။ ကွန့်နိုင်တဲ့ကျောင်းသားတွေရဲ့ပေပါတွေလည်း ရှိပါတယ်။

ဘယ်လိုလူတွေလာကြသလည်း ဆိုရင်တော့ ဘဏ်တွေမှာ လုပ်နေကြသူတွေ များပါတယ်။
နောက်တစ်ခုက Theorically နဲ့တင်မဟုတ်ပဲ စာတမ်းတွေကို empirical analysis လုပ်ရပါတယ်။
အဲ့လိုလုပ်ရတဲ့အခါမှလည်း ဆရာအများစုကတော့ micro level ကိုကြိုက်နှစ်သက်ကြပါတယ်။ မြန်မာကျောင်းသားတွေကတော့ macro level ကိုပဲ အသုံးများကြပါတယ်။

မြန်မာပြည်က တစ်ချို့သောတင်လာတဲ့ ပေပါတွေ အရမ်းကောင်းပါတယ်။ ဒါပေမယ့် လက်ရှိမှာမြန်မာပြည်ကို ပြန်ပြီး contribute လုပ်နိုင်မလုပ်နိုင်ဆိုတာတွေလည်းဆရာတွေက စဉ်းစားသလို ကိုယ်တင်လိုက်တဲ့ပေပါကို တာဝန်ယူပြီး လုပ်ပေးမယ့် ပရော်ဖက်ဆာ မရှိဘူး ။ သို့မဟုတ် သူများလုပ်ပြီးသားဆိုရင်တော့ …………………………………. 

သူနဲ့ကြမှ တိုက်တိုက်ဆိုင် ဆိုင် .. သူနဲ့ကြမှ…. တိုက်တိုက် ဆိုင်ဆိုင် လို့ ဆိုရယုံပဲ ရှိပါတော့တယ်။


နောက်ပို့စ်မှာလျှောက်လို့ရတဲ့ ကျောင်းလင့်ခ်တွေ၊ အသုံးစရိတ်တို့ ၊
ကျောင်းပြီးရင်ဆိုတာလေးတွေ ဆက်ပြီးရေးပါ့မယ်။ ဒီပို့်စ်ကို မှတ်မိသလောက်အကြောင်းရာများနဲ့ ရေးလိုက်ပါတယ်။


(ပြန်ပြင်ဆင်ချက်)စကောလာလျှောက်နည်းကို အစိုးရ၀န်ထမ်းမဟုတ်သူတွေ အတွက်ရည်ရွယ်ပြီးရေးတာပါ။ ဒါပေမယ့် ကျွန်မအသုံးနှုန်းမှာ အပြင်လူ  တို့ အပြင်ကနေလို့ သုံးထားမိပါတယ်။ အပြင်ကနေဆိုတာ အစိုးရ၀န်ထမ်းမဟုတ်သူ  ကျွန်မတို့လို့ သာမန်ရိုးရိုးအပြင်ကလူကို ဆိုလိုတာပါ။
အစိုးရ၀န်ထမ်းဆိုမှတော့ ကျွန်မမရေးလည်း  နှစ်စဉ်ခေါ်တဲ့စကောလာကို သိကြတာပဲလေ။
ခုကျွန်မ ရေးတဲ့ပိုစ့်က  ကျွန်မတို့လို့  သာမန်ရိုးရိုး အပြင်ကလူတွေက စကောလာလျှောက်နည်းကို သိတဲ့သူနည်းတဲ့အတွက် ပြန်ဝေမျှလိုက်ခြင်းပါပဲ။
လေးစားစွာဖြင့်

ကြည်ကြည်


12 comments:

  1. ကိုယ့်နဲ့ မဆိုင်ပေမယ့် ဗဟုသုတ အဖြစ်ဖတ်ရှူ့မှတ်သားသွားပါတယ်
    နိုင်ငံ တကာအကြောင်းလေးတွေ ရေးပြီးတင်ပေးကြတော့
    ကိုယ့် လူမျိုးတွေ သိထားရတာပေါ့
    သွားခြင်သူများရှိရင် အဆင်ပြေပြေ သွားနိုင်ကြမယ်
    အလွယ်တကူသိနိုင်ကြမယ် အကျိုးကျေးဇူးကြီးပါပေ့ဗျာ။

    ReplyDelete
  2. ဗဟုသုတတွေအများကြီးရသွားပါတယ်။ သိချင်တဲ့လူတွေရှိနေလို့ ဒီဆိုက်ကို ညွှန်းလိုက်ပါရစေနော်။

    ခင်မင်လေးစားလျက်

    ReplyDelete
  3. Monbusho scholar နဲ့ ပတ်သက်ပြီး နဲနဲလေး လွဲနေသလားလို့.."မွန်ဘူးရှော စကောလာက အများဆုံး ၅ နှစ်ပဲပေးတဲ့ အတွက် ၂ နှစ်ကို မာစတာမှာသုံးလိုက်ပြီဖြစ်တဲ့အတွက်ပါ။ ၃ နှစ်နဲ့ မပြီးသွားတဲ့သူတွေလည်း ရှိခဲ့ဖူးပါတယ်။ ...၁ နှစ် research နဲ့ နောက်၎ နှစ်ကို Ph.D. အတွက်အေးဆေးလုပ်နိုင်ကြတာ လည်းရှိပါတယ်။ "..Monbusho schlor က စစချင်း research student အနေနဲ့ လာရပါတယ်.. ရောက်ပြီး ၁-၂ နှစ် (Master ဆိုရင် ၂-နှစ်၊ Ph.D ဆိုရင် ၁-နှစ်) အတွင်းမှာ သက်ဆိုင်ရာ entrance ကို အောင်မြင်အောင် ဖြေရပါတယ်.. ၀င်ခွင့်အောင်လို့ Master/Ph.D ကျောင်းသားစဖြစ်တဲ့အချိန်ကနေပြီး Master ဆို ၂-နှစ်၊ Ph.D ဆို ၃-နှစ် (Medical နဲ့ဆိုင်တဲ့ဘာသာရပ်တွေမှာတော့ ၄-နှစ်) scholar ပေးသွားတာပါ.. Master ပြီးလို့ Ph.D ဆက်တက်မယ်ဆိုရင်လဲ သက်ဆိုင်ရာဘာသာအလိုက် ၃-၄ နှစ် scholar ထပ်တိုးပေးသွားမှာပါ... ဒါကြောင့် Monbusho scholar ဆိုရင် အနည်းဆုံး ၂-နှစ်(Master/ Ph.D ဆက်မတက်ပဲ ရိုးရိုး research student အနေနဲ့ပဲ နေတဲ့သူ) ကနေ ၇-၈နှစ် (research(2)+ Master(2)+ Ph.D(3-4)yrs)အထိနေလို့ ရကြပါတယ်..

    ReplyDelete
  4. ဗဟုသုတတွေ အများကြိးရလို့ ကျေးဇူးပါမမရေ..

    ReplyDelete
  5. အစိုးရ၀န်ထမ်းမဟုတ်တဲ့ သူတွေ စကောလာလျှောက်နည်းလေးသိပါရစေ. အသက်၂၅ ကျော်ပြီးလုပ်ငန်းခွင် အနည်းဆုံး ၂ နှစ်မရှိတဲ့ သူတွေအတွက် ပါ.
    AA

    ReplyDelete
  6. To Anonymous

    ခု အစ်မရေးထားတာတွေဟာ အစိုးရ၀န်ထမ်းမဟုတ်သူတွေအတွက် စကောလာလျှောက်နည်းပါ။ လက်၇ှိ မာစတာအဆင့်အတွက် စကောလာကတော့ လုပ်ငန်းခွင်လုပ်သက် ၇ှိရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေအားလုံးရှိပါတယ်။ ဒီတော့ လုပ်ငန်းခွင်အတွေ့ကြုံမရှိတဲ့သူအတွက်ကတော့ Monbusho ဂျပန်ပညာရေးဝန်ကြီးဌာနကပေးတဲ့ စကောလာ တော့ လျှောက်ကြည့်လို့ရကောင်းရပါလိမ့်မယ်.. အသက်ကတော့ ၃၅ ထိ လျှောက်လို့ အကြုံးဝင်နေတာပဲလေ. လုပ်ငန်းခွင်အနည်းဆုံး ၂ နှစ်မရှိသူဆိုတာကတော့ အစ်မလည်း မသိပါ။ ပို့စ်မှာ အသေးစိတ်ရေးထားတဲ့ စကောလာ (ကိုယ်နားလည်တဲ့ စကောလာ) ကတော့ လုပ်ငန်းခွင်ဝင်နေတဲ့သူဖြစ်ရမယ်လို့ သတ်မှတ်ချက်တွေမှာပါလို့လေ..

    လေးစားစွာဖြင့်

    ကြည်ကြည်

    ReplyDelete
  7. I wonder why you delete my previous comment.. I didn't mean to insult you and your post.. I just want to make it correct for the readers! sorry for my previous comment..

    ReplyDelete
  8. To anonymous ..

    I even did not understand what u mean. I have never deleted any comment and I won't delete any comment coz I am willing to see all comments to know every different opinions and different visions .

    regards,

    Kyi Kyi

    ReplyDelete
  9. အများသူငါ ဗဟုသုတဖြစ်စေဖို့ရော
    ဂျပန်လာဖို့ပြင်နေသူများအတွက်ပါ
    သိသင့်တဲ့ အချက်အလက်တွေကို
    ပြီးအောင်လာဖတ်သွားပါတယ်....။

    ReplyDelete
  10. မမရေ..ဒီမှာအလုပ်လုပ်နေတဲ့သူတယော်ကကရော..ကျောင်းတက်ချင်တဲ့အတွက်ဘယ်လိုများလုပ်ရင်အဆင်ပြေနိုင်မလဲဆိုတာလမ်းညွှန်ပေးလို့ရမလားရှင်....

    ReplyDelete
  11. တော်လိုက်တာ ကြည်ကြည်ရယ်၊ ကြည်ကြည်က ဂျပန်ကအကြောင်းတွေ အရမ်းသိတာပဲနော်။

    ReplyDelete
  12. spam ထဲမှာ ကော်မန့် တွေတွေ့လို့ ပြန်တင်လိုက်ပါတယ်။
    မွန်ဘူးရှော စကောလာနဲ့ပတ်သတ်လို့ပါ .
    ကျွန်မပတ်ဝန်းကျင်မှာ မွန်ဘူးေ၇ှာနဲ့ ၅ နှစ်ပဲ ရသွားတာတွေ ကို တွေ့ရတာတယ်
    အရင်ကတည်းက research + master + Ph.D ဆိုပြီးလာတာကို မတွေ့ဘူးခဲ့ပါဘူး
    research(6လ)+မာစတာ
    research(1နှစ်)+ Ph.D
    မာစတာ (2 နှစ်) Ph.D 3 နှစ်

    ဒီလိုတွေပဲ မြင်ခဲ့ဘူးလို့ပါ။

    ကျေးဇူးတင်ပါတယ်ရှင် ...

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။