Monday, July 18, 2011

ဂျပန်မှာကျောင်းတက်မည် အပိုင်း ၁

ဒီပိုစ့်ကို ဂျပန်မှာကျောင်းတတ်ဖို့စိတ်ဝင်စားတဲ့သူများ အတွက် ရည်ရွယ်ပီး
မိမိကိုယ်တိုင်၊ တူမလေး၊ သူငယ်ချင်းနဲ့ ပတ်ဝန်းကျင်မှာမြင်နေရတဲ့မြန်မာအသိုင်းဝိုင်းရဲ့ အနေထားကို အခြေခံပြီးမြင်သလောက်ရေးတာပါ။
ကျွန်မ ဒီပို့စ်ကို self finance student နဲ့ fully scholar ဆိုပြီး  ၂ ပိုင်းခွဲပါမယ်။  fully scholar မှာ graduate နဲ့ postgrad ကို အဓိကထားပြီး ရေးပါ့မယ်။
ဒီပို့စ်မှာတော့ self finance , undergrad ကို ရှင်းပြပါ့မယ်။
တက္ကသိုလ်စပြီးတတ်တော့မယ်ဆိုရင်  လိုအပ်တဲ့အရာတွေကို ရန်ကုန်မှာစုံစမ်းကြတော့မှာပါ။
အများစုကတော့ ဂျပန်မှာကျောင်းတက်မယ်ဆိုရင် ၁၂ တန်းလိုပါတယ်။ ကျွန်မပတ်ဝန်းကျင်မှာလည်း တစ်ချို့ ဂျပန်စာကျောင်းအရင်တတ်ပြီး။  
တစ်ချို့ တစ်ခါတည်းတက္ကသိုလ်ကို တန်းပြီးတက်နေတဲ့သူတွေရှိနေပါတယ်။
ကျွန်မကတော့ ဂျပန်စာအတန်းတက်ပြီးမှ တက္ကသိုလ်လျှောက်တဲ့ အကြောင်းရာကိုရေးပါမယ်။  ကျွန်မက ကောလိပ်မတက်ခင် ဂျပန်စာအတန်းတစ်နှစ်( Language Institute) အရင်တက်ခဲ့ရပါတယ်။
Language institute  ထဲက Monbusho  fully scholar ဖြစ်ခဲ့တဲ့အတွက် self finance ကျောင်းသားတွေ ရန်ကုန်က သင်တန်းတွေမှာ  မေးစမ်းပုံတွေ မသိပါဘူး။ မရေးနိုင်ပါဘူး။ ဒီရောက်ပြီးမှ ဘာဆက်လုပ်ရမယ်ဆိုတဲ့ အကြောင်းအရာကိုပဲရေးပါ့မယ်။
ကျွန်မတို့ ခေတ်နဲ့တော့ကွာကောင်းကွာနိုင်ပေမယ့် လက်ရှိက ပိုလိုတောင်လှမ်းလို့လွယ်ပါတယ်။

မြန်မာပြည်မှာဂျပန်စာကျောင်းတွေများသလို ဂျပန်နဲ့ချိတ်ဆက်ထားတဲ့ကျောင်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် အများစုက ဒီကနာမည်ကြီးတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတာ
သိပ်မတွေ့ရပါဘူး။ မြန်မာပြည်က ဂျပန်စာသင်တန်းကျောင်းတွေမှာ စာသင်လာခဲ့ပေမယ့် ဂျပန်လာတဲ့အခါမှာလည်း သူတို့ နဲ့ ချိတ်ဆက်ထားတဲ့ JapaneseLanguage School ကို အရင်တက်ခိုင်းပါတယ်။ ၁ နှစ်သို့မဟုတ် ၂ နှစ် ပြီးတော့မှ နောက်ထပ်ကောလိပ် သို့မဟုတ် တက္ကသိုလ်ကို တက်လို့ရပါမယ်။ အဲ့ဒီ့မှာ ဒီက Language School ကနေ ချိတ်ဆက်ထားတဲ့ ကောလိပ် သို့မဟုတ် တက္ကသိုလ်ကို ၀င်ခွင့်ဖြေကြပါတယ်။ သူတို့နဲ့ချိတ်ဆက်ထားတဲ့ကျောင်းတွေရဲ့  ၀င်ခွင့်က အောင်ကိုအောင်ပါတယ်။ တစ်ချို့ကတော့ဖောက်ထွက်ပြီး တခြားတက္ကသိုလ်ကို လှမ်းရဲတဲ့ကျောင်းသားလည်းအားကျဖွယ်ရာရှိပါတယ်။ သူတို့နဲ့ ချိတ်ဆက်ထားတဲ့နေရာတွေမှာပဲ ဆက်တက်မယ့် ကျောင်းသားအတွက်ကတော့ ကျောင်းသားရဲ့ Grantor လိုတယ်ဆိုတဲ့ကိစ္စ မပူရပါဘူး။ သူတို့ကျောင်းတွေကပဲတာဝန်ယူပေးသွားပါတယ်။
ဒါပေမယ့်ဘာတွေဖြစ်လာသလည်းဆိုရင်... ဥပမာ ..
ရန်ကုန်မှာလည်း ရှိတဲ့ Language School (kyikyi school ပဲထားပါတော့ )။

(၄င်းဂျပန်စာကျောင်းဆိုရာတွင် ခုရှိမရှိတော့မသိရတော့ပါ)။ ၂၀၀၇ မှာအဲ့ဒီ့ကျောင်းကနေလာတဲ့  အသိညီမလေးတွေကျောင်းတတ်ဖို့ ဂျပန်ကိုလာပါတယ်။ ကျွန်မလည်း ဒီမှာရှိနေချိန်နဲ့တိုက်ဆိုင်တော့ ကျောင်းကိုလိုက်ပို့မိပါတယ်။ ၄ ထပ်တိုက်တစ်တိုက်ကို ၂ လွှာကို ကျောင်းအနေနဲ့လုပ်ထားပါတယ်။  ပြောရရင် ကျူရှင်သာသာနီးပါးကိုကျောင်းလို့ခေါ်နေပါတယ်။ နောက်ပြီး မြန်မာကျောင်းသား ၂၅ ယောက်နဲ့ တရုတ်ကျောင်းသား ၂၀လောက်နောက်တခြားနိုင်ငံသား ကျောင်းသားနည်းနည်းလောက်နဲ့ ကျောင်းက လူ၁၀၀တောင်မပြည့်ပါဘူး။ ပထမဆုံးမြင်ဖူးခြင်းပါ။

ကျွန်မသိထားခဲ့တဲ့ Language School ဆိုတာက လူ ၇၀၀ နဲ့အထက် ရှိတဲ့ Language School ကြီးပါ။ ကျောင်းရဲ့နာမည်ပေါ်မူတည်ပြီး Language School နာမည်ပေါ်မူတည်ပြီး သွားလို့ရတဲ့ကျောင်း လျှောက်လို့ရတဲ့ကျောင်း တွေကလည်း သိသာပါတယ်။ လျှောက်တာတော့ ကျောင်းတိုင်းလျှောက်လို့ရပါမယ့် ဒါပေမယ့် နာမည်ရှိတဲ့ Status တစ်ခုရှိနေတဲ့ကျောင်းတွေကိုကြတော့ နာမည်ကြီးတက္ကသိုလ်တွေက နေ ကျောင်းလျှောက်ရန် အမြဲလာပြီးကြော်ငြာပေးပါတယ်။ ဒါက နာမည်ရှိပြီးသား Japanese School မှာတက်ခြင်းရဲ့ advantage ပါ။

နာမည်ရှိပြီးသားကြီးတဲ့ကျောင်းနဲ့ စောနက ရန်ကုန်ကနေချိတ်လာတဲံ့တစ်ချို့သောကျောင်းတွေကြတော့ အပေါ်မှာကျွန်မ ရှင်းပြခဲ့သလိုပါပဲ။ ဆက်တက်ရမယ့် ကောလိပ်အဆင့်က  သိပ်နာမည်မရှိဘူးဆိုရင် ...ဘယ်မှာသိသာသွားနိုင်မလည်း ကျောင်းပြီးတဲ့အထိတော့မသိသာပါဘူး ကျောင်းလည်းပြီးရော။ အလုပ်ကလာပါပြီ။  အကယ်၍ကျောင်းပြီးရင် ဂျပန်မှာ တရားဝင်အလုပ်လုပ်ပြီး ရပ်တည်မယ်ဆိုရင်တော့ နာမည်ကြိး တက္ကသိုလ်ကျောင်းကောင်းကနေထွက်တဲ့အတွက်  အလုပ်ရဖို့အခွင့်အရေးနဲ့  အလုပ်လျှောက်လို့ရတဲ့နယ်ပယ် ဟာ ပိုကျယ်ပြန့်ပါတယ်။

ကဲ စရိတ်အနေနဲ့ရော ....
ရန်ကုန်ကနေ ချိတ်ပေးလိုက်တဲ့တစ်ချို့သောကျောင်းတွေဟာ တစ်နှစ်ကိုမှ အလွန်ဆူုံး ၅ ယောက်ကနေ ၂၀ ပေါ့ ။ခေါ်လို့ရတာပါ ။ဒါတောင်လ၀က က လက်မခံရင် လာတက်လို့မရတဲ့ သူကရှိပါသေးတယ်။ လူသာနည်းတာအဲ့ကျောင်းတွေရဲ့ စရိတ်ကတော့မသေးပါဘူး။
နာမည်ကြီး Japanese Institute တွေဟာ တစ်နှစ်စာ သောင်း ၈၀ နီးပါးကနေစပါတယ်။ ရန်ကုန်က ချိတ်လာတဲ့ Language school ကလဲ သောင်း ၆၀ အထက်တော့ရှိပါတယ်။
ကျောင်းကြီးကြီးတွေကတော့ grantor လိုအပ်ပါတယ်။ဒီတော့ အဆက်အစပ်မရှိတဲ့သူတွေအတွက် က ရန်ကုန်ကနေ ချိတ်ဆက်ပေးလိုက့်မယ့်ကျောင်းကသာလျှင် အဆင်ပြေနေတာတွေ ရှိလို့ ရန်ကုန်က ချိတ်လိုက်တဲ့ကျောင်းမှာပဲ နေရတာနားလည်ပေမယ့်။ Language School ပြီးလို့  တက္ကသိုလ်တက်တော့မယ်ဆိုရင်၊
ဘ၀ကို ဂျပန်မှာ  ရေရှည်မြှပ်နှံမယ်ဆိုရင် နာမည်ကြီးတက္ကသိုလ်ကျောင်းတစ်ခုခုကို သာ သတ္တိရှိရှိ
ဝင်လျှောက်ဖို့ကိုသာတိုက်တွန်းပါတယ်။

စာသင်ချိန်
 Language School တွေက နေ့တစ်ဝက်ပဲ ကျောင်းတက်ရပါတယ်။ အလုပ်လုပ်ချိန်ပိုရပါတယ်။ language School အကြီးတွေကြတော့  တနေကုန်အတန်း နဲ့ တစ်နှစ်တိတိ ကို စာကိုသေချာလုပ်ရပါတယ်။
ကျောင်းသားကို တက္ကသိုလ်ဝင်ခွင့်ဖြေဖို့လိုအပ်တဲ့စာကိုကျင့်ပေးသလိုမျိုးနဲ့ကို သေချာပြင်ဆင်တာပေးတာပါ။ ဂျပန်စာကို  အခြေခံကနေသင်သလို ၊ အခြေခံတက်စရမလိုပဲ advance Japanese သိုမဟုတ် intermediate ဆိုပြီးလည်းအတန်းတွေရှိပါတယ်။
အမှန်တစ်ကယ် သင်ကြားပြီး နာမည်လည်းကြီးတဲ့အတွက် ၀င်ခွင့်ရာသီရောက်ခါနှီးပြီးဆိုရင် နာမည်ကြီး ပုဂ္ဂလိကတက္ကသိုလ်ကျောင်းတွေ၊ အစိုးရကျောင်းတွေကနေ  ကျောင်းသားတွေဝင်ခွင့်ဖြေဖို့ စကောလာနဲ့လာမျှားပါတယ်။ တစ်ကျောင်းမရ တစ်ကျောင်းဆိုတဲ့သဘောနဲ့ တစ်ချို့  ၃၊ ၄ ကျောင်းဖြေပါတယ်။ ဖောင်ဖိုးတော့သွင်းရတာပေါ့။  ရလာတဲ့ကျောင်းတွေထဲကမှ တစ်ချို့လည်း စကောလာ ရမယ့် ကျောင်းကိုပဲ တက်ကြသလို တစ်ချို့ နာမည်ကြီးကျောင်းကိုပဲ ရွေးတဲ့ကျောင်းသားလည်းရှိပါတယ်။
စကောလာဆိုတဲ့သဘောမှာ ..

နာမည်ကြီးတက္ကသိုလ်တွေဟာ နှစ်စဉ်ကျောင်းသားဦးရေရယ်အင်တာနေရှင်နယ် ကျောင်းသား
စုံလင်စွာလည်းရှိချင်ကြပါတယ်။ သူတို့မှာလည်း စံတစ်ခုက ရှိထားတယ်လို့ပြောပါတယ်။  ဥပမာဆို ရရင် တရုတ်က များတယ်လေ၊ နောက်ကိုရီးယားစသည်ဖြင့်ပေါ့။ မြန်မာ၊ တို့ဘာတို့ကနည်းတော့ မြန်မာကျောင်းသား ၃ ယောက်လက်ခံမယ်လို့ပဲ စဉ်းစားကြည့်ရအောင် လျှောက်တာမှ ၂ ယောက်ဆိုမှတော့ ရဖို့က ရာခိုင်နှုန်း များပြီပေါ့။  လျှော့ပေါ့စဉ်းစားပေးကြပါတယ်။ မြန်မာကျောင်းသားတွေ
ဝင်ခွင့်ခက်သော တက္ကသို်လ်ဆိုတာတွေတောင် ရနိုင်ခြေများပါတယ်။
တက္ကသိုလ် ဆိုတာ ဂျပန်စာလယ်ဗယ် ၁ မှ လျှောက်ရပါတယ်လို့ တစ်ချို့တွေသတ်မှတ်ထားပေမယ့် တစ်ချို့ လယ်ဗယ် ၂ နဲ့တင် လိုချင်တဲ့တက္ကသိုလ်ကိုအောင်သွားသူတွေရှိပါတယ်။ အစိုးရကျောင်းတွေကတော့ မရဘူးထင်တယ်။ ခုတော့မသိဘူး ကျွန်မတို့တုန်းကတော့မရဘူး ။
အဲ့ဒီ့မှာ ရန်ကုန်ကနေ ချိတ်ထားတဲ့ Language School မှာ ဂျပန်ရောက်ပြီး ၂ နှစ်နီးပါး စာသင်ချိန်ရှိထားပါရက်ဆိုရင်တော့ လျှောက်ရမယ့်တက္ကသိုလ်ကလည်း နည်းနည်းတော့ စီစစ်ပါပြီ။

မြန်မာအများစု ဟာ တိုကျိုအနီးတစ်ဝိုက်မှာ Language School တတ်ပြီးပြီဆိုရင်တော့ဆက်တက်ရမယ့် တက္ကသိုလ်ကောလိပ်ကို တိုကျိုနားပဲ ရွေးပါတော့တယ်။ နယ်ဆင်းပြီး ၀င်ခွင့်စာမေးပွဲကို သွားဖြေသူနည်းပါတယ်။

ဘာကြောင့်တိုကျို လည်း
မြန်မာများခြင်း။
အလုပ်လွယ်မယ်ထင်ခြင်း။
စုနေသောကြောင့် အိမ်စရိတ်သက်သာခြင်း။
ကောလိပ်၊ တက္ကသိုလ်ပေါခြင်း ။

ရတာနာရှိရာ ရတာနာစုပေါ့လေ။  မြန်မာရှိရာ မြန်မာစုကြတော့ မြန်မာကျောင်းသားတွေဟာ  နယ်ဆင်းပြီး နယ်က တက္ကသိုလ်တွေမှာ စကောလာလျှောက်ယူဖို့လည်းသိပ်စိတ်မ၀င်စားဘူး။ ကျောင်းခေါ်ချိန်လည်း မှန်ချင်မှမှန်မယ်။ တစ်ပတ်ကို အလုပ်က ၄ ရက်လောက်လုပ် ပို်က်စံစုမယ်. ရန်ကုန်အိမ်ကိုပြန်ပို့ချင်တယ်ဆို တာကိုသာ အဓိက ထားလိုက်ကြပါတော့တယ်။

သိသူဖော်စား
နာမည်ကြီးတက္ကသိုလ် ၀င်ခွင့်ရအောင် စာကိုတစ်နှစ်လောက် ဒုက္ခခံဖို့ တို့မြန်မာကျောင်းသားတွေသိပ်
စိတ်မ၀င်စားကြပါဘူး။
ခုဆိုတူမလေးက ဂျပန်စာကျောင်းမှာတင် ၂ နှစ်နေမတဲ့။ အလုပ်လုပ်ရင်း အိမ်ကိုလည်း ပို့ရင်း နောက်နှစ်မှ စာလုပ်ပြီးတက္ကသိုလ်လျှောက်မတဲ့။ အံ့ရောပဲ။
တစ်ကယ်က နာမည်ကြီး တက္ကသိုလ်တွေရဲ့ စကောလာ မှာ  တစ်ချို့သတ်မှတ်ထားပါတယ်။ တရုတ်ကို ဘယ်နှစ်ရာခိုင်နှုန်း၊ ကိုရီးယားကို ဘယ်နှစ်ယောက်. ဘာကိုဘယ်နှစ်ယောက်ပေါ့လေ။ မြန်မာတွေက လွတ်လွတ်ကျွတ်ကျွတ်ကိုလျှောက်လို့ရပါတယ်။ စာရယ် ကျောင်းခေါ်ချိန်နဲ့ ပဲ တွက်ယူတယ်ဆိုရင်တော့ မြန်မာကကျန်ခဲ့တာများပါတယ်။ ဘာလို့လည်းဆို မြန်မာတွေက ကျောင်းထက် ပိုက်ဆံရှာဖို့ပဲ ပိုစိတ်
ဝင်စားသွားတာကိုး.။
၂ နှစ်နီးပါး Language School တတ်နေခဲ့တဲ့ ညီမလေးတစ်ယောက် တစ်ချို့သော စာတွေလာတာမဖတ်နို်င်ဘူး။ ကျွန်မဂျပန်လာတဲ့အခါမှ အစ်မရေဖတ်ပြပါအုန်းလုပ်တယ်။ အမရယ် မနက် ရုံးသန့်ရှင်းရေးသွားလုပ်တယ်။ နေ့လည်ကျောင်းတက်တယ်။ ညဘက် စားသောက်ဆိုင်ဝင်တယ်။ စနေကို ဟိုတယ်ကိုအိပ်ရာသွားခင်းတယ် သမီးဘယ်လိုလုပ် စာလုပ်နိုင်မလည်းတဲ့။ ကဲခုကျောင်းပြီးပြီ။ ကျောင်းသာပြီးသည်။ စာသေချာမတတ်တော့ သူများနဲ့ယှဉ်ပြီးတရားဝင်အလုပ်သွားလျှောက်ဖို့ သတ္တိမရှိတာရယ် ၊တရားဝင်လုပ်ရင် လစာက part time လောက် လည်းမရဘူးဆိုပြီး ကျောင်းပြီးတော့ဗီဇာဝယ်နေတယ်။  ခု အလုပ်ဗီဇာဝယ်တဲ့ကိစ္စတွေက နောက်ပိုင်း ဂျပန်ကလည်း လိုက်လာပြီ ကျပ်လာပြီ။ ရေရှည်ကိုတွက်ကြည့်ဖို့ပါ။
အပေါ်ကနေပြောခဲ့သလိုပါပဲ။ ဂျပန်မှာာအချိန်တော်တော်ကြာ ဘ၀ကိုမြှပ်မယ်ဆိုရင် နယ်ဘက် သို့မဟုတ် ကျွန်မတို့ ကန်ဆိုင်းဘက်က တက္ကသိုလ်တွေကိုလျှောက်ကြပါ။ ကျောင်းလခတွေ များကြီးသွင်းခဲ့ပြီး ကျောင်းပြီး ဗီဇာဝယ်နေပြီး ရရအလုပ်ဝင်လုပ်မယ့်အရာမျိုးတော့ မတွေးကြစေချင်ပါ။
ကျောင်းလခဆိုတာကလည်း ဂျပန်မှာဘယ်ကျောင်းမှ အပြည့်တစ်ခါတည်းမသွင်းကြရပါဘူး။ တော်တော်များများက ခွဲပြီးသွင်းကြတာပါ။ နာမည်ရှိနေတဲ့ကျောင်းတွေဖြစ်တဲ့အတွက် ပထမနှစ်မှာ မရရင်တောင် ဒုနှစ်မှာ စကောလာလျှောက်ယူရင် သတ်မှတ်ထားတဲ့ကျောင်းလခထက် ၃၀ရာခိုင်နှုန်းတို့ ၅၀တို့လျှော့ပေးပါတယ်။နာမည်ကြီးတက္ကသိုလ်တွေဟာ  အဆက်အသွယ်များတဲ့ကျောင်းတွေဖြစ်တဲ့အတွက် ကျောင်းစရိတ်ပေါ့လျှော့ခွင့်တွေအပြင် ထောက်ပံကြေး စကောလာတွေကလည်း တစ်နေရာကနေ တို့တိ တစ်နေရာကနေ တို့တိ နဲ့ ရကြပါတယ်။ ကျောင်းကနေ မိတ်ဆက်ပေးကြတာပါ။
ကျောင်းကနေပဲ လခ လျှော့ပေးတဲ့အပြင် တစ်လ ၅သောင်းတို့ ဘာတို့ရအောင် ရှာပေးတဲ့ တက္ကသိုလ်တွေ များကြီးပါ။
တစ်ချို့ fully scholar ထက်တောင်ရတဲ့သူတွေရှိပါတယ်။ self finance ဖြစ်တဲ့အတွက် အလုပ်ကလည်းလုပ်လို့ရတယ်လေ။ ကျွန်မတို့ အလုပ်လုပ်ခွင့်မရပါဘူး။
တစ်ချို့ ကျောင်းသူများ တစ်လ ၂၅ သောင်းလောက်အောက်ထစ်ထွက်ကြပါတယ်။ အံ့ရောပါပဲ။


Self finance student ထဲမှာ ကိုရီးယားနဲ့ ထိုင်ဝမ်လောက်သာ တစ်ချို့ပြည့်စုံတာပါ။ မြန်မာအများစုဟာ ရန်ကုန်က မိသားစုက မဖြစ်ဖြစ်အောင်လုပ်ပေးလိုက်ရတာတွေရှိပါတယ်။ တစ်ချို့များ ချေးငှားလာရတော့ အတိုးတတ်မှာဆိုးလို့ပါဆိုပြီးဒီကနေနိုင်သလောက်ပြန်ပို့နေရတာတွေလည်းရှိပါတယ်။
ဒီတော့ ၁နှစ် ၂ နှစ်ကို အနှစ်နာခံပါ။ စုဖို့မစဉ်းစားပဲနဲ့ ကျောင်းစာကိုသေချာလုပ် တက္ကသိုလ်ကောင်းကောင်းလျှောက်ပါလို့။  ဒုက္ခခံတယ်ဆိုတာ ထမင်းမစားရလောက်အောင်မဟုတ်ပါဘူး။ သွားချင်တာသွား လိုချင်တာလေး ၀ယ်ဆိုတဲ့ဒုက္ခတွေကို ခဏ အောင့်ထားဖို့ပါ။
စကောလာအဆင်ပြေလာတဲ့ကျောင်းသားတစ်ယောက်အတွက် မာစတာ ဒေါက်တာဆိုတာဆက်တက်ဖို့ ပိုတောင်လွယ်ပါတယ်။ (စာကို ပြောတာမဟုတ်နော်)
ဒေါက်တာအထိမသွားနဲ့အုန်း မာစတာဆိုရင်ကို ကျောင်းပြီးလို့အလုပ်ဝင်ရင် သောင်း ၂၀ (လက်ရှိကျောင်းပြီးသွားတဲ့ကျွန်မစီနီယာ အိုင်တီသမားရဲ့လစာ) လောက်ကနေစပါတယ်။ အလုပ်တစ်ခုမှာရှည်ကြာရှည်စွာလုပ်ပြီး ၃ နှစ်တစ်ခါ ၃နှစ်တစ်ခါ  ဗီဇာသက်တမ်းလည်းတိုးဖူးပြီ။ အခွန်လည်းထမ်းပြီးပြီ ဆိုရင်
PR နဲ့ နိုင်ငံသားလျှောက်ဖို့ က အခွင့်အရေးက ကိုယ့်ဘက်မှာ၇ှိနေပါပြီ။
နေရိပ်လိုချင်နေပူကနေ စောင့်လာရတဲ့သဘောပေါ့။

အင်္ဂလိပ်စာသေချာလေ့လာခဲ့ပါ။
စကားမစပ် ဒီမှာမာစတာပြီးလို့ post grade တတ်တော့မယ်ဆိုရင် trilingualဆိုရင် ဦးစားပေးပါတယ်။
ဒီတော့ ဂျပန်သွားမှာ အင်္ဂလိပ်စာသိပ်မလိုဘူးလို့ ထင်ထားခဲ့ရင်တော့ မမှန်တဲ့အတွေးပါ။
ဂျပန်စာကို တစ်စိုက်မှတ်မှတ်လုပ်လာတဲ့သူဟာ အင်္ဂလိပ်စာမှာ အားနည်းပါတယ်။
တက္ကသိုလ်လျှောက်တဲ့အခါ အရှေ့တောင်အာရှကျောင်းသားတွေဟာ တရုတ်၊ ကိုရီးယားတွေ လို ခန်းကြီး မရတာ ကျောင်းတွေက ထည့်စဉ်းစား ပေးပါတယ်။ ကောင်းပြီ တရုတ်၊ကိုရီးယားထက်ဘာသာလည်း ကြည့်ပါတယ်။ လိုအပ်လာတာ အင်္ဂလိပ်စာပါ။ ဒီရောက်မှ အင်္ဂလိပ်စာသင်တန်းတက်ရင် ပိုက်ဆံပိုကုန်မှာပေါ့။

ခုကျွန်မအသိကောင်မလေး Fully scholor ရသွားတဲ့ကောင်မလေး (မာစတာ)  (နောက်ပို့စ်တွင်သေချာရေးမည်). ကရန်ကုန်ကနေလာမှာပါ။အင်္ဂလိပ်စာကို တစ်ဖက်ကမ်းခတ်သလို ဂျာမန်ဘာသာ ကိုလည်း ပိုင်နိုင်တဲ့အတွက် ခုသူ့တောင်မလာသေးဘူး သူ့အတွက် part time လေးရထားပြီးပါပြီ။  တစ်ချို့  part time ကို အင်္ဂလိပ်စာပြပေးတာတို့ဘာတို့နဲ့ သက်သာစွာ နေချိန်မှာ ကျွန်မတို့မြန်မာ ကျောင်းသူ၊သားတွေ ပင်ပန်းစွာ စားသောက်ဆိုင်မှာ လုပ်နေကြပါတယ်။ ကျွန်မတူမကိုယ်တိုင်ပါပဲ။

အချုပ်ဆိုရလျှင်တော့
ဒါကြောင့် တိုကျိုမှ တိုကျို ဆိုတာ ကိုမရွေးပါနဲ့။
ကျောင်းနာမည်ကိုလည်းကြည့်ပါ။ ကျောင်းတွေဟာ မြန်မာတွေကို welcome ပါ။ အခု မြန်မာသတင်းတစ်ခုမှာဖတ်လိုက်ရတာ APUတက္ကသိုလ် ကျောင်းမှမြန်မာများအားစိစစ်လို့ရေးထားပါတယ်။
တဆင့်စကားနဲ့ကြားရတာက ကျောင်းသားတွေကကျောင်းလည်းရောက်ရော တိုကျိုဘက်ကို ထွက်ပြေးကြတယ်ပြောပါတယ်။ အလုပ်လုပ်ချင်ကြတာကိုး။ နောက်ရဲကမိတယ်ကြားတယ် ။ ရဲကကျောင်းကိုဖုန်းဆက်တော့ ကျောင်းက Deport သာလုပ်လိုက်လို့အဖြေပေးတယ်လို့ကြားတယ်။
APU ဟာ ကျူးရှုးမှာရှိပါတယ်။
ဒီတော့ ချက်ချင်းကြီး ဂျပန်သွားကျောင်းတတ်မယ်ဆိုတာ မဖြစ်နိုင်မလွယ်ကူပါဘူး ။ ပြင်ဆင်ဆဲကာလ မလာခင်မှာ ဂျပန်စာကိုတစ်နှစ်လောက်ရန်ကုန်မှာသေချာလုပ်လာပါ။ဒီရောက်တော့ မပန်းဖုးပေါ့။ လာပါ ကျောင်းသားဘ၀ ဘာမဆိုလုပ်နိုင်မယ်(သမာအာဇီဝ)။ အလုပ်လည်းလုပ်နိုင်မယ်ဆိုရင် အလုပ်ကတော့ရှိပါတယ်။
တစ်ချို့တွေအလုပ်မရလို့ပြန်သွားရတာတွေရှိပါတယ်။ စကားမရပဲနဲ့တော့အလုပ်က မလွယ်ဖူးလေ။ နောက် အိမ်ကတူမလေးဆို လူလေးကသေးတော့စစချင်း အလုပ်သူ့ကိုမပေးချင်ကြဘူး လုပ်နိုင်မယ်မထင်ဖူးဆိုပြီး။ ခုတော့လည်း နောက်နှစ်မှ တက္ကသိုလ်လျှောက်မယ်သမီးရှာလိုက်အုန်းမယ်ဆိုလား ပဲ။
ဒါကြောင့် Language School ကို တိုကျိုဘက်မှာတတ်ရမယ်ဆိုရင်တောင် တက္ကသိုလ်ကိုတော့
 NARA, OSAKA, KYOTO, KOBE, MIE တစ်ဝိုက်ကကျောင်းတွေကိုလည်းရှာကြပါ။
အစိုးရတက္ကသိုလ်တွေဟာ  ၀င်ခွင့်လည်းခက်ပေမယ့် ဈေးလည်းနည်းပါတယ်။ဒါပေမယ့်  လျှောက်ကြည့်ကြပါ။
ကျောင်းဝင်ခွင့်မှာ ဂျပန်စာအပြင် အင်္ဂလိပ်စာအမှတ်လည်းကောင်းနေတယ်ဆိုရင် တခြားသင်္ချာတို့ဘာတို့ညာတို့ သိပ်မဖြေနိုင်ရင်တောင် စဉ်းစားပေးတတ်ကြပါတယ်လို့ ထပ်လောင်းရေးသားလိုက်ရပါတယ်။


ဘာဆက်လုပ်လို့ရသေးလည်း

တခါတစ်ခါလည်း ဂျပန်ကျောင်းသားတွေကို တအားအားကျပါတယ်။ မနာလိုဖြစ်မိပါတယ်။
ကျွန်မတို့ ကျောင်းက အင်တာနေရှင်နယ်စင်တာမှာ Oversea program ဆိုတာကိုစားပွဲတစ်လုံးနဲ့ ချထားပါတယ်။ 
ကနေဒါ၊ သြဇီ၊ ယူအက်စ် ကို တစ်နှစ်သွားမလား ။ ၆ လပဲလား လာထားအမှန်အကန် အကုန် အဆင်ပြေအောင်တာဝန်ယူစီစဉ်ပေးတယ်။
Exchange program အတွက်ဆို ကျောင်းလခ ပေးစရာမလို နေစရိတ၊်စားစရိတ်ပဲကုန်မယ်ဆိုတာတွေများကြီး။
ညာသွားမှာလည်းမစိုးရ လိမ်သွားမှာလည်းမစိုးရ  . သွားလိုက်ကြတဲ့ ကျောင်းသားတွေ ။ အင်္ဂလိပ်စာကောင်းမွန်တဲ့ကျောင်းသားဆိုလို့ကတော့ စိတ်ဝင်စားသွားသာလျှောက်ပဲ။ ဒီမှာ ၆ လလောက် part time လုပ် ပိုက်ဆံစု ပြီး ဟိုမှာ ၆ လ စာသွားလုပ်ကြတဲ့ ကျောင်းသားတွေလည်း မနည်းပါဘူး။




2000 တုန်းက ဂျပန်စာကို တစ်နှစ်ပဲလေ့လာပြီး အင်္ဂလိပ်စာအရမ်းတော်သော မြန်မာမိန်းကလေး TOKYO တက္ကသိုလ်ကို  အင်ဂျင်နီယာ ဘာသာနဲ့ အောင်သွားပါတယ်။ TOKYO ဆိုတာ ဂျပန်ရဲ့ Harvard ပါပဲ။ ဒီမိန်းကလေးဟာလည်းပဲ ပြည့်စုံတဲ့မိသားစုကလာတာမဟုတ်ပါဘူး။ ဒါပေမယ့်ချွန်ထွက်သွားနိုင်တဲ့သူကိုတော့ လေးစားစွာ အမြဲမမေ့နိုင်ပါဘူး။


ကျောင်းပို့စ်ကိုရေးဖို့ကို ချီတုံချတုံဖြစ်ခဲ့ပါတယ်။ လိုအပ်တာတွေလည်းရှိမှာပါ။ လိုအပ်ချက်တွေထောက်ပြသွားတယ်ဆိုရင် ကျွန်မ အချိန်ပေးရကျိုးနပ်ပါတယ်။
ဘလော့ကို ၀င်ပြင်လိုက် ပြန်ဖတ်လိုက်နဲ့ အတတ်နိုင်ဆုံးဖတ်လို့လွယ်အောင် ပြန်ပြင်ထားပါတယ်။

10 comments:

  1. အမှန်အကန် အားရပါးရဖတ်သွားပါတယ်.ကျောင်းလည်းတက်ချင်ပါသည်.ANIMATION ကိုစိတ်ဝင်စားပါတယ်.level 2 အောင်ထားပါတယ်.ဒါပေမဲ့ လိုအပ်ချက်တွေရှိနေဆဲပါ.level 2 လက်မှတ်ကြီး ဒိတ်အောက်သွားပြီး ဂျပန်စာတွေ မေ့သွားမည်ကိုလည်း စိုးရိမ်လှပါသည်.အကြံပေးများကို ကျေးဇူးတင်ပါတယ်.
    AA.

    ReplyDelete
  2. သိပ်နားမလည်ဘူးရေးထားတာရှူပ်နေတယ်။အကြံပေးလိုတာများသွားလို့ထင်တာပဲ။

    ReplyDelete
  3. ဟုတ် အမလည်းရေးရင်း ပြင်ရင်းပါပဲ..


    ကြည်ကြည်

    ReplyDelete
  4. ကြည်ရေ .... (ဗိုလ်ချုပ်လေသံနဲ့ ;P)

    ဖတ်မှတ်သွားပါတရ်

    ReplyDelete
  5. ဗဟုသုတဖြစ်ဖွယ်စာတွေကို
    အကြာကြီးဖတ်သွားတယ်..........။

    ReplyDelete
  6. TOKYO တက္ကသိုလ်မှာ အောင်သွားတယ်ဆိုတဲ့ မိန်းကလေး အကြောင်းသိချင်ပါတယ် စပ်စုတယ်ရယ်လို့ မအောင့်မေ့ပါနဲ့ နောင်လာနောင်သားတွေ အတုယူရအောင်လို့ပါ.... ဂျပန်မှာ အလုပ်တစ်ဖက်နဲ့ များဂျပန်တွေတောင် တက်ဖို့ ခဲရင်းတဲ့ TOKYOတက္ကသိုလ်ကို အောင်တယ်ဆိုတော့ ကိုယ့်မြန်မာ အချင်းချင်း ဂုဏ်ယူမိပါတယ်း)

    ReplyDelete
  7. 'အများစုကတော့ ဂျပန်မှာကျောင်းတက်မယ်ဆိုရင် ၁၂ တန်းလိုပါတယ်'
    အဲဒါ ဘာကို ဆိုလိုတာလဲ ဟင် အစ်မ?
    ပြီးတော့ university က ဘွဲ့ တစ်ခုရဖို့ အတွက် ဘယ်နှစ်နှစ် တက်ရပါသလဲ သိချင်ပါတယ်ရှင်...
    အပိုင်း ၂ ကိုလည်း မျှော်နေပါတယ်...
    ကျေးဇူး အများကြီး တင်ပါတယ်

    ReplyDelete
  8. မမကြည်..
    အရမ်းကိုဗဟုသုတရသွားပါတယ်
    ကျေးဇူးပါရှင်

    ခင်မင်လေးစားစွာဖြင့်

    မဒမ်ကိုး

    ReplyDelete
  9. Thanks Sis,
    I have got many information.Its so helpful for me.

    ReplyDelete
  10. မကြည်ကြည်ရေ
    စိတ်ဝင်တစားဖတ်သွားသလို
    မိမိမသိတဲ့ရှုထောင့်တွေကိုလည်းသိရ
    ဗဟုသုတရတဲ့အတွက်
    ကျေးဇူးတင်ပါတယ်။

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။