Saturday, September 10, 2011

ကန်ဆိုင်းက အစားအစာများ (kansai အစားအစာ)

ရန်ကုန်အကြွား မော်လမြိုင်အစား မန္တလေးစကားလို့ဆိုကြတယ်မို့လား ။ ဒီလိုပဲ ဂျပန်မှာလည်း နာဂိုယာအကြွား အိုဆာကာ စကား လို့ပြောကြတာပဲ ။အိုဆာက က စကားက သာမန်ဂျပန်စကားထက်နည်းနည်းလေး
 အသံဝဲတာတို့နောက်အသုံးနှုန်းနည်းနည်းကွာတာလေးတွေရှိတယ်။
ဂျပန်လိုကျေးဇူးတင်တာကို. Arigatou လို့ ပြောကြပေမယ့် အိုဆာကာဘက်ကြတော့ Domo Okini လို့ပြောကြတာကို။

ဒီတစ်ခါတင်ပြချင်တာက အစားအသောက်ပေါ့။ (အစားသောက်ဘလော့တွေသွားပီးသရေကျရတာများလွန်းလို့)။

ကျွန်မတို့ကျိုတိုဘက်က ဟင်းတွေက ပေါ့ပေါ့လေးတွေများတယ်။ ဒီတစ်ခါတော့ဟင်းတွေထက် ချဉ်ဖတ်ကိုအထိကထားပီးရေးချင်တယ်။ ဂျပန်တွေလည်း ချဉ်ဖတ်ကိုအမျိုးမျိုးချဉ်ပါတယ်။ ဆားနဲ့ချဉ်တယ်။ ရှာလကာရည်နဲ့ချဉ်တယ်။ ဖွဲနုနဲ့ချဉ်တယ်။နောက်တစ်ခုကတော့ မီဆိုးပေါ့လေ မီဆိုးနဲ့ချဉ်တယ်ပေါ့။
ဟော ကျိုတိုနားက နာရာကြတော့ အရက်နဲ့ချဉ်တဲ့ချဉ်ဖတ်ကနာမည်ကြီးသလိုအရသာကြတော့ အတော်ကိုလေးတယ်။ ဂျပန်လူမျိုးတွေက စစ်ပီးခေတ်မှာ စားစရာမရှားလွန်းလို့ ထမင်းဖြူနဲ့ ချဉ်ဖတ်ကိုသာအဓိကစားခဲ့ကြတယ်တဲ့ကွယ်။



နာရာ မုန်လာဥချဉ်ဖတ်

နာဂိုယာကြတော့ ဘာလုပ်လုပ် မီးဆိုးသိပ်ထည့်သလိုပဲ အရသာတွေလည်းသိပ်ပြင်းတယ်။ ကြည်ကြည်တော့မစားနိုင်ဘူး။ ကျောင်းကိစ္စနဲ့သွားရတိုင်းဆရာတွေ အသိတွေက ခေါ်သွားတာက တစ်ကယ့်နာဂိုယာစတိုင်စားသောက်ဆိုင်. ကြက်တောင်ပံကြော်ကနာမည်ကြီးတယ် အဲ့အပေါ်မှာ မီဆိုးအနှစ်ကို ပျစ်ပျစ်ကြီးဆမ်းထားတာ. ဘယ်လိုမှ စားရတာအဆင်မပြေ.


ဒါက၀က်သားပြားကျော် မီးဆိုးအရာသာမီဆိုးကလည်းဆမ်းထားသေးတယ်



တစ်လောက တိုကျိုကအမက လာလည်တော့ ကျိုတို ISETEN အောက်မှာဝယ်လိုက်တဲ့ ကျိုတိုချဉ်ဖတ် အဲ့ဒါတွေကို အမှတ်ရတော့ ဓတ်ပုံမရိုက်လိုက်ရတာကို နှမျောနေတယ်။ ဒီတော့ ဂူဂယ်ကနေ ရှာလိုက်တာပေါ့.
သခွားသီးချဉ်ဖတ်ကတော့ ဂျပန်ရဲ့ထမင်းပွဲတိုင်းမှာထည့်ပေးလေ့ရှိတယ်လေ။ အရောင်လေးတွေသာကွာတာ ..
မုန်လာဥချဉ်ဖတ်ကလည်း ဂျပန်ရဲ့အဓိကလို့ဖြစ်နေပြန်ရော။
နောက် ကျွန်မတို့ဘက်က အစားများတာက ခရမ်းသီးချဉ်ဖတ်



ကဲကြည်ကြည်တို့ မြန်မာတွေ ကြောင်ရှာသီးချဉ်ဖတ်ရှိတယ်နော်။ ကြက်ဟင်းခါးသီးချဉ်ဖတ်တော့မရှိဘူးထင်တယ်နော်။ ဂျပန်လည်းကြက်ဟင်းခါးသီးကို စားတာ ဆယ်စုနှစ်တစ်ခုလောက်ပဲရှိအုန်းမယ် အရင်တုန်းကသိပ်မရှိဘူး။ သူက အပူပိုင်းအသီးကိုး။ ၁၉၉၀ လောက်အထိ အိုကီနာဝါမှာပဲ အထိကစိုက်ခဲ့တယ်လို့သိရတယ်. ခုချိန်မှာကြက်ဟင်းခါးသီးကို ဂျပန်လို GO-YA လို့ခေါ်ကြတယ်။ ဒါကလည်း အိုကီနာဝါမှာ GO-YA လို့ခေါ်လို့တဲ့။ သူတို့စာထဲမှာလည်း ကြက်ဟင်းခါးသီး = အိုကီနာဝါမှလာသော ခါးသောသခွားသီးအမျိုးစားလို့ရေးထားတာကိုး။
ကျိုတိုမှာတော့ ကြက်ဟင်းခါးသီးကို ငရုတ်သီးလေးနည်းနည်း ရှာကလာရည်ရယ် လယ်မွန်ရယ်နဲ့ချဉ်ထားတာလေးတွေ့ခဲ့တယ်။

နောက်တစ်ခုက ဖရုံသီးကင်းလေးတွေ ချဉ်ဖတ် သူကတော့ သိပ်စားမကောင်းသလိုပဲ ကြိုက်ဘူး။
စားကြည့်လို့ မဆိုးဘူးလို့ထင်လိုက်တာက ဖရဲသီးကင်းလေးတွေချဉ်ဖတ် ..

ဖရဲသီးချဉ်ဖတ်



ဒါကတော့ ကျိုတိုလို့ပြောလိုက်တာနဲ့ နာမည်ကြီး Kabura ချဉ်ဖတ်. မုန့်လာဥ၀ိုင်းနဲ့လုပ်တာ
မြန်မာပြည်မှာတော့ ရှမ်းပြည်ကအန်တီတစ်ယောက်လုပ်ပေးလို့ ဘူးသီးချဉ်ဖတ်စားဖုးတယ်။ ဂျပန်တွေကဗူးသီးသိပ်မစားသလို တစ်ချို့ သိပ်တောင်မမြင်ဘူးတဲ့သူတွေရှိတယ်။
မနှစ်ကနွေရာသီတုန်းက ကျိုတို Botanical  garden ထဲမှာ ဗူးသီးတွေ ကိုစင်ထိုးပီးစိုက်ပြထားတာ. ဗူုးသီးကြီးတွေလည်းကြီးမှကြီး အဲ့ဒါကိုတစ်ကူးတစ်က သွားကြည့်တဲ့သူတွေ များသား ကန်ဆိုင်းသတင်းထဲမှာတောင်ပါတယ်း)
ဂျပန်တွေ စားရကောင်းမှန်းမသိတာကတော့ ဗူးရွက်နုနဲ့ ဖရုံရွက်နု ပါပဲ ။


ကျိုတိုဟာ နိုင်ငံခြားသားတွေအတွက် လည်ပတ်စရာများလွန်းတဲ့မြို့ပါပဲ အနုပညာ၊ လက်မှု့၊
သမိုင်းအမွေနှစ် စသည်ဖြင့် ကြွယ်ဝလွန်းတဲ့မြို့ဖြစ်သလို အစားသောက်နာမည်ကြီးတွေကလည်းရှိတာကိုး။

ကျိုတိုလာတိုင်း လူတိုင်းစားကြတဲ့မုန့် လက်ဆောင်ဝယ်ပြန်တဲ့မုန့် ..မန္တလေးသွားလို့ ထိုးမုန့်ဝယ်သလိုမျိုးပေါ့လေ (ကြည်ကြည်တော့ ထိုးမုန့်၊လမုန့် မကြိုက်) …
NAMAYATSU HASHI တဲ့ သူကအခြောက်လည်းရှိသလို အစိုလည်းရှိတယ်။
ကောက်ညင်းနဲ့အပြင်သားကိုလုပ်ထားပီးအထဲမှာတော့ စတော်ဘယ်ရီ အရသာ၊ ကျိုတိုနာမည်ကြီး UJI လက်ဖက်ခြောက်အရသာ၊ ပဲအရသာစသည် ဖြင့်လုပ်ထားပီး အပြင်ဘက်ကိုတော့ သစ်ဂျပိုးမှု့န်လေးပါးပါးလေးဖြူးထားတဲ့အရသာပါ။
                                      နာမရစု ဟရှိ namayatsu hashi


အိုဆာကာ ကြတော့ Takoyaki လို့ခေါ်တဲ့မုန့်လင်မယား အလုံးပုံမျိုးထဲ
ကိုရေဘ၀ဲအသားလေးတွေတုံးပီးထည့်ထားတာကို အပေါ်ကနေ ငါးမှု့န့်ဖြူးထားတာ။ (ကြည်ကြည်မကြိုက်)



ဟိရိုးရှီးမားကြတော့ Okonomiyaki . ဂျုံမုန့်နဲ့ပျစ်ပျစ်ဖျော်ပီး အကြော်သံပြားပေါ်တင်ပြီးဘိန်းမုန့်လုပ်သလိုလုပ်ပီးအပေါ်ကနေ အသားတို့ ဂေါ်ဖီတို့ ကိုပုံထားပီး အပူပေးတာပေါ့လေ. သူကတော့ Mayonnaise နဲ့ နောက်သူတို့ရဲ့ ဆော့်စ့်နဲ့စားကြတာပေါ့ ။(ဒါလည်းကြည်ကြည်မစားဖြစ်)




ကဲဒီလောက်ဆို ဂျပန်လာလည်လို့ ကျိုတိုဘက်လာလည်မယ်ဆိုရင်တော့ ဘာတွေစားပီးဘာတွေဝယ်မလည်း နည်းနည်းတော့သိသွားပီပေါ့ ဟုတ်တယ်နော်…

Photos from google

11 comments:

  1. 1st time i visited your blog. Thanks for sharing your food.

    Food lover

    ReplyDelete
  2. ချဉ်ဖတ်ကတော့ ဘာချဉ်ဖတ်မှကိုမကြိုက်တာ အစ်မရာ...၊ဒါပေမယ့် ရေဘဝဲ
    ထာပနာ ထား.တဲ့ အလုံးလေးတွေတော့စားချင်သား......

    ReplyDelete
  3. တို့များတော့ ဆန်ဆေးရည်အကြည်ထဲ မုန်လာဥလေးလှီးပြီးထည့်လိုက်
    ၃ရက်လောက်နေ စားလို့ရရေား)

    ReplyDelete
  4. စားချင်စရာလေးတွေ ..စားချင်တယ်ဆို..ဟင့် ..:):)

    ReplyDelete
  5. Me too, I don't like takoyaki and ထိုးမုန့်၊လမုန့် .

    Mon Petit Avatar

    ReplyDelete
  6. ချဉ်ဖတ်ဆိုညီမကတော့မြန်မာပြည်ကချဉ်ဖတ်ပဲကြိုက်တယ်
    စိတ်ထဲမှာအားမရဘူး အရသာကပေါ့လို့ :)))

    ReplyDelete
  7. မန္တလေးက အစား မဟုတ်ဘူးလား။ အဲလိုပဲ ကြားဖူးလို.း)

    ReplyDelete
  8. အစ်မရေ ပထမဆုံးအကြိမ်လာလည်ပါတယ်။ အမြဲလာလည်တော့မယ်နော်။ အစ်မကလဲ ဂျပန်စာတွေ မကြိုက်တာတွေချည်းပါပဲလား။ ချဉ်ဖက်ဆို မုန်လာချဉ်ပဲကြိုက်တယ်။

    ReplyDelete
  9. လာလည်ချင်တယ်
    ဂျပန်ချဉ်ဖတ်စားချင်တယ်
    ဝက်သားပြားလည်း စားချင်တယ်
    မီဆိုအနှစ်က ဘယ်လိုအရသာရှိမှန်းမိသိသေးလို့ အဲဒါလည်းစားချင်တယ်

    ReplyDelete
  10. မစားဖူးသေးတာတွေ စမ်းစားကြည့်ချင်ပါတယ်။ ချဉ်ပတ်ဆိုကြိုက်ပါတယ်။

    ReplyDelete
  11. ကြိုက်ဖူး တစ်ခုမှ.၀ါဆာဘိဆိုပိုမုန်းသေး
    တာပန်ရာကီနဲ့ ဆူရှီပဲလိုက်တယ်း)
    နေမကောင်းပါဘူးဆိုမှ စားစရာတွေချည်းတင်နေကြတာပဲး(
    စိတ်နာတယ် စိတ်နာတယ်

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။