Friday, February 4, 2011

တို့ ကမျိုးနဲ့ ရိုးနဲ့ 

 ဒီနှစ်ရောက်လာတဲ့ ကျောင်းသားတွေက ဂျပန်စကားကိုပိုစိတ်ဝင်စားတယ်။မေးကြည့်တော့ သဘောကျမိတဲ့ဂျပန်မလေးတွေ က
အီး လို မရလို့တဲ့
ဟိုဟာဘယ်လိုပြောလည်း ဒီဟာဘယ်လိုပြောလည်းဆိုပြီးမေးတတ်ကြတယ်။ တခါတခါလည်းသူတို့ ပြောလိုက်တာတွေ က အူနာအောင်ရီရယ်)ရတယ်။

ဂျပန်စာစ သင်ခဲ့တုန်းက ဘ၀လေးကို အမှတ်ရသွားပြန်ရော.....

ဟိုး……….လွန်ခဲ့တဲ့ နှစ်များစွာကပေါ့…..

ချစ်စရာကောင်းတဲ့ မြန်မာမငယ်ငယ်လေး 

သက်ဆိုင်ရာကောလိပ်ကိုမသွားခင်မှာ ဂျပန်စာ ၁ နှစ်ကျော်စတတ်ရပါတယ်..ဂျပန်လို ထိထိမိမိစပြီးသင်တဲံ့အချိန် အသံထွက်ကလည်း မြန်မာပြည်ကနေစွဲလာတဲ့အသံထွက်တွေပြန်ပြင်ပေါ့။
အဲ့မှာ စစချင်းမှာပဲ ကဗျာတွေလည်းသင်ရတယ်။ ကိုယ်ကအဲ့လို ကဗျာရွတ်နေချိန်မှာ ကိုယ့်ဘေးမှာရွယ်တူမြန်မာစာအထူးပြုဂျပန်မတွေက ညအခါ လသာသာ ဆို ကိုယ့်မှာ အူကိုတတ်ရော...
အဲ့ဒီ့မှာ…ကဗျာက zou san zou san hanaga nagai yo ne.. ဆိုတာက ဆင်ကြီးဆင်ကြီး နှာမောင်းကြိးကရှည်ပါတယ်ပေါ့ ..
နောက်တစ်ခုက cho...cho.. cho..cho.. nanohana tomare . nano hana tomare  sakurani tomare  ပေါ့
လိပ်ပြာလေး  လိပ်ပြာလေး  ဘယ်ပန်းနားမလည်းလိပ်ပြာလေး  ဆကူရာပေါ်နားပါပေါ့  အတိုချုပ်ရရင်တော့။
အဲ့ဒီခေတ်တွေတုန်းက ကျွန်မတို့ ဂျပန်စာကျောင်းမှာကျောင်းသားက ထောင်ချီတယ်။
ပါတီပွဲ ဆိုတာလည်း တခြားတက္ကသိုလ်တွေကလာဖိတ်တာတွေ များမှများ။ ကောင်စစ်ဝန်ရုံးတွေကလုပ်တဲ့ပါတီတွေ ကျောင်းကိုလာဖိတ်ရင် ဆရာမကြီးက သူ့ကျောင်းသူတွေ သိပ်ပွဲထုတ်တယ်။ တိုကျိုဘက်မဟုတ်တော့ မြန်မာကလည်းလက်ချိုးရေလို့ ရတယ်။။ အကပွဲသွားမယ်ဆိုရင် ဆိုရှယ်ဒန့်စ်ဆိုတာပါ ကြိုသင်ပေးသေးတယ်။ နောက် ပြင်သစ်စာတို့ ဘာတို့ စားပုံစားနည်း ပါတီသွားရင်ဝတ်နည်း အကုန်သင်တာ။.
ဒီတော့ မှတ်မှတ်ရရ… ပါတီပွဲကြီးတစ်ခုမှာကျွန်မက ကဗျာရွတ်ရမယ်..
ကဲ ခန်းမကြီးတစ်ခုထဲမှာ လူ ၃၀၀လောက် နိုင်ငံတကာကျောင်းသားတွေ ကိုမြင်ကြည့်လိုက်….
အစီအစဉ်ကြေငြာသူက  student form Myanmar……….တဲ့….ဖျောင်းဖျောင်း ဖျောင်း  (လက်ခုတ်သံ)
 ကဲ၇ွတ်ပါပြီ.အဲ့မှာ…လိပ်ပြာကဗျာ ရွတ်ရမှာက
 တီးလုံးစလိုက်တယ်ဆိုရင်ပဲ လူကဒူးတွေ တုန်လာပြီး ဆိုလိုက်တာ
Zou san Zou san nano hana tomare… nano hana tomare ,,sakurani to mare
အဲ့မှာရီလိုက်ကြတာတအုန်းအုန်း…

ဆင်ကြီး  ဆင်ကြီး  ပန်းပေါ်ဝဲပါဆင်ကြီး ဆကူရာပန်းပေါ်မှာနားပါပေါ့….

အဲ့မှာ ဆရာမကလည်းရီလိုက်တာ
ပြီးတော့မိုက်နဲ့ တတ်ပြောတယ်.။ဆင်နားတဲ့ပန်း သနားစရာဆိုပီးတော့….


နောက် သတိရမိတာက
ထမင်းစားချိန်မှာဆရာမက ဘာဟင်းလည်းတဲ့
မေမေပို့ပေးတဲ့ ပုစွန်ခြောက်ကျော်လို့ ပြန်ဖြေလိုက်တာ hebi လို့ ပြောမိလိုက်တယ်။ ဆရာမက ဆိုး……ဒတ်စကာ(အော်ဟုတ်လား အံသြောတဲ့အသံ)…………..   (တဘဲမတ်စက =စားတာပေါ့နော်တဲ့) ကျွန်မကလည်း အိုအီးရှိ……….( ကောင်းလိုက်တာလို)့ပြန်ဖြေလို်က်တယ်။ ဘာသာစကားစိတ်ဝင်စားသူဆိုတော့ ဆရာမ  မသင်တာတွေလည်း  ကိုယ့်ဘာသာကိုယ်လိုက်မှတ်တာ
Hebi ဆိုတာက မြွေ Ebi ဆိုတာကမှ ပုစွန်လေ ..ကဲ…..

ရန်ကုန်ရုံးမှာလုပ်တော့ ရုံးကဒရိုင်ဘာဘကြီးက အတော်ကို အီးလိုပြောခြင်တာ.….ရုံးကနေအလုပ်ကိစ္စနဲ့ဂျပန်ဧည့်သည်နဲ့ အမျိုးသားဝန်ထမ်းနဲ့ ကားခရီးထွက်ရတယ်။ ပြန်လာတော့ ကောင်လေးက အမရေ မပြောချင်ဘူး ကျွန်တော်လည်းငိုက်လာလိုက်တာ ကားက ဒုန်းဆိုမှ နိုးတယ်။ ဧည့်သည်လည်းလန့် သွားတယ်ပေါ့။   ဘာဖြစ်တာလည်းမေးတော့ ဦးလေးကြီးပေါ့ စနိုက် စနိုက်ဆိုလို့ ကျွန်တော် လည်း တို၇ီ(ကြက်) တိုရီဆိုပီး ပြောရော
ကားရပ်ပြီးသွားကြည့်ကြတော့ လမ်းကူးတဲ့ မြွေကိုတွေ့ ရတာပဲ တဲ့။

တို့ က မျိုးနဲ့ ရိုးနဲ့ ကို နိုင်ငံခြားဘာသာစကားစံထားလောက်တာ
တောမှာနေတဲ့အဒေါ်က ရန်ကုန်လာတယ်။ ၁၀တန်းထိတော့နေဘူးတယ်။ တောသူဌေးပေါ့။ ကားလာဝယ်တော့ အဒေါ်ငယ် ဘာကားဝယ်မယ်စိတ်ကူးလည်းဆိုတော့ အေး..သမီးရယ်ရိုးထဲလည်း မောင်းလို့ ရအောင် ဘင်ဝယ်မယ်အေ တဲ့ ဟာ ဘင် …အဒေါ် ဗန့်စ်စ် ကို ပြောတာလားဆိုတော့ ဦးကြီးက သမီးရေ van ၀ယ်မှာတဲ့ ...နောက် ပြီးတော့ မောလိုက်တာအေ ကရက်ရှာမ၇ှိဘူးလားတဲ့ ဟမ်…ဆိုတော့ Crusherကိုပြောတာ။
အိမ်ကသားတော်မောင်က ရီတာတခွီးခွီးနဲ့ .. နောက်သားက ဘွားငယ်သားပြန်တော့မယ်ဆိုတော့
အော်အေးအေး သားလေး က ဘိုကျောင်းမှာတတ်တဲ့ခလေးဆိုတော့ နေပါအုန်း….(စဉ်းစားဟန်)
သားရေ  တူးရုဆီးမေားရိုးတဲ့ ကဲ ။
အဒေါ်ငယ်ပြန်တိုင်းမှတ်သားစရာ… ချည်းပဲ
တခါက  ဖုန်းဆက်မိတော့ သူ့ သမီးက မီးမီးသိပ်၇ှက်တာပဲ မကြီးရယ် ..မေကြီးလေ ကပ်စေးနဲရောင်းနေတယ်ဆိုတော့ ဟယ်…ဟုတ်လားဆိုတော့..သူကဖုန်းဝင်ကိုင်တာ  ဘင်က နောက်ကျယ်တယ်လေဟယ် ဒီတော့ သမီးကိုကျောင်း သွားကြိုတဲ့အခါ ဆီဖိုးလေးပဲရရဆိုပီး ကပ်စေးနဲဇလုံ ကားပေါ်တင်သွားပီး ထိုင်ရောင်းတယ်တဲ့  ကဲ အဲံ့လို အဒေါ်ပါဆို…
အဲ့ဒီင်္တောသူအဒေါ်ငယ်ငယ်တုန်းက မေသန်းနုနဲ့ သိပ်ဆင်တယ်…ခုလည်းချောတုန်း(ကြွားပြန်ပီ)

ကြည်ကြည်  



7 comments:

  1. အဒေါ်ငယ်ပြန်တိုင်းမှတ်သားစရာ… ချည်းပဲ
    တခါက ဖုန်းဆက်မိတော့ သူ့ သမီးက မီးမီးသိပ်၇ှက်တာပဲ မကြီးရယ် ..မေကြီးလေ ကပ်စေးနည်းရောင်းနေတယ်ဆိုတော့ ဟယ်…ဟုတ်လားဆိုတော့..သူကဖုန်းဝင်ကိုင်တာ ဘင်က နောက်ကျယ်တယ်လေဟယ် ဒီတော့ သမီးကိုကျောင်း သွားကြိုတဲ့အခါ ဆီဖိုးလေးပဲရရဆိုပီး ကပ်စေးနည်းဇလုံ ကားပေါ်တင်သွားပီး ထိုင်ရောင်းတယ်တဲ့ ကဲ အဲလို အဒေါ်ပါဆို…......

    ဟာ .. အံ့ရောဗျာ ။ တွေးတောင်မတွေးမိဘူး၊ နောက်လာမဲ့ အစိုးရအဖွဲ့မှာ စီးပွားရေး အကြံပေးခန့်ချင်ပါတယ်။

    ခင်လျက်

    မင်းဒင်

    ReplyDelete
  2. ဆင်ကြီး ဆင်ကြီး ပန်းပေါ်ဝဲပါဆင်ကြီး ဆကူရာပန်းပေါ်မှာနားပါပေါ့

    ReplyDelete
  3. အော်... အော်...
    အမတို့ကတော့ တကယ့်ကို မျိုးနဲ့ရိုးနဲ့ဘဲ။ ဆင်ကြီးဂဠုန်ချီ မဟုတ်တော့ဘဲ ဆင်ကြီး ပန်းပင်ပေါ်နား ဖြစ်သွားရောပေါ့။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  4. ကပ်စေးနဲရောင်းတာ သဘောကျတယ်
    ဒီလိုစီးပွားရေး အကွက်မြင်တာ ချီးကျုးစရာ
    မေသန်းနုနဲ့တူတယ်ဆိုလို့ ပိုပြီးစိတ်ဝင်စားသွားပါတယ်း)

    ReplyDelete
  5. ဒါနဲ့ ဘာဟင်းနဲ့ စားတာ... အော် တိဘီတိဘီ။ Hebi

    တို့တော့ မစားရဲပေါင်. အကောင်မြင်တောင် ဝေးဝေးရှောင်.. တော်တော်ကြောက်စရာ ကောင်းတဲ့ကောင်။

    ReplyDelete
  6. ငယ်ငယ်က ကပ်စီးနဲရောင်းတဲ့ ကုလားမအဖွားကြီးက လက်ကိုတံတွေးဆွတ်..ပြီးမှာ ကပ်စီးနဲကိုဆွဲပြီး တုတ်နဲ့ လိပ်ပေးတာ..သတိရပါသေး

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။