Sunday, February 6, 2011

ပြည်တော်ပြန်တို့ အိုင်ဒီယာ

သူငယ်ချင်းတစ်ယောက်ကို အားပေးချင်တဲ့စိတ် ကြော်ငြာပေးချင်တဲ့စိတ်နဲ့ ဒီပို့ စ်ကိုရေးတယ်ကွယ်။
နိုင်ငံခြားမှာ အပြီးမနေဘုးဆိုတဲ့ သူတွေ မှာ အမိမြေနဲ့ ဝေးရာမှာ အလုပ်တွေ လုပ်ကြပိုက်ဆံတွေ ပို့ ကြ.
ပို့ တဲ့ပိုက်ဆံကို အမိမြေက ကျန်ခဲ့တဲ့ မိသားစုရဲ့ စားဝတ်နေရေး ဖြေရှင်းကြတယ်။ တိုးပွားအောင်မလုပ်တတ်ကြဘူးဆိုရင်တော့  နိုင်ငံခြားရောက်နေတဲ့သူကလည်း အချိန်တန်လို့ တောင် အိမ်မပြန်ကြသေးပဲ ဆက်လက်ရုန်းကန် ကြပေါ့။ အထုပ်နဲ့ ပြန်သွားလည်း အဲ့အထုပ်ကို ဘယ်လိုသုံးကြမလည်း ဘာလုပ်ကြမလည်းဆိုတာက ခေါင်းခဲစရာတွေ။  

ရွှေပြည်ကိုပြန်ကြတဲ့သူတွေများကြီးထဲမှာလက်ရှိအောင်မြင်နေတဲ့သူတွေ၊လုပ်ငန်းကို
စတင်ဖို့စိုင်းပြင်နေကြသူတွေ လုပ်ငန်းသေးလေးတွေ၊လုပ်ငန်းကြီးတွေ ..................
ဥပမာ goodmorning ပေါင်မုန့်  လား wonder လားပဲ (မမှတ်မိဘုး)
၂ခု စလုံးကတော့ဈေးကွက်မှာ အောင်မြင်နေတဲ့သူတွေ
သူဆိုလည်းဂျပန်ကပြန်သွားတာပေါ့  ကိုးကွယ်တဲ့ဆရာတော်ကဆို  အတော်ချီုးကျူးတာ
ဒီလူ ပြန်လာခါစမှ ပါလာတဲ့ပိုက်ဆံကိုယ် နေစရာအိမ်၊ စီးစရာကား ဘာမှမလုပ်ပဲနဲ့
ဖြစ်သလိုနေပြီးလုပ်ငန်းကို ဦးစားပေးပီးလုပ်လိုက်တာ စေတနာရယ် အိုင်ဒီယာရယ်ပေါင်းတော့ကြီးပွားသွားလိုက်တာ... ပြန်ပြန်ခြင်း နေစရာ၊ စီးစရာသာဦးစားပေးလိုက်ရင်. ခုချိန်သူ့ လက်ထဲ ဒီလောက် တိုးပွားလာမယ်မထင်ဘုးတဲ့...

 ခုရန်ကုန်မှာ ခေတ်စားတဲ့ lucky seven tea house  ဂျပန်ကပြန်သွားတဲ့ညီအကိုတွေ.
သွားထိုင်ကြည့်လိုက် သိလိမ့်မယ်။ဆိုင်ခွဲတွေ ဖွင့်လာနိုင်လိုက်တာ အားကျစရာ ကိုယ်သိတာတင် ၄ ဆိုင် ....၁ ဆိုင်ရဲ့ရောင်းအားတနေ့ အောက်ထစ် ၁၀ သိန်း.နဲ့ ပဲ တွက်။
နောက် စီးတီးမတ်ရှိတဲ့နေရာတိုင်း ရှိတတ်တဲ့ season bakery  ထိုင်ဝမ်ပြန်တဲ့။.အစားအသောက်ကရန်ကုန်အနေထားနဲ့တော့ မဆိုးဘူးပေါ့  ရောင်းနေရတာပဲ..

ပါတိတ်လုပ်ငန်းလုပ်သူ၊ဖန်စီပစ္စည်းလက်ကားဖြန့်သူ၊ အိမ်ဝယ်ပြုပြင်ပြန်ရောင်းလုပ်တဲ့သူ။။
ရတနာလုပ်ငန်း လုပ်နေသူတွေ . စားသောက်ဆိုင် ကြီးကြီးလုပ်နေသူတွေ သေးသေးလုပ်နေသူတွေ
အလှပြင်ဆိုင်လုပ်ငန်းလုပ်နေသူတွေ…….တွေ …တွေ ….တွေ…..တွေ
၉၀ ရာခိုင်နှုန်းက  အစကတည်းက အရှိန်အဟုတ်နဲ့ စနိုင်သူတွေ မဟုတ်…

မနှစ်ကပြန်တော့ လှည်းတန်း ဘက်မှာညနေဆိုရင် ကားထိုးပီးရောင်းတဲံ့ ဆူရှီလိပ်…ငါးအစိမ်းစား ကြက်သားပေါင်းကိုထည့်သုံး ပီး မြန်မာမှု့ ပြုထားတယ။် လတ်လတ်ဆတ်ဆတ် ကိုယ့်ေ၇ှ့တင်လိပ်.. ပုံလေးနည်းနည်းပျက်သွားတာဆိုရင် အလကားထည့်ပေးသေးတယ်။သန့်ရှင်းမှု့. စေတနာ ဈေးနှုန်းပြောစရာမရှိ .လိပ်နေရင်းနဲ့ လာစားသူတွေ ကို
ကျေးဇုးတင်ပါတယ်လို့ ပြောနေတာက အာရိဂတ်တိုးဂိုးဆိုင်းအိမစ်တ် လို့ ပြောနေသလို။ လူတွေ ကလည်း အုံနေတယ် ညနေတိုင်းဒီလိုမျိုးတဲ့.. သူတို့ က ဒီလို တစ်နေရာတည်းမဟုတ်တဲံ့ ။

 အမကြီးတစ်ယောက်.
...ကိုယ့်အိမ်မှာနေ့စဉ်မသုံးမဖြစ်ပစ္စည်းထဲမှာ သူ့ထုတ်လုတ်တဲ့ပစ္စည်းက တစ်ခုအပါအ၀င်.
ဒ်ီကနေပြန်တယ်။ တိုးဂိုက်လုပ်တယ်။အတော်အောင်မြင်တဲ့ထဲမှာပါတယ်။ နောက် သူဂျပန်ပြန်သွားတယ်
အော်.. သူပြန်ထွက်သွားပီပဲလို့ ထင်လိုက်တာ။ တစ်နှစ်လောက်ကြတော့သူ့ပစ္စည်းလေးနဲ့အိမ်ကိုလက်ဆောင်လာပေးတာ။
 ပထမတစ်ခါ နိုင်ငံခြားမှာသာအလုပ်လုပ်တာ ဘာမှ နည်းပညာ ပါမလာနိုင်လို့ နောက်တစ်ကြိမ် ၃လ လောက်ထွက်သွားပီ သေချာလေ့လာ ချိတ်ဆက်ခဲ့ပီး လုပ်ငန်းစလုပ်နေလို့ ဘယ်မှ မထွက်နိုင်တာတဲ့။

အမွှေးတိုင်ပါ ….TV မှာတော့မကြော်ငြာဘူး ..အဓိကက ဂျပန်ကိုပြန်ပို့ နေတာ..မြန်မာအမွှေးတိုင်တွေလို မကျည်းသားမလိုတဲ့အတွက် တစ်ဘက်က ကြည့်ရင် eco နောက် ဂျပန်လိုနေရာကို ပြန်ပို့ ဖို့ ဂျပန်က ဓာတုပစ္စည်းနဲ့ လက်မခံဆိုလို့ ကုန်ကြမ်းနံသာက စလို့ ပြာအထိ သဘာဝပစ္စည်းတွေ (လုပ်ငန်းလေးလိုက်ကြည့်ထားပီးရေးတာနော်)  (အသေးစိတ်ရေးရင် ဖတ်ရတာ ပျင်းလိမ့်မယ်)ဒီတော့သေချာမကိုင်ရင်တော့ ဂျပန်အမွှေးတိုင်တွေလိုပဲ ကျိုးတော့လွယ်တယ်။
သူက ..ပြည်တွင်းမားကတ်ကို အဓိကပိုဖောက်ချင်တာ။ ဒါပေမယ့် ဈေးနှုန်းက သူများထက်မြင့်နေတယ်။
အချောင်း ၅၀၀ပါတာကို မြန်မာငွေ ၈၀၀လောက်ကို တစ်ချို့ က သိပ်စိတ်မ၀င်စားဘူး ။ အထုပ်သေးလည်းရှိပါတယ်။ နည်းနည်းနဲ့ ပေါပေါကို ပဲ သုံးချင်နေတဲ့ဈေးကွက့် မှာသူအတော်ရုန်းကန်တယ်။သူ့အမွှေးတိုင်သုံးပီး အခြားသော အနံပြင်းတွေ သုံးချင်စိတ်မရှိတော့တာတော့အမှန်။ဂျပန်မှာသာမန်ရောင်းနေတဲ့ အမျိုးအစားထက်တော့သာတယ်။

နာမည်က ဆန္ဒ  တဲ့...

အိမ်က လုပ်သမျှ အလှု မွေးနေ့ အမှတ်တရ ပြန်ပေးတဲ့ပစ္စည်းထဲမှာ သူ့ အမွှေးတိုင်ကို မပါမဖြစ်. မိတ်ဆွေမို့ လို့ ညွှန်းတာမဟုတ်ပါ။  အမျိုးသမီးတစ်ယောက်  သူနိုင်သလောက်ငွေကြေးလေးကနေ စလုပ်ခဲ့တာာကို အားလုံးကိုသိစေချင်တာ . ရွှေပြည် ပြန်ရင် ဘာလုပ်မလည်းလို့ စဉ်းစားနေကြတဲ့သူတွေ အတွက် ရေးလိုက်တာပါ.

သူပြောသလိုပြောရရင်

ညီမလေးရေ အမလုပ်ငန်းက အမ နဲ့ မိသားစုတော့ ထမင်း ၃နပ် မှန်ပါတယ်။ မနက်စာကို စီဒိုးနား၊
နေ့လည်စာကိုထရိတ်ဒါး၊ ညစာကို ကန်တော်ကြီး တော့ လုပ်လို့ မရဘူးပေါ့ကွယ်တဲ့။ 
နောက်ထပ် အခြေနေပေးရင် မြန်မာပြည်ထဲမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေရဲ့ လုပ်ငန်းလေးတွေ ရေးချင်ပါတယ်။





မှတ်ချက်……………….ပြည်တော်ပြန်ကြိုးစားရုန်းကန်အောင်မြင်နေတဲ့အထဲမှာ (ဘောလုံးဦးဇော်ဇော်တော့ထည့်မတွက်)


4 comments:

  1. စိတ်ဝင်စားစရာသိပ်ကောင်းတဲ့ပို့စ်လေးပါ။ နောက်များလည်း ဒီလိုမျိုးလေးတွေဆက်ရေးပါဦးနော်။

    ReplyDelete
  2. စိတ်ဝင်စားလိုက်တာ...ဝေမျှပေးတာကျေးဇူးပါ..
    အခြေအနေအရ ပြည်ပမှာထွက် အလုပ်လုပ်ကြပြီး တချိန်မှာ ပြည်တော်ပြန်နေချင်ကြသူတိုင်းအတွက် သိပ်ကောင်းတဲ့ပို့စ်ပါ...
    ဆက်ရေးပေးဖို့ တောင်းဆိုပါတယ်...

    ReplyDelete
  3. အော..သူက..အဲဒါကြောင့်..အိမ်ရှေ့က..လာလာအော်နေတာကိုး..
    ဒီလို စာလေးတွေ ကောင်းတယ်.. သေချာပြည့်စုံလေး ရေးရင်..တယောက်ခြင်း သေချာ လေ့လာခွင့်ပြုချက်နဲ့ ရေးရင်..အထဲ ပြန်ရင်.. ( အရင်ဆုံး ) စာအုပ်ထုတ်စားလို့ ရပြီ။ တကယ်ပြောတာ..အဲလို စာအုပ်မျိုးလေး တွေ ..အကျိုးရှိပါ့..။

    ဂျပန် ကားခိုးဂိုဏ်း နဲ့ ပေါင်းပြီး .. စီးပွားဖြစ်တဲ့.. ကြက်တန်းက သံကုလား လေး တွေ လည်း ထဲ့ရေးပါကွဲ့.. :P ( သတိုးသီရိ ငတတ်ပြား )

    ReplyDelete
  4. Good post for Foreign workers.Thanks

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။