Saturday, February 19, 2011
ကိုယ်လည်းလေလောကီသားပေမို့
ဘာများကူညီရပါမလည်းရှင်....ပြုံးချိုစွာ (၀န်ထမ်း)
နိုင်ငံခြားသားကဒ်လုပ်ချင်လို့ပါ ။(ကျွန်မ )
သြော် ဟုတ်ကဲ့ ဒီကိုလိုက်ခဲ့ပါ။  တိုကင်နံပတ်လေးအားစက်မှဆွဲထုတ်၍ ဟိုနားက ထိုင်ခုံတွေရှိပါတယ်။ထိုင်စောင့်ပေးပါနော်။
ခဏကြာလျှင်
တုံကင် နံပတ် ၁၇  ကောင်တာ၅  သို့ကြွခဲ့ပေးပါရှင်။
(၀န်ထမ်း) ပတ်စပို့ ပေးပါရှင။် ကျောင်းသားကဒ်ပေးပါရှင်။
ဒါတွေဖြည့်ပါနော် ဆိုပီး ဖြည့်ပုံဖြည့်နည်းအား ကူညီပေးနေသည်။ ဖြည့်ပြီးလျှင်စလစ်လေးပေး၍
နောက် တစ်ပတ်လောက်လာယူပါ ( နယ်ဖြစ်သောကြောင့် ပိုမြန်သည်ထင်သည်)
နောက်တစ်ပတ်
နိုင်ငံခြားသားကဒ်ထုတ်ချင်ပါတယ်။
ဟုတ်ကဲ့ အဆင်သင့်ပါ။(၀န်ထမ်း)
 နိုင်ငံခြားသားကဒ်အားထုတ်ပေးရင်း  ၀န်ထမ်းမှ ပြောလာသည်..
ကျောင်းသားဖြစ်တဲ့အတွက် အခွန်ဆောင်ဖို့ ၀င်ငွေမရှိကြောင်းတစ်ခါတည်းလုပ်ဖို့  ကောင်တာ ၃ ကိုသွားပါနော်။
ကောင်တာ ၃ တွင် ....
ခဏစောင့်၍ လိုအပ်တာတွေဖြည့်စွက်  ဖြည့် ၁၀ မိနစ်ခန့် ကြာသော အားလုံးပြီးစီးသွားပြီ။
ခုဒီကနေ ပြီးရင်ကျန်းမာရေး အာမခံအတွက် ဟိုဘက်က ကောင်တာကိုသွားပါ။
ကောင်တာတွင် နိုင်ငံသားကျန်းမာရေးအာမခံ  ၁၀ မိနစ်စောင့် လျှင်ရပြီ.။( နိင်ငံခြားသားလည်းတူတူပါပဲ kokumin kenkouhoken)
ဖြစ်လာသမျှ ဆေးရုံဆေးခန်းကိစ္စမှန်သမျှ  ၃၀ရာခိုင်နှုန်းပဲပေးရပါသည်။ ကျန်းမာရေးအာမခြံ
ဖြင့်ဝယ်ရသောဆေးဆိုင်တွင်လည်း တူတူလောက်ပါပဲ။ ကျွန်မဆေးဝယ်စာရွက်တွေပျောက်နေလို့ နို မို့ပိုတိကျစွာရေးနိုင်ပါသည်။) ( ကျွန်မတို့ ရသောစကောလာမှာ ၁၀၀ရာခိုင်နှုန်းအကုန်ကာဗာဖြစ်သည်။ထို့ကြောင့်သူငယ်ချင်းများ ဆေးရုံတတ်ကြ ၊လိပ်ခေါင်းကုကြ ဖြင့် သက်သာအန္တရယ်ကင်းစွာဖြင့် ဒီမှာတင်ဆေးကုကြသည်။ တစ်ချို့ ကျောင်းသားများ မှီခိုအမျိုးသမီးများအား
ဂျပန်တွင်နေစဉ်ပင်ခလေးမွေးစေသည်။ ကုန်ကျစရိတ် မြို့ နယ်မှ ကျခံပေးသောကြောင့်ဖြစ်သည်။
အချို့ ခလေးမွေးခါနီးမိခင်နိုင်ငံပြန်စေ၍ ခလေးမွေးစေသည်။ နောက် မြို့နယ်မှရသောပိုက်ဆံ သောင်း၄၀ မှ မိခင်နိုင်ငံတွင်ပြန်စရိတ် ဆေးရုံစရိတ်နုတ်လိုက်အုန်း တစ်ဝက်နီးပါးကျန်သေးသည်တဲ့။ ခလေးရှိသောကျောင်းသား၏ခလေး ကျောင်းလခပေးစရာမလိုတစ်ချို့ ကျောင်းအား ထမင်းဖိုးပင်မပေးသောမိဘများရှိသည်။(မူလတန်းကျောင်းများမှာကျောင်းတွင်နေ့လည်စာကျွေးသည်ကိုး) မိမိနိုင်ငံတွင်ခလေးရှိသည့်မိဘများအားတလလျှင်ယန်း ၃ထောင်ကျော်ခန့်ထောက်ပံကြေးရကြသည်။ တစ်ချို့ ၅ထောင်ဟုပြောသည်။ ကျွန်မတော့ အလုပ်ရှုပ်၍ သွားမလျှောက် နည်းနည်းရှက်တာလည်းပါသည်။ ရသမျှ အကုန်ယူနေတာပဲဟု ထင်မှာဆိုး၍ နောက်ခလေးလည်းခေါ်မထားဆိုတော့။ မြန်မာအများစုက မလျှောက်ကြ။ နောက်ပိုင်း ခလေးနှင့် ၄ လတစ်ခါတွေ့ရမည်ဆိုတာတွေပါမေးသည်တဲ့။
ကဲ စောနက မြို့ တော်ခန်းမရုံးသို့သွား၍ လုပ်ထုံးလုပ်နည်းများ ဆက်၍ရေးပါရစေ။
ကျန်းမာရေးအာမခံပြီးသွားသောအခါတွင် ၀န်ထမ်းမှ ဒီမြို့ နယ်ကိုအသစ်ရောက်လာတာဖြစ်လို့
သန့်ရှင်းရေးဌာနသို့ ခဏ သွားနားထောင်ပါနော်(၀န်ထမ်း)
သန့်ရှင်းရေးဌာန ၀န်ထမ်းမှ အမှိုက်မည်သို့မည်ပုံပစ်ပါ ဆို တာတွေ ရှင်းပြ၍
ရော့ ဒါက အမှိုက်အိတ် မီးလောင်လွယ်( အစားအသောက်အကျွင်းအကျန်) ပြစ်ရန်အမျိုးအစား
ရော့ ဒါက ပလတ်စတစ် ပစ်ရန်အမျိုးအစား
ရော့ ဒါက PET BOTTLE  ပစ်ဖို့ အမျိုးအစား
တစ်ထုပ်စီ ၃ မျိုး တွဲထားသောတစ်တွဲပေးသည်။ (ဖရီးနော်) ၆ လစာ နီးပါး။ 
ကုန်ပြီဆိုလျှင်တော့ ၀ယ်ပါ တဲ့။
ဝန်ထမ်းက နိုင်ငံခြားသားကဒ်ကိုယူကြည့်၍
ကဗျာကယာပဲပြောလာသည်။  အားနာလိုက်တာ အိမ်ထောင်သည်မှန်းမသိလို့ပါ စောနက တစ်ယောက်စာတည်းပေးမိပါတယ်။
မိသားစုနဲ့ဆိုတော့အမှိုက်ပိုများမှာပေါ့ ။ရော့ ဒီမှာနောက် တစ်တွဲ
ခလေးတို့မေမေအပျိုကြီး မိသားစုလိုက်မနေသောကြောင့် ယခု ၂ နှစ်ပြည့်တော့မည်။ အမှိုက်အိတ်တွေသုံးမကုန်သေး။
သေးသေးလေးကိစ္စပေမယ့် စိတ်ထဲတွင်ကျေနပ်မိသည်။
ကဲ....အဲ့ဒါဂျပန်...
၃ လလောက်အတွင်း အစာအိမ်ကြောင့် ဆေးခန်း ၂ခါသွားရသည်။
မြို့ တော်ရုံးမှ ၃လပြည့်တော့ဆင့်ခေါ်သည်။   ကျန်းမာရေးအာမခံအတွက်ငွေသွင်းရန်.ငွေမသွင်းထားသောကြောင့်။
တစ်နှစ်စာ ပုံမှန်သွင်းရသည်။ ကျွန်မတို့ ဈေးဆစ်ကြသည်။ ပိုက်ဆံမရှိသေး၍ ၃ ခါခွဲပြီး ခုမပေးရသေးတဲ့လစာများပါ နောက် ၃ လနေမှ ဆောင်ပါရစေ။  အကျိုးအကြောင်းပြောပြသည်။
ရပါတယ်။ဒါဆိုခုတစ်ခါတည်း invoice တော့ပေးလိုက်မယ်နော်တဲ့။ပိုက်ဆံသာမပေးတာ ဆေးကကုပြီးနေပြီ။
တိုကျိုကသူငယ်ချင်း၏မောင်လေးဆေးရုံ ၆ လတတ်ရသည်။ TB ဖြစ်သောကြောင့် ကောင်လေးက အိုဗာစတေးနော်  ဆေးရုံ က TB ဖြစ်သောကြောင့် ၆ လ အလကားကုပေးတာက သပ်သပ်. ..အိုဗာစတေးတွေ ကျန်းမာရေးအာမခံရှိတာတွေမရှိတာတွေ ဘာမှမဆိုင် လူကို တန်ဖိုးထားခြင်း....
ခလုပ်ဖွင့်လျှင်မီးလာ၍ ရေဖွင့်လျှင် ပိုးသတ်ထားသောသန့်စင်သည့်ရေ ပိုက်ခေါင်းမှကျသော ထို့အပြင် ၈၀ရာခိုင်နှုန်းသောလူများက တပြေးညီ  ရထားစီးကြသော.။
 စူပါမားကတ်တွင်ဈေးဝယ်လျှင်  ဈေးရောင်းသူနဲ့
ဈေးဝယ်သူကြား ကွဟာမှု့ သိပ်မရှိသော  ဒီလိုနိုင်ငံမှာနေပျော်သောကိုယ့်ကိုကိုယ် အပြစ်မတင်ရက်ပေ။
ကြည်ကြည်
13 comments:
  1. တစ်နေ့တော့ မိခင်ပြည်မှာလဲ ဖြစ်လာမှာပါ ဒေါ်လေးရယ်... ဒီလောက်လဲ နေပျော်မနေနဲ့ ဦးသန့် စကားလဲ သိသားနဲ့.. ဘာပဲဖြစ်ဖြစ် ဘစ်ပဲဖြာဖြာ
    ဒေါ်လေး အဆင်ပြေနေကောင်း ပျော်ရွှင်ပါစေကြောင်း
    ReplyDelete
  2. လိပ်ကျောက်February 19, 2011 at 7:58 PM
    ဟယ်..ဒါဆို..မယ်ကြည်တို့ ..ကလေးတွေ အားမနာတမ်း မွေးပလိုက်..
    လိပ်ခေါင်းတင်မကဘူ..မိချောင်းခေါင်း..ငါးမန်းခေါင်းတွေ..ကိုယ့်ဖာသာ နာမည်ပေးပြီး ဆေးခန်းသွားပြပလိုက်
    ReplyDelete
  3. မနေ့ကသူငယ်ချင်းတစ်ယောက်နဲ့အတူဘူဖေးသွားစားရင်းနဲအဲဒီအကြောင်းပြောဖြစ်သေးတယ်။
    မြန်မာပြည်ပြန်ဖြစ်ရင်ဂျပန်ကဘာကိုသတိရနေမလဲဆိုတဲ့အကြောင်းကို။
    PublicနဲPrivateဝန်ထမ်းတွေရဲ့Serviceဆိုတာကိုနှစ်ယောက်စလုံးကပြောမိတယ်။
    စားပြီးလို့ငွေရှင်းတော့ငွေရှင်းကောင်တာကဝန်ထမ်းကအပြုံးမျက်နှာနဲ့Ki wo tsukete kaetekudasai(သတိချပ်ပြီးပြန်ပါနော်) တဲ့။
    Aprilတို့နှစ်ယောက်လည်းပြန်ရင်းနဲ့Yappri kore danaa (တကယ်ကိုဒါပါပဲလား)လို့ပြောဖြစ်ခဲ့တယ်။
    ခလုပ်ဖွင့်လျှင်မီးလာ၍ ရေဖွင့်လျှင် ပိုးသတ်ထားသောသန့်စင်သည့်ရေ ပိုက်ခေါင်းမှကျသော ထို့အပြင် ၈၀ရာခိုင်နှုန်းသောလူများက တပြေးညီ ရထားစီးကြသော.။ စူပါမားကတ်တွင်ဈေးဝယ်လျှင် ဈေးရောင်းသူနဲ့ ဈေးဝယ်သူကြား ကွဟာမှု့ သိပ်မရှိသော ဒီလိုနိုင်ငံဆိုတာထားအုံး လောလောဆယ်အလွယ်တကူမပင်မပမ်းလုပ်လို့ရတဲ့အရာ......
    ကိုယ်လည်းလေလောကီသားပေမို့ ဘယ်ဋ္ဌာနသွားသွားချိုချိုသာသာပြောဆိုတာကိုသဘောကျပါသည်။
    ReplyDelete
  4. april22 >> မှန်တာပေါ့ကွယ်။ ကိုယ်တိုင်လည်းတစ်ခါတစ်လေခံစားမိတယ်လေ။
    မိုးယံ>>>ညည်းတောင် လောလောဆယ် နိုင်ချန်ကားမှာလေဟွန်း
    လိပ်ကျောက်>>>>မွေးပြီးUS ပို့ လို့ ရမယ်ဆိုမွေးတာပေါ့ ထိန်းပေးမလားဟွန်း... (မီးမီးတို့စကောလာကကျောင်းတတ်စဉ် ကိုယ်
    ကျောင်းသားတွေတန်သကွာ)
    ReplyDelete
  5. မမ ဘလော့ခ်ကို အသစ်တင်တိုင်းလာဖတ်တယ်
    ကော်မန့်တော့ မရေးဖြစ်ဘူး
    မမ အရေးသား ရေးပုံလေးတွေ သိပ်သဘောကျတယ်
    မမနဲ့ခင်မင်ချင်ပါတယ်
    avocado
    ReplyDelete
  6. ဒါကြောင့် ပြန်မယ်တွေးတိုင်း တွေဝေနေမိတာပေါ့။
    ဘာပဲဖြစ်ဖြစ် မိသားစုနဲ့ ဒိုးတူဘောင်ဖက်တော့ ပြန်နေအုံးမှာပါ။
    ReplyDelete
  7. >> avocado ရေ မမကလည်း အပေါင်းသင်းမက်သူပါ။
    >>>မြစ်ကျိုးအင်း....မိသားစုနဲ့ပဲပြန်နေတော့မယ်လို့ ဆုံးဖြတ်လိုက်ရင်စိတ်တွေပေါ့သွားတယ်။ အဲ့ဒါမျိုးတွေစဉ်းစားတော့ သက်ပြင်းချမိပြန်ရော
    ကြည်ကြည်
    ReplyDelete
  8. ကြည်ကြည်ရေ..
    ဂျပန်ကတော့ တကယ့်ကိုစနစ်ကောင်းတာပါ..
    ဒါပေမဲ့ .. အချိန်တိုင်းအိမ်ပဲပြန်ချင်တယ်.
    ဘာလို့ လဲဆိုတော့ သူများနိုင်ငံမှာ ကိုယ်က 'အများနဲ့ မသက်ဆိုင်သောသူ' လို့ ခံစားရတယ်လေ..
    ReplyDelete
  9. အင်း...စနစ် မတူတာတွေနော်။
    ReplyDelete
  10. အစိုးရသာမန်ဝန်ထမ်းတွေရဲ့ စရိုက်ကိုသွယ်ဝိုက်စွာ ရေးပြသွားတယ်လို့ထင်ပါတယ်။
    ပိုက်ဆံသာမဆောင်ရသေးတာ အာမခံကဒ်ကသုံးလို့ရတာတွေကြတော့
    တစ်ကယ်ကို လေးစားစရာဗျာ..
    ReplyDelete
  11. မိုက်တယ်နော်..
    ReplyDelete
  12. အောင်မယ်လေး ကြားရတာ မုဒိတာပွားလိုက်တာ...ဒီမှာတော့ဖြင့် ၀န်ဆောင်မှု ဘာကိုခေါ်တယ်ဆိုတာ ဈေးသည်တွေ မေ့ကုန်ကြတာ ကြာပေါ့...မူဆိုတာထက် လူတွေကို ပြင်နိုင်ရင်တော့ အခုလို အားကျရတဲ့ ဘ၀က လွတ်ကောင်းပါရဲ့လေ...
    ReplyDelete
  13. အစ်မရေ ထိုင်းမှာလဲ ပြုံးပြုံးလေးဝန်ဆောင်မှုပေးတာ ခံရတိုင်း မြန်မာပြည်မှာ စူပုတ်အော်ငေါက်ခံခဲ့ရတာတွေ သတိရမိတယ်။ အမြဲတမ်းနေဖို့ကတော့ အထက်က တစ်ယောက်ရေးခဲ့သလို "အများနဲ့မသက်ဆိုင်သောသူ" လို့ အမြဲခံစားနေရလို့ မလွယ်ပါဘူး။
    ReplyDelete
ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။