Thursday, February 24, 2011

မြန်မာ့ ရနံ့ (အဆောင်နေဘ၀အမှတ်တရ)

ကျွန်မတို့နေတဲ့ဘက်က ခုရက်ပိုင်းအအေးပေါ့လာပါပြီ။ နေလို့ထိုင်လို့ကောင်းလာတယ်။ခုဆိုမက်မန်းပန်းတွေပွင့်ပြီ။ နောက်လကုန်လောက်ဆိုဆာကူရာတွေပွင့်တော့မယ်။ ရာသီဥတုလေးကနွေးလာပြီဆိုတော့
အသီးသီးအခန်းတံခါးလေးတွေ လည်းလေကောင်းလေသန့်
ဝင်ဖို့ကိုကြာကြာဖွင့်ပြီပေါ့။ နွေရာသီဆိုရင် အခန်းတံခါးတွေ ဖွင့်တော့မယ်ဆိုရင် အဆောင်မှာစာလေးတွေလိုက်ကပ်ပြီ။ မြန်မာပြည်မှာဆိုရင်တော့ နွေရာသီဖြစ်ပါ၍ မီးကြွင်းမီးကျန်များဂရုစိုက်ပါပေါ့။
ဒီမှာကတော့ ကျောင်းသားကျောင်းသူများသို့ နွေရာသီရောက်ပြီဖြစ်ပါ၍ အခန်းတံခါးများဖွင့်ကြတော့မည်ဖြစ်ပါသည်။ ၀ရန်တာသို့ထွက်၍ဖုန်းကြာကြာပြောခြင်း၊ တီဗီအသံကျယ်ကျယ်ဖွင့်ခြင်းများ ဂရုပြုကြပါတဲ့ (ခုက ဆောင်းမကုန်သေးပါ၊ နွေဦးရာသီတောင်မရောက်သေးပါ) အဲ့လိုဆိုတော့ရန်ကုန်ကိုသတိရတယ်။ရုံးကညီမလေးတစ်ယောက်က မမရယ် ဘေးအိမ်တွေက မီးလာတာနဲ့သီချင်းတွေကျယ်ကြီးဖွင့်.နားရက်ဆို ကာရာအိုကေ တနေကုန်ဟဲံတာဆိုလို့ အင်းဒီလိုမျိုးတွေကအစ တို့တွေဘေးပတ်
ဝန်းကျင်ကိုသတိထားပေးရမှာလေးတွေပဲလို့ အမြဲတွေးမိတယ်။
ကြည်ကြည်နေတဲ့ အခန်းရဲ့ ဘယ်ဖက်က တစ်ယောက်က ယေက်ျားလေး တစ်ဘက်က မိန်းကလေး. ကောင်မလေးက လည်းစနေတနေင်္ဂနွေဆိုရင် ကောင်လေးလာလည်တယ်ထင်ပါရဲ့။  တခါတလေ ကိုယ့်မှာတံခါးမဖွင့်ရဲဘူး ။သူတို့က သူတို့ အခန်းတံခါးဖွင့်ထားချိန် ကိုယ်က
ဝရန်တာပန်းပင်ရေလောင်းချိန်တိုက်ဆိုင်ရင် ...အင်း....ဒီလောက်ပဲပြောမယ်။
အံမယ်ဒီဘက်က ဆေးကျောင်းသား ကိုယ်တော်ကတော့ သူဆေးလိပ်သောက်တော့မယ်ဆိုရင်
ချောင်းအရင်ဟန့်တယ်။တံခါးဖွင့်ထားရင် ကိုယ့်တံခါးပြေးပိတ်လို့ ရအောင် လေတိုက်တဲ့နေရာဆိုတော့  တံခါးတွေဖွင့်ထားလို့ကတော့ ဆေးလိပ်နံကကိုယ့်အခန်းထဲ ထိရောက်တတ်တာကိုး။
ပြေးပြေးပြီးတံခါးပိတ်တာကို သူက  သဘောပေါက်တယ် ထင်တယ်။
သူကလည်း ကောင်မလေးလား ဒယ်လီဗာရီဆားဗစ်လားတော့မသိဘူး တခါတခါ စိတ်ညစ်တယ်။
ဒီနိုင်ငံခြားသူကလည်း ဂျပန်စကားတတ်နေတော့ ပြောသမျှအကုန်နားလည်။ 
 ဒီမှာတော့ ဓတ်ပုံနှင့်တကွ ဈေးနှုန်း  အချိန် ဆားဗစ် ပါ စာတိုက်ပုံးထဲမှာ လာလာထည့်သွားတာကိုး။(အဆောင်နေဘ၀ကိုပေါ်လွင်အောင်ရေးချင်လို့ ထည့်ရေးမိတာပါ။)
နိုင်ငံခြားသားနာမည်ဆိုတော့ မိန်းခလေးမှန်း ယေက်ျားလေးမှန်းဘယ်သိကြပါ့မလည်း။ တခါကဆို ရင်
htoo ko oo (ရှေ့နာမည်လွှဲထားပါသည်)  ဆိုတာ အို က ၃ လုံးမို့ လား အံမာ အဆောင်ကနာမည်ကပ်သူက
အို ၃ လုံးမဖြစ်နိုင်ဘူုးဆိုပြီး သူတို့ ဘာသူတို့ ပြင်တယ်တဲ့ Htoo  Ko Do တဲ့...ထားပါတော့..
အဲ့လိုကြတောလည်း လူငယ် တစ်ယောက်တည်းနေပေမယ့် အခန်းကလည်း ၃ နှစ်ကျော်နီးပါးနေထားတာတဲ့။ သူပြောင်းလို့နောက်ထပ် လာမယ့်သူကဆေးလိပ်မသောက်တတ်ရင် သူ့ ဆေးလိပ်နံတွေအခန်းမှာစွဲကျန်ခဲ့မှာဆိုးလို့တဲ့။ တော်တယ် နော။် ဒါကြောင့်လည်းဂျပန်တွေရဲ့တစ်ချို့စိတ်ဓတ်လေးတွေကို သဘောကျတာ။
ခက်တာက အရှေ့တောင်အာရှသူဆိုလို့ ကျွန်မကတစ်ယောက်တည်း ။ ညှော်စုပ်စက်က
ဝရန်တာဘက်မှာဆင်ထားတော့ ကျွန်မဟင်းချက်ချိန်ဆိုရင်သူတို့ အပြင်ထွက်သွားတာသတိထားမိတယ်။
ငပိကျော်တွေဘာတွေ ကျော်ချိန်ဆိုရင် ပေါ့။
ကျောင်းမှာအစားများပေမယ့် ကျောင်းကိုလည်း ကိုယ့်ငပိကျော်ယူမသွားရဲဘူး။ လက်ဖက်ကို ငံပြာရည်
နဲ့နပ်တာတောင်ယူမသွားရဲဘူး။ စ မှာနေတဲ့သူတွေ မလေးမှာနေတဲ့သူတွေ ကို အားကျတယ်။ ဖဘမှတင်လိုက်ရင် ဟင်းတွေက မြန်မာပြည်ထက်တောင် မြန်မာလို ပိုကျသလိုပဲ။  ကိုယ်ဟင်းချက်တဲ့နေ့ဆိုသူငယ်ချင်းတွေ လာမယ်ဆိုရင်တောင် နာရီ တော်တော်ခွာချိန်းရတယ်။  မခံနိုင်ကြဘူးကိုး။ဂျင်ဂျစ်ခန်တို့၊ ရှရာပိုဗာတို့ မျိုးတွေ ကိုး။ ချက်ထားတဲ့ဟင်းတော့စားကြတယ် ဟွန်း....
.ငပိကျော်ဗူးတွေ  အကုန်သိမ်း အနံစုပ်စက်ဖွင့်ပြီးတော့ အမွှေးဖယောင်းတိုင်ထွန်းအဲ့လိုလုပ်ရတယ်။ ဂျပန်လေ.. မီးဖိုကျဉ်းကျဉ်း အိပ်ခန်းကျဉ်းကျဉ်း ရေချိုးခန်းကျဉ်းကျဉ်းလေးတွေကိုး။ ကျောင်းပိတ်ရက်သူငယ်ချင်းတွေ လာလည်လို့ အိပ်ကြတယ်ဆိုရင် နေရာမလောက်လို့ ရေချိုးခန်းထဲ အလှည့်ကျ မတ်တပ်ရပ်အိပ်ကြတာကိုး...း)..

ဟိုဘက်အိမ်က ဘာဟင်းချက်လည်းအကုန်သိ ။ဒီကြားထဲဆီသတ်နံလေး ငံပြာရည်ကျော်လေးဆိုပိုဆိုးပေါ့။
တလောက သြဇီနဲ့ ဂျပန်ဖိုင်နယ်ပွဲပေါ့ ။ အဲံဲ့မတိုင်ခင်ကတည်းက ဘေးခန်းကကောင်မလေးရဲ့ ကဲတဲတဲ အသံလေးတွေ နောက် ညာဘက်က အခန်းက မိုးချုပ်မှာပြန်လာ သူငယ်ချင်းတွေခေါ်လာ သောက်ကြ စားကြတဲ့အသံတွေ၊  ပေပါကလည်း တင်ရမယ့်ရက်က နီးလာ ကျောင်းလည်းမသွားအိမ်မှာပဲယူလုပ်နေတော့ စိတ်ကလည်းနည်းနည်းညစ်နေပြီ။
အဲ့တော့ဘောလုံးပွဲ လာကြည့်ပြီးအော်လိုက်ဟစ်လိုက်ကြတာကို မခံစားနိုင်တော့ဘူး....
အကြံကုန်လာတယ်။
 ဒီလူစုကိုဘယ်လိုခွဲရမလည်းပေါ့..
 အိပ်ခန်းတံခါးပိတ် ပြီး မီးဖိုတံခါးဖွင့်... လေစုပ်စက်ဖွင့်
မျက်နှာကို မက်စ် တပ်. ခေါင်းကိုပေါင်း ။ တရုတ်ကားတွေ ထဲကလို လေဘယ်ဘက်တိုက်လည်းထွက်ပြီးစနည်းနာ ...အိုခေ...
  ဒါနဲ့စစချင်း  လေစုပ်စက်ဖွင့် မိုးကချုပ်နေပြီ။


 ကြက်သွန်ဖြူကိုဆီသတ် ပြီးတော့ ငရုတ်သီးထည့် လူလည်းတဖြည်းဖြည်း
မွှန်လာပြီ။နောက်တော့ ငံပြာရည်လေးကို တစ်ဇွန်းချင်းကို ထည့်တာ။
. တံခါးပိတ်သံကြားရပြ။ီ ဒါနဲံ့ ကိုယ့်ရဲ့ မီးဖိုတံခါးကို ဟထား
နောက်ထပ်ပြီးတော့  ဆီများများထည့်နောက်တော့ ငပိအတုံးလိုက်ကျော်လိုက်တာပေါ့ ...၁၀မိနစ်ပဲစောင့်ဟွန်းဟွန်း....
 သူတို့ အခန်းတံခါးဖွင့်သံကြားတာနဲ့ ကိုယ့်တံခါးအပြေးသွားပိတ်...အပေါက်ကနေအပြင်ကိုချောင်းကြည့်တော့. သူတို့  ပြန်ကြလေပြီ်။  စားစရာတွေ အလျင်အမြန်သိမ်းသွားကြတယ်ထင်တယ်။ ဘီယာဘူးသယ်တဲ့သူက သယ်။ အာလူးကျော်ထုတ်တွေကို အမှိုက်အိတ်သစ်ထဲ သိမ်းကျူံးထည့်ပြီးနေရာပြောင်းကြတဲ့ သဘော။
ကျွန်မကိုယ်တိုင်ကရော.. ပုဇွန်တောင်တံတားနားက ငံပြာရည်စက်ရုံထဲရောက် နေသလားပဲ.
သူများကိုဒုက္ခပေးချင်တော့ ကိုယ်တိုင်လည်းမိုးကြီးချုပ်မှခေါင်းလျှော် ရေပြန်ချိုးရတယ်။
..နောက်နေ့မနက် ရေချိုးခန်းထဲက မှန်ကိုကြည့်လိုက်တော့ မျက်နှာက အဖုလေးတွေ  ဆိုတာ နီရဲပြီးတင်းနေတာပဲ............
picture from google.

ကြည်ကြည်

ကျေးဇူးစကားဆိုပါရစေရှင်။ အလည်လာတဲ့သူအရေအတွက်လေးတွေ တိုးတိုးလာတာတွေ့ရတော့ ကျွန်မ စာပိုရေးချင်လာပါတယ်။

13 comments:

  1. အော.. အဲဒီက ဆားဗစ်လေး မဆိုးဘူးပဲ။အန်တီလည်း အခုတစ်လော တော်တော်ရေးနိုင်လာတယ်နော်.. ရေးသာရေးဗျာ... နောက်ဆုံးရေးဖို့အချိန်ရှားလာရင် ရေချိုးခန်းထဲ မတ်တပ်ရေးပါ။

    မီးဖိုချောင်ထဲထိ လက်တော့ပ်ယူသွားပြီး ဖတ်ပါ့မယ်.

    ReplyDelete
  2. အဲဒီ မြန်မာရနံ့ ပညာပေးနည်းလေးမှတ်ထားဦးမှပဲ။

    ReplyDelete
  3. ထိရောက်တယ်နော် :)
    ဒီမှာလည်း အနံ့ဂရုစိုက်နေရတာပဲ ဆောင်းတွင်းဆိုပိုဆိုး။

    စူးနွယ်လေး

    ReplyDelete
  4. စိတ်ဝင်စားစရာ အတွေ့အကြုံ၊

    အပြုံးပန်း

    ReplyDelete
  5. မလေးတို့ စလုံးတို့က
    ငါးပိစားတယ်လေ၊

    ငါးပိတုံးလေးတွေတောင် ၀ယ်လို့ရတယ်၊
    ငံပြာရည်လည်း စားမှစားပဲ၊

    အဲဒီတော့ ချက်လို့ရနေတယ်။

    ReplyDelete
  6. ပန်းတွေ ပွင့်ရင် စာရေးအုံးနော်

    ReplyDelete
  7. ဆာကေကျောက်February 24, 2011 at 7:06 PM

    ဒို့ကတော့တောသားဆိုတော့ ကျယ်ကျယ်ဝန်းဝန်းနေရတာကြိုက်တယ်..
    ဂျပန်မှာ ကျွန်းသေးသေးမှာ ကျဉ်းကျဉ်းကျပ်ကျပ်နေကြတာ စိတ်ပျက်ဖို့ကောင်းတယ်..အိမ်သာတောင် ကျဉ်းကျဉ်းလေး..မတ်တပ်ရပ်လျက် သွားကြသလားမသိဘူး..

    ReplyDelete
  8. ချော(အစိမ်းရောင်လွင်ပြင်)February 24, 2011 at 8:54 PM

    အရမ်းသဘောကျသွားတယ်
    အဲဒီနည်းလေးကို
    ဖတ်ပြီး အသံထွက်အောင်တောင် ရယ်လိုက်မိတယ်း)
    ဧည့်သည်လာရင်လည်းဒီနည်းနဲ့ လုပ်ရမယ် ထင်တယ် ခိခိ

    ReplyDelete
  9. ကြက်သွန်ဖြူကိုဆီသတ် ပြီးတော့ ငရုတ်သီးထည့် လူလည်းတဖြည်းဖြည်း
    မွှန်လာပြီ။နောက်တော့ ငံပြာရည်လေးကို တစ်ဇွန်းချင်းကို ထည့်တာ။
    . တံခါးပိတ်သံကြားရပြ။ီ ဒါနဲံ့ ကိုယ့်ရဲ့ မီးဖိုတံခါးကို ဟထား
    နောက်ထပ်ပြီးတော့ ဆီများများထည့်နောက်တော့ ငပိအတုံးလိုက်ကျော်လိုက်တာပေါ့ ...၁၀မိနစ်ပဲစောင့်ဟွန်းဟွန်း....

    အဲ့ဒီနားလဲရောက်ရော အသံထွက်ပြီး ရယ်တဲ့အဆင့်ဖြစ်သွားရော :)
    ထောအရင်နေတဲ့အိမ်လဲ ချက်ခွင့်သာပေးတာ ချက်လိုက်ရင် သူတို့တွေက ပန်ကာတွေဖွင့် အဟွတ်ဟွတ်နဲ့ အားနာလို့ မချက်တော့ဘူး ၀ယ်ပဲစားတော့တယ် ဒါတောင် ကိုယ်က ငံပြာရည် ငပိ ငါးခြောက် ငရုတ်သီး မျှစ် အဲလိုဟာတွေဘာမှမစားဘူး
    သူတို့ကတော့ ပြုတ်စားတယ် အသားကိုကြော်တယ် ဒါပဲစားကြတယ်

    avocado

    ReplyDelete
  10. ဆိုးလိုက်တဲ့ ကြည်ကြည် စလုံးလာမှ ငါးပိကြော် တံခါးပိတ်ကြော်ကျွေးဦးမယ် :)

    ချစ်ကြည်အေး

    ReplyDelete
  11. ကျောင်းပိတ်ရက်သူငယ်ချင်းတွေ လာလည်လို့ အိပ်ကြတယ်ဆိုရင် နေရာမလောက်လို့ ရေချိုးခန်းထဲ အလှည့်ကျ မတ်တပ်ရပ်အိပ်ကြတာကိုး...း).....

    အဲသလောက်တောင်ပဲလားဗျာ ။
    ဆက်ပြီးအားပေးနေပါတယ်။

    ReplyDelete
  12. ဖတ်ပြီးရီသွားတယ်... ဒီမှာတော့ ဒီကလူမျိုးတွေလည်းစားကြတော့ အေးဆေးပါဘဲ...

    ReplyDelete
  13. ဟိဟိ..
    ဂငယ်လဲဒီလိုပဲ
    အမဲသားကို အစပ်ချက်ကြည့်တာ ဘေးခန်းက ဘိုကြီး
    ချောင်းတွေဆိုးပီးထွက်လာတယ် ... :D

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။