Friday, March 4, 2011

မတို့အတွက် လှပစေသော စားသောက်နည်း kireina shokutaku

အလှအပဂရုစိုက်နည်း ပို့စ်ရဲ့ ဧည့်စာရင်းစစ်လိုက်တော့ အလှအပဆို ကိုယ့်ညီမတို့ အတော်ကြိုက်သကိုး …ဒီတော့ ထပ်ရေးလာချင်ပြန်ရော။

ဒီတစ်ခါက အစားအသောက်ကို ရေးမယ်ကွယ်။ နည်းနည်းလေကြော ရှည်ချင်တယ်။ ငယ်ငယ်တုန်းက နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲရဲ့ ပြဇတ်ကိုကြည့်ဖူးတော့ အဲ့ဒါလေး နည်းနည်းပြောမယ်နော်။ တွံတေးသိန်းတန် ရိုက်ဖူးခဲ့တဲ့ စစ်ကားပေါ့ အဲ့ကားထဲမှာ မင်းသမီးနာမည်က စိုးတဲ့။ တွံတေးသိန်းတန်က ဘင်္ဘောပေါ်တက်ပြီး ရှေ့တန်းထွက်တော့ မယ့် အခန်းလားပဲ  မင်းသမီးက ကိုသိန်းတန် ကိုသိန်းတန် စိုးသင်္ဘောလိုက်ခဲ့မယ် လို့ အော်တာပေါ့လေ   ကိုသိန်းတန်ကလည်း မလိုက်နဲ့ စိုး မလိုက်နဲ့  ကိုယ်က တာဝန်နဲ့ သွားရတာ လို့ ပြန်ဖြေတယ်။

အဲ့ဒါကို လှောင်တာပေါ့ကွယ်။ ပြဇာတ်လည်းပြန်က ရော  မင်းသမီးလုပ်တဲ့ အခြောက်က သူ့ရည်းစား စစ်သား သင်္ဘောပေါ်တက်သွားတော့  သူကလည်း ရုပ်ရှင်ထဲကလို အော်ပြီးပြောတာပေါ့လေ။ ကိုသိန်းတန် ကိုသိန်းတန် စိုးသင်္ဘောပေါ် လိုက်ခဲ့မယ် ဆိုတော့ အဲ့ဒီ လူရွှင်တော်က မလိုက်နဲ့ စိုး ကိုယ်တောင် ၀ရမ်းနဲ့ သွားရတာ ဆို တော့ ပရိသတ်တွေ တအုန်းအုန်းပေါ့..။ ၀ရမ်းဆိုတာ စစ်သားတွေ ခရီးသွားရင်ထုတ်ပေးတဲ့ ခရီးစရိတ်မကုန်တဲ့ လက်မှတ်လို့  ပဲ ခလေးဘ၀က နားလည်ခဲ့တာကိုး။

ဒီလိုနဲ့ အသက်ကလေးရလာတော့ ဒီမှာ ကျောင်းလာတက်ရော အဲ့တုန်းက မြန်မာသူငယ်ချင်း ကောင်လေးက တိုကျိုမှာရှိတဲ့ မြန်မာကောင်မလေးနဲ့ ကြိုက်ကြရော။  တိုကျိုက ကောင်မလေးက ကောင်လေးနဲ့ တူတူလာနေချင်တယ်။ ဒီမှာပဲ အလုပ်ရှာမယ်ပေါ့။ ကောင်မလေးက အကုန်အကျလည်း သက်သာချင်ပြီ ။ နောက်ကောင်လေးနဲ့ နေရင်း အခန်းစားရိတ် ထမင်းစားရိတ် သက်သာမယ်လို့ တွက်တယ်တဲ့ ။ အလုပ်ထွက်ခဲ့မယ်ဆိုတော့ သူငယ်ချင်းက ကြည်ကြည်ကို တိုင်ပင်ရော ငါဘယ်လို ပြောရမလည်း မလာစေချင်ဘူးဟာတဲ့ ယဉ်ယဉ်ကျေးကျေး လေးပြောချင်တယ်တဲ့။ အဲ့တုန်းက သင်ပေးလိုက်တယ်  မလာနဲ့စိုး ကိုယ်တောင် စကောလာနဲ့ စားရတာလို့ ခုလည်းဒီလိုပဲ ဘလော့ဂါ မမတွေရဲ့ ဟင်းချက်နည်းတွေ သွားသွားကြည့်ပေမယ့် ကိုယ်တိုင် ချက်ပြုတ်ဖို့ အတွက် ကြတော့ မလုပ်နဲ့ စိုး ကိုယ်တောင် ကျောင်းကမက်စ်မှာ စားနေတာလို့ ပဲ ပြောရမှာပါပဲ။ ကဲအခုမှ စမယ် တကယ့် main part ကို ဒီက food coordinator နဲ့ food decorator  တွေက ကျန်းမာရေးရှု့ ထောင့်၊ အလှအပရှူ့ ထောင့်ကို ဦးစားပေးတဲ့ မီနူးတွေ ပိုရေးလာကြပါတယ်။ အဲ့ဒီမှာ Detoxify  ဂျပန်လိုတော့ ဒဲ့ တောက်စု လို့ ခေါ်တဲ့ မီနူးလေး တွေ ထဲက ကျွန်မဖတ်မိတဲ့ မီနူးလေးကို တင်ပြပါရစေ။ ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အညစ်အကြေး နဲ့ သွေးထဲမှာပါဝင်နေတဲ့ ရောဂါဖြစ်စေနိုင်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားခြင်း အဆိပ်ထုတ်ခြင်းဆိုတဲ့ Detoxify ရဲ့အဓိပ္ပါယ်ပါပဲ။ Detoxify ရဲ့ ရလဒ်ကောင်းကတော့ အသားအရည် လှပလာစေပြီးတော့ သွေးလည်ပတ်မှုလည်း ကောင်းမွန်လာစေပါမယ်။

ဝဥ က  အမျှင်ဓတ်တွေ ရယ် ဒိန်ချဉ်ထဲမှာပါတဲ့ ( latic acid ) တွေဟာ အူလမ်းကြောင်းတလျှောက်ကို သန့် စင်စေပါတယ်။နောက်တစ်ခုကတော့ ကျောခုံး အပြာရောင်ရှိတဲ့ ငါးတွေမှာပိုပါတတ်တဲ့ ဒီမှာတော့ (ပင်လယ်ငါးပေါ့လေ) မှာတော့ DHA(omega-3 fatty acid)၊ EPA (long chain of Omega 3 polyunsaturated essential fatty acid) တွေဟာ နှလုံးကို ပိုမိုကျန်းမာစေပြီး သွေးလည်ပတ်အားကောင်းမွန်စေပါတယ်တဲ့။


ကဲမီနူးကတော့

ထောပတ်သီးနှင့် ဂရိုတ်ဖရုသုပ်

  ထည့်ရမယ် အရာတွေကို ပြောမယ်ကွယ် ။ ပုံကြည့်တာနဲ့ သုပ်တတ်ကြမှာပါ။
ထောပတ်သီး တစ်ခြမ်း 
ဂရိတ်ဖရုတစ်လုံး
ဆလတ်ရွက် နှစ်ရွက်
ငရုတ်ကောင်း(အမဲ) နည်းနည်းတဲ့  အိုခေနော်………….

ဒိန်ချဉ်ဆယ်လိုရီ ရောသမမွှေ
ဆယ်လိုရီ  ၄၀ ဂရမ်
ဒိန်ချဉ်     ၁၈၀ စီစီ
ပျားရည်  စားပွဲတင်ဆားဇွန်း ၂ ဇွန်းတဲ့   အိုခေနော် 
ဆယ်လိုရီက အရွက်မထည့်ဘူးနော် အရိုးလေးကို ပါးပါးလေးလွှာတာ။
လုပ်စားကြည့်တာတော့ စားလို့ကောင်းသလိုလိုပဲ ။


ဆာဒင်းငါး ကျော်နှပ်

ဆာဒင်းငါးအားအသားလွှာကို ၄ လက်မလောက် အတုံးလေးတွေတုံး ပြီးရင်ဂျုံမှု န့် နဲ့ နယ်မယ်။
ငါးကို နယ်တဲ့အခါ ပဲငံပြာရည်အကျဲ၊ သကြား၊ ဆာကေး  (ဂျပန်အရက်) မရှိရင်လည်း မသိဘူး တော် ဘာထည့်ရမယ်ဆိုတာ။   

အပေါ့အငံကိုယ့်ဘာသာကိုယ်မြည်းပေါ့ကွယ်။
ပြီးရင် ကျော်မယ်။ ပြန်နှပ်တော့မယ်ဆိုရင် ထည့်ရမှာက ဂျင်းပြားလွှာလေးတွေရယ် ကြက်သွန်မိတ်ကြီး ပါးပါးလှီးပြီးထည့်ပါ။ အိုးပေါ်က ချတော့မယ်ဆိုတာနဲ့ နှမ်းအဖြူ ကို ဖြူးပါ။  အိုခေလားကွယ်…..

မီဆိုး(miso) ၊ ၀ဥ ဟင်းချို

မီဆိုးအလွယ်တကူ မရနိုင်တဲ့မြန်မာပြည်လိုနေရာမျိုးမှာဆိုရင်တော့ (ရန်ကုန်က ဂျန်ကို ဆိုင်မှာတော့ရပါတယ်) ပဲပိစပ်ဟင်းချို လေးချက်ပြီး ၀ဥလေးခတ်လိုက်တဲ့သဘောပါပဲ။
ပိုလှချင်ရင်တော့ မုန်လာဥနီ၊ ဟင်းနုနယ်။ ကြက်သွန်ဖြူ ၊ ကြက်သွန်မိတ် ထည့်ပါလေ။
အိုးးးးးးခေ….

ကျွန်မတစ်လောက အမျိုးသမီးတွေအတွက် အရိုးပွတို့၊သွေးထဲက သကြားဓာတ်၊ ဆားဓာတ် စတာတွေ အလကားစစ်ပေးနေတာလေး တွေ့လို့ သွားထိုင်ကြည့်တော့ အသက် ၇၀ အဘွားကြီးရဲ့ အရိုးကျစ်လစ်မှု့ ကျန်းမာမှု့ က ၁၀ နှစ်ငယ်နေတယ်။ သဘောကတော့ အဘွားကြီးရဲ့ အရိုးအဆစ်တွေက အသက် ၆၀ကျော်တစ်ယောက်မှာရှိတဲ့ အရာတွေတဲ့။ ကျွန်မကတော့ လက်၇ှိအသက်နဲ့ အဖြေက တူနေတယ်။၄၀ကျော်ရင် အရိုးတွေဘာတွေ ပွရင်လည်းပွနိုင်တယ်တဲ့။ သွေးလည်ပတ်မှု့ ကတော့ လက်၇ှိအသက်ထက် ၁ နှစ်ငယ်တယ်။ မဆိုးဘူး။ သွေးထဲမှာဆားဓတ်တော့များနေတယ်တဲ့ သွေး ကြည်လင်အောင်လို့ ပဲပိစပ် Nato နေ့ တိုင်းစားပါတဲ့။ အခုမီနူးက အဲ့ဒီ့က အစားအသောက်စစ်ဆေးရေးက ဆရာဝန်မ ပေးလိုက်တဲ့ မီနူးပဲ.

အမျိုးသမီးတိုင်းကြည့်ကောင်းရမည်။ လှတာမလှတာက ဘ၀ပေးကုသိုလ်ကံ

ဝန်ခံချက် ။ ဒီပို့ စ်တင်ရင်းနဲ့ ဆရာမင်းဒင်ကိုမေးကြည့်တော့ အဲ့ဒါစစ်ကား မဟုတ်ဘူးတဲ့ ။ စိုးမိုးမေတ္တာတဲ့
ကြည်ကြည်ကတော့ ငယ်ငယ်က လူပျက်တွေ ပျက်တာပဲသိတာကိုး။

ကြည်ကြည်

8 comments:

  1. Detoxify ရဲ့ ရလဒ်ကောင်းကတော့
    အသားအရည်လှပလာစေပြီးတော့ သွေးလည်ပတ်မှု့ လည်းကောင်းမွန်လာစေပါမယ်။
    .................
    ကျုပ်တို့ကတော့ ပဲပြုတ်နဲ့ ထမင်းကြမ်း ဖေးဖရိတ်ပါပဲဗျာ ။

    ခင်လျက်

    မင်းဒင်

    ReplyDelete
  2. ကိုသိန်းတန်....ကိုသိန်းတန်....
    စိုးပေါ်သင်းဘောကြီးတက်လာပြီ...ဟီးဟီး

    ReplyDelete
  3. အန်တီကြည် အန်တီကြည်... ကျောင်းမှာ ကပ်စားတဲ့ ဟင်းလေး တစ်ဖတ်လောက်ကျွေးပါရားဂျာ။

    ReplyDelete
  4. စားချင်လာပြီ မချက်တက်တာဆိုးပ..မမရာ ဟင့်ဟင့်...:P:P
    ကျေးဇူးပါမမ။ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  5. မီနူးနဲ့သေချာတော့တခါမှ မချက်ဖူးသေးဘူး
    အသီးအရွက်တော့ စားတာပဲ :P

    စူးနွယ်လေး

    ReplyDelete
  6. မိကျောက်နူးMarch 4, 2011 at 7:24 PM

    မယ်ကြည်ရာ..တွံတေးသိန်းတန် ဇတ်လမ်းက ဓါတ်ပြားဇတ်လမ်း..
    စိုးမိုးမေတ္တာ တဲ့..၊ ချစ်စပယ်ကစိုးစိုး၊ တင်တင်မြက မိုးမိုး ၊ ကိုသိန်းတန်က တောကနေ သူတို့အိမ်မှာ ကျောင်းလာနေတော့ ကျောင်းပိတ်ရက် မိုးညိုပြန်တော့ စိုးစိုးက ကိုသိန်းတန်နောက် အတင်းလိုက်သွားတာ..ရှေးဇတ်လမ်းတွေ မသိရင် မေးပါအေ...
    ဒါနဲ့...များတို့လှဖို့တော့ ဘာတွေစားရမလဲ..ဟင်...ဟင်

    ReplyDelete
  7. အားလုံးအားလုံး ကျေးဇူးဇ်စစစစစစစစစစစစစစ

    မိကျောက်နူးရယ် ဟုတ်သားမေးရမှာ ရှေ့မှီနောက်မှီပုဂ္ဂိုလ်ကို နော့်


    ဘလော့ကို ကလိလွန်သွားလို့ ကွန်မန့် တစ်ချို့ ပျက်သွားပါသည် နားလည်ပေးကြပါနော် .......

    ReplyDelete
  8. ချော(အစိမ်းရောင်လွင်ပြင်)March 5, 2011 at 11:35 AM

    ဂဂိတ်ဖရုရော ထောပတ်သီးရော ကြိုက်တယ်..
    ဒီမီနူးလေးအတိုင်းစားလို့ ကြည့်ကောင်းမယ်ဆိုတော့ အားတက်သရောစားဦးမှး)

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။