Saturday, April 2, 2011

တို့ တွေရဲ့ ရန်ကုန် (အတင်းစကားမဆိုနဲ့ကွယ်)

အစကတည်းကမှ လေယဉ်ကို  ၃နာရီထက်ဆို ပိုမစီးချင်တဲ့သူ..ဂျပန် ရန်ကုန်ခရီးစဉ်ဆို အမြဲ ၆ နာရီနီးပါး ။
ခုတစ်ခေါက်ခရီးစဉ်ကတော့ရှာမှ ရှားပဲ။

ဟနေဒါ- ကွာလာလမ်ပူ...၇ နာ၇ီ
စကာၤပူ - ဘာလီ   ၂ နာရီ နီးပါး
ဘာလီ -စကာၤပူ    ၂ နာရီ နီးပါး

စကာၤပူ - ရန်ကုန်  ၃ နာရီ နီးပါး
ရန်ကုန် - ဘန်ကောက် - ၁နာရီင်္ ၅ မိနစ်
ဘန်ကောက်- ကန်ဆိုင်း   ၆ နာရီ

ဒီကြားထဲ အစီအစဉ်မရှိပဲ  ရန်ကုန်ပြန်ရတော့ လေယဉ်လက်မှတ်ကလည်း ဈေးတတ်ချိန် နောက်ပြီး ခရီးစဉ်အတိုင်းမဟုတ်တော့ ဘာလီ စင်္ကာပူ ၊ စင်္ကာပူ- ရန်ကုန် ၊ ရန်ကုန်- ဂျပန် လက်မှတ်တွေက အပိုကုန်တွေ ဖြစ်သွားတော့တာပေါ့ ။ မိသားစုနဲ့ နေလိုက်ရတယ်ဆိုတဲ့ အမြတ်တစ်ခုနဲ့ပဲ ဖြေသာရပေမယ့် ရောက်လေရာ ဗီဇာကဒ်နဲ့ ပဲ ဖြေရှင်းနေရတော့  ပြန်ရင်တော့  ဒီတစ်လ ၀ယ်ချင်တာလေး သွားချင်တာလေး ချုပ်တည်းရတော့မယ့် အပြင် ထုံးစံအတိုင်း အိမ်ကနေ နည်းနည်းလေး မစပါအုန်းဆိုပြီး ပြန်တောင်းခဲ့ရတယ်။
 ရန်ကုန်မှာလည်း ဒီတစ်ခါ စားစရာ တွေ ၀ယ်တာကလွဲလို့  ဘာမှ အပိုမကုန် မ၀ယ်မိအောင် နေ
လို့ အိမ်က လူကတောင် ဟယ် တော်လိုက်တာ အမြဲ အဲ့လိုနေနိုင်ရင်သိပ်ကောင်းမှာပဲ တဲ့ ။ ဒီကြားထဲ မေလ်းကို ဖတ်တော့ နောက်လတွေကနေစပြီး စကော်လာလျှော့တယ်။

ရန်ကုန် ဆိုတာထက် ရကုန်ဆိုရင် ပိုမှန်မလား ။ အကုန်လုံး ငြီ်းလိုက်ကြတာ။ ချမ်းသာတဲ့သူလည်း ငြီးတယ်။ အလယ်အလတ်လည်း ငြီးတယ်ဆိုတော့ ကျန်တဲ့သူတွေ ဘယ်လိုနေမလည်း စဉ်းစားသာကြည့်။ ကျွန်မက အမြဲ ပြန်မယ် ပြန်မယ် ဆိုပြီးကြွေးကြော်နေတဲ့သူတောင် တခြားသူတွေကို(တစ်ကိုယ်ရေ တစ်ကာယသမားတွေ) ပြန်မလာနဲ့ လို့ သာ တိုက်တွန်းလိုက်ချင်တော့တယ်။
ဘယ်နှယ့်ကွယ် ဂျပန်မှာ ဆီတစ်ပိသာ မြန်မာငွေ ၃၀၀၀ကျပ်လောက်ပဲ ရှိတယ်။ မြန်မာပြည်မှာ ဆီတစ်ပိသာ ၃ ထောင်ကျပ်နဲ့ ရလို့ လား ။ ဆန်တစ်အိတ်ကို လေးသောင်း၈ ထောင်တဲ့ (မေမေပြောတာ)။
ဥပမာ  ဘီယာတစ်ပုလင်း ၁၅၀၀နဲ့ ကျပ်တွက်ရအောင်။သာမန် အလုပ်သမားတစ်ယောက်ရဲ့ လစာ ၆သောင်းကျပ်နဲ့တွက် သူ့ ရဲ့ လစာရဲ့ ၂.၅ % ကိုယ်သုံးနေရပြီ။ ကမ္ဘာ့ တတိယ စီးပွားရေး အင်အားကြီးနိုင်ငံရဲ့ ဈေးနဲ့တွက်ကြည့်လေ ။ဘီယာတစ်ပုလင်းကို မြန်မာငွေ ၂၈၀၀ ကျပ်နဲ့ တွက်မယ်ဆိုရင် သူတို့ ရဲ့ ကြမ်းတိုက် သန့် ရှင်းရေး အခြေခံလုပ်သားတစ်ယောက်ရဲ့လစာ မြန်မာငွေ ၁၄ သိန်းနဲ့ လျှော့ပေါ့ပေါ့တွက။် ဘီယာတစ်ပုလင်းအတွက် သူ ၀.၂ ရာခိုင်နှုန်းပဲသုံးလိုက်တယ်။ ကဲ ဘယ်က ဈေးကြီးသလည်း။

အများကြီးလည်းမဆွေးနွေးနိုင်ပါဘူးမြင်သမျှလေးပြောပြမယ်။
ခုတစ်လော ရန်ကုန်မှာ ၀န်ဆောင်မှု့ က ဒီလောက်မကောင်းပေမယ့် ကော်ဖီဆိုင်လှလှလေးတွေ ထပ်ထွက်လာတယ်။ အောင်ပွဲခံနေတာကတော့ ဓမ္မာစေတီလမ်းပေါ်က coffee circle (ကြာပြီ) နောက်နာမည်ကြီးလာတာက coffee Jasper. ရွှေဘထမင်းဆိုင်လမ်းထဲက .. ကော်ဖီတစ်ခွက်ကို ၂၂၀၀လောက်ကနေစတယ် ။ ဆိုင်အပြင်အဆင်ရတော့ လက်ခံပေးလိုက်မယ်။

 ကဲ ဒါဆိုရင် အင်းလျားကန်ဘောင်မှာ လူတိုင်းဝင်ထွက် စားသောက်လို့ ရအောင် လုပ်ပေးထားတဲ့ အရသာလည်း၇ှိတဲ့ နာမည်လည်းရှိတဲ့ မင်းလမ်း မုန့် တီ
အောက်ကပုံများကြည့်ပါ။
ဂုံးပေါင်း ၄ ကောင်တစ်ပွဲ ၄၀၀၀ကျပ် ..ပုစွန်စိမ်းသုပ်တစ်ပွဲ ၅၀၀၀ ကျပ်ပါ။


အမည်းရောင်ကေ၇ညှိ သုပ်၊ဘေးက ပန်းကန်ထဲက ပုဇွန်စိမ်းသုပ်

အော်ရန်ကုန်  ရန်ကုန်..
ကားဂိတ်မှာရပ်နေကြသူတွေ ဈေးထိပ်မှာ ရပ်နေကြသူတွေ နေအပူကြောင့်လားပဲ အ၀တ်တွေက ပိုပြီး အရောင်မှိန်နေသလိုပဲ။  ရာသီဥတုကတော့ မတ်လနဲ့ မလိုက်အောင်ကို နေလို့ ထိုင်လို့ ကောင်းခဲ့တယ်။ သိပ်မပူဘုူး ။ မီးလည်း မဆိုးဘူး ပျက်လည်းခဏပဲ။

ဘယ်နေရာတွေ စည်သနည်း။
pub သို့ မဟုတ် cafe လို့ အမည်ခံထားတဲ့ နိုက်ကလပ်တွေ အတော်ကိုစည်တယ်။ လူကိုညှပ်နေတာပဲ။
ခေတ်စားတဲ့သီချင်းက အောင်လရဲ့ တောင်းပန်ပါတယ်ဆိုလားဘာလား။သင်္ကြန်သီချင်းလည်း DJ ကပွတ်နေတာပဲ။

ဟိုတယ်ဝင်းတစ်ခုတည်းမှာတင် ကလပ် ၂ ခု၇ှိတယ်။ နိုင်ငံခြားသားတွေ လည်းအုပ်စုလိုက်များတယ်။ ကလပ်အတွင်းလုံခြုံရေးဝန်ထမ်းတွေကတော့ ဘယ်ကနေဘယ်လိုရှာထားလည်းမသိဘုး နည်းတဲ့ ဒေါင်တွေ ကိုယ်လုံးတွေ မဟုတ်ဘူး။  အမူးလွန်နေတဲ့ ကောင်မလေးတွေကို သန့် စင်ခန်းဝအထိသေချာတွဲ ပို့ တယ်။ 
နောက် ကမ္ဘာအေးဘုရား လမ်းပေါ်နားမှာပဲ ၇ှိတဲ့ ကလပ်တစ်ခုကတော့ အံမယ် မိန်းကလေးတိုင်းပေးမ
ဝင်ဘူးတဲ့ နေရာကျဉ်းလို့ တဲ့ ။ သူက မနက် ၅ နာရီထိ ဖွင့်တယ်။ သန့်စင်ခန်းဝင်တော့ ခုနာမည်ရှိတဲ့ မင်းသမီးတစ်လက်နဲ့ တွေ့ တယ်။ သန့် စင်ခန်းစောင့်အဖွားကြီး ရဲ့ သမီးရေ သမီးကို
အားပေးနေတယ်နော် ။ ဆက်ကြိုးစားသမီး နော် ဆိုလို့ ကြည့်လိုက်မိတယ်။ သူကတော့ ကလပ်ကို ၃ နာရီလောက်မှရောက်လာတာတဲ့။ ကားကို ဆိုင်နောက်က ခြံဝင်းထဲမှာ ရပ်ထားတော့ ပြန်တော့မယ်အလုပ် စောနမင်းသမီး ဈေးညှိနေတာတဲ့ ။ကိုယ်ကားပေါ်တတ်တော့ သူက ခေါင်းကြီးငုံနေရှာတယ်။
 သောက်ညှင်ကပ်ကပ်နဲ့ ကားမီးထိုးပေးလိုက်တယ်။  ကလပ်လာတဲ့ မင်းသားတွေ ကတော့ ထားပါတော့ လေ ။

နောက် ခုတစ်လော ရေပေါ်ဆီ အဲ့လေ  လူငယ်တို့ စုဝေးတတ်တဲ့နေရာက  နန္ဒာလှိုင်ရဲ့ ဆိုင်ပဲ။
စားလို့ လည်း ကောင်းတယ်။ နေရာနဲ့ ဆိုရင်တော့ ဈေးလည်း အင်း မဆိုးပါဘူးပေါ့လေ....

ရန်ကုန် ရန်ကုန်  ...အတော်ပြောင်းသွားတယ်။ ဟိုးအရင်က  ကလပ်ကောင်းကောင်းဆိုရင် စီဒိုးနားအောက်၊ ပါ့ခ်ရွိုင်ရယ်အောက် ၊ ကန်တော်ကြီး ဟိုတယ်အောက် (memberonly) လောက်သာရှိတာ။

ခုအဲ့နေရာတွေက လူမစည်ဘူးတဲ့။
ကားကြီးကားငယ်နဲ့ လာနိုင်တဲ့ လူငယ်အမျိုးသားလေးတွေ များတယ်။ သဌေးဖြစ်ရတာထက် သဌေးသားဖြစ်ရတာ ကံကောင်းတယ်ဆိုတာ အမှန်ပဲ။  နောက်တို့ လို အသက်ကြီးကြီး အန်တီကြီးတွေကတော့ မရှိသလောက်ပါပဲ။ တို့ လို လာစပ်စုတာပဲ ဖြစ်ရမယ်။


ကန်ဆိုင်း လေဆိပ်ရောက် တော့ ဧပြီလရဲ့ လေနုအေးရယ်  မပြောင်းလဲတဲ့ ချယ်ရီပန်းပွင့်တွေက
သူ့ အချိန်မို့ ပွင့်နေတယ်။ Reentry ကောင်တာမှာသွားရပ်တော့ okaeri (welcome back)
လို့ နှုတ်ဆက်လိုက်တဲ့ ဂျပန်အရာရှိ .. လေဆိပ်ကနေ ထွက်လာတော့
ရထားဈေးနှုန်းလည်းမတတ်ဘူး.။ဆန်ဈေးနှုန်းကလည်းအရင်အတိုင်း ။ရေသန့်ဗုးကလည်း အရင်အတိုင်း..
အော် ငါ့အပေါ်သစ္စာရှိတဲ့ ဂျပန်ရေ ..လို့ စိတ်ထဲကတွေးရင်း 

ရန်ကုန် အတင်း များ ပြီးပါပြီ ။.....
ဘယ်မင်းသမီးလည်း သိချင်ရင် တိုးတိုးတိတ်တိတ်မေး၊  ဘယ်နေရာလည်းမေးချင်ရင် လည်းတိုးတိုးတိတ်တိတ်မေး

ကြည်ကြည်

21 comments:

  1. ချစ်ကြည်အေးApril 2, 2011 at 2:08 AM

    မောထှာ ကြည်ကြည်ရယ် ရကုန်အကြောင်း ဖတ်ရတာ...၊ တို့တော့ အဖွားကြီးပဲ ဆိုဆို အဲ့နေရာတွေ သိဘူးအေ....

    ReplyDelete
  2. စိတ်ညစ်တယ်.. အန်တီရယ်... ဘီယာနဲ့ ပုဇွန်အစိမ်းသုတ်ကို ဒီမှာလွေးတာပဲ တန်သေးတယ်တော်။

    ReplyDelete
  3. မမရေ .ရန်ကုန်အကြောင်းလေးတွေ နောက်လဲကြုံရင်
    ပြောပြအုံးနော်မမ..:D:D
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  4. ဘယ်နေရာလေးလဲ အစ်မ

    ReplyDelete
  5. awaiting new posts

    ReplyDelete
  6. အဝေးကြီးပဲ...
    ဒေါ်လေးတို့ နဲ့..
    ဘာတွေ ရေးထားမှန်းကို မသိဘူး..း)

    ReplyDelete
  7. DJ ကျောက်April 2, 2011 at 6:06 AM

    ဗမာပြည်က လူတွေကလဲ ပြန်ကိုမလာနဲ့ပဲ ပြောနေကြတာ...နိုင်ငံခြားကနေ အိမ်ကိုသိတ်လွမ်းပြနေတဲ့သူတွေ တလ လောက်နေရင် သိကုန်ကြတာပဲ..
    ဗမာပြည်တော်တော် ပျက်စီးနေတာ လက်ဖျားခါတယ်..

    ReplyDelete
  8. အားလုံး အားလုံးကျေးဇူး
    မချစ် ...မချစ်မသိတာတော့ယုံပါ့ ရှင့် .
    မကေ မြင်သမျှသာရေးရင် ပိုဝေးမှာ
    မိုးယံ ...အန်တီလည်းအဲ့လို ပဲ တွက်ကြည့်ပြီး မြန်မာပြည်ကလွဲရင် အကုန်တန်တယ်။

ှီဲီDJ လိုတယ်ဆိုလို့  ဘကျောက်နာမည်ပေးခဲ့တယ်။

    ReplyDelete
  9. ကြည်ကြည်ရေ ဆူနာမိဖြစ်စကစိတ်ပူနေတာ။
    တိုကျိုမှာနေရင်တော့ တခြားဘက် ပြောင်းဖို့ စဉ်းစားစေချင်တယ်

    ပြည်ပမှာ တလကုန်ကျစရိတ်ဟာ ရကုန်မှာ ၃ရက်အတွင်းပြောင်တယ်။ အခုခေတ်တော့ ကိုယ်တို့လို ဂရန်ဒီတွေ အတွက်တော့ မျက်စိနဲ့ မတည့်ပါဘူး။ မြန်မာအက ဆိုတာ ခုခေတ် ကလေးတွေ လုံးဝ မမြင်ဖူးဘူး လို့ ထင်ရတယ်။ ခေတ်ပေါ် တုန်ခါလှုပ်ရွ နေတာကို ဘဲ အကလို့ ထင်နေကြတယ်။ င်္အကျီတွေ ဆိုတာ ဟိုပေါ်ဒီပေါ် ။
    ကိုယ်တို့ ခေတ် ကို ဂန်ထ၀န် လို့ ဘဲ ဆိုဆို လဖက်ရည်ဆိုလည်း တခွက်က တငုံဘဲ သောက်ရတယ်။ မ၀လို့  ဆိုင်၎ဆိုင် ပြောင်းသောက်ရတယ်။ ဒါနဲ့ ပိုက်ပိုက်က ကုန်ရော.. ဒီကြားထဲ အစားမတော် ပန်းပန်း ဖြစ်လို့  ဆန်ပြုတ်နဲ့ ပြီးခဲ့ရလို့  ပိုက်ပိုက်ကုန် သက်သာ ရတာ ဘဲ ကျေးဇူးတင်ရသေး

    ဆောင်း

    ReplyDelete
  10. ဟေး...ဒေါ်မကြည် ..
    ရန်ကုန်ရောက်တာနဲ့ ရှောက်ဖွနေတာပေါ့ ( ဟိ ဟိ )
    ဘယ်မင်းသမီးလည်းဟင်..? သိချင်လိုက်တာနော်.. ။

    ReplyDelete
  11. ချော(အစိမ်းရောင်လွင်ပြင်)April 2, 2011 at 1:31 PM

    ကြည်ကြည့်ပိုစ့်လေးက ရန်ကုန်ရဲ့ လက်ရှိအနေအထားကို အထင်းသား မီးမောင်းထိုးပြနေတာဘဲ။ လူတန်းစားကွာဟမှုကလည်း သိပ်များသွားပြီး နိုက်ကလပ်တို့လိုနေရာတွေ ဆိုင်ကြီးတွေက ရေပေါ်ဆီတွေဘဲ သွားနိုင်ကြတာ သာမန်လူတွေ အနားတောင် မကပ်နိုင်ဘူး
    အဲ .. အစောကပြောတဲ့ ဈေးညှိချင်လို့ သွားတဲ့ လူတန်းစားတွေက တစ်မျိုးပေါ့။ မမြင်ချင်တာ မကြားချင်တာတွေ ကြားရမြင်ရ စိတ်ချမ်းသာစရာ မရှိတော့ပါဘူး

    ReplyDelete
  12. ဟုတ်တယ်အစ်မရေ...ကျွန်တော်ရန်ကုန်ပြန်ချင်တာ တစ်ပိုင်းသေနေတာ...။
    သိသမျှလူတိုင်းက မပြန်နဲ့ဆိုတာကြီးပဲ...ဟင်း...၊ကိုရွှေရန်ကုန်ရေ..ဘာတွေ
    ဖစ်နေလဲကွယ်....:(((။စကားမစပ် တိုးတိုးလေးမေးမယ်...ဘူလေးလဲဟင်...:))

    ReplyDelete
  13. An Asian Tour OperatorApril 3, 2011 at 7:09 PM

    တွက်ပုံ တွက်နည်း ဖော်မြူလာ တူနေတယ်။ လစာ တည် ဘီယာတစ်ပုလင်း ကို နှုတ် :-)

    ReplyDelete
  14. ဒေါ်လေးကြည်..
    တွေ့ပီလား ရကုန်ဆိုတာဒါဗြဲ. :D
    ဒါပေမဲ့pub, cafe အမည်ခံဆိုတာတွေတော့မကြားမိဘူး..
    တို့ကရိုးလို့နေမှာ..:D

    ReplyDelete
  15. စာေ၇းကောင်းတယ်နော်း။ဆက်ေ၇းပါလို.

    ReplyDelete
  16. သတင်းပေးတာကျေးဇူးပါ။

    ReplyDelete
  17. အမရေ သမီးလည်း အိုဆာကာကနေပြန်တာပဲ
    ၂ပတ်နေတယ် ဂျပန်ငွေနဲ့ဆိုသုံးပျော်ပါတယ်လို့
    မကြီးကိုပြောမိတော့ တလ၁၅သိန်းရရင်တော့
    မြန်မာပြည်ကနေလို့ကောင်းတာပေါ့တဲ့
    ရွှေဘဲ မှာစားတာမယ်မယ်ရရမဟုတ်တာတောင် ၆သောင်းတဲ့
    မင်းလမ်းဆိုင်က အိမ်ကမစားရဲလို့
    ဂျပန်မှာနေသားကျနေပြီ
    ခနလေး ပြန်တာ ၀မ်းသွားတာ၅ရက်
    သေသေချာချာမစားခဲ့ရဘူး

    ReplyDelete
  18. ဖတ်လို့ကောင်းတယ်..။
    ရေးထားတာ
    ကွက်ကွက်ကွင်းကွင်းပဲနော်..။
    ကျနော်တို့တော့ မြန်မာပြည်ပြန်ရင်ရွာတန်းပြန်တာ
    များတော့ တော်သေးတာပေါ့နော်..။


    ပေါက်

    ReplyDelete
  19. ဖတ်လို့ကောင်းတယ် ရယ်စရာ မောစရာတွေလဲ ပါရဲ့ ရယ်ပြီး မောသွားတယ် အမရယ်

    ReplyDelete
  20. ခင်ဗျားပြောသည့်ဆိုငိဆင်းရဲသားနှင့်မဆိုင်
    ခရိုနီတစ်စုရဲ့အပန်းဖြေရာနေရာ
    ကားမရှိ လားမရှိ ရည်စားမရှိ
    နေစရာမထိ
    လွမ်းလောက်ပါဘိ

    ReplyDelete
  21. ကိုနှိုင်လင်းစိုး အလုပ်အဆင်ပြေလား

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။