Tuesday, May 10, 2011

နှင်းတွေ ပျောက် နွေရောက်ပြီမို့ 

ဂျပန်မှာ ဒီနေ့စပူတယ်။ ရာသီဥတုက ချက်ချင်းကို ပြောင်းလည်းသွားတာ မြန်လိုက်တာ။ ဒီနေ့ အပူချိန်က ၈ လပိုင်း အပူချိန်မျိုး အရင်တစ်ပတ်ကအထိ cardigan အပါးလေးထပ်မှ အပြင်ထွက်လို့ရတာကနေ ဒီနေ့ ကစပြီး ပင်လယ်သွားလို့ရတဲ့ အနေထားမျိုး ဖြစ်နေပြီ။

ဖူကူရှိမား နယူးကလီးယား ဓာတ်အားပေးစက်ရုံ ပြသနာကြောင့် တိုကျိုဧရိယာဘက်တွေမှာ ဒီနွေရာသီအတွက် မီးအလုံအလောက် ရနိုင်ဖို့မလွယ်သလို။ ဂျပန်အလယ်ပိုင်းဘက်ကို ပေးနေတဲ့ shizuoka ပြည်နယ်မှာရှိတဲ့ နယူကလီးယား ဓာတ်အားပေးစက်ရုံကိုလည်း အကယ်၍များ ထပ်ပြီးငလျှင်သို့ မဟုတ် ဆူနာမီဖြစ်ပေါ်ခဲ့သည် ရှိသော် ယခုအခြေအနေမျိုး ထပ်မဖြစ်လာနိုင်ရန် ကြိုတင်ကာကွယ်တဲ့အနေနဲ့ပါ...။ နယူကလီးယား ဓာတ်အားပေးစက်ရုံကို ရပ်နားဖို့ ၀န်ကြီးချုပ်ရဲ့ တောင်းဆိုမှုကို အဲ့ဒီ့ နယူးကလီးယား ဓာတ်အားပေးစက်ရုံ ကုမ္မဏီကလည်း လက်ခံလိုက်ပါတယ်။ လောလောဆယ် ပြန်လည်စစ်ဆေးမှု အတွက်ရပ်ထားပေးမယ်။ ပြန်လည်ပြီးလည်ပတ်ဖို့ကို သင့်လျော်တဲ့ အနေအထား၊ အန္တာရယ်ကင်းတဲ့ အနေအတား ရှိမယ်ဆိုမှ နောက် ၃နှစ် ၄ နှစ်လောက်မှ ပြန်ပြီးလည်ပတ်မယ်လို့ ဆိုပါတယ်။ သူက နာဂိုရာဘက်ကို ပေးနေတာကိုး။ ပင်လယ်ကမ်းခြေမှာပဲ ရှိနေတဲ့အတွက် သူတို့စိုးရိမ်ပြီး ဖြစ်လာခဲ့သည် ရှိသော်ဆိုတဲ့ ကြိုတင်ပြင်ဆင်ချက်တွေမှာ အစိုးရရော၊ စီးပွားရေးသမားတွေရော၊ ပြည်သူရော ပူးပေါင်းကြတယ်ဆိုတာ မြင်လိုက်ရပါတယ်။ ဓာတ်အားပေးစက်ရုံ အနေနဲ့ ကလည်း သူတို့ကို ပြည်လည်ပြီးတော့ ကြည့်ရှုပေးဖို့ တောင်းဆိုထားပါတယ်။

အဲ့ဒီ့တော့ ကျွန်မတို့ နေတဲ့ ဒေသတစ်ဝိုက် kansai(ကျိုတို၊ ကိုဘေး၊ အိုဆာကာ၊ နာရာ) ဧရိယာမှာလည်း ဒီနှစ် နွေရာသီအတွက် မီးခြွေတာဖို့ကို လှုံဆော်မှု တွေရှိလာပါပြီ။ အင်တာဗျူးတွေမှာ အရပ်သူအရပ်သားတွေက ဒါကို တတပ်တအား ပါဝင်ကြမယ်လို့ ဖြေကြပါတယ်။ တစ်နိုင်ငံလုံး အခြေအနေက ဒီလိုဖြစ်နေတော့ အခုလို ပြည်သူတွေက ပါဝင်ပူးပေါင်းကြမှသာလျှင် nihon hitotsuni narou (စည်းလုံးခြင်းဖြင့် ပြန်လည်ထူထောင်ပါအံ့) ဆိုပါတယ်။ အားကျစရာပါ။

တစ်ခါက တီဗီအစီအစဉ်တစ်ခုမှာ တနေကုန် အာလူး မီးဖုတ်ပဲစားရမယ်ဆိုတဲ့ ခလေးငယ်တွေရဲံ့ ကျောင်းက အိမ်စာကို ကလေးတွေလိုက်နာသလို အိမ်က လူကြီးတွေက လည်း လိုက်နာပြီး ပံ့ပိုးပေးကြတာကို ကြည့်ဖူးပါတယ်။ ဂျပန်ဟာ စစ်မဖြစ်ခင်မှာရော စစ်ပြီးတဲ့နောက်ပိုင်းမှာတော့ပိုဆိုးစွာ အစားအသောက်ရဲ့ ငတ်ပြတ်မှုဒဏ်ကို ခံခဲ့ရတော့ ဘယ်လောက်ပဲ ယခုအချိန်မှာတိုးတက်နေပါစေ အကယ်၍ များစစ်ဖြစ်ခဲ့သည်ရှိသော သို့မဟုတ် ယခုလို သဘာဝဘေးဒဏ် ခံခဲ့ရသော်ဘယ်လို ရင်ဆိုင်မလည်းဆိုတာကို နားလည် သဘောပေါက်စေရန် ဆိုတဲ့ရည်ရွယ်ချက် နဲ့ဒီလို ပညာပေးမျိုးတွေ ကို လုပ်လေ့ရှိပါတယ်။ ငလျှင်မတိုင်မှီအထိ လုပ်ငန်းရှင်အနေနဲ့ နေခဲ့သူတွေ၊ အိမ်ပိုင်ယာပိုင်နေခဲ့သူတွေ ယခုအချိန်မှာ သူများယာထဲမှာ အပင်ရိတ်နေကြတာတွေ၊ ကယ်ဆယ်ရေးစခန်းတွေမှာ နေကြသူတွေ ကိုမြင်လိုက်ရတာဟာ ကျွန်မတစ်ခါမှ လေးလေးနက်နက် မတွေးခဲ့ဘူးတဲ့ မမြဲခြင်းဆိုတဲ့အရာ ကိုတုန်လှုပ်စွာ သတိတရား ရလိုက်ပါတယ်။

ကယ်ဆယ်ရေး စခန်းတွေမှာ နေရသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာတဲ့သူတွေ၊ သန့်ရှင်းရေး အားနည်း လာမှု့ကြောင့် ကူးစက်ရောဂါတွေ ရဲ့အကြောင်းတွေ စစခြင်းမြင်လိုက်ရသလို၊ တစ်ဖက်ကလည်း တိုကျို ပြည်နယ် စည်ပင်သာယာရေးပိုင် တိုက်ခန်းတွေမှာ ပြောင်းလာတဲ့ မိသားစုတွေအတွက် ၆ လ အိမ်ငှားခ လွတ်ကင်းခွင့်တွေ၊ ဒုက္ခသည်တွေရဲ့ ကျန်းမာရေး အာမခံတွေအတွက် လျော့ပေါ့ စဉ်းစားပေးမယ့်အစီအစဉ်တွေကလည်း သာဓုခေါ်စရာပါ။ ဒီလိုပဲ အိမ်၊ ကား အကြွေးနဲ့ ၀ယ်ကြတဲ့ ဒီလိုနိုင်ငံမျိုးမှာ အိမ်လည်းပျောက် ကားလည်းမျောသွားပေမယ့် အကြွေးကတော့ ဆက်ပြီး ဆပ်နေရအုန်းမယ့် ဒုက္ခတွေ။ ပြန်လည် ထူထောင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးတွေ နိုင်ငံခြားကလတင်သွင်းရမယ့် ပစ္စည်းတွေအတွက် ဂျပန်ယန်းဈေးများ ကျလေမလားလို့ တွက်ကြည့်မိပေမယ့် ယန်းဈေးကတော့ လောလောဆယ် မာလျှက်ပါပဲ။ ဂျပန်အစိုးရက သိမ်းထားတဲ့ ဒေါ်လာတွေပဲ သုံးမလားမသိဘူး ဆိုပြီး မဆီမဆိုင်တွေးမိနေပါတယ်။

ကျွန်မ ဆရာတစ်ယောက်ဆို သူငယ်ငယ်က စစ်ပြီးတော့ ထမင်းမနပ်မှန်ခဲ့သလို ထမင်းရှိတော့လည်း ဟင်းဆိုတာ မတွေးဖူးခဲ့ဖူး။ ume boshi လို့ခေါ်တဲ့ မက်မန်းသီးအစိုနှပ်နဲ့သာ ထမင်းကို စားခဲ့ရတယ်လို့ ပြောပါတယ်။ အမေရိကားက စစ်သားတွေဝင်လာတော့ ကိုကာကိုလာ ပါလာတယ်တဲ။့ အဲ့ဒီ့စစ်သားတွေက ဖန်ခွက်ထဲမှာ ကိုလာကိုထည့်ပြီး နေရောင်မှာ သောက်လိုက်တော့ လူသွေးတွေလို့ သူတို့က ထင်သတဲ့။ ခလေးဆိုတော့ အရပ်ထဲမှာလည်း အမေရိကန်စစ်သားတွေက ထွားထွားကြီးတွေ လူသွေးသောက်တယ်လို့ ပြောကြတော့ တစ်ကယ် ယုံနေတာတဲ့။ အသားစား ကြမ်းပြီးထွားကြိုင်းတဲ့ လူတွေကို ကြည့်ပြီး သူတို့ က အရပ်စကားနဲ့ yaban (အရိုင်းအစိုင်းတွေ)လို စိတ်နာနာနဲ့ ခေါ်ကြတော့ ဂျပန်လူမျိုးတွေ ချွတ်ပြီး ရေတူတူ ချိုးကြတဲ့ဓလေ့ကို မြင်တဲ့ အနောက်တိုင်းသားတွေက ဟင် ငါတို့ကို yaban လို့ခေါ်တယ်။ တစ်ကယ်က နင်တို့ကမှ yaban လို့ ပြန်ပြောသတဲ့ ။

ကျွန်မ မူလတန်းကျောင်းလေးကို မြန်မာပြည်နဲ့ ပတ်သက်တဲ့ အရာလေးတွေ သွားပြောပြတော့ ကျောင်းမှာ သူတို့နဲ့အတူ နေ့လည်စာကို အတူတူစားရပါတယ်။ အလှည့်ကျခ လေးလေးတွေက အတန်းထဲကို ထမင်းအိုးတွေ ဟင်းအိုးတွေ သယ်တယ်။ကျန်တဲ့ခလေးတွေ က တန်းစီပြီး ထမင်းဟင်းကို ယူကြတယ်။ မီနူးက ငါးတစ်တုံး (နေ့စဉ် မပါမနေရ ၊ နို့တစ်ဗူး၊ ပဲဟင်းချို) တို့ဟူး၊ အရွက် ပြုတ်။ ဂျပန်ရဲ့ မူလတန်း ကျောင်းတွေက နေ့လည်စာ ကိုကျောင်းကနေ ထုတ်ပါတယ်။ တစ်လကို ၂၈၀၀ယန်းလောက် ပေးရပေမယ့် မိဘကလာပြီး မပေးနိုင်ပါလို့ လက်မှတ်လာထိုးရင်လည်း အလကားကျွေးပါတယ်။ တစ်ချို့ ကားသာ ၀ယ်စီးနေတာ ခလေးအတွက် ကျောင်းထမင်းဖိုး မသွင်းနိုင်ပါလို့  လာပြီးလက်မှတ်ထိုးတဲ့ သူတွေ ရှိသတဲ့။

ဘယ်သူကတော့ ပေးတယ် ဘယ်သူကတော့ မပေးဘူးဆိုတာ ကျောင်းက လျှို့ဝှက်ထားတဲ့ အတွက် နင်ကတော့ ပေးတယ်။ နင်ကတော့ မပေးပဲစားတယ် ဆိုတာတွေလည်း ကင်းတာပေါ့။ ဒီလိုပဲ ရန်ကုန်က ကျောင်းတွေကလို ပဲပြုတ်ပဲပါတဲ့ ခလေး၊ အသားဟင်းပါလာတဲ့ ခလေးဆိုတာမျိုးတွေ မရှိတော့သလို။ မစားချင်တာ မကြိုက်တာလည်း မရှိတော့ ယေဘုယျအားဖြင့်တော့ အားလုံးဟာ အတူတူစားတယ်။ ဆင်းရဲချမ်းသာ သိပ်မကွာတော့ တာတော့အမှန်ပါပဲ။ ပန်းအမျိုးအစားစုံလင် ပြီး ရေခံမြေခံကောင်းတော့ ဂျပန်နိုင်ငံဟာ ရာသီအလိုက် မဟုတ်ပဲ လအလိုက် ပွင့်နေတဲ့ပန်းတွေ ကတော့ စုံပါတယ်။ အထူးသဖြင့် ဒီလဆိုရင် ပန်းအမျိုးစား ပေါင်းစုံ လှလွန်းစွာပွင့်နေသလို ပန်းဝတ်မှုံ အလာဂျီကလည်း အတော်ကိုဆိုးပါတယ်။







မှတ်ချက်။....။ ရေးချင်လွန်းလို့ ရေးလိုက်ပါတယ်။ စာလုံးပေါင်းမှားရင် ပြင်ပေးသွားကြပါ။


ချမ်းမြေ့ကြပါစေ။

ကြည်ကြည်


10 comments:

  1. ဟင်.. ဟိုမှာ ဟို မှာ.. နင်ဂျာမလေး ဘောင်းဘီ အတိုနဲ့တော့... ဘောင်းဘီတိုနဲ့ နင်ဂျာကို ဘိရုမာ သူ ဂျပန်ရောက်မှ မြင်ဖူးတာ အံ့တယ်ဟေ့.

    ReplyDelete
  2. ငါ့ညီမ.. ငြိမ်နေ ပါ တယ် လို့...။ ကြည့်စမ်း ရာသီဥတု ကောင်းတာနဲ့.. အပြတ် ၀တ်ပြီး..ပင်လယ် ဖက် ထွက်တော့မယ်ပေါ့..။ ( သိဒယ်)း)
    ပန်းတွေ ကြည့်ပြီး စိတ်ချမ်းသာလိုက်တာ။

    ReplyDelete
  3. ချစ်စရာ ပန်းလေးတွေ နော်...မမ။
    ..ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  4. ငယ်ငယ်က ပုဆိုးကိုမျက်နှာစည်းပြီးနင်ဂျာလုပ်ခဲ့တာသတိရသွားတယ်....:)

    ReplyDelete
  5. ဒီမှာတော့ ဒီနှစ်ပူတာစောတယ်... တချို့နွေဦးပန်းတွေတောင်တုံးကုန်ပြီ... ခုတလော လည်းရက်ဆက်တော်တော်ပူတယ်... နေလို့ကောင်းတယ်...၀တ်မှုန်တွေ အုပ်လိုက်ကူးတဲ့အချိန်လည်း ကျော်သွားပြီ......ည၉နာရီကျော်မှမှောင်တယ်

    စူးနွယ်လေး

    ReplyDelete
  6. မြန်မာပြည်က နွေဆို ညနေ ၆ နာရီကျော်
    စ လုံးက ညနေ ၇ နာရီကျော်
    ဘယ်က ည ၉နာရီကျော်မှ မှောင်တာလဲ
    ညတာတိုတာ စိတ်ညစ်တယ် အိပ်ရေးမဝလို့ ။ :(

    ReplyDelete
  7. ပန်းလေးတွေ လှတယ်ဗျို့။

    ReplyDelete
  8. နင်ဂျာက မိုက်လှချည့်လား နေကာမျက်မှန်နဲ့
    ဆောင်း

    ReplyDelete
  9. သိပ်ကိုတန်ဖိုးရှိတဲ့ လူမှုအကျိုးပြု post လေးပါ။ သိပ်ကြိုက်ပါတယ်။

    ReplyDelete
  10. ပန်းလေးတွေက လှလိုက်တာ ညီမရေ...

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။