Friday, June 10, 2011

သစ်တောနဲ့ သစ်ပင်ချစ်ခင်တဲ့လူမျိုး ......

အမှန်တော့ခေါင်းစဉ်က မြန်မာ့အလင်းမှာ မိုးရာသီပါတတ်တဲ့ခေါင်းစဉ်လေးပါ။
သစ်တောနဲ့သစ်ပင်ချစ်ခင်တဲ့လူမျိုး၊ xxxxx ရွှေတိုက်ကိုစိုး ဆိုတာလေ အကုန်မမှတ်မိဘူး။
-------------------------
မြေသင်းနံဆိုတာလေး ကိုအတော်များများနှစ်သက်ကြမှာပါ။ စာတွေထဲမှာလည်းဖတ်ဖူးနေတာပဲလေ။ မိုးစပြီးရွာကစမှာ ရတတ်တဲ့အဲ့အနံလေး။  တစ်နေ့ကသူငယ်ချင်းတွေနဲ့စကားပြောရင်း  သတိထားမိလိုက်တယ်။ မုတ်သုံ ရာသီမှာ နေကြတဲ့ သူတိုင်း မြေသင်းနံကို ချစ်ကြတယ်လို့။
အနံတောင်ခွဲခြားလိုက်တာလို့တော့ မထင်ပါနဲ့ရှင့်။  ဂျပန်က မိုးရွာပြီးကာစ အနံ့ကတော့မကောင်းဘူး။ အထူးသဖြင့် ကျွန်မတို့လို နယ်မှာနေရတဲ့သူတွေပေါ့။ တောရိပ်တောင်ရိပ် တော့ရှိပါရဲ့။ မိုးရွာပြီးရင် အပင်တွေကနေရတဲ့ အနံက စိမ်းရွှေရွှေကြီး။
ဂျပန်မှာ ၀တ်မှုံအလာဂျီ အဖြစ်များတာက ၄ လပိုင်း အဓိကကတော့ sugi လို့ခေါ်တဲ့ ထင်းရှုးတွေပေါ့။ ဂျပန်ဟာ စစ်ပြီးကာလာမှ နိုင်ငံပြန်လည်တည်ဆောက်ဖို့အတွက်ဆိုပြီး အားလုံးလိုလိုတောတွေ၊ တောင်တွေမှာ ထင်းရှူးကို အင်တိုက်အားတိုက်စိုက်လိုက်ကြတာ ခုတော့ ထင်းရှုးတွေရဲ့ သက်တမ်းကလည်းရင့်လာရော် လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်ကနေစပြီးတော့ ဒီထင်းရှုးမှုန့် အလာဂျီဆိုတာကစတော့တာပါပဲ။ လက်၇ှိမှာ ဂျပန်နိုင်က ဟာ သစ်တောမြေကိုတော့နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ရှိပေမယ့် လယ်ယာမြေကတော့လုံးဝ နိုင်ငံခြားသားပိုင်ဆိုင်ခွင့်မရှိပါဘူး။ ဟိုကိုင်းဒိုး ကျွန်းရဲ့ အတော်များများသော တောတွေဟာ ခုချိန်မှာတရုတ်၊ ကိုရီးယားကနေ ပိုင်တာများပါတယ်တဲ့။ သစ်တော လုပ်ငန်းတွေ သိပ်မလုပ်တဲ့အတွက်
သစ်တောနဲ့ အသက်မွေးသူတွေ အလုပ်အကိုင်ရှားပါးလာပါတယ်။
(မြန်မာပြည်မှာတုန်းက မြန်မာပြည်က ထင်းရှုးတွေကို ထွက်သလောက်ယူမယ်ဆိုတဲ့ ကိုရီးယားတစ်ယောက်တွေ့ဖူးတယ်။ စပ်စုကြည့်တော့ ခေါင်းတလားလုပ်ဖို့တဲ့) ။
တရုတ်ကျောင်းသူနဲ့စကားပြောကြတော့ သူဟာဂျပန်နိုင်ငံရဲ့ လူနေအိမ်ဘေးမှာ လယ်ကွက်တွေ ရှိနေတာကို အံ့သြောပါတယ်တဲ့။ အဲ့ဒီ့မှာ ဆရာက ရှင်းပြတာက ဂျပန်ဟာ လယ်ယာမြေလို့ သတ်မှတ်ထားတဲ့နေရာကို လယ်မလုပ်တဲ့သူကို ပြန်မရောင်းရဘူးလို့ သတ်မှတ်ထားပါတယ်တဲ့။ လယ်ယာမြေကို ကုမ္ပဏီတွေက ၀ယ်တယ်။ လယ်ယာအတွက်အသုံးပြုခြင်းမရှိပဲ တစ်ခြားသော လုပ်ငန်းအတွက် လုပ်ကိုင်ခွင့်မရှိလို့ဆိုပါတယ်။
ဆရာ့ကို ကျွန်မက စောဒကတတ်လိုက်တာက ဆရာတို့ဂျပန်ဟာ ကိုယ့်သစ်တောတွေတော့ ထိန်းသိမ်းတယ်။ ဖွံဖြိုးဆဲနိုင်ငံတွေဆီကနေ သစ်တွေဝယ်တယ်။ ဒါဟာကော်ဖီတို့၊ ၀ါ တို့တွေ ၀ယ်သလို fair trade တော့မဟုတ်ဘူး။အဲ့ဒီ့အတွက်ဘယ်လို ပြန်ပြီးလုပ်ပေးပါသလည်းလို့ မေးမိပါတယ်။ ဒါနဲ့ဆရာက မလေးရှား၊ အင်ဒိုနီးရှားမှာ သူတို့တွေပြန်ပြီး အပင်စိုက်တဲ့လုပ်ငန်းရဲ့ အောင်မြင်မှု့၊ ပူးပေါင်းတဲ့ဒေသရဲ့ အကျိုးခံစားခွင့်၊ မပူးပေါင်းတဲ့ဒေသရဲ့ disadventages တွေကိုပြန်ပြီးရှင်းပြပါတယ်။
အင်ဒိုနီးရှားရဲ့သစ်တောပြုန်းတီးမှု့မှာ သူနိုင်ငံရဲ့စီးပွားရေးတော့တတ်သွားတယ်လို့ဆိုပါတယ်။ (သူငယ်ချင်းက အင်ဒိုနီးရှားပရော့ဂျတ်လုပ်နေသူ)။
သူတို့ဟာ Growth first, Clean up later စနစ်နဲ့အင်ဒိုနီးရှားနိုင်ငံကို  ပုံသွင်းခဲ့ကြလို့ ရေတိုမှာ အကျိုးခံစားလိုက်ရပေမယ့် ရေရှည်ရဲ့ ထိခိုက်မှု့ ကို ခံရတယ်ဆိုတာကို empirical result ဘက်ကနေ တင်ပြသွားပါတယ်။
ကဲ တောင်ကြီး ကလော လမ်းက ကတုံးဖြစ်နေတဲ့တောင်တွေ ...........တို့တွေဘာလုပ်ရပါ့မလည်း။
ကျွန်မတို့ ခုလို ခေတ်မှာ Growth first Clean up later ဆိုတာ ကိုက်ညီမှု့တော့မရှိတော့ဘူးထင်တယ်။
clean up လုပ်စရာ မရှိတော့တာလား....


ကျောင်းအပြန်လမ်းမှာသစ်တောတွေကိုငေးရင်း ...တွေးလာမိတဲ့အတွေးစတစ်ခု...
...
  ခေါင်းကို ခါလိုက်တယ်...အိုး ငါဟာ ထင်းတစ်ချောင်းပါလေ...အလွယ်တစ်ကူကျိုးမှာပဲလို့ ......

6 comments:

  1. မသိတာတွေသိလိုက်ရလို့ ကျေးဇူးတင်ပါတယ်။
    စိတ်ဝင်စားဖို့ကောင်းတယ်၊ စာသင်ရတာပျော်စရာကြီးနော်။
    ထင်းရှုးပင်တွေအများကြီးရှိတဲ့ အိမ်မှာ သားသမီးမထွန်းကားတတ်ဖူးလို့ ဒီဘက်မှာအယူရှိကြတယ်။
    ထင်းရှုးပင်အောက်မှာလည်း အပင်ငယ်လေးတွေမပေါက်ဘူး။ ဆီပါလို့တဲ့။
    ခင်မင်လေးစားလျှက်

    ReplyDelete
  2. မဖြိုးရေ
    အဲ့လိုပြန်သိရတာကျေးဇူးတင်တယ်။
    ဟုတ်မှာနော် ထင်းရှုးတောတွေရဲ့ အောက်မှာ မှိုပဲပေါက်တာကိုး နော်.

    ကြည်ကြည်

    ReplyDelete
  3. အစ်မတစ်ယောက်တည်းဆိုရင်တော့ ထင်းတစ်ချောင်းထဲပဲလေ...၊ထင်းချောင်း
    လေးတွေအများကြီးဖြစ်လာရင်တော့ ချိုးဖို့မလွယ်တော့ပါဘူး...။ကျွန်တော်တို့
    တတ်နိုင်တာလေးတွေ နိုင်သလောက်လုပ်လို့ရပါတယ်ခင်ဗျ...၊စိတ်ဓိတ်မကျပါ
    နဲ့အစ်မရာ....။

    ReplyDelete
  4. တောင်ကြီးနားမှာတောင်တွေကတုံးဖြစ်တာကြာလှပြီ မမရဲ့။ ညီမတို့လည်း ထင်းချောင်းလေးတွေပါပဲ။

    ခင်မင်လေးစားလျက်

    ReplyDelete
  5. စိတ်ဝင်စားဘို့ကောင်းတဲ့ ပို့စ်လေး ဖတ်သွားတယ်ညီမလေးရေ...

    ReplyDelete
  6. သစ်တောနဲ့သစ်ပင် ချစ်ခင်တဲ့လူမျိုး သစ်ပင်ကိုနှစ်စဉ်စိုက်ရွှေတိုက်ကိုစိုး ပါတဲ့။

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။