Tuesday, June 14, 2011

အိုင်ဒီယာ(၃)

ယခုခေတ်မှာ (ရန်ကုန်မှာလည်းရောင်းအားအကောင်းဆုံး)တရုတ်လို hotpot   ဂျပန်လို shabushabu လို့ ကျွန်မတို့ခေါ်နေကြတဲ့ ပူပူုလောင်လောင် အစားအသောက်လေး လူတိုင်းသိကြမှာပါ။  
ဟော့ပေါ့ဆိုတာနဲ့ စတီး ဇလုံကို အလယ်က နေခွဲထားပြီး အစပ်တစ်မျိုး၊ အချိုတစ်မျိုးထည့်တားတာကို ပြေးမြင်မိမှာပေါ့။ ဟိုးအရင်တုန်းကတော့ တစ်မျိုးပါပဲ။
အဲ့ဒီ့ဇတ်လမ်းရဲ့ အစက တော့ စီချွမ်ပြည်နယ်ကနေ မြို့တော် (ဂှန်ဟိုင်းလား၊ပီကင်းလားပဲ ခွင့်လွှတ် မေ့သွားပြီ) တတ်လာတဲ့ လင်မယားနှစ်ယောက်ဟာ ဆင်းဆင်းရဲရဲ နဲ့ ရွှေ့ ပြောင်းလုပ်သားများနည်းတူ အလုပ်ကိုကြိုးစားပြီးလုပ်ကြသတဲ့။  နောက်တော့ အမျိုးသားက စဉ်းစားတယ် ငါတို့ ဟော့ပေါ့လုပ်ရောင်းမယ်ပေါ့၊ ဒါပေမယ့်သူတို့ ဟော့ပေါ့က သူတို့ စီချွမ်ကအတိုင်း အစပ်ကိုအရမ်းထည့်ရောင်းတယ်တဲ့ ၊ အဲ့မှာသူဆီကို လာအားပေးတဲ့ ဘ၀တူ အလုပ်သမားတွေထဲက စီချွမ်ကနေ လာပြီးအလုပ်လုပ်တဲ့သူကတော့ စားလို့ကောင်းတယ်ပေါ့  ဒါပေမယ့်တခြား ပြည်နယ်က လာတဲ့သူတွေကတော့ မင်းတို့ ဟော့ပေါ့ စပ်တယ်လို့ပြောသတဲ့။ ဒါနဲ့ အမျိုးသမီးက နှစ်မျိုးစလုံး စားလို့ရအောင် အိုင်ဒီယာနဲ့ အဲ့ဒီလို ပုံမျိုး  ဇလုံကို အပ်လိုက်သတဲ့။ ပေါက်သွားတာပေါ့။ သူ့ဆိုင်သေးသေးလေးကနေ တဖြည်းဖြည်းကြီးလာလိုက်တာ။ .အခုဆို တရူတ် နိုင်ငံရဲ့ နာမည်ကြီး
မြို့ကြီးတွေ တိုင်း မှာလိုလို သူတို့ဆိုင်ကရှိနေပြီး စုစုပေါင်း ဆိုင်ပေါင်း ၃၅၀ ကျော်သတဲ့။ ၀င်ငွေဟာ ဂျပန်ယန်းတန်ဖိုးအနေနဲ့ဆိုရင် တစ်နှစ်ကို သိန်းထောင်ပေါင်း ၃၅၀ ကျော်သတဲ့။ သူ့ ဆိုင်ကနေ စလိုက်တဲ့ အဲ့နှစ်မျိုးထည့်ဇလုံကို သူဟာမူပိုင်ခွင့်လုပ်ဖို့စဉ်းစားလိုက်ပေမယ့် တခြားသူတွေ လိုက်တုတာ
သူ့ ကိုကြော်ငြာပေးနေသလိုတောင်ဖြစ်ပါတယ်ဆိုပြီး မူပိုင်ခွင့်မလုပ်ဘူးတဲ့။
ဇလုံ တစ်ခု အိုင်ဒီယာပြုလုပ်တာ ....

နောက်တစ်ခုကတော့ ဂျပန်က အိုင်ဒီယာသမားပါပဲ။ ယိုကိုဟားမားရဲ့ ဆိပ်ကမ်း နားမှာ minato mirai ဆိုပြီး ရှိပါတယ်။ အဲ့ဒီ့နားမှာပဲ ရေပူစမ်းတစ်ခုရှိပါတယ်။ သူက အထပ်မြင့်ရေပူစမ်းပါ။ အထပ် ၁၀ထပ်ကျော်မှာတည်ရှိပါတယ်။
 ကျွန်မလည်း သိပ်တော့မမှတ်မိဘူး။ အဲ့အထပ်ပေါ်ကနေ အကုန်လုံးမြင်ကွင်းတွေ မြင်နေရတာတော့ အမှန်ပဲ။ သူက ကားပါကင်၊ နောက်စားသောက်ဆိုင် ၊ နောက်ရေပူစမ်း နဲ့ အပေါ်ဆုံးလေသာထပ် ဆိုပြီးခွဲထားပါတယ်။ရေပူစမ်းထဲမှာတော့ ကနေဘိုး၊ ရှိရှဲဒိုး နဲ့ ကိုဆေး အလှကုန်တွေကနေ လာတင်ထားတဲ့ နမုနာ မျက်နှာ လိုးရှင်းကနေ မျက်လုံးဆိုးဆေး အထိကိုစုံလင်စွာထားရှိပေးထားပါတယ်။

                                                              သွားထားကြောင်းအထောက်အထားဖြင့်
တစ်ယောက်ကိုယန်း ၂၇၀၀ နီးပါးပါ။ တစ်နေကုန် ကြိုက်သလောက်ဝင်လို့ရပါတယ်။
 ဒီမှာနည်းနည်းရှင်းပြချင်ပါတယ်။ ဒီကသဘာဝရေပူစမ်း ဆိုရင် ယန်း ၁၀၀၀ နဲ့အထက်မှာရှိပါတယ်။ ၂၄၀၀လောက်ကောက်တဲ့နေရာတွေကြတော့(suna ) တို့ steam room တို့မှာ ဆားနု တွေ နောက်အရွက်ပေါင်းထုပ်တွေ ပိုပြီးထည့်ထားပေးတတ်ကြပါတယ်။ ရန်ကုန်မှာတော့ အရွက်တွေ ဘာတွေ မထည့်သလို ဆားလည်းမတင်ထားပေးပါဘူး၊ စီဒိုးနား၊ ထရိတ်ဒါးနဲ့ ပတ်ခရွိုင်ရွယ်တို့မှာရှိပါတယ်။တစ်လောက တို့ အတင်းပြောထားတဲ့မင်းသမီးဆို suna ခန်းထဲ ဆီလိမ်း၍
မ၀င်ရဆိုတာကို နားမလည်ပါဘူး။ တစ်ကိုယ်လုံး ဆီတွေ လိမ်းပြီးမှ ၀င်ပါတယ်။(သိချင်လျှင်တိုးတိုးတိတ်တိတ်မေး )။
ဆက်ရအောင်
အဲ့လို အထက်မြင့်မှာ သဘာဝရေပူစမ်းဘယ်လိုများလုပ်လည်းပေါ့။ ဒီနားမှာပဲ တူးလားလို့ ကြည်ကြည်
တွေးခဲ့ဘူးပါတယ်။ လူတွေကလည်း သွားတိုင်းလိုလို စည်တယ်။  တစ်လောက တိုက်တိုက်ဆိုင်ဆိုင်  တီဗီအစီအစဉ်မှာလာရော။  ပိုင်ရှင်ဟာ နယ်က ရေပူစမ်း ပိုင်ရှင်ပါ။ ရေပူစမ်းနာမည်ကြီးတွေ ဆိုရင် ဂျပန်လူမျိုးတွေက တစ်ကူးတစ်က ကိုသွားဝင်ကြတာကိုး။ ဒီလိုနဲ့ သူက နယ်က ရေပူစမ်းရေကို မြို့ နေလူတန်းစား တိုကျို ယိုကိုဟားမား စတဲ့သူတွေကိုပါ အသုံးပြုစေချင်တယ် ဈေးကွက်ချဲ့မယ်ဆိုပြီး စဉ်းစားသတဲ့။  နေ့စဉ် ရေ ဂါလံ ၇၀၀ကျော်ကို သူ့ နယ်ကနေ ၂ နာရီခရီးနဲ့သယ်ပါတယ်တဲ့။ ရေသယ်ဖို့ ရေသယ်တဲ့အခါ ရေအပူချိန်(၇၀ဒီကရီ)  ပြောင်းမသွားအောင် အထူးစီမံထားတဲ့ tanker အရှည်ကြီးနဲ့ သယ်ပါတယ်။
ဒီလိုနဲ့ သူရဲ့ လုပ်ငန်းကိုချဲ့ထွင်ခဲ့ပါတယ်။ သူဟာလည်း ဂျပန်မှာ အဆင့်တစ်ခုသတ်မှတ်ခံရတဲ့သဌေးနာမည်ထဲမှာပါပါတယ်။
သူဟာ တစ်လောက ငလျှင်ဒဏ်ခံရတဲ့ဒေသက လူတွေ ရေပူစမ်းဝင်လို့ရစေရန်ဆိုပြီး အဲ့ဒီ့
သူ့ ရဲ့ရေသယ်ကား နဲ့ပဲ ရေကိုသယ်  ယာယီရေစိမ်တဲ့ ဇလုံ အကြီးကြီးတွေ နဲံ့ ကုသိုလ်ယူနိုင်ခဲ့ပါတယ်။

တို့ ရွာက ရေပူစမ်း ..

ကြည်ကြည် ရန်ကုန်မှာ အလုပ်လုပ်တုန်းက မြစ်ကြီးနား၊ လားရှိုး ၊ အင်းလေးခရီးစဉ်ကို ဂျပန်စစ်ပြန်အဘိုးကြီး အဘွားကြီးတွေ နဲ့ ၂၀၀၂ လောက်တုန်းက ခရီးထွက်ဖူးပါတယ်။
ကန့် ဘလူ လားပဲ အဲ့မှာ ညအိပ်တော့ သူတို့ က ရေနွေးစိမ်ချင်တယ်။ ရေနဲ့ပဲ ချိုးနေရတာကိုး။ သံစည်ပိုင်းကို အောက်ကနေ မီးဖိုတည်ပြီး ၀င်ကြတယ်ရှင်။ ကြည်ကြည်ကတော့ ကြည့်လိုက် ငရဲသားတွေ မီးမြိုက်တာကိုမြင်ယောင်လိုက်နဲ့ ။

ခရီးစဉ်က ခေါင်တိုင်ကိုရောက်ေ၇ာ ညဘက်ကြတော့ ခေါင်တိုင်ဟိုတယ်ကနေ ရေပူစမ်းသွားပါရောလား။ သူတို့ထင်တဲ့ရေပူစမ်းမျိုးမှ မဟုတ်တာ။ အကုန်လုံး ရေကူးကန်လို ထဲကို ၀င်ကြပြီးတော့ ရေကန်ဘေး
အ၀တ်လျှော်နေကြလို့ တဲ့ အဖွားကြီးတွေ က မ၀င်ကြဘူး။
နောက်တော့ မန်းလေးပြန် မန်းလေးကနေ လားရှိုးကိုတတ်တော့ နိုင်ငံခြားသား ၆ ဒေါ်လာလားပဲ ရေပူစမ်း အံမယ်သူကတော့ အခန်းနဲ့ ရှင်၊၊ ဂျပန်တွေက ဂျပန်ရေချိုးနည်းတိုင်းချိုးလို့ ရပြီဆိုပြီး ပျော်နေရော။
ကြည်ကြည်လည်း တစ်ခန်းပေါ့။ ရေချိုးဇလုံ အဖြူကကွယ် အ၀ါရောင်ကိုညစ်လို့ ၊ အခန်းတွေကလည်း ညှီစို့စို့  စိုတိုတို။ တော်ပြီငါတော့ ဒီအထဲတော့ ၀င်မချိုးတော့ဘူးလုပ်နေတုန်း ဘေးခန်းက အဖွားကြီး အော်ပြီးတံခါးဖွင့်လိုက်သံကြားတယ်။
ရေပိုက်ခေါင်းဖွင့်လိုက်တော့ ရေပူမလာခင် ရေအေးတွေ ဆင်းလာတယ်။ ရေအေးနဲ့ အတူပါလာတာက တီကောင်တဲ့  .. အဖွားကြီး က နန်းဒေ၀ီ နဲ့း)

ချမ်းမြေ့ပါစေ။

4 comments:

  1. သွားချင်စိတ်တောင်ပေါက်လာဘီ...၊ရေချိုးကန်ဆီ...:)
    စည်ပိုင်းကို မီးဖိုပြီးဝင်ချိုးတာဖတ်ရတော့ ရီလိုက်ရတာ...:)
    ဒါနဲ့ နန်းဒေဝီက ဘာတုန်းဗျ....။

    ReplyDelete
  2. မောင်ညိမ်း . နန်းဒေ၀ီ ဆိုပြီး လှည်းတန်းမှာ ကြော်ငြာထားတယ်လေ
    ရွှေဆိုင် ....း)
    ဆိုက်စုံ ရမည်..


    ကြည်ကြည်

    ReplyDelete
  3. ဟားဟားဟား...တော်သေး၏... တင်တင် ဝတ်တဲ့အရွယ်မဟုတ်တာ

    ReplyDelete
  4. ဟော့ပေါ့ကို ကိုယ်လည်း ကြိုက်တယ်၊
    ရာဇ၀င်က အဲဒီလိုကိုး

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။