Monday, August 29, 2011

အမနို ဟရှိတတဲ့ (amano hashitade) သို့ တစ်ခေါက်  天橋立

ကျွန်မတို့နေတဲ့ ကန်ဆိုင်းဘက်က နာရသွားမလား ၊ ဖက်ရှင်တို့မြို့တော် ကိုဘေးသွားမလား၊ ယဉ်ကျေးမှု့. သမိုင်းဝင် နေရာတွေ ပေါများလွန်းတဲ့ ကျိုတို သွားမလား ဘယ်သွားသွားနီးနီးလေးရှင့်။

ဂျပန်မှာ ရှုခင်းအလှဆုံး နေရာ ၃ ခုရှိပါတယ်တဲ့။
ဟီရိုရှိးမား မြို့ရဲ့ ဘေးမှာ ရှိတဲ့ ရေထဲမှာရှိတဲ့ နတ်ကျောင်း (Miya jima)
မာဆုရှိမား (matsu jima) ကျွန်းစုများ
ကျိုတို ပြည်နယ်အစွန် ဂျပန်ပင်လယ်ဘက်မှာ ရှိတဲ့ အမနို ဟရှိတတဲ့ ပါ။

သာမာန်အားဖြင့်တော့ အမနို (amino gawa )ဆိုတာ နဂါးနွေ့တန်းကို ခေါ်တာပါ။
ခုသွားတဲ့နေရာလေးကို လည်းကြည့်လိုက်ပါအုန်း။ သူတို့ရဲ့ ခန်းကြီးနဲ့ကို အဓိပ္ပါယ် ဖွင့်ဆိုရင်တော့ ကောင်းကင်သို့ဆက်သွယ်သော တံတားတဲ့။
ဂျပန်မှာတော့ ကျောင်းပိတ်ရက်ရှည် သို့မဟုတ် အားလပ်ရက်ပိတ်ရက်ရှည်တွေဆိုရင် Bus ခရီးစဉ်တွေ တနေကုန်ပတ်လို့ရတဲ့ ဈေးသက်သာတဲ့ ရထားလက်မှတ်အစီအစဉ်တွေ ရှိပါတယ်။
ဂျပန်ရထား ကုမ္ပဏီရဲ့ (JR . Japan Railway ) နဲ့ဆို ဘယ်သွားသွား စီးနိုင်သလောက်စီး။ တနေကုန်လက်မှတ် ၂၃၀၀ တန်က တော့ ကျောင်းသားတွေ နဲ့ ပိုက်ဆံသိပ်မသုံးချင်သူတွေ အသုံးအများဆုံးပါပဲ။ သူ့ကို seishun 18 kippu လို့ ခေါ်ပါတယ်။ သဘောကတော့ လူငယ်လူရွယ် ၁၈ နှစ်အတွက် လက်မှတ်ဆိုတဲ့သဘောပါ။ ဒါပေမယ့် နာမည်ကသာ ၁၈ နော် ၈၁ တွေလည်းအသုံးပြုကြပါတယ်။ Limited express ဆိုတာသာ စီးလို့မရတာ .local train နဲ့ rapid တော့ စီးလို့ရတယ် တစ်ချို့နေရာတွေက limited express က ရထားလက်မှတ်အပြင် အမြန်စီးခွင့်ဆိုတဲံ့ဈေးသပ်သပ်ထပ်ပေးရတာကိုး ။
ဒီတော့အလွယ်တစ်ကူပြောရရင်တော့ ဒီလက်မှတ်က JR လိုင်းဘယ်လိုင်းမဆိုစီးလို့ရတယ်ဆိုတာသာမှတ်ထား။ နွေပိတ်ရက် ၂ လနီးပါးတော့အဲ့လက်မှတ် တွေရောင်းတာတွေ့ဖူးတယ်။ ကိုယ်လည်းဒါပထမဆုံးသုံးဖုးတာ။ တစ်ချို့များ ၁၂ နာရီနီးပါး အဲ့လက်မှတ်နဲ့ အိုဆာကာ တိုကျို သွားကြတယ်တဲ့။ သူကလည်း သူ့ရာသီမှသာသုံးလို့ရတာကိုး။ လမ်းမှာအဆင့်ဆင့်ရထားပြောင်းစီးရတဲ့ ဒုက္ခကတော့ကြီးတယ်။ ရထားတစ်စီးနဲ့တစ်စီးပြောင်းစီးချိန်က ၄ မိနစ်လောက်ပဲ အချိန်ရတဲ့အခါများဆို ပြေးပေတော့ ပလက်ဖောင်းမတူလို့ကတော့ ပိုဆိုးပေါ့။

၁၈ နှစ်မဟုတ်ပေမယ့် ကဲ ဒီလက်မှတ် နဲ့ ခရီးသွားခဲ့ကြပါတယ်။ အမြန်နဲ့စီးမယ်ဆိုရင် အသွားအပြန် ၈၀၀၀ ယန်းနဲ့ အသွား ၁ နာရီခွဲ အပြန် ၁ နာရီခွဲ ပဲ ကြာမယ့်ခရီးကို
ဒီဈေးပေါတဲ့ လက်မှတ်နဲ့ ပရိုတ်ဗိတ် ရထားလိုင်းပေါင်းစီးပြီး အသွားအပြန် ၃၅၀၀ ယန်းနဲ့ အသွား ၄ နာရီ အပြန် ၃ နာရီ နဲ့ ရောက်အောင်သွားခဲ့ကြပါတယ်။ အချိန်ကြာပေမယ့် နေရာရတော့ ရထားပေါ်အိပ်သွားယုံပဲ။ ရထားပြောင်းစီးခါနီး ဘူုတာမကျော်သွားအော် ဖုန်းမှာ alarm ပေးပြီး အိပ်တာပေါ့။




 တောင်ပေါ်ကို ဒီလို တက်တယ်။

အားလုံးအဲ့လို့ ကြည့်ကြတယ်

ဒီမော်တော်နဲ့ ပြန်ခဲ့တယ် ၇ မိနစ်လောက်ပါပဲ

ဝေးလွန်းပေမယ့် မြင်လိုက်ရတဲ့မြင်ကွင်းကတော့ တစ်ကယ်ကို တန်ပါတယ်။ ” ပ” ပုံဖြစ်နေတဲ့ ပင်လယ်ကမ်းနှစ်ဘက်ကို သဲလမ်းက ဆက်နေတာကိုး ဟိုဘက်ဒီဘက် ဆုံးအောင်လမ်းလျှောက်ရင် အသွား တစ်ကြောင်း မိနစ် ၅၀ အပြန်ကြတော့ ဟိုဘက်ကနေ ပြန်ပြီး စက်လှေစီး ကြတယ် ယန်း ၅၀၀ ပဲ ပေးရတယ်။ ၁၁ ယောက်မို့လို့ အဆစ်တောင်းကြည့်တော့ ၁၀ ယောက်စာပဲ ပေးရတယ်။ (ဟဲဟဲ)

ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ တောင် မြင့်မြင့်ရှိတယ် နှစ်ဘက်စလုံးကို ကေဘယ်ကား သို့မဟုတ် lift နဲ့တတ်ရတယ်။ အပေါ်ကနေ မြင်ကွင်းကို ကြည့်လို့ရအောင် လုပ်ပေးထားတာကိုး။ သူက အသွားအပြန်ယန်း ၈၀၀.

ဖြစ်ပေါ်လာပုံက ဟိုဘက်က တိုက်လာတဲ့ လေက သယ်လာတဲ့သဲ ရယ် ဒီဘက်က တိုက်လာတဲ့သဲ ရယ်က ရေတိမ်တဲ့နေရာလေးမှာ လာပြီးပုံလာရကနေ ရေကြချိန်ဆို ရင် သဲလမ်းကြီးကြီး ပေါ်လာတယ်တဲ့ ဒါကို နှောင်းလူများက သဲလမ်းစပ်တွေကို တုတ်ရိုက် ပြီး ကမ်းစပ်မှာ ကျောက်တွေ ချလိုက်တယ်. နောက်သဲလမ်း ပေါ်မှာလည်း ထင်းရှုးတွေ စိုက်ထားတယ်။ ထင်းရှုးပင်တွေရဲ့သက်တမ်းကကို နှစ် ၂၀၀ကျော်နေတာတွေ ရှိတယ်။
နယ်မြို့သေးသေးလေး ဆိုတော့ ဆိုင်တွေလည်း ပိတ်တာစောတယ် ညနေ ၆ နာရီဆိုဆိုင်တွေ ပိတ်နေပြီ စားဖို့ဆိုင်တောင် သိပ်မတွေ့တော့ဘူး။ ဘာပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေ ကို ဦးဆောင်ပြီးခေါ်သွားရလို့ ပင်ပန်းပေမယ့် သူတို့တွေ ပျော်နေတာတွေ့တော့လည်း စိတ်ချမ်းသာတယ်။


လေးစားစွာဖြင့်
ကြည်ကြည်

14 comments:

  1. ဟွန့်..အားနေ သွားနေ... သူတို့ပဲ ဂျပန် တစ်ခွင်ပြဲပြဲစင်နေတာပဲ... မနာလိုကို ဖြစ်ပါတယ်တော်...


    ဒါနဲ့ ဂျပန်လိုတွေကို ဘယ်နှာလုပ်စာလုံးပေါင်း စစ်မတုံး..။
    အခုတော့နောက်ပိုင်းတော့ အရင်လို မဟုတ်တော့ပါဘူး...။

    ReplyDelete
  2. အစ်မကြည်ကြည် ထပ်အပ်ထားပါတယ် ဟီး thettantblog@gmail.com အေးချမ်းပါစေး)

    ငုံ့ကြည့်လို့ ပြုတ်ကျရင်တော့ ဒွတ်ခပဲ အသည်းယားထှာ့

    ReplyDelete
  3. ပို့စ်အသစ်တင်တာတွေ့တာနဲ့ တမ်းပြေး လာတာ။ ညီမလည်း စရိတ်ထောင်းနေတာနဲ့ ကောင်းကောင်လျှောက်မလည်ရတာကြာပြီ။

    ReplyDelete
  4. ကိုသက်တန့် ထင်တယ်လေ အဲ့လိုထင်ကြမယ်လို့ တစ်ကယ်က lift ကနိမ့်နိမ့်လေး ...

    မြတ်ကြည်.. ညီမလေး .. အစ်မ လာလည်မယ်နော်

    ReplyDelete
  5. ဟုတ် အစ်မ။ ညီမတို့ မြို့က လည်စရာ သိပ်တော့မပေါဘူး။ လိုက်ပို့မယ်အစ်မ။

    ReplyDelete
  6. မ က ဘယ်တယောက်တုံး မြင်ဖူးချင်ယို့ ....

    ReplyDelete
  7. Everyone is so cute and lovely!!! Humm wanna go there too!!!

    ReplyDelete
  8.ှရှက်လို့ ပုံပြန်ဖြုတ်လိုက်တယ်း)

    ReplyDelete
  9. နောက်ထပ် ခရီးသွားပို့ စ်တွေ တင်ပါဦးဗျို့ ....

    ReplyDelete
  10. အစ်မကြည်....ဘာလို့စောက်ထိုးကြည့်ကြတာလဲဗျဟင်....။
    ဂငယ်မှာ သယ်ရင်းတစ်ယောက်ရှိသဗျ...သူနေတာ ဆိုင်းဓမ မှာဆိုပဲ...၊
    ကျွန်တော်ဖြင့်သိပ်လာချင်တာ....ဂျပန်ကို...။သူကလည်းခေါ်ရှာပါတယ်...။
    ဒါပေမယ့် လမ်းစားရိတ်တင်မနဲ့ဘူးဗျ....နော်....:(

    ReplyDelete
  11. ရှုခင်းတွေ တအားလှတာဘဲ
    စိမ်းစိုနေတာလေးတွေက မျက်စိအေးတယ်
    စိတ်ချမ်းသာမိတယ်။

    ReplyDelete
  12. ပျော်ရွှင်ဖွယ် ဘလော့ဂ်ဒေးပါနော်။
    ရှုခင်းလေးတွေ လှတယ်။ ကျိုတိုရဲ့ တခြားဖက်ပင်လယ်ကမ်းစပ်တော့ ရောက်ဘူးတယ်။ ကြည်ကြည်ပြောတဲ့ နေရာကပိုလှတယ်။ မျှဝေပေးတာကျေးဇူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  13. ဇောက်ထိုးကြီးဗျာ
    ပြုတ်ကျရင် ဒုက္ခပဲး(

    ReplyDelete
  14. ကြည်ကြည်ရော အဲဒီလို ကြည့်ခဲ့တာလား
    ဘယ်လိုအရသာ ရှိလိမ့်မလဲနော်၊

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။