Wednesday, August 31, 2011

ခိုရေ၀ နိပွန်းး) koreha nippon desu.

မြန်မာပြည်ရောက်ဖူးတဲ့ ဂျပန်တွေရော ဂျပန်မှာနေကြတဲ့ မြန်မာတွေရော ပြောတဲ့စကားရှိတယ်။ ဂျပန်မှာကြီးတဲ့ဟာတွေက မြန်မာပြည်မှာသေးတယ်တဲ့ မြန်မာပြည်မှာ ကြီးတာတွေက ဂျပန်မှာသေးတယ်တဲ့။
မြန်မာပြည်က မုန်လာဥတွေက သေးတယ်စပ်တယ်။ ဒီက မုန်လာဥတွေက မျိုးတွေပဲပြောင်းထားလို့ပဲလား ချိုပြီး နည်းတာကြီးတွေမဟုတ်ဘူး။ ဟော သခွားသီးလည်း ကြရော သေးသေးလေးတွေ ရှင်။ အရသာကတော့ အပြည့်ပေါ့ အဆူးလေးတွေတောင် ကျန်သေးတယ်။ မြန်မာပြည်က သခွားသီးကြတော့ကြီးကြီးတွေကိုး။
ဂျပန်က ငရုတ်သီးကို စပြီးစားပြီးလာတာ နှစ် ၂၀ တော့မပြည့်သေးဘူး။
ခုနောက်ပိုင်း ဂျပန်တွေ ငရုတ်သီးစားနိုင်ကြပေမယ့် လူကြီးတွေက မစားနိုင်ကြဘူး။ ငရုတ်သီး ၂ ကျပ်သား၁ဗူးလောက်ကို နှစ်ပေါက်အောင် ထားစားကြတာလေ။
၉၆ တုန်းကလောက်ဆို ငရုတ်သီးစပ်စပ်ဆိုတာ တီဗီအစီစဉ်တွေရဲ့
Quiz အစီအစဉ်တွေမှာရှုံးသူစားကြေး ဆိုတဲ့ အစားအစာ။ တဖြည်းဖြည်းနဲ့ ခေတ်ပြောင်းလာလိုက်တာ ခုများတစ်ခါတစ်ခါ သူတို့ခေါက်ဆွဲဆိုင်တွေမှာ ကိုယ်တောင်လက်ဖျားခါရအောင်စပ်တဲ့ မီနူး ရှိသရှင့်။
တိုကျိုလိုမြို့မှာတော့ ငရုတ်သီးစိမ်းဆိုတာမြင်နိုင်ပေမယ့် နယ်ဘက်မှာတော့ ငရုတ်သီးစိမ်း အစပ်ဆိုတာ ရာသီပေါ်ပဲ။
ဒီကြားထဲ တစ်ချို့ငရူုတ်သီးတောင့်ရှည်ကြီးတွေဆိုတာ စပ်မလိုလိုနဲ့ ချိုလိုက်တာ အရသာတော့ရှိတာပေါ့လေ။ ရောက်ခါစ မြန်မာတွေတော့ခဏခဏ မှားတာပေါ့လေ။ မြန်မာပြည်က တောရွာတွေမှာ ငါးလေး ဖားလေးရရင် မျှစားတယ်ဆိုတာကြားဖူးတယ်။ တို့တွေလည်း ဒီလိုပါပဲ။ ငရုတ်သီးစိမ်းအစပ်လေးဘာလေးရလို့ မျှစား အတော် မျက်နှာပွင့်တယ်။း)

ကြည်ကြည်က အစပ်ကြိုက်တယ်။
ငယ်ငယ်က အိမ်ဘေးမှာ ရခိုင်မိသားစုရှိတယ်။ သူငယ်ချင်းတွေ ရခိုင်သင်္ဘောသီးသုပ်ဆိုပြီး ငယ်ငယ်က သုပ်စားတာ အိမ်က အငယ်မ က ၆ တန်း ကိုယ်က ၁၀တန်း ရင်တွေပူုပြီး ငိုယိုလို့ ဘာမှမလုပ်တတ်ပဲ သူ့ကိုယ်ပေါ်ကနေ ရေတွေလောင်းချ ကိုယ်ပါ ရောငိုတာ ပြန်တွေးတိုင်းရီချင်တယ်။
တနေ့ကတော့ organic တွေ ရောင်းတဲ့ဘက် ခြေရှည်တော့ ငရုတ်သီး ရလာတယ်။ ငရုတ်သီးလှလှလေးတွေ ပါရလာတယ်။ အရှည်ကိုတော့စပ်တယ်တဲ့။ အပုလှလှလေးကိုတော့ သူလည်းမစားဘူးဖူးတဲ့။ ခုတစ်လောတင်တာတဲ့။ paprika အသေးစားနော်တဲ့။ အိမ်ရောက်တော့ ခေါက်ဆွဲကြော်ထဲ ကတ်ကျေးနဲ့ကိုက်ပြီးထည့်လိုက်တယ်။ ခေါ်ကြွေးတဲ့သူငယ်ချင်းလည်း ငို . ကိုယ်လည်းငိုး) ရင်တွေပူလွန်းလို့ ထမင်းပူမျိုချလို့လည်းမရ။ အာ် ဂျပန်ငရုတ် အထင်သေးမိလိုက်တာကိုး။
 တူတူဝယ်ကြတဲ့သူငယ်ချင်းတွေကို ငရုတ်သီး စပ်ကြောင်းဖုန်းနဲ့လိုက်ပြီးပြောရတာကိုက ပျော်စရာ ငရုတ်သီးရှားတာကိုး လို့ ။အညာက ငရုတ်သီးအပုမျိုးလားလို့  ကိုယ်လည်းအခြောက်ပဲမြင်ဘူးတာ။ ဆင်အော်ငရုတ်လို့ထင်တယ်။ မိုးယံပြောတာတော့ ကုလားအော်တဲ့။

ရေးချင်တာက တခြားအကြောင်းပါ။  ဂျပန်မှာတွေ့မြင်ရတဲ့ဆိုင်းဘုတ်လေးတွေက တစ်ခါတစ်ခါ ရီစရာကောင်းသလို စိတ်ဝင်စားစရာကောင်းတယ်။
ကျွန်မတို့နယ်ဘက်မှာ တိုကျိုကလို ဘဏ်ကြီးတွေက နေရာတိုင်းမှာမရှိဘူးလေ။ ဘဏ်တွေကိုလည်း Bank လို့မရေးဘူး သူတို့စာနဲ့ပဲ ginko လို့ရေးတယ်။ ကျောင်းသားတွေက အမြဲကွန်ပလိန်းလုပ်တယ်။ ဘဏ်ကိုတော့ဘဏ်လို့မရေးဘူးတဲ့ ဟော ဂျပန်က ဖုန်း ကုမ္ပဏီင်္ကြတော့ Soft Bank တဲ့။ ကျွန်မတို့ နေတဲ့နေရာက ကျိုတိုနဲ့နီးတယ် ။ ကျိုတိုဆိုတာ ကတော့ ပုဂံလိုပါပဲလေ။ နိုင်ငံခြားသားခရီးသွားက များတာကိုး။ တနေ့ကတော့ ဘူတာနားမှာကပ်ထားတဲ့စာတမ်းလေးတစ်ခု တွေ့တယ်။ အဲ့ဒီ့ကပ်ထားတာလေးအပြင် ဆိုင်အ၀င်ဝမှာလည်း ထပ်ပြီးအကြီးကြီးကပ်ထားတယ်။



We are selling Phone. တဲ့  Soft bank ဆိုတော့နိုင်ငံခြားသားတွေ ခဏခဏ ၀င်ပြီး ပိုက်ဆံထုတ်ဖို့ကြိုးစားကြလို့တူပါတယ်။

နောက်တစ်ခုက ဂျပန်က လေ ဆိုင်းဘုတ်လေးတွေကို ချစ်စရာကောင်းအောင်လည်းရေးတတ်ကြသလို သွယ်ဝိုက်စွာလည်း ရေးတတ်ကြတယ်။
မြန်မာလို ငှက်စာမကျွှေးရလို့ ရေးမယ် နေရာမှာ ဒီမှာတော့ ငှက်ပုံလေးဆွဲပြီး ငှက်ကလေးကပြောနေပုံနဲ့
တို့တွေကို အစာမကျွေးနဲ့နော် ကျေးဇူးပါတဲ့။

ကျွန်မတို့ မြိုက ရေကန်ကြီးရဲ့ဘေးမှာ ငါးကြင်းနီလိုငါးမျိုးတွေရှိတယ်။ ရေကန်ထဲက ငါးတွေကို ဂျပန်တွေက မျှားမျှားပြီး အမှိုက်ပုံးထဲပဲ ထည့်သွားကြတော့။  ငါးပုံလေးနဲ့ ကျွန်တော်တို့က စားလို့ကောင်းပါတယ်။ အိမ်ပြန်သယ်သွားပါလို့ ရေးထားတာလေးလည်းဖတ်ဖူးတယ်။

မြန်မာပြည် က ရေအိမ်တွေမှာ အား သန့်ရှင်းစွာ သုံးပါ ဆိုတာလေးတွေကို ဂျပန်မှာတော့ ဒီလိုရေးကြတယ်။



သို့
ဧည့်သည်
အမြဲတမ်း လှပသန့်ရှင်းစွာ သုံးပေးတဲ့ သင့်ကို ကျေးဇူးတင်ပါတယ်။ နောက်ဝင်မယ့်လူက ကျေးဇူးတင်ပါတယ်လို့ ဘေးနားမှာရေးထားသေးတယ်။ ဂျပန်မှာ ကာရာအိုကေ ဆိုင်က မြန်မာပြည်ထက်သက်သာတယ်။ ည၁၁ လောက်ကနေ မနက်၆ နာရီလောက်ထိကို တစ်ယောက်မှ ယန်းတစ်ထောင် ခုမြန်မာငွေနဲ့ဆို ၇၀၀၀ပေါ့ ။ အောက်ကပုံက အမျိုးသမီး ရေအိမ်တွေမှာ ထားပေးတတ်တဲ့ ဆားဗစ် ။ ဘာပဲဖြစ်ဖြစ် ကျေနပ်စရာ။

ဂျပန်ယာကူဆာကို ရကောက် လို့ ကျွန်မတို့မြန်မာတွေက အလွယ်တစ်ကူ ခေါ်ကြတယ်။ ဂျပန်တွေကတော့ ရာကူဆာလို့ မသုံးနှုန်းပဲ အကြမ်းဖက်အဖွဲ့စည်း လို့ သတင်းတွေမှာသုံးသလို public area မှာတော့ တတ်တူးထိုးထားသူလို့ ခေါ်လေ့ရှိတယ်။
ရေချိုးဆိုင်တွေ ရေပူစမ်းတွေ မှာ အမျိုးသမီးတွေ အခန်းမှာရော အမျိုးသားတွေ အခန်းမှာရော ကပ်ထားတတ်တာလေးရှိတယ်။


တတ်တူးထိုးထားသူများ ရေပူစမ်းဝင်ခြင်း အားနာပါ (သည်းခံပါ) တဲ့။

ရကောက်မှန်းသိရင် ကျန်တဲ့ဧည့်သည်တွေက မ၀င်ရဲကြတော့ဘူးလေ။ ခုချိန်ထိလည်း သူတို့ရဲ့ပါဝင်မှု့က ရှိနေသေးသကိုး။  ဂျပန်ပြည်က ပါချင်ကိုး လို့ခေါ်တဲ့ ဂိမ်းတွေ အရက်ဘားတွေ အိမ်ခြံမြေလုပ်ငန်းတွေမှာ လုပ်ငန်း ကြီးတွေမှာ သူတို့ပါသတဲ့။  

လေးစားစွာဖြင့်

ကြည်ကြည်

11 comments:

  1. ခရီးသွားနေကြတဲ့ သူတွေရဲ့ အမှတ်တရလေးတွေ ပြန်မျှတိုင်း ညီမလေးလည်း သွားချင်တယ် :( ဟင့် နာလိုဘူးနော် :):)
    မမရေ ပြန်လည်မျှဝေပေးလို့ ကျေးဇူးပါ ...
    စားလို့ကောင်းမဲ့ပုံပဲနော် :):)

    ReplyDelete
  2. အဲ့လို ငရုပ်သီး ဒီမှာ ပေါမှပေါ
    အ၀ါရောင်လေးလည်းရတယ်
    စားပြီးရင် ရင်ဝမှာ ပူပြီးအောင့်တော့တာပဲ
    ကိုယ်ဆို အဲ့ဒါတွေစားစားပြီ အစာအိမ်ဖြစ်တာပေါ့
    ငါးပိရေကျိုထဲ မီးဖုတ်ထည့်တာ။ စားလို့တော့ ကောင်းသား

    ReplyDelete
  3.ေ၇ာက်ဖူးချင်တဲ့ နေရာလေးတွေကို
    လာလည်သွားပါတယ်.....
    အပူအစပ်တွေ ကိုလျှော့စားဖို့
    အကြံပြုပါရစေ..........

    ReplyDelete
  4. ကြိုက်သွားပြီ။ ဆိုင်းဘုတ်လေးတွေ လိုချင်တဲ့ အဓ္ပိပါယ် ကို ဖော်ပြပုံက ချစ်စရာကောင်းလိုက်တာ။

    ReplyDelete
  5. တက်တူးထိုးရင်ကောင်းမလားလို့စိတ်ကူးယဉ်နေတာ အခုတော့မထိုးတော့ပါဘူးလေ ဟီး တော်ကြာ ရေပူစမ်းမသွားရဘဲနေမှာ။ငရုတ်သီးလဲစားချင်တယ် ကာရာအိုကေလဲသွားချင်တယ်။ သတိ။ သင်ရှာနေသော ဘဏ် မဟုတ်ပါ။

    ReplyDelete
  6. ကုလားအော်သီးတွေ မိုက်တယ်..ဟိဟိ..မီးကင်ပြီး ငါးပိရည်ထဲထည့် ပုဇွန်ခြောက်လေးထည့်၊ ကြက်သွန်ဖြူလေးထောင်းထည့် ကွက်တိပဲ...စားချင်လိုက်တာ...ဟီးးးးးးးး။။

    ReplyDelete
  7. တက်တူးမထိုးတော့ပါဘူး..တော်ကြာ ရေပူစမ်းထဲ ရေမစိမ်ရဘဲ နေဦးမယ်... D

    ReplyDelete
  8. နိုင်ငံခြားသားတော့ခြွင်းချက်ထင်ပါရဲ့း)

    တစ်လောက သူငယ်ချင်းတစ်ယောက်က ခြေထောက်မှာ အများကြီးထိုးထားတာ သူဝင်ခါနီးမေးတော့ရတယ်တဲ့ ..

    ကြည်ကြည်လည်း ထိုးထားတယ်း) ဘယ်နေရလည်းလို့တော့ မမေးနဲ့ ဟီးဟီးဟီး (ညစ်ပတ်လိုက်အုန်းမယ်)

    ဒါဆိုသေချာပြီ မိုးယံပြောတာမှန်တယ် ကုလားအော်သီးပေါ့ ဆင်အော်မဟုတ်ပေါ့

    ReplyDelete
  9. ရာကူဇာသိပ်ဖြစ်ချင်တာမမရယ်
    အရင်ကဆို နာမည်ကိုတောင် Yakuza princess လို့ပေးတဲ့
    အထိကိုအရူးထဖူးတယ် .
    တက်တူးတကယ်မထိုးရဲပေမယ့် ကျောနဲ့လက်ပြင်မှာခနခနကပ်လို့
    ကိုရင်က ဒီတစ်ခါကပ်ရင် အိမ်ပေါ်ကဆင်းရမယ်ဆိုလို့ ဟီးးဟီးး

    ငရုတ်သီးတော့စားတော့ဘူး
    ဒုက္ခပေးလွန်းလို့

    မမပျော်ရွှင်ပါစေ
    ချစ်တဲ့
    မဒိုးကန်

    ReplyDelete
  10. ရာကူဇာကို တက်တူးထိုးထားတဲ့သူလို့ သုံးနှုန်းတဲ့ အသုံးလေးတော့ ဗဟုသုတရသွားပြီ မကြည်ကြည်ရေ
    ရာကူဇာမဟုတ်ဘဲ တကယ်တက်တူးထိုးထားရင်ရော မဝင်ရဘူးလား မသိနော်
    တို့တွေကို အစာမကျွေးနဲ့နော် ကျေးဇူးပါ ဆိုတဲ့ ဆိုင်းပုဒ်လေးလည်း သဘောကျတယ်
    နာခံချင်စဖွယ် ချိုချိုသာသာပြောထားတဲ့ စိတ်ကူးလေးဘဲနော်

    ReplyDelete
  11. နို့တစ်ပေးထားတဲ့ စာလေးတွေက သဘောကျစရာပဲနော်၊

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။