Thursday, August 11, 2011

ကိုယ်တို့မြို့လေးဆီ

ဂျပန်နိုင်ငံရဲ့ အကြီးဆုံးရေကန်ကြီး ရှိတဲ့ ကျွန်မနေတဲ့ပြည်နယ် ဟာ အဓိက ထွက်ကုန်ကတော့ စပါးပေါ့။ ရေကန်ကြီးဘယ်လောက်ကြီးသလဲဆိုရင်တော့ စင်္ကပူနိုင်ငံထက်ကြီးဆိုပဲ။ ရေကန်ကြီးကြောင့် ဒီပြည်နယ်ဟာ တိုးတက်သင့်သလောက်မတိုးတတ်ဘူးလို့လည်းဆိုကြပါတယ်။ ရေကန်ရဲ့ ဘေးမှာ ရှိနေတဲ့တောင်တန်းတွေကနေ စီးဆင်းလာတဲ့ မြစ်၊ ချောင်းတွေက နေ ကန်ရေကို ပြည့်နေစေပါတယ်။ ဒီရေကန်ကြီးကနေ အိုဆာကာ ပြည်နယ် နဲ့ ကျိုတို မြို့ ပတ်ဝန်းကျင်မြို့ပေါင်းများစွာကို ရေပေးဝေနေပါတယ်။ ကျွန်မတို့နေတဲ့မြို့လေးကတော့ ပြည်နယ်ရဲ့ မြို့တော်လို့ခေါ်ရတဲ့မြို့လေးကဆက်နေပါတယ်။ ရန်ကုန်လိုပြောရရင်တော့ ရန်ကင်းနဲ့တာမွေဆက်နေသလိုပေါ့လေ။
ရေကန်ကြီးနဲ့ နီးစပ်လွန်းသလို မြို့တော်ရဲ့ Landscaping တို့ ပန်းခြံတို့ကြောင့် ရေကန်ကမ်းနားလမ်းဘေး လျှောက်ရရင်ကို နိုင်ငံခြားရုပ်ရှုင်တွေထဲကလို သိပ်ကို လှပပါတယ်။  အေးချမ်းပြီး သန့်ရှင်းတဲ့အတွက်
လူဦးရေ ထူထပ်လာပါတယ် ဒီတော့  ကုန်ဈေးနှုန်းကလည်းကြီးလာပါတယ်လို့ ဆိုကြတယ်။ ကျွန်မတို့မြို့လေးကတော့ မဆိုးပါဘူး။

ရေကန်ကြီးကို Lake Biwa လို့ ခေါ်ပါတယ်။ ဂျပန်နိုင်ငံကိုတောင်နဲ့ မြောက်ခွဲလိုက်လို့ ကျွန်မတို့က တောင်ဘက်လို့သတ်မှတ်ရင် တောင်ဘက်မှာ အကြီးဆုံးသော ပြည်နယ်သူပြည်နယ်သားတွေ ဂုဏ်ယူရတဲ့ BIWAKO Hanabi မီးရှုးမီးပန်းပွဲကတော့ နာမည်ကြီးပါပဲ။ ၄ ပြည်နယ်လောက်ကနေ ရထားစီးပြီးလာကြည့်ကြသူတွေကအပြည့် နှစ်စဉ်လူ ၁ သိန်းကနေ ၁ သိန်းခွဲ နီးပါးလာကြည့်ကြတယ်လို့ သိရပါတယ်။ 
နှစ်စဉ်  ၈ လပိုင်း  ဒုတိယပတ်လောက်မှ ကျင်းပကြပါတယ်။ မီးရှုးမီးပန်းကတော့ တစ်ရက်ပဲ လုပ်ပေမယ့် ဘေးပတ်လည် မြို့နယ်လေးတွေကလည်း ကျင်းပကြတော့ ဒီပွဲကြီး နေ့မတိုင်မီမှာလည်း ကြိုကြားကြိုကြား အိမ်ပေါ်ကနေ ကြားနေမြင်နေရပါတယ်။  ကမ်းပတ်ပတ်လည်ကို မီးပန်းပွဲကျင်းပမည့် မနက်ကြတော့မှ နေရာဦးခွင့်ပေးပါတယ်။ မနက် ၅ နာရီ ၆ နာရီလောက်ဆို နေရာလာဦးကြတဲ့သူတွေ အစီအရီပေါ့။ ညနေ ၇ နာရီခွဲကနေ ၈ နာရီခွဲ ထိ တစ်နာရီတိတိ ကို မရပ်မနားဖောက်ကြတာကိုး။

 လာဟေ့ သွားကြမယ်
ဟယ် တို့နေရာဘယ်မှာလည်း

Video File လေးကြည့်ဖြစ်အောင်ကြည့်သွားပါအုန်း။
မရရင်လည်း YouTube သာသွားကြည့်တော့

http://www.youtube.com/watch?v=f_cMV_i8shI
သြဂုတ်လဟာ ဂျပန်နိုင်ငံအတွက် က အနုမြူဗုံးကျဲချခံရတဲ့ လ လည်းဖြစ်သလို . ကွယ်လွန်သူများ ရဲ့
ဝိညဉ်တွေ မိမိ မိသားစုတွေဆီပြန်လာလည်တဲ့ပွဲ  OBON (အိုဘုန်း)လို့ခေါ်တဲ့ ရက်ရှည်အားလပ်ရက်ရှိတဲ့လလည်းဖြစ်ပါတယ်။ အဲ့လိုပဲ နွေရာသီပွဲ တွေ တစ်နိင်ငံလုံးအတိုင်းတာနဲ့ ကျင်းပကြတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဘယ်နေရာသွားသွား  Yugata လေးတွေနဲ့ ဂျပန်အမျိုးသမီး အမျိုးသားများကိုတွေ့ရတဲ့အခါ ဂျပန်ရဲ့ယဉ်ကျေးမှု့ကျန်နေသေးပါလားလို့ သိရဲ့တဲ့ အချိန်လေးလည်းဖြစ်ပါတယ်။


ညနေခင်းအလှ

ညအလှ

ရေကန်ကြီးထဲမှာ ငါးအပျော်များတဲ့သူတွေကို မျှားထားတဲ့ငါးတွေကို မလိုချင်ရင် ပစ်ထားခဲ့လို့ရအောင် အမှိုက်ပုံးတွေ ထားပေးထားသလို ကန်ထဲက ငါးဟာ (နာမည်တွေရေးထားတယ် မြန်မာလို မရေးတတ်ဖူုး)  စားလို့ကောင်းပါတယ်။ ပြန်ယူသွားကြပြီး ချက်စားကြပါလို့ တိုက်တွန်းထားတဲ့ ဆိုင်းဘုတ်။
ကန်ထဲမှာ သူတို့ရဲ့ အော်ရီဂျင်နယ်မျိုးစိတ်တွေကို စားပစ်မယ့် ငါး အမျိုးစားတွေရှိလာတော့ နောက်ပိုင်းမှာ တစ်ချို့သော ငါးတွေလာလွှတ်ရင် အရေးယူမယ်လို့ ငါးနာမည်နဲ့ ဖော်ပြထားတယ်။ (အပေါ်ဆုံးက ပုံ)

အရင်ပို့စ်တွေ ရှည်ထားလို့ ဒီပို့စ်လေးကိုတော့ ပေါ့ပေါ့ပါးပါးတိုတိုလေးပဲ လုပ်လိုက်ပါတယ်။ အဓိကကတော့ မီးပန်းပွဲကိုပြချင်တာပါ။

7 comments:

  1.ံ့Hanabi က အရမ်းနာမည်ကြီးတာနော်။ ပုံလေးတွေက အရမ်းကိုလှ... တကယ်ကို သွားလည်ချင်တယ်။


    ခင်တဲ့

    ReplyDelete
  2. ဂျပန်ကချယ်ရီတွေကြည့်ချင်တယ်မမ
    တင်ပေးနော်
    ဟိုအဖြူရောင်တွေ
    ပန်းရောင်တွေလေ.
    အရင်ကတော့ဂျပန်ကိုလာချင်တယ်.
    ခုတော့ဆူနာမီကြောက်တယ်.ဟီးဟီးး

    ညီမငယ်
    မဒိုးကန်

    ReplyDelete
  3. ရေကူးလို့ ရလားဟင်...ရတယ်ဆို ဆူနာမီ တားထားပေးနော်...တစ်နာရီလောက် လာကူးချင်ပါတယ်.. စားရိတ်ကိုတော့ အဲဒီမှာရှိတဲ့ ကျွန်တော့်အန်တီ ..ဒေါ်လေးကြည်က အကုန်အကျခံမယ်လို့ ပြောထားသဗျ။

    ReplyDelete
  4. ပို့ စ်ရှည်ရှည်ရေးပါ ကြည်ကြည်ရယ်။
    (ပို့ ရှည်တယ်လို့  ကွန်ပလိမ်း လုပ်တဲ့သူကို သပိတ်မှောက်တယ်)

    ဆောင်း

    ReplyDelete
  5. ဂျပန်တွေကတော့ ငါးတွေမျှားပြီးရင် ပစ်ထားခဲ့တယ်
    မြန်မာပြည်မှာဆို အလုအယက်ကောက်ကြမှာသေချာတယ် ဟိဟိ
    ကိုယ်တိုင်တောင် ရှေ့ဆုံးက ဖြစ်မယ်ထင်တယ်
    ရေကန်ကြီးက လှရက်သားနဲ့ သူ့ကြောင့် တိုးတက်မှုနှေးကွေးတယ်လို့ ထင်တာ စိတ်မကောင်းစရာ နော်

    ReplyDelete
  6. အားလုံး အားလုံး ကျေးဇူးနော် ကဲ ဒီနေ့ ခရီးထပ်ထွက်အုန်းမယ် ပြန်လာရင် ပို့စ်တင်မယ် ဒါပဲ ( ဘယ်ကိုသွားမှာလည်းဆိုရင်တော့ ဂျပန်ပုလဲ ကျွန်း ပုလဲသွားငုပ်မလို့ )

    ကြည်ကြည်

    ReplyDelete
  7. တင်စားထားပုံလေးကလှတယ်...
    “ရန်ကုန်လိုပြောရရင်တော့ ရန်ကင်းနဲ့တာမွေဆက်နေသလိုပေါ့လေ” တဲ့
    စာတွေတ၀ကြီးဖတ်သွားပါတယ်.....

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။