Thursday, December 15, 2011

ကြည်ကြည်မဒေါ့ကွန်းတော့ဘူး

နေကောင်းကြလားကွယ်။ မတွေ့ရတာအတော်တောင်ကြာပေါ့နော်။
စက်တင်ဘာလလယ်လောက်ကတည်းက ဒေါ့ကွန်းဝယ်တယ်။နောက်ဆက်တင်လုပ်တယ်။ အတိုချူပ်ရရင်တော့ဘာတွေ ဖြစ်သွားလည်းမသိဘူးမရဘူးကွယ်။ ဒီလိုနဲ့ဘလော့ကနေဝေးနေမိတယ်။ နောက်ဘွဲ့ယူတယ်။ နောက် ပြန်လာတယ်။ ပြန်ရောက်တော့ အင်တာနက်သုံးမယ်စလုပ်တယ်။ရေအောက်ကြိုးတွေပြုပြင်လို့တဲ့သုံးလို့မရဘူး နှေးလိုက်တဲ့ကော်နက်ရှင်။
လုပ်ဒင်ဝိုင်းနေတာကိုကြည့်ပီး ငိုပဲငိုချင်သလို၊ ဖဘကလည်းဝင်ဖို့မလွယ်၊ သတင်းလည်းမသိ။အတင်းလည်းမသိ. ကိုယ်ပဲ ကမ္ဘာ့တစ်ဖက်ခြမ်းရောက်သွားသလို။
CDMA 800 တဲ့ဖုန်းကော်နက်ရှင်ကို notebook နဲ့တွဲသုံးကြည့်တယ်။ပိုဆိုး …

ရောက်ရောက်ခြင်းညကတော့ အိမ်နဲ့နီးတဲ့ မြကျွန်းသာရှေ့ကတည်းခိုခန်းသွားနေကြတယ်။ အသီးအရွက်မက်သူမို့ ဒီနေရာကတော့ဖြင့်လို့ စိတ်ချစွာစားလိုက်တယ်။ ထောင်းကနဲထလာတာက ဆေးနံပြင်းတဲ့ခရမ်းချဉ်သီး ။
အင်း အော်ဂဲနစ် စိုက်ပျိုးရေးလုပ်စားကောင်းမလားပေါ့။ မဖြစ်ပါဘူး မြေဆွရင်တီကောင်ထွက်လာမယ်။ တီကောင်ကြောက်သူကိုး။
ညဘက်၂ခါလောက် ဖုန်းတွေလာတာက ဦးသိန်းတန်ရှိပါသလားတဲ့။ အခန်းမှားနေပါတယ်ပေါ့။
နောက်နေ့မနက် ဘရိတ်ဖတ်စားသွားမယ်လုပ်တော့ ဆံပင်ကိုစက်ဆွဲထားသလားထင်ရအောင်ဖြောင့်ဖြောင့်ဂုတ်ဝဲနဲ့ bathrobe အဖြူရောင်ကြီးနဲ့ အခန်းပြင်မှာ ..
အော်  ဦးသိန်းတန်(မြန်မာပြည်) ပဲ .

၂ရက်လောက် စီးတီးမတ်ပတ်လိုက်တယ်ဆို တွေ့ပါပီ။အော်ဂဲနစ် ကြက်သွန်နီ. ခရမ်းချဉ်သီး ဗူးရွက် ၀မ်းသာလွန်းလို့ …မျက်ရည်များတောင်ကျ အဲ့လေ. ၀မ်းသာလွန်းလို့ လိပ်စာမှတ်ပီးလိုက်စုံစမ်းတာ ၅၂ လမ်းမှာမနက်စောစောဆိုရတယ်တဲ့ ဆိုင်အထိသွားကြည့်တယ်။ အော်ဂဲနစ်ဆန်ပါရသေး ဈေးကလည်းအပြင်နဲ့တူတယ်။ ယုံတယ် ယုံတယ် အော်ဂဲနစ်ဆိုတာ အနံအသက်ကင်းစွာ နဲ့ စားရတယ် သိသာတယ.်အရသာက.. စိုက်ပျိုးထုတ်လုပ်သူက ဂျပန်ပြန်ပဲ။ အသိရဲ့အသိတွေ . ပိုယုံသွားတယ်။ ကိုယ်ချင်းကိုယ်ချင်းး)

ရန်ကုန်ရဲ့Life မှာ
ဟယ်………….
ဟာ……………..
ဟင်……
ဘယ်လိုလုပ်တာလည်း
အံသြစရာတွေ၊ ခံပြင်းစရာတွေ၊ ပျော်စရာတွေ၊ စိတ်ကသိကအောက်များစွာတွေ၊ ဈေးကြီးလွန်းတာတွေ.
မြန်မာပြည်မှာပေးရတဲ့ပိုက်ဆံနဲ့တန်တာဆိုလို့ မရှိလည်းဖြစ်တဲ့ကျောက်မျက်ရတနာ ပဲရှိတယ်။


လတ်တစ်လောမှာတော့
မိန်းကလေးတွေ၊လူကြီးတွေလူငယ်တွေ ရန်ကုန်မှာမမြင်ရတာကြာပီဖြစ်တဲ့ဆိုင်ကယ်တွေကို တောင်ဥက္ကလာဘက်၊ရန်ကင်းဘက်တွေမှာ
ညဘက်တွေမှာထွက်စီးလာတာတွေ့ရတယ်။ လမ်းမီးမှောင်မှောင်မှာ အန္တရယ်များလိုက်တာ။

လောလောဆယ်စီးပွားရေးမှာ ငွေများရာငွေလာ. ငွေလည်တဲ့သူမှငွေပေးလှည့်လို့ရတဲ့အနေထားတွေ..။ (သထေးဆိုရင်ငွေပိုချေးလို့ရသလိုပဲ မြင်ရတာ) ငွေလိမ်သွားတာလည်း အဲ့ဒီ့သထေးလို့ထင်ခံနေရသူတွေပဲ။
ဟောပြောရင်းဆိုရင်း ရုံးချိန်မှာ ဘလော့ရေးနေတဲ့ကျွှန်မကို EPC ကကြည့်မရလို့တဲ့.

စားသောက်ဆိုင်တွေ ကော်ဖီဆိုင်လှလှတွေလည်းပေါလာတယ်။ ပုဂ္ဂလိကကျောင်းတွေဖွင့်ခွင့်ရတာတော့ အကြိုက်ဆုံးပဲ။ ကျောင်းတွေပေါလာပီး အပြိုင်ဆိုင်တွေများလာရင် ဈေးတွေကျလာနိုင်ကောင်းပါရဲ့။
ကြော်ငြာလိုက်တဲ့နိုင်ငံခြားဆေးရုံတွေ  ...မြန်မာပြည်မှာဆေးရုံဆေးခန်းမရှိတော့တဲ့အတိုင်းပဲ။
ပေါလာလိုက်တဲ့ spa တွေ ဈေးတော့မပေါဘူး။ ဘာလီကတောင် သက်သာတယ်။ ဒီကြားထဲ ကိုယ့်ကိုလုပ်ပေးနေသူက လက်ဖက်သုပ်လေးစားထားလို့ဆိုလို့ကတော့ သွားပေတော့။

အတုကို အတုမှန်းသိတဲ့အတုပေါပေါတွေ ၊.good quality အတုတွေ.၊ အစစ်ပါလို့ပြောနေတဲ့အတုတွေ၊
အတုကို အတုလို့မပြောပဲ အစစ်ဈေးလည်းမကျ အတုဈေးလည်းမက လုပ်ရောင်းနေသူတွေ။
ရှော့ပင်းစင်တာတွေမှာ ပလူပျံနေတဲ့ Coach, Gucci, LV တွေကိုကြည့်ရင်း ကိုယ့်ပစ္စည်းလေးတွေ သိမ်းလိုက်တယ်။
ဘာတံဆိပ်မှမပါတဲ့ အိတ်တစ်လုံးထဲ ပစ္စည်းတွေပြောင်းထဲ့လိုက်တယ်။ နယ်ကအဒေါ်တတ်လာတုန်း
လက်ထဲပိုက်ဆံ ၈သောင်း ထည့်ပေးပီး ငါ့ကိုညည်းလိုအိတ်တစ်လုံးလိုက်ဝယ်ပေးတဲ့။ အဒေါ်ဘယ်လိုလုပ်ရမှာတုန်းလို့ ပြောတော့ မျက်စောင်းခဲတယ်။
ညနေ ပြန်လာတော့ လက်ထဲအိတ်တစ်လုံးထုတ်ပြတယ်။ တွေ့လားနင့်အိတ်နဲ့ ဘာကွာလည်း ၅သောင်းနဲ့ရလာတယ်။
တူဝရီးချင်းချင်းေ-ာက်ကြီးကျယ်တယ်တဲ့ ကဲ…..

ဘာပဲဖြစ်ဖြစ် ..ဘလော့စပေါ့နဲ့ပြန်ရေးတယ်။ ဒေါ့ကွန်းရေသွားတော့လောလောဆယ်။

ဘလော့တွေအကုန်လိုက်ဖတ်ဖို့မလွယ်တော့ပေမယ့် အား….လုံးကိုလွမ်းတယ်။ အလုပ်ကိစ္စ၊ အိမ်ကိစ္စ၊ ခလေးကိစ္စ နဲ့ အိမ်မက်ကမ္ဘာကနေ ခုမှ ပြန်လည်အသက်ဝင်လာသလိုပါပဲ။

FYI. အရင်လိုမ၀တော့ပေမယ့် အရင်လိုမလှတော့ဘူးကွယ် (အဟုတ်ပြောတာ)

17 comments:

  1. လှပါတယ်ကြည်ရယ်..

    ReplyDelete
  2. အခု သီတင်းကြေငြာတဲ့ စတိုင်လ်မိုက်သဗျ.


    အေးလေ...ဟိုနေ့က တွေ့တာပဲ..လှနေသေးတာကို....တစ်ချို့တွေက မင်္ဂလာတရားတော်နဲ့ အညီ နှိပ်ချနေသေးးးးးးးးး

    ReplyDelete
  3. ကိုအောင်(ပျူနိုင်ငံ)December 15, 2011 at 2:10 PM

    ကောင်းတယ် ကောင်းတယ် ...း)

    ReplyDelete
  4. အစုံပဲ၊
    ဖတ်လို့ ကောင်းတယ်၊

    အဲဒါမြန်မာပြည်ပေါ့၊ နွေးထွေးမူလေးများ မရဘူးလား။
    မြန်မာပြည်ပြန်လာတဲ့အခါ တွေ့ကြမယ်လေ၊

    ReplyDelete
  5. မမကြည်ကြည် မတွေ့ တာကြပြီဗျို့ ..အရင်လို လှမြဲ လှနေပါတယ်..ညာနဲ့ ...

    ReplyDelete
  6. အောင်မလေး ၀မ်းသာလိုက်တာ ငါ့အမ ဘလလေးပြန်အသက်ဝင်လာပြီ နေ့တိုင်းမမဘလော့ကိုကြည့်ပြီး ဘယ်တော့များမှပြန်ဖွင့်ပါ့မလဲလို့တွေးနေတာ
    ဖွင့်လဲဖွင့်ရော ဖီလင်တွေအပြည့်နဲ့ကိုရေးထားတာ
    မိုက်တယ် ကြိုက်တယ် ..

    မ၀လဲ ငါ့အမကအမြဲလှပြီးသား ဒိုးကန်ကချစ်ပြီးသား

    ချစ်တဲ့ အကြာကြီးမျှော်နေတဲ့

    ညီမလေး
    ဒိုးကန်

    ReplyDelete
  7. လှပြီးသားဆိုတာသိပြီးသားနော်။
    အိုင်အိုရာ

    ReplyDelete
  8. မမကွန် ကောမက်ဖတ်ပြီး ရင်ထဲတမျိုး ဖြစ်သွားသေးတယ် :P
    မြန်မာပြည်မှာ မီးမပျက်ခင် သတင်းကြော်ငြာခြင်း...

    ReplyDelete
  9. Everybody commented all before what i want to say.Same,same,same .......:P
    Gyidaw

    ReplyDelete
  10. ကြည်...
    သတိတွေရနေတာ.....
    လှပြီးသားပါ...အပိုတွေ မပြောနဲ့...
    ပြန်လာရင် တွေ့မယ် ဒါပဲ

    ချစ်ကြည်အေး

    ReplyDelete
  11. အိုး ၀မ်းသာလိုက်တာ
    ဘလော့ကဖတ်မရတော့လို့စိတ်ပူနေတာ
    နောက်လဲအများကြီးရေးဦးနော်
    ရန်ကုန်ကအကြောင်းတွေဖတ်ပြီး ပြုံးလဲပြုံး လွမ်းလဲလွမ်းမိတယ်
    :)))

    ReplyDelete
  12. မကြည်ကြည်က ပြန်ရောက်သွားပြီကိုး
    ဒါကြောင့် ပျောက်နေတယ် မှတ်တာ...
    အချိန်ရရင်တော့ စာတွေရေးပါဦး
    ဖတ်ချင်ပါတယ်နော်

    ReplyDelete
  13. စက်တင်ဘာလကပြန်လာတာလား။
    ဒါဆို မွန်မွန်တို.နဲ.တူတူပဲ။ယောက်ျားက ဘွဲ.ယူပီးချက်ချင်းပြန်တော.တာပဲ။
    မှန်တယ် မကြည်ကြည် ။ဖေ.ဘွတ်လေးတောင် မနည်းဖွင်.ရတာ။ ခုကိုယ်.ဘလော.ပြန်အသက်သွင်းမလို.အရင် အားယူတဲ.အနေနဲ.ဘလော.လည်နေတုန်း။ဟ ဟ ဘဝတူတစ်ယောက်တွေ.သွားပီ။ စာတွေဆက်ရေးပါဦးနော်။ waiting.....

    ReplyDelete
  14. အားလုံး အားလုံး ..

    ဟောဒီက ကြည်ကြည်လေးကို မမေ့သေးလို့ ကျေးဇူး( ဇတ်ထဲကလေသံအတိုင်းပြောလိုက်သည်)


ုကြည်ကြည်

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. ရှာသေးတယ်။ ပြန်သွား တယ်ပြောလို့။ ဘာလီလာတုန်းက မတွေ့ဖြစ်ပေမယ့် တိုကျိုမှာ တွေ့ဖြစ်မယ် ထင်နေတာ။

    ချမ်းမြေ့ပါစေ။

    ReplyDelete
  17. TO AATO

    ခုတိုကျိုမှာလား .. ပြန်သွားတယ်ဆိုပေမယ့် ပန်ပန်က ခဏခဏ ရောက်ဖြစ်တယ် စိတ်မပူနဲ့


    ကြည်ကြည်

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။