Thursday, February 2, 2012

သူတို့နှင့် ကျွန်မ


May May pls don’t go to office, don’t help him. I want normal life.
တနင်္ဂနွေနေ့ မနက်စာကို သားအမိတွေဝရန်တာထွက်ပီးစားတော့ အရမ်းပျော်နေတဲ့သားက ပြောတဲ့စကားပါ။
What do you mean of normal life လို့မေးလိုက်တော့
Just housewife. မေမေတဲ့ သားက  အလှပြင်တဲ့မေမေလိုချင်ပါတယ်။ မေမေပဲများတာလည်းကြိုက်ပါတယ်။ ဒါပေမယ့် အလုပ်လုပ်တဲ့မေမေကို မကြိုက်ဘူး။
အိမ်မှာ ဟင်းတွေချက်နေတဲ့ မေမေကို လိုချင်တယ်။
သားကိုကြိုပို့ပေးမယ့် မေမေကိုပဲ လိုချင်တယ်လို့ ပြောလာတဲ့ ၈ နှစ်သားကို
ဟုတ်တယ် ဟုတ်တယ် လို့အော်ပီး ထောက်ခံနေတဲ့ ၆ နှစ်သမီးငယ်။
ပီးတော့ မောင်နှစ်မနှစ်ယောက် လက်ဝါးချင်းရိုက်လိုက်ကြတယ်။


ပါတီတစ်ခုသွားမလို့လုပ်တုန်း
မေမေရယ် ခုတစ်လော အပေါ်ကလည်း ပေါ်လာတယ်။အောက်ကလည်းတိုတိုလာတယ်။ ဒီအတိုင်းဆိုသားနဲ့တော့မဖြစ်ဘူးနော်။လုံလုံခြုံခြုံဝတ်ပါမေမေရယ် လို့ပြောလာတဲ့ ၈ နှစ်ကို အိုး ကိုကိုကလည်း ဆိုပီး
မေမေ ၀တ်နော် မေမေ နော် မီးကိုလည်း အဲ့လို ချင်တူနော်။ အရောင်တူတူနော်။ အဲ့လို စကဒ်တိုတိုနော်။
လို့ထောက်ခံလာတဲ့ သမီးငယ်ကို စိတ်တိုတိုနဲ့ ကြည့်ပီး ခေါင်းအုံးနဲ့လှမ်းပစ်လိုက်တဲ့သား
ကျွန်မ ရီရမလို မဲ့ရမလို

အတွင်းခံတွေ မီးပူတိုက်နေတဲ့ နေရာ လာကြည့်ပီး
May May May
May May May
I can see you underwear
Not too big not too small
Just like size of dinosaur
လို့ဆိုတော့  ကျွန်မပစ္စည်းတွေ ဂရုပိုစိုက်ရတော့မယ်ဆိုတာ သတိထားမိလိုက်တယ်။

ဒရိုင်ဘာကြီးကိုဂျီကျနေကြသားက ဒီနေ့တော့ ဦးနိုင်ထွေးရေ သားဒီနေ့မုန့်ဝယ်ကျွေးမယ်ဆိုတော့
ဒရိုင်ဘာကြီးက ဒါဆိုဦးဒီနေ့ ငါးလေးတွေထပ်ဝယ်ပေးမယ်လေလို့ဆိုတော့ သားတော်မောင်က တော်ပါပြီဗျာ ၀ယ်ပေးတာတွေများနေပါပြီလိုဆိုတယ်။ အစ်ကိုဖြစ်သူပြောလို့မှ မဆုံးသေးဘူး  သမီးငယ်က ဦးနိုင်ထွေး မီးကို ဒီနေ့မုန့်ဝယ်ကျွေးရမယ်နော်လို့ပြောလိုက်တယ်။
ဒရိုင်ဘာကြီးက ဦးပိုက်ဆံပါမလာဘူး သမီးငယ်ရဲ့ဆိုတော့ ဦးကို မေမေ လစာပေးထားတယ်လေတဲ့။



ညီမလေး ကိုကြီး ချောကလက်မစားတော့ဘူး။ ညည်းစားချင်ယူစားလိုက်။ သတိတော့ထားအေ ဖေဖေဆီးချိုဖြစ်တာတဲ့  ခုချိန်ထိဆေးတွေသောက်နေတာကြာပီ။ သောက်နေရတုန်း ငါတော့မစားတော့ဘူး ဆိုတော့ အားရ၀မ်းသာနဲ့ ချောကလက်တစ်အိတ်လုံးကို သူ့ခုတင်ဘေးထားလိုက်တဲ့သမီးငယ်။

တစ်နေ့က မိသားစုတွေ အိပ်ခန်းထဲမှာ ဆော့နေတုန်း အပြင်ဘက်က ခြိုးခြိုးချွတ်ချွတ်ကြားလိုက်တယ်။သမီးငယ်က
ဘယ်တူလည်း ဘယ်တူလည်း လို့အော်လိုက်တယ်။ အိမ်ကကောင်မလေးက မမပါ သမီးငယ်ရဲ့ နို့လာပေးတာလေဆိုတော့ နောက်ကို မီးတို့ မေမေနဲ့ဖေဖေနဲ့ ရှိနေရင် အပေါ်ထပ်ကို မတတ်လာပါနဲ့ မီးမကြိုက်ဘူးနော်။ လိုအပ်ရင်ခေါ်လိုက်မယ်နော်လို့ ပြုံးပီး ထွက်ပြောတဲ့သမီးငယ်.. အော် ငါမရှိတဲ့အချိန်တွေအတွင်းသူတို့တွေ ပြောင်းလည်းနေလိုက်တာလို့ .

သားသားက မနေ့ကရယ် တနေ့ကရယ် ကို တစ်ခါတစ်လေ မခွဲတတ်ဘူး။ မနက်ဖြန်တို့ နောက်တစ်ပတ်တို့ဆိုလည်း သူသိပ်မခွဲတတ်ဘူး။ တနေ့ညက မေမေသားကို ၂၀၀၄ မှာမွေးတာနော်တဲ့ ။
အင်းလေသားရဲ့ဆိုတော့ AD လား BC လားတဲ့။ နောက်နေပါအုန်း ကျောင်းက History မှာ Old Stone age man , Middle stone age man သင်နေပီ။ သားက ဘယ်ခေတ်လည်းတဲ့ ။
နောက်ဆုံးမေးလိုက်တဲ့ မေးခွန်းက တော့ သားမွေးတော့ ဘုရားပွင့်ပြီလားတဲ့။

သမီးငယ်ကလည်း ကျောင်းမတတ်ချင်ဘူး မေမေတဲ့
စာမတတ်ရင်ဘာလုပ်မလည်း ဆိုတော့ ယေကျာ်းယူမယ်မေမေ ကြီးလာရင် ဘီးချစ်နပ်မန်းကိုယူမယ်တဲ့ .
မီးခံသေတ္တာလည်းရှိတယ်။  ပိုက်ချန်တွေလည်း ရှိတယ်။ . ဒိုင်းမွန်းတွေလည်း ချိတယ်တဲ့။ အော်အကြံကြီးပါပေ့။ ဘယ်ရုပ်ရှင်များ ကြည့်သလည်းမသိပြန်ဘူး။

ဖေဖေနောက်ကျလိုက်တာလို့ ဂျီကျနေတဲ့သမီးငယ်ကို  သမီးဖေဖေ ကောင်မလေးငယ်ငယ်လေး နဲ့ထမင်းသွားစားတယ်ဆိုတော့ သမီးငယ် ဗျဲကနဲ ငိုလိုက်တယ်။
ဘာလိုငိုတာလည်း ညီမလေး ကိုယ်ဖြစ်ကိုယ်ခံပေါ့။ ဖေဖေနောက်ကောင်မလေးနဲ့ သွားလို့ သူ့ပိုက်ဆံတွေကုန်ရင် ဖေဖေပဲခံရမှာ ။ ဦး(….)ရေ ကိုယ်ဖြစ်ကိုယ်ခံ ကျွန်တော်တော့ သွားပြီဗျာ ဆိုပီးကိုကိုကတော့ ဖွားဖွားအိမ်သွားလိုက်မှာ  မေမေ့လည်းတစ်ခါတည်းခေါ်သွားမှာတဲ့ ..ကဲ….

ကျွန်မရဲ့မေမေဟာ ပန်းသိပ်စိုက်သူပေါ့။ ကောင်မလေးတွေ များခူးမိရင် အော်တော့တာပဲ။ ကျွန်မစိုက်ထားတဲ့နှင်းဆီတွေလည်း ဒီနှစ်သိပ်ပွင့်တာပဲ။ သားက ပြောတာတော့ မေမေရှိတော့ မေမေ့ပန်းလေးတွေ ပွင့်ပေးတယ်နော်တဲ့။ ကျောင်းသွားခါနီးတိုင်းနှင်းဆီတစ်ပွင့်ဆီ ယုယုယယဖြတ်ပီး သမီးငယ်ရဲ့ခေါင်းလေးပေါ် ကျွန်မထိုးပေးမိတယ်။ သမီးငယ်တောင်ကြက်တောင်စည်းလေးကို ပန်းထိုးပန်နေပြီ။
မေမေအိမ်မှာနေခဲ့တုန်းက သမီးကြီးပန်းယူသွားမလား ရုံးစားပွဲမှာထိုးပေါ့လို့ ပြောတတ်တဲ့မေမေ့ကို ဒီမနက်မှ ကျွန်မပိုနားလည်သွားသလိုပဲ။
သူတို့ပန်းခူးတိုင်းအော်တဲ့ကျွန်မကို နားမလည်သလို ကြည့်နေတဲ့အိမ်က ကောင်မလေးက ကျွန်မကို ပန်းခူးဖို့ ကတ်ကျေးလှမ်းပေးနေတယ်။


PS. ကျွန်မခုတစ်လော ဘလော့တွေဖတ်လို့မရဘူး။ ကဗျာတွေလည်း ဆာတယ်။ စာတွေလည်းဆာတယ်။

လွမ်းလျှက်
ကြည်ကြည်



10 comments:

  1. ချစ်စရာကောင်းပြီး သိပ်တတ်တဲ့ ခလေးလေးတွေပါလား...း))

    ReplyDelete
  2. အို လွမ်းလိုက်တာမမရယ် မမပြန်ရောက်လာပြီ ဒိုးကန်မမကိုတကယ်လွမ်းနေပါတယ်
    နောက်ပြီး သိပ်သာယာတဲ့မမတို့ဘ၀လေးကို သိပ်အားကျပါတယ် ..

    ချစ်တဲ့

    ညီမငယ်

    မဒိုးကန်

    ReplyDelete
  3. ဆရာမိုးယံFebruary 2, 2012 at 6:29 AM

    ဟဟ ဒေါ်လေးကြည် သားသမီးတွေ က အတတ်လေးတွေချည်းပဲ....

    သူ့အမေနဲ့ ဆင်တူ ဆင်ပေးလိုက်သမီးလေးကို.........။ ခိခိ

    ReplyDelete
  4. ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို အားကျသဗျား..

    ReplyDelete
  5. အမေတိုင်းကသူတို့ သားသမီးတွေကိုတစိမ့်စိမ့်နဲ့ ချစ်နေတာဘဲနော်။း)
    အိုင်အိုရာ

    ReplyDelete
  6. ပျော်စရာပါပဲ။

    ReplyDelete
  7. သမီးလေးက..အမေတူ ပါလားး)

    ReplyDelete
  8. မရေ
    သားရောသမီးရောသိပ်ရယ်ရတာပဲ
    ဖတ်ပြီး ရယ်ရတာတအား...
    အများကြီးရေးနော်
    ဖတ်ရတာပျော်စရာကြီးမို့

    ReplyDelete
  9. စာတွေအကုန်ကြိုက်ပါတယ်

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။