Tuesday, February 1, 2011

စိတ်ပုပ်ကြည်ကြည်....

သေကြာနေ့အထိ ဘလော့ဂင်းခြင်း ခဏရပ်မယ်လို့ စိတ်က ဆုံးဖြတ်ထားတာ..ခုတစ်လော ကိုယ့်ဘလော့လေးခြောက်သွေ့ နေတော့လည်း မနေနိုင်ပြန်ဘူး။။
ခုလည်းကျောင်းမှာ ကဲ စာဖတ်လို့ မရတဲ့အတူတူတော့ ဘလော့ရေးမယ်ကွာ ဒီနေ့ အဖြစ်အပျက်ဆိုပီး စရေးမိပြန်ပီ..
ရေးနေတုန်းသူငယ်ချင်းက နင်ပေပါကို မြန်မာလို ရေးပီး ဂူဂယ်နဲ့ ပြန်မလို့ လားဆို ပြီးစတယ်။

 ****************************************
ကျွန်မ ရန်ကုန်ရုံးမှာတုန်းက  ရေနွေးကြမ်းကိုအမြဲ အအေးခံပြီးမှသောက်လေ့ရှိတယ်။်  ဂျပန်လို တော့ကြောင်လျှာလို့(neko jita)လို့ခေါ်တယ်။..အပူမစားနိုင်ဘူး. ကြေးအိုးမှာစားကြကြေးဆိုရင်  ကိုယ်က သူများစပီးစားလို့ နည်းနည်းလေးကြာမှစားလို့ ရတယ်။.. ဒီတော့ ရေနွေးကြမ်းဆိုလည်း ခွက်နဲ့ အအေးခံထားတယ်။ ခက်တာက သောက်ခါနီးတိုင်း ကြည့်လိုက် တစ်ယောက်ယောက်က သူတို့ ခွက်ထဲထည့်သွားပီး ကိုယ့်ခွက်ထဲ အပူပြန်ထည့်ပေးသွားတယ်။ အငယ်တွေကလည်းတခါတလေ
အသံချိုချိုလေးနဲ့မမရေ ညီမအပူပြန်ထည့်ပေးထားတယ်တဲ့။ အော် ..ငါ့နှယ် မသိကြလေရော့သလား..
ဆိုးတာက အန်တီကြီးတစ်ယောက် သူကအဆိုးဆုံး ရေနွေးကြမ်းကိစ္စကလွဲရင် တခြားဟာအကုန်ချစ်ဖို့ ကောင်းတယ်။ 
သူကအမြဲပဲ အငယ်တွေခေါ်သလို အသံချိုချိုလေးနဲ့  မရေ အန်တီသောက်လိုက်တယ။် အသစ်ပြန်ထည့်ပေးထားတယ်သိလား။ရေဆာနေချိန်ဆို…. ဒီကလူက အရမ်းခံရတာ ကျလိကျလိ..
နေ့တိုင်းနော်.. အမြဲတမ်း….တခါတလေ စိတ်မဆိုးပဲ ရီပဲရီချင်နေတယ်…ရေနွေးကြမ်းနဲ့ တော့မပြောခြင်ဘူး။ ရေအကျိုး မတောင်းပဲနဲ့ပြည့်ရပါလို၏လို့ ကိုယ်ကပြောရင် သူတို့ က ပြည့်စေ ပြည့်စေ တဲံ့….

ခုဒီမှာ ကျွန်မတို့ lab လို့ အလွယ်တစ်ကူခေါ်ကြတဲ့ နေရာ ကျောင်းကပေးထားတဲ့ facilities ကိုအရင်ပြောပါရစေ. နားနေခန်းလိုနေရာမျိုးနဲ့ထမင်းစားဖိုနေရာ မီးဖိုချောင်အသေးစားလိုမျိုးလည်းရှိပါတယ်။ လူ ၃၀ လောက်ကတော့အသာလေးဆန့်ပါတယ်။ နေတတ်မယ်ဆိုရင် အဲ့နေရာမှာ ဆိုဖာခုံတန်းရှည်ကတော့ဒီလိုညမျိုးတွေမှာ ကျွန်မတို့ကျောဆန့်ပေါ့…အပြင်ဘက်မှာ ရေနွေးဗုး ရေခဲသေတ္တာ ကြီးတစ်လုံး နဲ့ ကော်ဖီမိတ်ကာ ကတောမရှိဘူးဆို ၅ လုံးလောက်၇ှိတယ်။
ပြန်မယ့်ကျောင်းသားတွေ   လာပစ်ထားတာလို့ပြောရင်ပိုမှန်မယ်။ ဂျပန်တွေကတော့သူတို့ ကိုယ်ပိုင်မိတ်ကာလေးတွေ နဲ့ ။ကျွန်မခုံလားမ၇ှိပါဘူး အဲ့လိုမျိုးတွေ စာအုပ်ပေါင်းစုံနဲ့ အတူရှိတာက လိုးရှင်းဘူးတွေ အလှပြင်ပစ္စည်းတွေ နောက်ခုံအောက်မှာ က  ခေါင်းအုံး၊စောင် နောက် ချမ်းတတ်တော့ stove(ကျောင်းက သတင်းမပို့ထားရင် ၁၀နာရီ ဟီတာရပ်တယ်). နောက် စလစ်ပါ ၊အစဉ်အဆက်စီနီယာတွေဆီကအမွေရတဲ့ပစ္စည်းတွေ နဲ့ ပြည့်လို့ 
ဒီတော့ကျွန်မလည်း အများသုံး ဓတ်ဗူးကသာ အားကိုးရာလေ။

စာဖတ်ခန်းထဲမှာတော့ ကျွန်မတို့ အခြမ်း ကျောင်းသား ၃၀  ယောက်ခန့်ကိုရေခဲသေတ္တာက ၃ လုံး နောက်မိုက်ကရိုဝေ့ဖ်က ၃ လုံး ဒါပေမယ့် အခန်းထဲအနံထွက်မှာဆိုးကြတော့ အပြင်မှာပဲ အသုံးများတယ်.။
ကျွန်မနဲ့အပြင်က ရေနွေးဗူး ၁ပတ်မှာ ၃ရက်လောက် အမြဲဖြစ်တတ်တာက သောက်မယ်လေဆိုပီးရေနွေးနေရာသွားတိုင်းမရှိတာ..မသောက်ရင်တောင် အားရင်ရေနွေးကိုသွားဖြည့်ထားတတ်တယ်။
အဲ့လိုရက်တွေက များနေပြီ  ပြောရရင်တော့ တို့ ပေါက်ဖော်ကျောင်းသားတွေ က အမြဲ ထည့်ပဲထည့်တယ်ပြန်မဖြည့်ဘူး။

ဒီနေ့လည်းဒီလိုပဲ။။ မ၇ှိပြန်ဘုး ဒါနဲ့ ရေနွေးလေးဖြည့်ခဲ့တယ် ကိုယ်တိုင်ကတော့
မိုက်ကရိုဝေ့ထဲ အလွယ်တကူရေနွေးခွက်ထည့်ပီးအမြန်လုပ်လိုက်တယ်။  နေ့လည် ရေနွေးသွားသောက်ဖို့ လုပ်တယ် ပြန်သွားကြည့်တယ။်  မ၇ှိပြန်ဘူုး အိုခေ ထည့်လိုက်တယ်။
 ၂ ခါမြောက်မှာစိတ်က အိပ်ရေးပျက်တဲ့ရက်တွေရယ် စာတွေကြောင့်ပဲ ဂေါက်လာလား။
နဂိုစိတ်ရင်းပုတ်ပုတ်ကလေးကပဲ ပေါ်လာလားတော့မသိဘူး စိတ်ကအချဉ်ပေါက်လာတယ်။
ရေနွေးအိုးထဲရေဖြည့်နေတုန်း ပေါက်ဖော်ကျောင်းသူထွက်လာတယ် ဟာ……တဲ့ ဘာဖြစ်လို့လည်းဆိုတော့
သူသောက်ချင်လို့ တစ်ယောက်စာပဲထည့်ထားတာတဲ့ ခုရပြီဆိုပြီး ထွက်လာတော့ ကိုယ်ကရေဖြည့်နေလို့ 

ဒီနေ့ စိတ်တွေ ရိုင်းနေတယ်ထင့်ပါ….. ညနေကြတော့ ၄ ခါမြောက်မှာ စာကပ်လိုက်တယ်။  ရေနွေးအိုးဆေး သည့် ဆေးထည့်ထားသည်လို့  (စိတ်ထဲကလည်းကျိတ်ရယ်လိုက်တယ်)။

အောက်ထပ်ဆင်း မုန့် သွားဝယ် …၁၀မိနစ်လောက်ရှိတော့ပြန်တတ်လာ ဗီဒိုထဲကကိုယ့်ခွက်ကိုထုတ်
teamix လေးထည့် ခွက်ကလေးကိုယူပီးသွားတော့ ရေနွေးအိုးမှာရေက တစ်ဝက်ပဲရှိတော့တယ်။ ဟာ…. ဘယ်လိုလူကများလုပ်သွားလည်းပေါ့။ စာရွက်လည်း ဘေးကိုရွေ့နေတယ်။ ကိုယ်လည်း နေပါစေလေ ပြန်ကြပြီပေါ့။မိုးလည်းချုပ်ပြီပေါ့။
ခွက်ထဲကို ရေနွေးဖြည့် ဇွန်းလေးနဲ့ မွှေနေတုန်း ပေါက်ဖော်ကျောင်းသားထွက်လာပီး
Oh,,,,,u r still here,,,good…………… hard working student တဲ့ .ပီးတော့ ရေနွေးဗူးထဲဆေးထည့်ထားသည်တဲ့ ကိုယ်ကရီသဲ့သဲံ့နဲ့  (ရီရယ်လီ) လို့ ဆိုတော့သူက လက်ထဲက ဗူးတစ်ခုကိုမြောက်ပြတယ်။ ယား….ယား (သူပြောသလို) I just bought the liquid soap…. it has too much water..so I throw half..တဲ့ 
ဘုရားရေ…ဒီတစ်ခါ အပူမသောက်တတ်တဲ့ လျှာကိုကျေးဇူးတင်သွားတယ်။ ကိုယ်ဖြည့်ပေးတဲ့ရေနွေးကို အမြဲသောက်တာပေါက်ဖော်တွေမို့ လို့ ကြည့်စမ်းခု ပေါက်ဖော်ကျောင်းသားက ပြန်ကယ်သွားတယ်။ စေတနာရောင်ပြန်ဟပ်တယ်။စီနီယာတွေ ပစ်ထားတဲ့ ကော်ဖီမိတ်ကာလေးကိုတယုတယဆေးနေမိတယ်. မနက်ဖြန်ဒါပဲစသုံးတော့မယ်။
စိတ်ထဲကလည်း စီနီယာတို့ ရေ ကျေးဇူးတင်တယ်လို့ ...

7 comments:

  1. အသိအမှတ်ပြုပါကြောင်းခင်ဗျာ။လာရောက်ဖတ်ရှုသွားပါတယ်။
    သတ်ပုံလေးတွေ သေချာစစ်ဆေးစေချင်ပါတယ်။
    ဆရာလုပ်တယ်လို့တော့ မယူဆပါနဲ့ခင်ဗျား

    လေးစားလျက်

    မင်းဒင်

    ReplyDelete
  2. ဆရာရေ ကျေးဇူးပါ
    ရေးခြင်စိတ်ကများပြီး သတ်ပုံကိုအမြဲ ဂရုမထားမိတာ ..
    ကိုယ့်ကိုကိုယ်လည်း အားမရပါဘူး

    ကျေးဇူးအထူုးတင်ပါတယ်ရှင်..

    ReplyDelete
  3. အမက တကယ်စိတ်ပုပ်ပါဘူး။ ဟုတ်တယ်မဟုတ်လား။ အင်း ဒါပေမဲ့ အမကိုယ်တိုင်ဝန်ခံထားတော့လဲ မျက်စိမှိတ်ယုံလိုက်တော့မယ်။းဝ)

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  4. ကောင်းကင်ကိုဆီက လာပါတယ်။ စာရေးကောင်းသားပဲ။ ခပ်တိုတိုနဲ့ အပုဒ်ရေ များများရေးပါလား။ အရှည်ကြီးတွေဆို ဖတ်ရတာ ပျင်းလို့။ ကျန်းမာပါစေ။

    ReplyDelete
  5. သောက်မိရင် ဝမ်းနှုတ်ပြီးသားဖြစ်တာပေါ့...

    ReplyDelete
  6. တော်သေးတာပေါ့ မသောက်လိုက်မိတာ..
    စိတ်ကောင်းရှိလို့ နတ်ကောင်းမတယ် လို့ မှတ်ပါတယ်.
    စိတ်ပုတ်တာ မဟုတ်ပါဘူး
    နော်

    ReplyDelete
  7. ဖတ်သွားပါသည် အန်တီကြည်။

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။