Saturday, June 18, 2011
မ တို့ ပန်းရောင် ၀တ်ပါ။
     ကျွန်မ ဘာအရောင်ကြိုက်လည်းမေးရင်တော့ မဖြေတတ်ပါဘူး။အဖြူရောင် အိပ်ရာခင်းတွေ နဲ့ အဖြူရောင် ညအိပ်ဝတ်စုံတွေကိုတော့  နှစ်သက်ပါတယ်။ အသားမဖြူသူမို့ သိပ်တောက်တဲ့အရောင်တွေကလွဲရင် အသက်အရ အရောင်နုနုတွေကို လည်းနှစ်သက်လာပါတယ်။ သိပ်ပြီးမ၀တ်တာ အနီရောင်နဲ့ ပန်းရောင်ပါပဲ။
ကျွန်မရဲ့ ဆိုက်ကိုက (ငယ်ငယ်တုန်းက)ပန်းရောင် ခြင်ထောင်တို့ အိပ်ရာခင်းတို့ ခင်းထားရင် လုံးဝ
ဝင်မအိပ်တာပါပဲ။ အဲ့လိုပဲ ပန်းရောင်အ၀တ်အစားတွေကို သိပ်ပြီးမသုံးတတ်ခဲ့ပေမယ့် သမီးလေးမွေး တဲ့အချိန်မှာတော့ ပန်းရောင်ကိုချစ်တတ်လာသလို သူ့အခန်းလေးကို ပန်းရောင်လေးတွေဆင်ပေးပြီး နုငယ်တဲ့မိန်းကလေးနဲ့  ပန်းရောင်ဟာ သိပ်ကိုလိုက်ဖက်ကြောင်း လက်ခံမိလာပါတယ်။
ဟော အခု ပန်းရောင်ကို မိမိပတ်ဝန်းကျင်မှာထားဖို့ အကြောင်းအရာတစ်ခု ကြည့်လိုက်ရတယ်။
မိန်းကလေးတွေ ဟာ မိမိပတ်ဝန်းကျင်မှာ ပန်းရောင် တွေနဲ့အဆင်တန်ဆာဆင်ခြင်းဖြင့် မိန်းကလေးဟော်မုန်းက ပိုကြွလာပါတယ်လို့ အလှအပရေးရာ အရေပြားဆရာ
အရင်က အနက်ရောင် အတွင်းခံတွေက ပိုပြီးဆွဲဆောင်မှု့ရှိတယ်လို့ ထင်ခဲ့ကြပါတယ်တဲ့။ အမျိုးသား ၁၅ ယောက်ကို စစ်တမ်းကောက်တဲ့အခါမှ အနက်ရောင်ကို ကြိုက်တယ်လို့ပြောတာ ၂ ယောက၊် အဖြူရောင်ကိုကြိုက်တယ်ပြောတာ ၁ယောက်နဲ့ အနက်ရောင်ဝတ်တာကိုမနှစ်သက်ဘူးလို့ ပြောတာ ၁၀ယောက်နဲ့ အဲ့၁၀ယောက်ကပဲ ချစ်သူ မိန်းကလေးကို အတွင်းခံပန်းရောင် နဲ့ဆို ပိုနှစ်သက်တယ်  လို့အဖြေပေးကြပါတယ်။
လုံးဝဆွဲဆောင်မှု့ မရှိတာကတော့ အဖြူရောင်ပါတဲ့။ ကဲ….
တစ်ဆက်တည်းမှာပဲ ဆရာဝန်မက အလှအပနဲ့ပတ်သတ်တာလေးတွေကိုဖတ်မှိရင် note book မှာကိုယ်တိုင်ချရေး ပြီးမှတ်ထားတာက လည်း ဦးနှောက်ကို အလှအပနဲ့ပတ်သတ်တဲ့ sense ကသွားပြီး ပိုပြီး လှဖို့ဂရုစိုက်မိပါတယ်တဲ့။
ကဲ ပန်းရောင်မကြိုက်တဲ့ မမများ ပန်းရောင် မ၀တ်ချင်ရင်တောင် ပန်းရောင် အဆင်တန်ဆာလေးတွေ မိမိပတ်ဝန်းကျင်မှာထားသင့်ပြီ။
နွေရာသီ မိန်းကလေးနှင့် အနံ
ဂျပန်မှရယ် မဟုတ်ပါဘူး။ အနံအသက်ဆိုတာ ဂရုစိုက်မိကြမှာပါပဲ။ တစ်ချို့သောလူမျိုးတွေ တစ်ခါတစ်လေ ဓတ်လှေကားထဲတောင် အနံမခံနိုင်တာတွေ ရှိပါတယ်။ ဂျပန်ရဲ့ကွန်မြုနတီမှာတော့ အနံအသက်ပြင်းတာဟာလည်း လုပ်ငန်းခွင်မှာ မျက်နှာသာပေးမခံရတာတွေ ရှိတဲ့အတွက် အနံအသက်ဖြစ်စေတဲ့ ဂျိုင်းအောက်က ဂလင်းတွေ ကိုခွဲထုတ်တဲ့ ဆေးခန်းတွေ ဆိုတာလည်းများပါတယ်။
တစ်ချို့အကျိုးပေးကြောင့်လို့ပဲ သဘောထားပေးရမှာပါပဲ.။ကိုယ်တိုင်အနံရှိတယ်ဆိုတာကို လက်ခံမှသာပြုပြုင်ယူလို့ရမှာကိုး။ ကျွန်မသူငယ်ချင်းတစ်ယောက်ဟာ အတော်ကို သန့်ရှင်းပါတယ်။ ဒါပေမယ့်သူ့ရဲ့ချွေးနံက အတော်ကိုပြင်းလို့ သူ့ခမျာ အမြဲတမ်း တစ်နေ့သုံးခါလောက် ရေအိမ်ဝင်ပြီး wet tissue နဲ့ သန့်ရှင်းရေးလုပ်ရှာပါတယ်။ နောက်တစ်ယောက် မြန်မာသူငယ်ချင်းမကတော့ အနံအသက်ဆိုးတဲ့သူမဟုတ်ပဲ သူကတော့တစ်ကိုယ်ရေ သန့်ရှင်းမှု့အားနည်းလို့ဖြစ်တဲ့အနံအသက် ကရှိပါတယ်။
ဂျပန်မှာခုနောက်ပိုင်းက ဆေးထိုးတယ်တဲ့။ ဂျိုင်းက ချွေးနံ ရယ်ထွက်တဲ့ ချွေးကနေ
အ၀တ်အစားကို မစွန်းထင်းအောင်တဲ့။
အောက်ပါအချက်များကို ဖြည့်စွက်ကြည့်ပါ။
၁။ ချွေးသာမန်ထွက်သူ။
၂။ဂျိုင်းအောက်ကနေ စိုတိုတိုနဲ့ ရှိတတ်သူ။
၃။ ဖိနပ်စိုနေတတ်သူ။
၎။ အနံပြင်းတယ်လို့ထင်တဲ့သူ။
၅။ဂျိုင်းချွေးနံက ပြင်းတယ်လို့ထင်မိသူ။
၆။အ၀တ်အစားတွေရဲ့ဂျိုင်းနားမှာ အ၀ါရောင် ရှိတတ်သူ။
၇။ရေကို တစ်နေ့တစ်ခါ ပဲ ချိုးတတ်သူ ( မြန်မာလူမျိုးတွေက တော့ ရေချိုးများတယ်လို့ ထင်ပါတယ်)။
၈။ အနှစ်များများနဲ့ ဟင်းတွေအစားများပြီး သရေစာလည်းစားတတ်သူ။
၉။ဂျိုင်းမွှေး မရိတ်၊ မနှုတ်သူ။
၁၀။ အသီးအနှံနှင့် အသီးအရွက် အစားနည်းသူ။
အဖြေ ၀- ၂ အထိ  အနံအသက် မစိုးရိမ်ရပါ။
     ၃-၅  ချွေးထွက်များသူမို့လို့ ဂျိုင်း အနံ ထွက်မည့်သူဖြစ်ဖို့ ရာခိုင်နှုန်းများပါသည်။
    ၆-၁၀  အနံအသက်အထူးကို ဂရုပြုပြီး. ဆေးထိုးရမည်။ သို့မဟုတ် ဂျိုင်းအား ခွဲ စိတ်ကုသမည့်နည်းလမ်း၇ှာပါတဲ့။
(INRED magazine July 2011) 30 dai no joshi zashi
နောက်ကျွန်မတို့မြန်မာမိန်းကလေးတွေ(ယိုးဒယား၊စင်္ကပူမိန်းကလေးများလည်းတွေ့ခဲ့ပါတယ်)ရဲ့ မှားယွင်းတဲ့ ဖိနပ်စီးမှု့ပါပဲ။pumps လေးတွေ  ခုနောက်ပိုင်းမှာရန်ကုန်မှာလည်း အတော်များများစီးလာကြပါတယ်။ ဒါပေမယ့်ခြေအိတ်နဲ့တွဲ မစီးတာတွေဟာ သာမန်အနံမရှိတဲ့သူတောင် လည်သာ အပိတ်နဲ့ရာသီဥတု ကြားမှာတစ်နေကုန်သာ
ဝတ်ထားရင် ဖိနပ်ချွတ်လိုက်တာနဲ့ ချွေးနံက ထွက်တာပါပဲ။ ပူတယ်ဆိုပြီး ဒီအတိုင်းဝတ်တာက ပိုပြီးတော့ဖိနပ်ကိုလည်း ညစ်ပတ်စေသလို ဖိနပ်အတွင်းသားလည်းကြာကြာမခံတတ်ပါဘူး။ ဂျပန်မိန်းကလေးကလွဲရင် နွေရာသီမှာ pumpsကို အသားကပ်နဲ့တွဲဝတ်တာ ကိုကျွန်မတို့အရှေ့တောင်အာရှနိုင်ငံများက မ၀တ်ကြပါဘူး။
ပုံ။ google photo .ခုနောက်ပိုင်း socks လေးတွေက pumpsအပြင်မထွက်ပါဘူး ခြေအိတ်
ဝတ်ထားတယ်လို့မထင်ရလောက်အောင် ပါးပြီး တိုပါတယ်။
သင်ဟာ pumps လေးတွေကိုနှစ်သက်စွာ စီးသူဆိုရင် ဖိနပ်တစ်ရံကို နှစ်ရက်ထက်ပိုပြီး ဆက်တိုက်မစီးပါနဲ့။အလှည့်ကြပြောင်းစီးပေးခြင်းဟာဖြင့် ဖိနပ်လေးအနားရပြီး အနံအသက်လည်း ကင်းစေပါတယ်။ ဂျပန်မှာတော့ ဖိနပ်ထဲကို မီးသွေးခဲ ထည့်ထားတတ်ပါတယ်။ အနံစုပ်တာကိုး ။ တစ်ချို့လည်း ဂျပန်ယန်း အကြွေစေ့ ကိုထည့်ပါတယ်။ ကျွန်မကတော့ ပိုက်ဆံကို ဖိနပ်ထဲမထည့်ချင်လို့
Rosemarry အရွက်လေးတွေကို အိတ်နဲ့ထည့်ပြီး ထည့်ပါတယ်။ ရန်ကုန်မှာ ဆိုရင်တော့ ပူစီနံကို ထည့်ထားတတ်ပါတယ်။
မျက်နှာလေး လှပယုံတင်မဟုတ်ပဲ။ ဂရုမထားမိတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးလေးတွေကနေ အလှပဆုံးဖြစ်နိုင်ကြပါစေ။
မှတ်ချက်။ ။  မမွန် (ကောင်းမွန်ဝင်း) loveyourself ကိုဖတ်ပြီး အတွေးရလို့ ရေးပါတယ်။
17 comments:
  1. ကိုယ်လည်း ပန်းရောင်တွေကို ဒီနှစ်တွေမှ ဂရုတစိုက် ၀တ်တတ်လာတယ်၊
    နုတယ်လို့ ပြောလို့၊
    pump လေးတွေကို အရင်ကစီးတယ်၊
    အခုနောက်ပိုင်းတော့ မစီးဖြစ်တော့ဘူး၊
    မလိုက်ဖက်ဘူးလို့ ထင်လို့.
    ReplyDelete
  2. တူလိုက်တာ
    ကျွန်မလည်း ပန်းရောင်မကြိုက်ဘူး။
    ကဲ
း)
    ReplyDelete
  3. အဲဒီခြေအိတ်လေးတွေကြိုက်ပေမဲ့ ဒီမှာရှားတော့ တခါတလေမှရတယ်.... ပန်းရောင်က သိပ်မကြိုက်ပေမဲ့ လှတာတော့အမှန်ဘဲနော်... :)
    ReplyDelete
  4. ပန်းရောင်ကမိန်းကလေးတွေကို လှစေတာတော.အမှန်ပါဘဲ။အထူးသဖြင်. ကလေးငယ်လေးတွေ(မိန်းကလး) တွေကို အသားမဲမဲဖြူဖြူ ဘယ်လိုအသားအရောင်ဖြစ်နေပါစေ၊ သမီးမိန်းကလေးငယ်ငယ်လေးတွေကို ဘေဘီပင်.ခ် လို ဂါဝန်အရောင်လေးတွေဝတ်ပေးခြင်းအားဖြင်. သမီးလေးတွေကိုပိုချစ်စရာကောင်းစေတာအမှန်ပါဘဲ။
    အသက်ကြီးတဲ.အမျိုးသမီးတွေအတွက်မပြောလိုပေမယ်. ၊ကလေးငယ်လေးတွေ(မိန်းကလေးတွေ၊မွေးစမှ 10နှစ်ကျော်အထိ)အတွက်ကတော. ပန်းရောင်နုနုလေးတွေနဲ.အရမ်းလိုက်ဖက်ကြောင်းပါရှင်
    ReplyDelete
  5. ငယ်ငယ်ကတော့ မေမေ့လက်ချက်နဲ့ ပန်းရောင်တွေ အများကြီး ဝတ်ဖူးတယ်... ဟိ..
    နောက်ပိုင်း ကိုယ့်အဝတ် ကိုယ်ဝယ်ဝတ်တဲ့ အချိန်မှာတော့ ပန်းရောင်တွေ မဝယ်ဖြစ်တော့ဘူး... မှိုင်းပေ့ မှောင်ပေ့ မဲပေ့ဆိုတာတွေ ဝယ်ဖြစ်နေတယ်... ညီမပြောသလိုဆိုရင်တော့ ဆင်ခြင်မှပါလေ...း))
    ReplyDelete
  6. kyi kyi yay,
    how did keep mint or rosemarry in your shoes. what kind of bags do you use, small paper bags ? how much leaves do you need a bag. Thanks much for sharing tips.
    ReplyDelete
  7. တိုက်တိုက်ဆိုင်ဆိုင် ခုတလော ပန်းရောင်တွေ ဝယ်ဖြစ်၊ ဝတ်ဖြစ်နေတယ် ညီမရေ...။ ပန်းနုတော့ မဟုတ်ဘူး ပန်းရင့်....:P
    ReplyDelete
  8. Thanks to all ..
    To anonymous : actually, I put more than 10 leaves in a tea bag here in japan and also use a net which for food residual.
    enjoy herb time ;)
    ကြည်ကြည်
    ReplyDelete
  9. ပန်းရောင်နုနုလေးတွေဆို အစကတည်းက ကြိုက်တာ.. :)
    ReplyDelete
  10. မိုးယံJune 20, 2011 at 11:46 AM
    ပန်းရောင်ကိုလဲမကြိုက်ပါ။ ချွေးနံ့နံတာလဲမကြိုက်ပါ။
    အနီရောင်တော့ သဘောကျသား
    ReplyDelete
  11. I start to put on pink:)I'll try your rosemary and mint tips.I usually put johnsson baby powder in my sons' shoes when they don't use them.I have box of mint at my balcony and many old leaves.Thanks for sharing.I prefer natural way.
    Gyidaw
    ReplyDelete
  12. တလောက အလုပ်ရှုပ်နေလို့ ခုမှလာနှုတ်ဆက်ရတယ် ကြည်ကြည်ရေ... တို့တော့ ခြေအိတ်မပါပဲ ဖိနပ်အစွပ်မစီးတတ်ဘူး။ ချွေးတွေတအားထွက်ပြီး စေးကပ်နေလို့ လမ်းလျှောက်လို့မရဘူး။ Ballerinas လေးတွေ pumps လေးတွေ စီးရင် ပါတယ်မထင်ရအောင်ပါးတဲ့အသားကပ်မျိုးရှာဝတ်တယ်။ အစကတော့ သည်လောက်ပူတာ အသားကပ်ဝတ်ရင် ကြည့်ခံရမှာစိုးလို့။ နောက်တော့ အဲလိုဝတ်တဲ့သူတွေလည်း ရှိတာ သိလာတယ်။ ဆယ်ကျော်သက်တွေကတော့ မ၀တ်တာများတယ်။
    ReplyDelete
  13. မကြည်ကြည်ရေ... tips လေးတွေ သေချာ ဖတ်သွားတယ်။ ဗဟုသုတ ရသွားလို့ ကျေးဇူးနော်။ ရို့စ်လည်း ပန်းရောင် နှစ်သက်ပေမယ့် အသုံးအဆောင် ပစ္စည်းတွေပဲ ပန်းရောင် ရှိတာ များတယ်။ အင်္ကျီ အ၀တ်အစားကျ ပန်းရောင်က တောက်တယ် ထင်လို့ မ၀တ်ရဲဘူး။ အရောင်မှိုင်းတွေပဲ ၀တ်တယ်။ အနက်ရောင် အကြိုက်ဆုံး ၀တ်ရတား)
    ReplyDelete
  14. မမရေ ဗဟုသုတလေးတွေ အတွက် ကျေးဇူးပါလို့ ..
    ညီမလေးက ပန်းရောင်ကို သဘောကျပေမယ့် သိပ်မသုံးဖြစ်ဘူး
    အနီရောင်နဲ့ အနက်ရောင်ဆို အသဲမဲ ..နှစ်သက်ပြန်ရော..:)
    ReplyDelete
  15. ဖိနပ်တွေကို အမှတ်တမဲ့ကြည့်လိုက်တာ ဘာကြီးတွေနဲ့တူနေမှန်းမသိဘူး သေချာကြည့်တော့မှ ဖိနစ်မှန်းမှန်းသိတယ် အစ်မကြည်ရေ :)
    ReplyDelete
  16. ကြည်ရေတို့ကတော့ပန်းရောင်အရမ်းကြိုက်တယ်ဘာဘဲဝယ်ဝယ်ပန်းရောင်လေးတွေဘဲများတယ်ပန်းရောင်ဟာလူကိုနုစေတယ်ထင်တယ်ပန်းရောင်ဝတ်တဲ့နေ့တိုင်းလိုလှတယ်လို့ချီးကျူးခံရတတ်တယ်လေဟဲဟဲအသားဖြူလို့လိုက်တာဘဲလားတော့မသိဘူးပေါ့လေ
    ReplyDelete
  17. ကြည်ရေတို့ကတော့ပန်းရောင်အရမ်းကြိုက်တယ်ဘာဘဲဝယ်ဝယ်ပန်းရောင်လေးတွေဘဲများတယ်ပန်းရောင်ဟာလူကိုနုစေတယ်ထင်တယ်ပန်းရောင်ဝတ်တဲ့နေ့တိုင်းလိုလှတယ်လို့ချီးကျူးခံရတတ်တယ်လေဟဲဟဲအသားဖြူလို့လိုက်တာဘဲလားတော့မသိဘူးပေါ့လေ
    ReplyDelete
ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။