Friday, January 28, 2011

စေတနာ. ၀ါသနာ


တခါတခါသွားတတ်တဲ့ FACE SPA နေရာလေးရှိတယ်။ ဆိုင်ရှင်ကလည်း ရွယ်တူလောက်ပဲရှိအုန်းမယ်။ သူ့ အိမ်မှာ ဖွင့်ထားတာ။ အိမ်ဆိုင်လေးတွေက သာမန်ဆိုင်တွေ ထက်နည်းနည်းဈေးများပေမယ့် နာမည်ကြီးဆိုင်ကောင်းကြီးတွေ လိုလည်းပေးရတာ မများဘူး။ ကြိုတင်ဘိုကင်တော့လုပ်ရတယ်။ သူ့ အချိန်နဲ့သူကွက်တိပေါ့။ အဲ့ဒီတော့ဘာအားသာချက်ရှိလည်းဆိုတော့သူရဲ့ ဆိုင်လည်းလူမ၇ှုပ်တော့ဘူး။ကာစတန်မာ ကိုယ်တိုင်လည်း အေးအေးဆေးဆေး တစ်ယောက်တည်းပွင့်ပွင့်လင်းလင်း ဖြစ်ချင်တာကိုယ်ပြောလို့ ရတယ်။  အခန်းသီးသန့်မှာ ကာစတန်မှာတစ်ယောက်စာအတွက်ပဲ နေရာကိုလုပ်ထားတော့ အတော်ကို နေရာကျယ်သလိုပဲ။ အိမ်ဆိုင်ဖြစ်တဲ့အတွက် သန့် ရှင်းရေးကအစ ပိုတာဝန်ကြီးတယ်တဲ့။  သူယူလိုက်တဲ့ငွေနဲ့ တန်အောင် ဆားဗစ်ကိုသူပြန်ပေးရမယ်။ ဆိုင်နေရာ မလို ၀န်ထမ်းမလိုတဲ့ အတွက် ဈေးက အပြင်ထက်သက်သာတယ်။ မဆိုးဘူးဒီအိုင်ဒီယာ။
နောက်တစ်ခုက သွားနေကြ ဆံပင်ဆိုင်လည်းအဲ့လိုပဲ။ အရင်ကတော့နာမည်ကြီးဆိုင်မှာ လုပ်ခဲ့တယ်ဆိုတယ်။ ခု အိမ်ထောင်ကျတော့ သူ့ အမျိုးသားနောက်လိုက်လာပီး သူ့ အိမ်အောက်ထပ်မှာပဲဆိုင်ဖွင့်တယ်။ ပစ္စည်းပြည့်ပြည့်စုံစုံနဲ့  သန့်ရှင်းရေးလည်းသူ အကုန်လုံးသူပဲ သူလည်းဘိုကင်က အမြဲထပ်နေတယ်။ဝင်ငွေအတော်ကောင်းတယ်လို့ သိရတယ်။
မနေ့ က ကျောင်းကအပြန် ခြံလေးတစ်ခြံထဲမှာ လက်သည်းခြေသည်းအလှပြင်ဆိုင်လေး ကြော်ငြာထားတယ်။ သူလည်းသေချာတယ် ဘိုကင်ကြိုယူရမယ့်သဘော။

တလောက အလည်သွားတဲ့နေရာက အိမ်ထမင်းဆိုင် အိုင်ဒီယာလေးကြိုက်တယ်။ တနေ့ကို ၂ တွဲပဲလက်ခံတယ်။ အိမ်ရဲ့အောက်ထပ်မှာ လုပ်ထားတယ်။ဆိုင်လို့ နာမည်မတပ်ထားဘူး ဘိုကင်လိုအပ်တယ်။ ဆိုင်ပုံစံမဟုတ်ပဲ အိမ်ထမင်းဟင်းပုံစံကို ကိုယ့်အိမ်အတိုင်းလုပ်ပေးထားတယ်။
စားပွဲထိုးမ၇ှိဘူး။စားခါနီးမှလာ တခါတည်းပူပူနွေးနွေး အဆင်သင့် ရေနွေးကြမ်းထည့်ပေးတဲ့အချိန်ကလွဲလို
အိမ်ရှင်ကထွက်မလာဘူး..အံမယ် အဲ့မှာလည်း ဘိုကင်က အပြည့်..။

မြန်မာပြည်မှာ အိမ်ဆိုင်အလှပြင်ဆိုင် (သို့) အခြားသော လုပ်ငန်းလုပ်ကြသည်ဆိုပါဆို့ဘာလို့ မပေါက်လည်း
တို့ မြန်မာတွေ က ဆိုင်ကြီးတွေကိုသာ ဘိုကင်လုပ်. ဆေးခန်းလောက်သာဘိုကင်လုပ်ချင်တာ
ကိုယ်တိုင်အပါအ၀င် သွားချင်ရင်ချက်ချင်းသွားလိုက်တာပဲမို့ လား။  နောက်တစ်ခုက အိမ်ဆိုင်တွေက အိမ်မှာဆိုပီး ဈေးတော့ သက်သာပါရဲ့ သန့် ရှင်းရေးအားသာမှု့ . ပရိုက်ဗိတ်စီဆိုတာတွေ ကို ထည့်မစဉ်းစားကြသေးဘူး ။ဒီမှာက ဆိုင်နဲ့ အိမ်ဆိုတာပဲ ကွာတယ်။ အိမ်ဆိုင်က ပိုပီးသန့် ရှင်း မှု့  မှာပိုသာတယ်။

တိုကျိုက ၇ှင်းအိုကုဘိုက  ယိုးဒယားဆိုင်မှာမြန်မာတွေ အထိုင်များတယ်။
ဆိုင်ဝန်ထမ်းက ၀န်ထမ်းဝတ်စုံနဲ့ ချက်နေတဲ့ယိုးဒယားကြီးက Chef ၀တ်စုံနဲ့ မိသားစုဆိုင်လို မျိုးပေမယ့်စားပွဲထိုးကလည်းစားပွဲထိုးဝတ်စုံဝတ်ထားတယ်။ မီးဖိုချောင်သန့် သန့်ကိုလည်း လှမ်းပြီးမြင်နေရတယ်။ ရောင်းလိုက်ရတာလည်း အုန်းအုန်းကိုထနေတာပဲ။
နောက်နေ့ 
သွားနေကြမြန်မာဆိုင်သွားတယ်။ ဆိုင်၇ှင်အမကြီး ဆွယ်တာအနီနဲ့ ဆံပင် စည်းပီးဟင်းချက်နေတယ်။ မီးဖိုချောင်ထဲမှာ ငရုတ်သီးပုလင်း ၊ဆီပုလင်း ၊အိုးတွေက မဲနေတယ်။ ဟင်းချက်နေတဲ့ နောက်စားဖိုမှုးက စွပ်ကျယ်လက်တိုရယ် ဂျင်းဘောင်းဘီနဲ့  ချက်နေရင်း ထွက်လာပီး ရန်ကုန်ကလက်ဖက်ရည်ဆိုင်တွေမှာတွေ့ ရတဲ့ ဓတ်ဘူးအနီေ၇ာင်အကွက်လိုလိုတွေ(သိမှာပေါ့)
ထဲကနေေ၇နွေးကြမ်းလာထည့်ပေးတယ်။ ဈေးကြီးလို့ လို မပြောနဲ့ ဂျပန်က used ဆိုင်တွေ မှာ
ကုန်တိုက်ကနေ လှည့်ဝင်တဲ့ ပစ္စည်းအသစ် ဈေးသက်သက်သာသာတွေ တပုံကြီး။
အဲ့ဆိုင်က လူတွေက ဂျပန်ရောက်တာမနေ့ တနေ့ က လူတွေ မဟုတ်  မ၇ှိဘူးဆို အနှစ် ၃၀လောက်နားနီးပီ..
ထွက်လာပီးစကားပြောလိုက် ပြန်ဝင်ချက်လိုက် ဟင်းခွက်လာချလိုက်။ ပေးရတဲ့ဈေးကလည်းဂျပန်ဆိုင်တွေနဲ့ တန်းတူ တခါတခါ ပိုတောင်များတယ်။
မြန်မာစိတ်လို့ တော့မပြောနဲ့ စီးပွားရေးလုပ်နေတာလေ။ တစ်ခါတစ်ခါ ဆရာသမားတွေကို မြန်မာအစားအစာဆိုပီးဧည့်ခံဖို့ ခေါ်သွားလို့ ရမယ့်ဆိုင်က နည်းလွန်းတယ်။
ဒါကြောင့် မြန်မာဆိုင် မြန်မာအစားအစာဟာ မြန်မာလူမျိုးညဘက် ကာ၇ာအိုကေ လာဆိုဖို့ လောက်ပဲ အဆင့်က ရှိသေးတယ်။ မသွားချင်မသွားနဲ့ ပေါ့လို့ တော့ အလွယ်မပြောပါနဲ့ ကွယ်။ အားပေးချင်တဲ့စိတ်တစ်ဝက် စားချင်တဲ့စိတ်တစ်ဝက်နဲ့ သွားနေကြကိုး။။။

 ရန်ကုန်မှာဘ၀ရပ်တည်ဖို့ အတွက် တင်္နလာကနေသောကြာ အလုပ်လုပ်ရပါတယ်။ ဘ၀၇ှင်သန်ဖို့ အတွက်တော့ စနေတနင်္ဂတွေဆို  အပင်တွေစိုက်ပါတယ်။  မြစ်ကြီးနားက ပန်းဥပင်(ထောင်းစားရန်)
ကနေစလို့  မုံရွာ ဘက်က ဆူးပုတ် ကစ စိုက်ထားပါတယ်(ဖြစ်ချင်ခဲ့တာ စိုက်ပျိုးရေးသမားပါ)။ (ပြောစရာဆိုလို့ ) တီကောင်တို့ မျှော့တို့ ကျွတ်တို့ တော့ သေမတတ်ကြောက်ပါတယ်။
ရန်ကုန်ပြန်ရင် ကိုယ်တိုင်စိုက်ပျိုးထားတဲ့အသီးအရွက်တွေနဲ့ အလုပ်အားရက်တွေမှာ အဲ့လို အိမ်ထမင်းဆိုင်လေးတော့ ဖွင့်ချင်သား။  ဘိုကင်ကိုတော့ အွန်လိုင်းကနေ လှမ်းယူထားကြပေါ့  ဘယ်လိုလည်း။

             

ခုရှိတဲ့ဝရန်တာမှာ စိုက်ထားတာလေးတွေ



နံနံပင်ကအဲ့လောက် ဆိုရင်ဂျပန်မှာယန်း ၂၀၀လောက်ပေးရတယ်။ပီးတော့လိုသလောက်လည်းမရဘူး။
ပူစီနံကတော့ ၁၅ရွက်လောက်ဆိုရင် ယန်း၂၀၀။ ပူစီနံက မာလီဘူးမိုဟိတို အတွက် ထားတာ.။ ကိုယ့်ပူစီနံကသူငယ်ချင်းပေါင်းစုံအတွက် ပျိုးပေးရတာလက်မလည်ဘူး။
 ကြည်ကြည်

Tuesday, January 25, 2011

လွမ်းမောဖွယ်သော သောကရောင်စုံတော မှတ်တမ်း

သတိရလို့ ဆိုတဲ့ မက်ဆေခ့်ျ တစ်ကြောင်း
3D နဲ့ ပြောင်းကြည့်
ပုလဲလုံးဖြစ်ဖို့ ကမာတစ်ကောင် ထုဆစ်နေတယ်။

Touch screen ကို လက်တင်ဖို့ ပြင်တိုင်း
ဝိုင်မြစ်တွေ ကပြောင်းကပြန်စီးတယ်။

လွမ်းလိုက်တာရှင်
လွမ်းလိုက်တာရှင်
လွမ်းလိုက်တာရှင်
အဲ့လို  စာကြောင်းတွေ စီကာရိုက်ေ၇းပေမယ့်
Screen ပေါ်က ဗလာ word တစ်အုပ် သိမ်းထုတ်ရတာလည်း ညစဉ်

မိုးသောက်ယံညတွေမယ် အားတွေငယ်
အနောက်တောင်အရပ် စိတ်ကတွက်မှန်းဆ
မျက်ဝန်းလွှာပိတ် ဆိတ်ဆိတ်ကလေးတမ်းတ
လှိုင်းခတ်သံလည်းကြားတယ်  Vanda Miss Jaoquim နံလည်း သင်းတယ်..
တိမ်တွေ ခေါ်ရာအလိုက်သင့်ပါပါရစေ…

 ခဏအငိုက်
 စကားသား  ကျောက်ဆောင်နဲ့ တိုက်မိလိုက်တယ်။
 ယိမ်းနွဲ့  ပန်းခင်း လေပြေညှင်း
 အိကျနေမလို တိမ်ရွှေအို
ငှက်တေးချိုသီ အသံညီ
ဆက်သနေသလိုလို
အဆင်းလှ ရသာချိုချို
ဒါပေမယ့်                                   
ဧ၀ဆိုသူတဲ့  ခေါင်းရမ်းရင်း  စာတစ်စောင်အရင် ကမ်းတယ်။










Vanda Miss Jaoquim ( National Flower of XXXXXXXX)




ရေးသူနဲ့ သူရေးတဲ့စာ တစ်ခါတစ်လေ ထပ်တူမကျတတ်ပါဘူး....
ကြည်ကြည် 







Saturday, January 22, 2011

မီဒီယာလား ခေတ်လားကွယ်

ခုတစ်လော ဂျပန်မှာ ဟော့ နေတဲ့ သူတစ်ယောက်ပေါ့ သူ့ နာမည်က MR . WATANABE YOUICHI
သူက စစ်ဖြစ်တဲ့နေရာတွေမှာသွားပြီးရိုက်တဲ့ ကင်မရာ မန်းပေါ့။ 


ဂျပန်လိုတော့SenJou cameramen.. မနှစ်ကလောက်စပြီး TV အစီအစဉ်တွေမှာပါလာတယ်။ အသက်နဲ့ ယှဉ်ရင် တော့ အိုစာသလိုပဲ ၃၆ နှစ်တဲ့။ သူ့ စကားပြောဟန် အမူအရာတွေက လေးလေးအေးအေးနဲ့  တမင်လုပ်ပြောနေသလိုထင်ရပေမယ့် ရီစရာလည်းကောင်းသလို စိတ်ဝင်စားဖို့ လည်းကောင်းတယ
 သူ့ ဘလော့နာမည်က http://yoichi4001.iza.ne.jp/blog/ senjou kara konnichiwa ..စစ်မြေပြင်ကနေ ခွန်နိချိဝတဲ့...


စစ်မြေပြင်ကို ဓတ်ပုံရိုက်ဖို့ သွားရင် ဆောင်ရန်ရှောင်ရန်တွေ နယ်မြေခံတွေနဲ့ ဘယ်လိုပေါင်းရတယ်။ ဘယ်လိုလူမျိုးကို သူ့ ဂိုက်အဖြစ် မငှားဘူး။နယ်မြေခံဂိုက်ကို ငှားတော့မယ်ဆိုရင် သူ့ မိသားစု အထိထဲထဲဝင်ဝင် လိုက်လည်
ငှားမယ့်သူရဲ့ စိတ်နေစိတ်ထား မိသားစုနဲ့ ဆက်ဆံရေး စတာတွေပါ လိုက်လေ့လာတယ်ဆိုတဲ့ အချက်အလက်တွေကို ရှင်းပြတာတွေ အတော်ကို ပညာသားပါပီး နားထောင်လို့ လည်းကောင်းပါတယ်။
ဒီလိုနဲ့ သူတဖြေးဖြေးနာမည်ကြီးလာလိုက်တာ ခုဆို အပတ်စဉ်နီးပါးလို  သူ့ ကို TV မှာတွေ့နေရသလို
သူ့ အသံလေးလေးကြီးနဲ့ ပြောတဲ့ ring tone တွေကအစ ဖြစ်ကုန်ပါတယ်။ တနေ့က သူ့ ကိုနာမည်ကြီး တစ်ယောက်က ဗျူးတော့ ခင်ဗျားဟာ TV မှာလိုတာထက်ပိုပါနေတယ်။ခဏခဏထွက်လွန်းရင် မကြာခင် ပျင်းသွားကြလိမ့်မယ်။ နားလည်ရဲ့လားဆိုတော့ ငါးပွက်ရာငါးစာချတဲ့ အနုပညာနယ်ပယ်ရဲ့ သဘောကို သူနားလည်ထားပါတယ်လို့ ဖြေပါတယ်။ သူ TV မှာထွက်ရတဲ့ အချိန်တစ်ခုမှာ သူသွားခဲ့တဲ့စစ်မြေပြင်အကြောင်းတွေ နိုင်ငံတွေကို ရွတ်ပြခြင်းအားဖြင့် ခလေးတွေ TV ကိုကြည့်မှိလို့ ဒါတွေကို နည်းနည်းပဲဖြစ်ဖြစ် သိမယ်ဆိုရင် နောက်တစ်ချိန် စစ်ဆိုတာနည်းသွားနိုင်ပါတယ်ပေါ့။
ဒီလိုနဲ့ TV ဌာနက အပြင်မှာ လိုက်ပီး သူ့ ကို ဘယ်လောက်သိမှု့ ရှိလည်းဆိုတာ စစ်တမ်းကောက်တော့
မူလတန်းအရွယ် ခလေးတော်တော်များများက သူ့ နာမည်ပြောလိုက်တာနဲ့  သူ့ လိုစတိုင်ဖမ်းပြီး အီရတ်ဆိုတာ…. အာဖဂန်ဆိုတာ… ရ၀မ်ဒါဆိုတာတွေ လုပ်ပြကြတယ်။ ဒါနဲ့ မိဘတွေကို စစ်တမ်းကောက်တော့ ခလေးတွေက အဲ့ဒီ့  အီရတ်ဆိုတာ ဘာလည်းမေမေ ရ၀မ်ဒါဆိုတာဘာလည်း မေမေလို့  မေးကြတယ်။ လူမျိုးတူတွေ အချင်းချင်းသတ်နေကြတယ် ဆိုတဲ့ အချက်အလက်တွေ မိဘတွေကနေ သိခွင့်ရကြ စစ်ဆိုတာဘာလည်းလို့ သူတို့ သိကြတယ်။ဒီလိုဆိုရင် သူပေးချင်တဲ့ မီဒီယာက ပေးတဲ့ သူ့ မက်ဆေ့ခ်ျကိုရ ကြတယ်ပေါ့။  တခါတလေ ခလေးသူငယ်တွေ အတွက် Quiz အစီအစဉ်တွေကြည့်ရရင် ရန်ကုန်က တံတားနာမည်တွေ ရုပ်ရှင်နာမည်တွေ အမေးများတဲ့ အစီအစဉ်တွေကိုပြေးသတိရပြီး “မောင်လေးဖြေတာ မှန်ပါတယ်ကွယ်”ဆိုတာတွေ သတိရမိတယ်။

ဒီလိုနဲ့ သမီးအကြောင်းစိတ်က ရောက်သွားတယ်။ သမီးက ၉ လပိုင်းက လာလည်တယ်။ ပဲများ အလှကြိုက် အရွယ်နဲ့မလိုက်အောင်သိလွန်းလို့ ခွဲခွာထားရတဲ့ ဒီ၁ နှစ်ကျော် အတွင်းမှာ အတော်ကို ပြောင်းလည်းသွားတယ်လို့ သိသာတယ်။ ရန်ကုန်ပြန်တုန်းကလည်း သူကျောင်းသွားချိန် ကိုယ့် Research ကိစ္စတွေနဲ့  ညအိပ်ခါနီး လောက်သာ အေးအေးဆေးဆေးတွေ့ရတယ်။ သမီးက မေမေ မီးလေ ကိုရီးယားကိုသွားလည်ချင်တယ်တဲ့။ ..မီးသနယ်ချင်း (သူပြောသလို)
ကိုရီးယားကိုသွားလည်တယ်။ ဒီနှစ် ခရီးတွားရင် ကိုရီးယားကိုသွားမယ်နော်တဲ့ သူ့အဖေက ကိုရီးယားဘာမှ မရှိပါဘူးကွယ် ဆိုတော့  မင်းတမီးလှလှတွေ ၇ှိတယ်လေ  ကလစ်လှလှတွေ လိုချင်တယ် သူတို့ ချဉ်ဖတ်တော့  မီးမကြိုက်ဘူးစီးတီးမတ်က ၀ယ်စားတာ ချဉ်တယ်တဲ့။ အော် တတ်လည်းတတ်နိုင်ကြပါပေ့ပေါ့။ဒီကိုလာတော့ သူ့ အဖေက အလုပ်ရှုပ်တော့ သမီးနဲ့ မအေ ၂ ယောက်တည်း ၁ပတ်လောက်နေလိုက်ရတယ်။    လူနာတင်ကားတွေ ဖြတ်သွားရင် ကျွန်မက အမြဲ အသက်ချမ်းသာရာရကြပါစေ လို့ ရေရွတ်တာကို သူက ကြည့် ပြီးတော့ ဂျပန်တွေနေကောင်းပါစေ လို့ သူလိုက်ရွတ်တတ်တယ်။ ညဘက်စာကြည့်တာနောက်ကျတော့ မနက်ဆိုမထနိုင်ဘူး။
မေမေမအိပ်တေးရင် မီးစောင့်မှာပေါ့တဲ့။ဒါနဲ့ သမီးရယ် မေမေ ဘုရား   ဆွမ်းတော်မနက်ဖြန်တင်ရမယ်။
မေမေ့ကိုနိုးနော်ဆိုတော့ မနက်ကိုခလေးက ၆ နာရီလောက် ငေါက်ကနဲ ထပီး မေမေထတော့ ဆွမ်းချက်တော့ပေါ့။ကိုယ်ကလည်း အော် အေးအေး ဆိုပီးပြန်အိပ်ရောသူလည်းပြန်အိပ်တယ။် နောက် ၇ နာရီလောက်ကြတော့သူ နိုးလာပီး ဘုရားစင်ကိုလှမ်းကြည့်တယ်။ မေမေရာ ဆွမ်းကပ်ရမယ်ဆို..ဆိုပီး ဘုန်းဆို အိပ်၇ာထဲပြန်အိပ်တယ်။ ကျွန်မက အင်းပါဆိုပြီးပြန်အိပ်ရော။ နောက် ၈ နာရီလောက်ထပြန်ရော ဒီမေမေနော် ဘုရားဆွမ်းတော်ကပ်မယ်ဆိုလို့မီးထပီး နိုးရတာပေါ့ ဘာညာနဲ့ ။သမီးတောင် သိတတ်လိုက်တာကြည့်ပါအုန်းဆိုပီး ပီိတိဖြစ်ပေါ့။
လာခါစက ဂျပန်မလေးတွေ စကဒ်တိုတာပေါ်င်ဖြူတာတွေတွေ့ ပီး သဘောတွေကြလို့ ။ သူကိုယ်တိုင်လည်း အတို ကလွဲရင် သိပ်မ၀တ်ဘူး။ 
သူစကဒ်က တိုလွန်းတော့ ကျွန်မက သမီးရယ် တိုတိုလေးတွေ ၀တ်တယ်ဆိုတာ ထိုင်တတ်ရတယ်။အောက်ခံ ဘောင်းဘောင်းမပေါ်အောင်ထိုင်ရတယ်။  ရန်ကုန်ပြန်ရင်လည်း ဘိုးဘိုးတို့ဖေဖေတို့ကိုကိုတို့ တခြားကောင်လေးတွေရှေ့မှာ ဘောင်းဘောင်းမပေါ်အောင်ထိုင်နော်ဆိုတော့
 အော် ချကဒ်အတို ချိုတာ ရီးချားရှေ့ပဲဝတ်ရတာလား ဘောင်းဘောင်းက ရီးချားကိုပဲပြရမှာလားတဲ့ ဟယ်…………….ပြောစမ်း ရီးစားဆိုတာဘာလည်း ဆိုတော့ မီးတိပါတယ် မေမေရဲ့ ပြေတီဦးနဲ့ အူဝဲက ရီးချားတဲ့ ..ဟဲဘာဖြစ်လို့ စကဒ်တိုတို က ရီးစားနဲ့ ဆိုဝတ်လို့ရတာလည်းဆိုတော့ မေမေကလည်း…
ကိုရီးယားကားထဲမှာ ကောင်မလေးက တူ့ ရီးချားနဲ့ စကဒ်တိုတိုလေးနဲ့ လေတဲ့
မီဒီယာလား ခေတ်လားကွယ်……သမီးက ဒီနှစ် မှ ၅ နှစ်ပြည့်မှာ.

ကြည်ကြည်.

Thursday, January 20, 2011

တကယ်ဆို အိုင်ဒီယာပဲ လိုတယ် ..

စီးပွားရေးကျပ်တည်းနေကြတဲ့ ယခုခေတ်မှာ သူထက်ငါအပြိုင် ဘယ်လို ထိုးဖောက်ရမလည်းဆိုတာ
ပြင်ကြဆင်ကြ  ပလန်တွေဆွဲကြ  ပုံစံအသစ်တွေ ချကြ
အဲ့ထဲမှာ တစ်လောကကြည့်လိုက်ရတာလေးက အတော် စိတ်ဝင်စားဖို့ ကောင်းတယ်။
တိုကျိုမြို့ ရဲ့ မြို့လယ် ရှင်းဂျူကုလမ်းပေါ်မှာဖွင့်တဲ့ဆိုင် အကြောင်း
ခုခေတ်မှာ ဆိုင်တွေတော်တော်များများမှာ NO smoking နဲ့ smoking area ဆိုပီး နေရာခွဲထားကြတယ်မို့ လား။
ဘယ်လောက်ပဲခွဲခွဲ ဆိုင်ထဲဝင်ရင်တော့ အနံအသက်ကရှိတာပဲ။ အဲ့လိုခေတ်ကြီးမှာ အဲ့ဆိုင်က ပြောင်းပြန်ပြန်လုပ်လိုက်တယ်။.. ကျွန်တော်များဆိုင်သည်  ဆေးလိပ်ချစ်မြတ်နိုးသူများအတွက် သီးသန့်  ပြုလုပ်ထားပါသောကြောင့် ခလေးသူငယ်များဖြင့် လာရောက်ခြင်း သည်းခံပေးပါတဲ့။
သူများနဲ့ပြောင်းပြန်တော့ လုပ်လိုက်တာပဲ တနေ့ကိုဆိုင်ကို လူအယောက် ၇၀၀ ၀င်တယ်တဲ့ ကဲလူတစ်ယောက်ကို ယန်း ၈၀၀နဲ့ ပဲ တွက်လိုက်နော်။ အိုင်ဒီယာ….


ကဲနောက်တစ်ခုကတော့ မိန်းကလေးတိုင်းလိုလိုသိတဲ့ ဂျပန်မိတ် TRIUMPH နာမည်ကြီး အတွင်းပစ္စည်း 
တံဆိပ် . သူ့ ပစ္စည်းတွေ ပိုရောင်းရတဲ့ ပလန်တစ်ခုချလိုက်တယ်အွန်လိုင်းကနေရောင်းတဲ့ဆိုက်မှာ
အောက်ပါ ၀တ်စုံ sale campaign သီးသန့်လုပ်ပေးထားတာ။ 


သီးသန့် ထုတ်ကုန်ရဲ့ အောက်မှာ လင့်တစ်ခုထည့်ထားတယ်။ ၀င်ကြည့်တဲ့မိန်းကလေးက သူ လိုချင်တာလေးကို ကလစ်ပီး ရင် သူပို့ ချင်တဲ့မေလ်းလိပ်စာကို ရိုက်ထည့်လိုက်
ပြောရရင်တော့……..အချစ်ရေ …..ဒါလေးနဲ့ ဆို ဘယ်လို နေမလည်းဆိုပီးပေါ့
ကိုယ်ဝယ်ခိုင်းစေချင်တဲ့ သူဆီ (ချစ်သူ) ရဲ့မေးလ်းထဲကို လှမ်းပီးပို့ ယုံပါ








အပြင်မှာ အင်တာဗျူးတော့ အတော်များများသော ပုရိသတွေက အဲ့ဒီ ဆိုက်ရဲ့ပလန်ကိုကြိုက်ကြောင်း ကိုယ့်မိန်းခလေးကို လက်ဆောင်ဝယ်ပေးချင်ရင်တောင် အရောင် အကြိုက်မသိတော့ ခုဒီဆိုက်ကလေးရှိတော့ လက်ဆောင်အတွက် ခေါင်းမစားပါတဲ့..။.
အဲ့လို လုပ်လိုက်တာ ၉၇% နှုန်းအောင်မြင်မှု့ ရှိကြောင်းနဲ့ ရောင်းအားမြင့်တတ်လာပါတယ်တဲ့ ..



တစ်လောက ကမာကုရ သွားတော့ ကမာကုရ ကမ်းခြေက ဟာဝိုင်ယီဆိုင်မှာရောင်းတဲ့ သူတို့ က ရင် ၀တ်တဲ့အင်္ကျီကြည့်ပီး ဟာ…..ဟုတ်တယ် ငါ ရန်ကုန်ပြန်ရောက်ရင် သင်္ကြန်အမှီ ဒီပစ္စည်းထုတ်မယ်လို့ ....အုန်းသီးလည်းပေါတာပဲ ဟာ...



   အိုင်ဒီယာ…

ပေါ့ပေါ့ပါးပါးပြုံးလိုက်ပါ။
ကြည်ကြည်

Sunday, January 16, 2011

ကျွန်မနှင့်ခရီး ........ Kurashiki ဆိုတဲ့ အနုပညာမြို့ကလေး

ဒီတစ်ခါတော့ သွားခဲ့ဘူးတဲ့ ခရီးလေးတွေထဲ က နှစ်သက်မိ
တဲ့ KURASHIKI ဆိုတဲ့ မြို့လေးအကြောင်း မိတ်ဆက်ပေးပါရစေ။ မြို့ပြရဲ့ မွန်းကျပ်တဲ့ အရိပ်၊ ပြည်စုံမှု့. ပေါများမှု့ ဆိုတဲ့ citylife ကိုနှစ်သက်လွန်းလို့  ကျွန်မရဲ့ အားလပ်ရက်တွေကို အတော်များများ တိုကျို ကို မဖြစ်မနေသွားတတ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ် ဂျပန်က ဘယ်သွားသွားအတူတူပဲ။ ကုန်တိုက်တွေ ကလည်းအတူတူ ပစ္စည်းတွေ ကလည်း အတူတူ ဘယ်နေရာမဆို ငါးပြတိုက်ရှိတယ်။ တာဝါ ရှိတယ်။  တောင်ကမြောက်အကုန်တူတူပဲဆိုတော့ လည်း ဟုတ်တာပဲပေါ့ ။ ဒါပေမယ့် ဒီမြို့ လေးကိုရောက်သွားတဲ့ အချိန်မှာတော့ ကျွန်မရဲ့ အချိန်နာရီ တစ်ခု ရပ်နေတယ်။  အချိန်ကို ရပ်များထားသလား လို့ ထင်ရလောက်အောင်ကို မြို့က ငြိမ်သက် အေးချမ်း နှေးကွေးစွာ  သက်ဝင်လှုပ်ရှားနေပါတယ်။

KURASHIKI ဆိုတဲ့ မြို့ လေးဟာ ဂျပန်နိုင်ငံရဲ့ တောင်ပိုင်းဘက် HONSHU ကျွန်းမကြီး ပေါ်မှာပဲ တည်ရှိတဲ့
မက်မွန်သီး နာမည်ကြီးရာ OKAYAMA ပြည်နယ် မှာရှိပါတယ်။  ကျိုတိုက နေ ကျည်ဆံရထားစီးမယ် ဆိုရင် ၁ နာရီ စီးပီးရင် OKAYAMA ရဲ့  SHINKURASHIKI ကိုရောက်ပါမယ်။ကျည်ဆံရထားစရိတ်ကလည်း ခရီးတစ်ခုကို ယန်း၇ထောင် ကျော်ပဲ ပေးရပါမယ်။
SHIN KURASHIKI  ကနေ KURASHIKI မြို့ ထဲကို ရိုးရိုးရထားနဲ့ သွားမယ်ဆိုလည်း ၁၀ မိနစ်နီးပါးလောက်ပါပ။ဲ . မနှစ်က ၉ လပိုင်း မှာသွားထားတော့ ဘလော့လည်းမလုပ်သေးတော့  အဲ့ဒါတွေ မမှတ်ထားမှိဘူး ။

မြို့လေးက အစိုးရအဆောက်အဦးတွေ က လွဲရင် အတော်များများက ရှေးတုန်းက ဂျပန် အဆောက်အဦး ပုံစံလေးတွေ အတော်ကို ကျန်နေပါသေးတယ်။ လမ်းမကြီးကလွဲရင် လမ်းကလေးတွေက ကျဉ်းပါတယ်။
ဘူတာကြီးရယ် ဘူတာလမ်းမကြီးပေါ်က နိုက်ကလပ် ၃၊ ၄ခုလောက် ရယ်  နိုက်ကလပ်ကိုလာကြတဲ့ လူငယ်တွေရဲ့ကြောင့်သာ အော်ဒီမြို့ မှာ လူငယ်တွေလည်း ရှိပါလား။ ခေတ်မှီပါလားလို့ သတ်မှတ်
လိုက်ရတယ်။ မြို့ ရဲ့ ဘူတာ ရှေ့ကပန်ူးခြံကလည်း အနုပညာဆန်ပါတယ်။
မြို့ခံလူတွေ ဘာလုပ်ကြလည်း????? အများစုက လက်မှု့
အနုပညာလုပ်ကိုင်ကြတဲ့ သူများသလိုပါပဲ .ဘယ်နေရာကြည့်ကြည့် ဂျပန်လက်မှု့ ပစ္စည်းဆိုင်တွေ  နောက် တွင်းထွက်ကျောက်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ် ACCESSORY ဆိုင်လေးတွေ အတော်ကိုများတယ်။ နောက် အသေးစားဂျင်း အ၀တ်အထည် လုပ်ငန်းလေးတွေ ကိုတွေ့ ရတယ်။


မြို့ ထဲမှာပဲ စီးဆင်းနေတာက မကျယ်တဲ့ ချောင်းကလေး ချောင်းကလေးထဲမှာ ကတို့ လှေငယ်လေးတစ်စီး၂ စီးလောက်က စုန်ချီဆန်ချီ  ဧည့်သည်တွေ စီးလို့ရအောင် လှော်ခတ်ပေးတယ်။ ချောင်းကမ်းပါးပေါ်မှာတော့  ကိုယ်တိုင်လုပ်ပီးရောင်းနေကြတဲ့  နားဆွဲ ဆွဲသီး လက်ကောက် စတဲ့ ဘော်လိုလို၊ငွေ လိုလို ACCESSORY တွေ ကို မြေကြီးပေါ် မိုးကာစခင်းပြီး လမ်းဘေးဈေးတန်းလေးအနေနဲ့ ရောင်းပါတယ်။ 



မြို့ နဲ့တော့ အတော်ကို ပနံရလှပါတယ်။

ဒီမြို့ လေးကို အနုပညာကျောင်းတတ်နေကြတဲ့ ဂျပန်လူငယ်လေးတွေ အလည်များကြတယ်
လို့ သိရတယ်။ ရေပူစမ်း ပါတဲ့ ဟိုတယ် တွေရဲ့ 


တည်းခိုခန်းခလေး တွေ ကလည်း အတော်ကို reasonable ဖြစ်ပါတယ်။ တစ်ညကို တစ်ယောက်ကို ယန်း ၄၅၀၀ ကနေ စတဲ့ ဟိုတယ်တွေ အတော်ကြော်ငြာထားတာတွေ့ ခဲ့ရတယ်။

ဒီမြို့ က ဘာနာမည်ကြီးလည်းဆိုတော့ မြို့ ကလေးသေးပေမယ့်  အနုပညာပြတိုက် က ၈ ခုကျော်ရှိပါတယ်။
အဲ့ဒီ အနုပညာပြတိုက်ထဲက မှ နာမည်ကြီးတာက  OHARA MUSEUM OF ART  ပါပဲ။


 ပြတိုက်ကို ၁၉၃၀ နှစ်မှ စတင်တည်ထောင်ခဲ့ ပြီး   ဥရောပရဲ့ အနုပညာ လက်ရာကို စုစည်းထားသော ပထမဦးဆုံး  ပုဂ္ဂလိကပိုင်  အနုပညာပြတိုက် လို့ဖ်ာပြထားသလို၊ဂျပန်နာမည်ကျော် ပန်းချီဆရာတွေ ရဲ့ လက်ရာတွေလည်း ရှိပါတယ်။

ဒီပြတိုက်ကို တည်ထောင်ခဲ့သူ OHARA FAMILY ဆိုတာက လည်း
၁၈၀၀အလယ်ပိုင်းလောက်ကနေ စလို့  နိုင်ငံခြား
နဲ့ ကူးသန်းကုန်သွယ်ခဲ့ တဲ့ သဌေး  လို့သိရပြန်ပါတယ်။ ပရ်ာက အဲ့ ပြတိုက် သွားဆိုလို့သာသွားလိုက်ရတယ်။  အထဲ က MONET တို့ PICASSO၊ ဆို တို့ ရဲ့  အော်ရီဂျင်နယ် ပန်းချီကားတွေ ကို ကျွန်မ အသေအချာ မကြည့်ခဲ့ မှိပါဘူး ။ MONET ရဲ့ "ကြာ" ပန်းချီကားတွေ့
 ခဲ့တယ်မို့ လား ဆို မှ ဟုတ်ကဲ့ လို့ ပြန်ပြောပီး ဟုတ်သားပဲ နာမည်ကြီး ပန်းချီဆရာတွေ ရဲ့  ပန်းချီကားတွေ ကို စုပြီးပြထားတာပဲ လို့ ပြန်သုံးသပ်မှိပါတယ်။ ပြတိုက်ကလည်း ၀င်ကြေးလူကြီး ယန်း၈၀၀။ ပြတိုက်အကျယ်အ၀န်းကတော့ ရှိလှမှ ပေ၁၀၀ ပတ်လည်ပါ။ ပြတိုက်ထဲမှာတော့ အနောက်နိုင်ငံတွေရဲ့ ၁၈၀၀ကုန်ခါနီး နှစ်တွေနဲ့၁၉၀၀ နှစ်စောပိုင်းတွေ၇ဲ့ ဥရောပရဲ့ နာမည်ကြီး ပန်းချီဆ၇ာတွေရဲ့ နာမည်ကြီး လက်ရာပေါင်း  ကား၄၀ နီးပါး ပြသထားပါတယ်။

အဆောက်အဦး အပြင်ဘက်မှာတော့ အမှတ်တရ အရောင်းဆိုင်လေးတွေက ပတ်လည်ဝိုင်းနေပါတယ်။
 မင်္ဂလာသတို့သားသတို့ သမီးတွေ့ခဲ့လို့ အပြေးရိုက်ခဲ့သေးတယ်။



ဘာအစားအစာ က နာမည်ကြီးလည်း??????
မွေးမြုရေး ကြက်ကို အဓိကထားပီး စားနေကြတဲ့ ဂျပန်မှာ OKAYAMA ရဲ့ သဘာဝကြက်သား အကင်ဆိုင်လေးတွေ၊ နောက်တစ်ခုကတော့  ကျပ်တိုက်ထားတဲ့ ဆာဒင်း ငါးလိုလိုကို
ပြန်ပီးကင်ထားတာက  နာမည်ကြီးပါတယ်။ ဘာမှ မရှိ ဆင်းရဲတဲံ့ ခေတ်တုန်းက အဲ့ဒီ့ငါးကျပ်တိုက်ကို သဘောင်္သားတွေ က စတင်တည်ထွင်ပီး စားခဲ့ တယ်လို့ ဆရာက ညစာမှာ ရှင်းပြပါတယ်။

တစ်ရက် သာ မြို့ ပေါ်လည်ပီး ကျန်တဲ့ရက်တွေက အခြားသောစက်ရုံတွေ သွားလေ့လာခဲ့ကြတာဖြစ်တဲ့ အတွက် ဒီမြို့ လေးရဲ့ အခြားသောအကြောင်းအရာများကို သေချာမရေးပြနိုင်ပါဘူ့း။  ဂျပန်လို နေရာမှာနေမယ်ဆို ဒီလို အေးချမ်းပြီး အနုပညာ လက်ရာတွေနဲ့  ထုံမွန်းထားတဲ့ မြို့မှာ့ နေခြင်လိုက်တာ လို့ 
ကိုယ်တိုင် ရေရွတ်မှိခဲ့ သလို  နောက်တစ်ကြိမ် ပြန်သွားချင်လိုက်တာဆိုတဲ့ မြို့ လေးတစ်ခု လည်းဖြစ်ပါတယ်။


ကြည်ကြည်


Thursday, January 13, 2011

မာတာမိခင် ကျေးဇူးရှင်



မနေ့ညက အိမ်ကိုမိုးကြီးချုပ်မှဖုန်းဆက်တော့ မေမေတစ်ယောက်စိတ်ပူသွားတဲ့ပုံ မေမေရေ  ခုမှစာစလုပ်မှာ မနက်မနိုးမှာဆိုးလို့ ခုလှမ်းပီး ဘတ်ဒေးလှမ်းနှုတ်ဆက်တာဆိုမှ ရီမောနိုင်တယ်။


ဟက်ပီဘက်ဒေး ဘယ်နနှစ်လည်းမေမေ လို့ မေးလိုက်တော့ ၅၆ တဲ့ တစ်နှစ်လျှော့ပြောတယ်။
ကျွန်မလိုပဲ။  ဒီညမိသားစုတွေ အပြင်ထွက်စားကြလိမ့်မယ်။ မြေးတွေနဲ့ ဝိုင်းပြီးကိတ်မုန့် ကိုခွဲလိမ့်မယ်။မနက်စောစောဘုန်းကြီးကျောင်းကိုဆွမ်းချိုင့် ပို့ ပြီးသားဖြစ်လိမ့်မယ်။ 
သူ့ နယ်ကဘုန်းကြီးကျောင်း သို့  မိဘမဲ့ဂေဟာသို့  တစ်ခုခုလှူလိမ့်မယ်။ ဒါကမေမေလုပ်နေကြ။
၁၀တန်းမအောင်ခဲ့တဲ့မေမေက လုပ်ငန်းခွင်ကိုဝင်ခဲ့ပြီး သူ့အောက်က အငယ်တွေကို  ကျောင်းထား ပေးခဲ့တယ် ။
မောင်နှမတွေအတွက်လည်း အမကြီးအမိရာ အနှစ်နာခံခဲ့သလိုပဲ သမီးတွေအတွက်လည်း မေမေဟာ အေးချမ်းတဲ့ ရီစရာကောင်းတဲ့ ချစ်ဖို့ ကောင်းတာကတော့ပြောမနေနဲ့ပဲမေမေ၊ ဖေဖေ့အတွက်လည်း
အလိုက်သိ အေးချမ်း ဘာမှမပူဆာတဲ့ မေမေဖြစ်ခဲ့တယ်။ ခုလည်း သားသမီးတွင်မဟုတ်တော့ဘူး  မြေးတွေအတွက်ပါ ပေးဆပ်နိုင်လွန်းတဲ့ မေမေကိုစာနဲ့ မှတ်တမ်းတင်လိုက်တာ ဘ၀မှာပထမဆုံးပဲ။ ဘလော့သာမရေးခဲံ့ရင် မေမေ့အကြောင်းက ညီအစ်မနှစ်ယောက်ရဲ့ စကားဝိုင်းမှာအမှတ်ရစရာ အနေနဲ့ ပဲ ဖြစ်နေမှာ။ ရန်ကုန်ပြန်ရင်ဒီစာကိုတော့ ပေးဖတ်ရမယ်။ရိုးလွန်းတဲ့မေမေ  တစ်ခါတစ်လေ ရီစရာလေးတွေ က များသား။ ကျွန်မတို့ က အရင်က နယ်မှာနေခဲ့တာ နောက်တော့ရန်ကုန်ကိုပြောင်းတယ်။ရောက်ခါစ ၁ နှစ်ကျော်ကျော်က အတော်ကိုနေသားမကျဘူး.။  မေမေ သေချာစုဆောင်းထားတာလေးတွေ ပလုံကနဲ မြည်သွားတဲ့ ကိစ္စလေးတွေ ဖြစ်လာ မေမေ က သမီးတွေကိုတော့ မျက်နှာမငယ်စေရဘူး။ မေမေက သမီးတွေအပြင် သမီးတွေရဲ့ သူငယ်ချင်းတွေကိုပါ အတော်ချစ်တတ်တယ်။ အိမ်ကိုအမြဲ လာလည်တတ်တဲ့ သူငယ်ချင်းအတွဲ တစ်တွဲ ရှိတယ်။ ကျွန်မထက်၅ နှစ်နီးပါးကြီးကြတယ်။
အိမ်ကိုလိုက်လိုက်လာပြီးရင်  အဲ့နှစ်ယောက်က မေမေ စိုက်ထားတဲ့  ပန်းရုံတွေ ဘေးမှာ ထိုင်ပီး ကြည်ကြည်နူးနူးနေလိုက် ကောင်မလေး ထမင်းချိုင့်ဖွင့်စားရင်းမေမေချက်ထားတာလေးတွေစားရင်းပေါ့။ ကျွန်မက အဲ့အချိန်မှာ ၁၈,၁၉ ပေါ့ မေမေက သမီးရေ ရီးစားရှိပီလားတဲ့ အာမေမေကလည်း မရှိသေးပါဘူး ဆိုတော့ အင်း ၂၂ နှစ်မှ ထားနော်တဲ့။ ဘာလို့  ၂၂ နှစ်လို့ ပြောလည်းတော့ လည်းမသိဘူး။ဒါပေမယ့်
နောက်ပိုင်းကျွန်မ အလုပ်သွားရင်  တမင်းချိုင့်ထဲမှာ ဟင်းတွေ က များများနေတယ် နောက်တော့ မေမေရယ် ဟင်းတွေ များကြီးမထည့်နဲ့ နော် လို့ သတိပေးတော့ နောက်မှ ပြောပြတာ သမီးများရီးစားတွေ ဘာတွေနဲ့ ထမင်းအတူတူစားလို့ ဟိုကောင်မလေးလို သူ့ ထမင်းဘူး တူတူမျှစားရင်
ငါ့သမီးမ၀ မှာဆိုးလို့တဲ့ ကဲကြည့် မေမေတို့ များရီးစားမထားနဲ့ လည်းပြောသေး  သူကပဲစပီးဟင်းတွေ ပိုထည့်ပေးနဲ့ ။ 
နောက် ကျွန်မပထမတစ်ခါ ကျောင်းလာတတ်တော့  မေမေ အမြဲ သတိပေးတာက မြန်မာလူမျိုးပဲ ကြိုက်ဖို့။
 မေမေ သမီး၂၂ လောက်မှ ထားမှာပါ၊ထားရင်လည်းမေမေ့ ကို အသိပေးမယ်ဆိုမှ သူကျေနပ်ရှာတယ်။
  မြန်မာပြည်ကို ခဏပြန်ဖို့ အကြောင်းပေါ်လာရော အဲ့မှာပဲ တူတူနေတဲ့ စီနီယာမိသားစု က ဒီမှာမွေးတဲ့ 
သူ့ ခလေးကို လူကြုံထည့်မယ်ပေါ့ မေမေကိုပြောပြတော့  သမီး လေယဉ်ပေါ်က ခလေးပိုက်ပြီးဆင်းလာရင် 
သမီးဖေဖေတော့ လန့်မှာသေချာတယ်။ သမီးကြီး ဂျပန်ယူပြီး ကြည့်စမ်းခလေးပါ ပါလာသလားပေါ့.။ ဖေဖေနဲ့ မေမေက ကျွန်မ လူမျိုးခြားနဲ့ ယူမှာ သိပ်ကြောက်တာ။
သမီးကြီး လူမျိုးခြားယူရင်တော့ ဆိုပီး အိမ်မှာ ပူတတ်တယ်တဲ့ ညီမလေးက အော် မေမေရယ် ဘာဖြစ်လည်းလို့ ပြောတော့ မေမေကလေ မေမေ့မြေးကို အိုအိုးးအို ဘွားမြေးရယ် 
မငိုပါနဲ့လို့ ချော့ချင်တာအို အိုအို
don’t cry baby လို့ တော့ချော့ ချင်ပေါင်ဆိုလို့  အားလုံးဝိုင်းရီလို့ စိတ်ဆိုးဆိုသေး။

နောက်ကျောင်းပီးလို့ ဒီမှာအလုပ်လုပ်မယ်ဆိုတော့ သမီးကြီးရယ် ပြန်လာပါလားတ။ဲ့ မေမေရယ် ဂျပန်လစာနဲ့  ရန်ကုန်မှာနေရရင် ကောင်းမယ်လို့ြေ့ပာမှိလိုက်တော့ ရစေချင်တယ်   မေမေလည်း
ဆုတောင်းပေးပါ့မယ်ပေါ့။ ဟယ်မကြာဘူး ဒီက ကုမဏီ က ရန်ကုန်မှာရုံးခွဲ ဖွင့်ရော ကဲ တစ်လကို ၈၀၀ နဲ့  တစ်ဒေါ်လာ ၃၀၀ ခေတ်မှာ ရတယ။် ကိုယ့်ထက်မေမေက ၀မ်းသာတယ်။
မေမေရင်ခွင်မှာ မေမေကျွေးတာစားပီး   သမီးအသားတင် အဲ့လောက်ရတာ မကိုက်ဘူးလားတဲ့ ပြုံးပြီးပြောတယ်။ ကုမ္ပဏီဝန်ထမ်းဘ၀နဲ့ ဒီမှာအများနည်းတူနေမယ်ဆိုရင် ၀န်ထမ်းငယ်ဘ၀မှာ တစ်လ၈၀၀ စုနိုင်ဖို့ မလွယ်။ မေမေ့မေတ္တာက အစွမ်းထက်လွန်းလှတယ်။
  ညီအစ်မတွေ အိမ်ထောင်ကျတော့ ရှေ့ဆင့်နောက်ဆင့် ညီမနှစ်ယောက်က အိမ်သာခွဲသွားကြတာ။ ညနေတိုင်းမေမေအိမ်မှာဆုံကြတယ်။ ထမင်းဝိုင်းမှာ အမြဲ နောက်တတ်တာက သက်သာအောင်
ယေကျာ်းပေးစားလိုက်ပါတယ။် ခု ၂ ယောက်ပိုတိုးလာတယ်လို့ စတတ်သေးတာ။
နောက် ဖေဖေကစွံတဲ့ အကြောင်းပြောရင်း မေမေနော်လိုက်သွား ဖေဖေကစွံတယ်ပြောတဲ့ အထိ ဘာမှ ပြန်မပြောပေမယ့်  သမီးတွေက ဘာပဲဖြစ်ဖြစ် မစွံတဲ့ ဖေဖေထက် စွံတဲ့ အဖေဆိုတာဂုဏ်ယူစရာလို့ 
ပြောမှိတော့ အေးအေးညည်း တို့  ခလေးတွေ လည်းအဲ့လို ပြောလာမှ ညည်းတို့ ပြုံးနေလိုက်တဲ့။
 အလုပ်ကိစ္စတွေနဲ့ ဂျပန်ကို လာရတဲ့ အချိန်တွေဆို မေမေတစ်ယောက်  သမီးကြီး အလုပ်ကိစ္စတွေ စကားပြောတာအဆင်ပြေပါစေဆိုတဲ့ ဆုတောင်းသံက တစ်အိမ်သားလုံးကြားတယ်။
ပြန်ရောက်ပီဆိုတာနဲ့ ကျွန်မစားမယ့်အစားအသောက်ကို ချိုင့်ကြီးချို င့်ငယ်နဲ့ အိမ်ကိုပို့ပေး သမီးကြီးမရှိတဲ့
အချိန် မေမေတို့ အတော် အလုပ်ရှုပ်သက်သာတယ်သိလားဆိုပီး ပြုံးတုံးတုံး
ညည်းအေမြန်လိုက်တာတဲ့ ကျွန်မနိုင်ငံခြားထွက်တိုင်း အငယ်မလေးက အိမ်လာစောင့်ပေးတော့  သူ သမီးငယ်နဲ့  နေရတဲ့အချိန်ကို သူခမျာ စိတ်ချမ်းသာတယ်လေ။ မေမေမွေးတာ နည်းသွားတယ်လို့ ပြောတိုင်းစိတ်မကောင်းဘူး။ တစ်ယောက်မှ သူ့ အနားမှာမရှိကြဘူးလေ ။ ခုအငယ်မကတော့ မကြီးရေ ညီမလေးတော့ ရန်ကုန်ပြန်နေတော့မယ် မိဘကိုယ် ကိုယ်ထိလက်ရောက်ပြုစုချင်တယ်တဲ့။

မေမေက သူကိုယ်တိုင်ကျွန်မကို ထမင်းခူးခတ်ကျွေးတတ်တယ်။  ကျွန်မကလည်း မေမေခြေသည်းတွေကို ကိုယ်တိုင်ညှပ်ပေးပြီး ဆေးဆိုးပေးလေ့ရှိတယ်။ မေမေက ခြေသည်းဆိုးခြင်ရင် ကျွန်မကိုစောင့်တတ်တယ်။   ခု ၅၇ ဆိုတဲ့မေမေက အစားအသောက်ကို အချို အအီ အဆိမ့် တတ်စာ ဆို  ရှောင်ခဲ့တယ။် ရောဂါဖြစ်လာတဲ့ လူတွေကို မြင်ပြီး အဲ့ လို ခံနေရတာ ပိုက်ဆံလည်းကုန် လူလည်း စိတ်ညစ်ဆို ပီး အစားအသောက်ကို သတိထားတော့ သွေးတိုး ဆီးချို နှလုံးဘာမှ မ၇ှိဘူး။  တခြားဘာရောဂါမှ မဖြစ်ပါစေ
နဲ့ လို့ ဆုတောင်းပေးနေရတာပါပဲ။ မေမေဟာ ဘယ်အချိန်ဘယ်သွားသွား မြန်မာအကျီရင်ဖုံးလက်၇ှည်ကို သိပ်ကြိုက်တယ်။ ညီမလေးက အဲ့ ဒီ့အမွေ ကို မေမေ့ဆီကရတယ်။ သမီးတွေ မေမေဆိုတော့တည်ငြိမ်စွာ ၀တ်စားရမယ်လေတဲ့။ ကျွန်မတို့ ငယ်ငယ်တုန်းက မေမေက အိမ်မှာ အဖော်မခေါ်ဘူး။ နွေပိတ်ရက်ဆိုရင် ပိုဆိုးတယ်။ သမီးနှစ်ယောက်မွေးထားပီး အိမ်မှာအကူခေါ်ရမှာ မေမေရှက်တယ်တဲ့။လုပ်ကြညီမအနှစ်ယောက်ဆိုပီး ..ကောင်မလေးတွေ ကိုတောပြန်ခိုင်းတယ်။ ကောင်မလေးတွေက လည်းလစာအပြည့်နဲ့ တောပြန်ရတော့ 
ကလို့ ပြန်ကြတယ်။ အ၀တ်ကိုပဲလူငှားလျှော်တယ်။ အငယ်မက မေမေ့ဆီက အချက်အပြုတ်အကုန်
ရလိုက်သလို ကျွန်မကတော့ မေမေ့ဆီက အိမ်သန့် ရှင်းရေး တို့  ဇာထိုးပန်းထိုးပန်းပင်စိုက်ခြင်းဆိုတဲ့  ၀ါသနာတွေ အကုန်တူတယ်။
 ငယ်ငယ်က ကျွန်မတို့ အတွင်းခံတွေ ကောင်မလေးတွေ လျှော်မယ့်တောင်းထဲ  သွားထည့်တာ စိတ်ဆိုးလိုက်တာ။
လုပ်ပေးတဲ့ သူရှိတိုင်းဘာမှ မလုပ်ပဲ အဲ့ လောက်အပိုးမကျိုးကြရင် လာစမ်း တိုက်ပေတော့ အိမ်သာဆိုပီး အပြစ်လည်းပေးသေးတာ။

ခုဒီတစ်ခေါက်ကျောင်းပြန်တတ်မယ်ဆိုတော့ မေမေရယ်လေ ကျွန်မစိတ်အားတစ်အားထက်သန်ခဲ့တဲ့ ကိစ္စဆိုတာကိုနားလည် နေတာဖြစ်တဲ့အတွက်  ကဲ..သမီးကြီးလုပ်ငန်းခွင်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ ကျောင်းသားဘ၀ကိုပြန်ရဖို့ ဆိုတာရတောင့်ရခဲတဲ့ အခွင့်အရေး ဒီတော့ဟိုးအရင် အပျိုဘ၀ ကျောင်းသွားတတ်တုန်းက လို ပဲ ဘာမှ စိတ်ထဲမှာ မထားပဲ စိတ်အေးချမ်းသာစွာ ပညာသင်ပါလေလို့ လည်း ဆိုရော  ဘာပြောကောင်းမလည်း ကျွန်မ ကိုကို က အမေရယ် အမေစကားထဲက ဟိုးအရင် အပျိုဘ၀ က ဆိုတဲ့ စကားလုံးလေးပြန်ရုတ်သိမ်းပေးပါလား ဆိုတော့ အေးဟုတ်သားပဲတဲ့ …
ကျွန်မမွေးနေ့ တိုင်း မေမေက နှင်းဆီပင်စိုက်ပေးတတ်တယ်။ 

ညွန်းစာဖွဲ့ လို့ မမှီနိုင်တဲ့အကြောင်းအရာများစွာထဲက ညတုန်းက တောင်ရောက်မြောက်ရောက် မေမေ့အကြောင်းစဉ်းစားမှိတဲ့အရာလေးကို ပြန်ရေးချခြင်းဖြစ်ပါတယ်။
မေမေကျန်းမာပါစေ.  မိခင်တိုင်း စိတ်ချမ်းသာကြပါစေ………..


မှတ်ချက် . ကျွန်မမိသားစုအကြောင်းကို ဘလော့ပို့ စ်အနေနဲ့ ရေးလိုက်တယ်ဆိုတာထက် ကျွန်မဒိုင်ယာရီမှာ မှတ်တမ်းတင်လိုက်ခြင်းသာဖြစ်ပါတယ်။ အမေနဲ့ ဝေးနေသူတွေ အတွက် တူညီစွာ ခံစားရင်း..

ကြည်ကြည်

Monday, January 10, 2011

ဂျပန်ဆောင်း နှင့်

နယူးရီးယားကျောင်းပိတ်ရက် မိသားစုအလည်လာတော့ ထုံးစံအတိုင်းတိုကျို ကို မြန်းရပြန်ပါတယ်။..မနှစ်က တိုကျို ကမာကုရကို ၄ခေါက်ဖူးလိုက်ရတယ်။ ကိုကိုခြေရှည်ကြောင့်
သူ့ သူငယ်ချင်းအိမ်တွေ.. ski resort၊ golf resort တို့ အစုံရောက်ရပြန်ပါတယ်။ခရီးသွားတုန်းကပုံ အမြည်းပေးလိုက်တယ်။

FB ရယ် ဘလော့ရယ်ကို ပစ်ထားလိုက်ရတယ်။ ရက် ၂၀ နီးပါး။  ပြန်ရောက်တော့လည်း ပရော်ကြီးက ပေပါတစ်ခုအမြန်တင်စေတဲ့။ က..ဲကဲ ကျောင်းပိတ်ရက်ပေမယ့် ချစ်သူတို့ကို ချော့ပြီးကြည်ကြည်ကျောင်းမှာ တနေကုန်ပေါ့။ ပရော်ကြီးရယ် ရက်စက်တယ်လို့။ ဟော မိသားစုလည်းပြန်ရော ပေပါလည်းပြီးရော ဆရာ့ဆီလည်း ဓတ်စာလွှာ ပို့လိုက်တယ်။ တင်ဆိုလို့သာတင်လိုက်ရတာ ပေပါက သိပ်တော့မကြိုက်လှ။
ကိုယ်ဘာသာကိုယ်တော့ဟုတ်နေတာပဲ ပရော်ဖက်ဆာနဲ့ သဘောထားချင်းမတိုင်ဆိုင်ရင်တော့လည်း
ဘယ်တတ်နိုင်မလည်း။ ဂျပန်နဲ့က ကံပါလွန်းလို့  သူတို့ ပိုက်ပိုက်ကိုနှစ်ရှည် ၂ ခါစားဖူးပြီ။
စာကတော့ သူလိုကိုယ်လိုလောက်တောင်ရှိပါ့မလား။ အိမ်မှာတစ်ခါတစ်လေ ဟင်းချက်ရင် ကိုကိုပြောသလို ပေါ့ သင့်ဆိုတဲ့အဆင့်မှာတောင် မရှိဘူး  ညံ့ဆိုပီး ပန်းကန်ဘေးစာရေးထားတတ်တယ်။
ဟင်းကိုတော့ကုန်အောင် စားပေးရှာပါတယ်။ ဒေါ်ကြည်ကြည်တို့  ရုပ်ကလေးမချောတာတင်မဟုတ် ဟင်းချက်လည်း ညံ့သကိုး ဟဟ လို့ လုပ်တတ်သေး ။ ဘယ်ရောက်သွားပါလိမ့် ရေးမယ့်အကြောင်းတောင်
ဂျပန်ပြည်သူတွေရဲ့ အခွန်တွေကိုး ကျေးဇုးတင်ပါ့ တစ်ကယ်ကို
 ဒီညတော့ ယောင်တောင်တောင် ပေါင်တောင်တောင်နဲ့ ဘလော့လေးကိုလွမ်းလာတယ်။  သွားထားတဲ့ နေရာတွေများတော့ အကြာင်းအရာတစ်ခုစီအတွက်ကို စာရေးဖို့ လည်းဆုံးဖြတ်ထားတယ်.။ ခုတော့ရေးသေးဘူး။

ခုရေးမယ်အကြောင်းအရာက သိထားပြီင်္းသားသူတွေအတွက်တော့ just ignore it လို့ ပဲ ပြောရမှာပါပဲ ။
သူငယ်ချင်းတစ်ယောက်ပြီးတစ်ယောက် ကြည်ကြည်လုပ်သလိုလိုက်လုပ်ပြီး  သူတို့humidifier တွေကြွသွားကြလို့ ။
Humidifier 



လေးကိုအေးတဲ့နိုင်ငံတွေမှာတော့ အသုံးများကြမှာပေါ့။  ခုမှရောက်တဲ့သူတစ်ချို့လည်း သုံးရကောင်းမှန်းမသိကြဘူး။ အကိုကြီးတစ်ယောက် ဆောင်းတွင်းတောက်လျှောက်လည်ချောင်းတွေခြောက်လွန်းလို့ ညဘက်ဆိုရင် ပိုဆိုးတယ်ဆိုလို့ ဒါမျိုးဝယ်သုံးဆိုတော့ သက်သာတယ်တဲ့။ ကြည်ကြည်တို့  စာဖတ်ခန်းတွေမှာများဆို ပန်ပန်တွေ က  
သူတို့ ခုံပေါ်မှာတစ်လုံးစီလောက်ကိုတင်ထားကြတာ။.
  ဒီမှာဆောင်းတွင်းဆိုရင် ဟိုတယ်တွေမှာသွားတည်းလည်း အခန်းထဲမှာအဆင်သင့်မရှိရင် ကောင်တာမှာ မေးပြီးငှားလို့ ရတယ်။ ဂျပန်က မိုးတွင်းနဲ့ နွေမှာ စိုထိုင်းဆ များသလောက် ဆောင်းမှာတော့ အတော်ခြောက်သွေ့ တာ….ဒီကြားထဲ ဟီတာကို stove လောက်ဆိုတော်သေးတယ်။ ကြည်ကြည်က stove ကြတော့ ကြောက်တယ် မတော် စောင်မီးလောင်သွားလို့ ကိုယ်ပါ ကင်ပြီးသာဖြစ်မှာအတော်ကြောက်တယ်။
…တစ်ညလုံးဖွင့်တဲ့ ဟီတာကျောင်းမှာလည်း ဟီတာ ကြာတော့ လည်ပင်းတွေနာ နာခေါင်းတွေခြောက် လည်းချောင်းတွေ ယား ချောင်းတွေ ဆိုးကြရောပေါ့ ဒီတော့ အသားအရည် ကျန်းမာရေး ဆံပင်လေးပါ မခြောက်အောင်  Humidifier လေးသုံးရော အဲ့ဒါသုံးတော့ဘာဖြစ်ည်း ကဲအခန်းထဲမှာ moisture လေးရှိတော့ နေလို့ ကောင်းတာပေါ့ ဆောင်းတွင်းမှာ အို moisture ရှိတော့ အခန်းထဲက အ၀တ်တွေ အထူးသဖြင့် ဘကျောက်ပြောတဲ့ victoria secret တွေ မှိုတတ်မှာဆိုးရပြန်ရော (ကျန်းမာရေး ရှု့ထောင့်ဖြင့်ဖတ်ပါရန်) ဒီတော့အခန်းထဲက အ၀တ်ဗီရို မှာ moisture စုပ်စေတဲ့ အထုတ်တွေ ထားရပြန်ရော။ ဂျာအေးသူ့ အမေရိုက်တယ် အဲ့လေ ဆောင်းတွင်းအတော်ကို အလုပ်၇ှုပ်တယ်။

ခက်တာက ကြည်ကြည်က humidifier အပြင် aroma mist 


ကလည်းကြိုက်တော့ ၂ ခု တစ်ပြိုင်တည်းဖွင့်ရော သူငယ်ချင်းတွေ လာတိုင်းအခန်းလေးက မွှေးနေတယ။် ကိုယ်သုံးတဲ့ aroma mist lamp  စက်ကလည်းသေးတော့ 
သူတို့ သတိမထားမှိပဲ ကိုယ့်  humidifier  ကိုပဲ သူတို့က မြင်တာကိုး။
ရေငွေ့ တွေ ထွက်နေတယ်။ မွှေးနေတယ်၊ လည်ပင်းမနာဘူး အိုကေ 
   သူတို့ဝယ်ကြတယ်တဲ့။

သူတို့ဝယ်တာမကြာသေးဘူး။ သူတိ့ humidifier ကိုရေထပ်ထည့်မည့်အပေါက်တွန့်လိမ်နေပြ။ီ  ဖွင့်မရလို့ ကိုယ်စီယူလာပြတယ်။  နင်တို့ဘာလုပ်လိုက်လည်း ၁၃ နာ၇ီထက်ပိုပီး သုံးလို့ လား တစ်ခါသုံးရင် ဘာညာမေးတော့ သူတို့ ရနံအဆီတွေ ထည့်ပီး ဖွင့်ကြတယ်တဲ့ ချက်ချင်းဗူးအဖုံးကိုစာဖတ်ကြည့်တော့ ရေမှလွဲ၍ ဘာဆီမှ မထည့်ပါရန်လို့ ရေးထားတယ်။ သူတို့ ဂျပန်စာ မတတ်ကြဘူးလေ။ တစ်လုံးကို အပေါ်ဆုံး ယန်း၃ထောင်ကနေ ၂သောင်းအထိရှိတာကိုး။ သနားဖို့ကောင်းတယ်။..မျက်စိရှေ့မှာတင် ၂ယောက်ဖြစ်သွားတယ။်  နောက်တစ်ချို့ က အဲ့ aroma mist  ကိုပဲ  humidifier အစားသုံးဖို့ ကြိုးစားကြတယ်။ လုံးဝ effect မရှိဘူးဆိုတာလေး သုံးချင်ရင် နှစ်မျိုးလုံးသုံးလို့
ရတဲ့ စက်ကိုရအောင်ရှာဖို့ ပြောကြားရင်း



အပြင်မှာနှင်းတွေ တအားကျနေတယ် ခုတစ်လော အေးလည်းအေးတယ် တစ်လောက -4 ထိဆင်းသွားတယ် Hokaido သွားတဲ့သူငယ်ချင်း -23 တဲ့ အင်း ခက်ရချေရဲံ့ အဲ့လိုဆိုရင် 

ကြည်ကြည်



က့