Friday, April 20, 2012


ဆုတောင်း



တိတ်တခိုးဆိုတာထက်

တိုးတိတ်စွာ ချစ်ခဲ့တာပါ။

ကဗျာတစ်ပုဒ်လိုအချစ်ပေါ့

တစ်ခုသော ဆောင်းနံနက်မှာ

အခါးရည်တစ်ခွက်နဲ့ မိတ်ဆက်ခွင့်ရခဲ့ပါရဲ့။



စွဲလမ်းလို့ထင်ပါရဲလေ

မမြင်သာရင် ရင်တွေပူ

သခင်မပါရင် ဘလောင်တွေဆူလို့



ဆုတောင်းပဲ ပြည့်လေသလား

မဟူရာ ည နက်နက်မှာ

အသူရာလည်း မစွက်ဖက်ပဲ

မျက်ဝန်းရွှန်းလဲ့ ရီသဲ့သဲ့နဲ့

ချစ်သူဟာ ခစားလို့လာတယ်။



အကြင်နာနှုတ်ခမ်းနဲ့ ညင်သာစွာလည်းနမ်းလို့

နွေးထွေးတဲ့လက်နဲ့ ထွေးပွေ့ကာလည်း ဖက်လို့ပေးပေါ့။

ပင့်သက်ခပ်နွေးနွေး မှာ အသည်းဆိုတာ အေးကနဲ။



အိုး……………..

လက်၇ှိဘ၀က  တမှေးတာဝေးကွာနေဖို့

အိမ်မက် ရယ် ခဏပေးကာ နေပါလို့




လွမ်းလျှက်
ကြည်ကြည်


Tuesday, April 3, 2012

မင်းနဲ့မီး

သူနဲ့ကျွန်မ ဘ၀မစခင်က
 မီးမရှိလည်း ရတယ် မင်းရှိရင် ရပြီလို့ပေါ့

သူနဲ့ကျွန်မ ဘ၀လည်းစရော
မီးမရှိတာက ခပ်ကောင်းကောင်းကိုး….

ဟောတဖြည်းဖြည်းနဲ့
မီးလည်းရှိမှ မင်းလည်း ရှိမှ ပေါ့

ခုများတော့ တော်.
မင်းမရှိလည်း ရတယ်   မီးရှိရင်တော်ပါပီတော်



လွမ်းလျှက် 
ကြည်ကြည်