Sunday, February 27, 2011

လှစေချင်လွန်းလို့ (ဂရုမထားမိတာလေးတွေ)

မမတို့ရော ကျားကျားတို့ရော....

နေ့စဉ်နေ့တိုင်း အလွယ်တစ်ကူ လုပ်လို့ရမယ့် ဆောင်ရန်ရှောင်ရန်လေး ပြောပြပါရစေ.(မသိသေးတဲ့သူများအတွက်ပါ)

မျက်နှာသန့်စင်ရာဝယ်
ရန်ကုန်ကဆိုင်တော်တော်များများ မှာ မျက်နှာသန့်စင်တယ်ဆိုရင်  အောင်မလေး တရအောင် ကို
 facial form ပြီးတာနဲ့ scrub form တွေနဲ့ မျက်နှာကို ပယ်ပယ်နယ်နယ် မျက်နှာပေါ်တင် အမြှပ်ထအောင် လုပ်ပြီး သစ်ပေးတော့တာပါပဲ။ အဲ့ဒါတို့တွေရဲ့ မျက်နှာက အဆီကိုခန်းသွားစေတယ်ဆိုတာ သတိထားမိရင် နောက်ကိုအဲ့လို မျက်နှာအသစ်ခံဖို့ကြောက်မှာပါပဲ။
တို့မမတို့၊ညလေးတို့ကတော့  နိင်ခြန်ခါး နေသူတွေမို့ သိကြမှာပါ..
formကို မျက်နှာပေါ်မှာ မပွတ်ပဲ လက်နဲ့ အရင် အမြှပ်ထအောင်လုပ်ပြီးမှ မျက်နှာကိုသစ်တယ်ဆိုတာ။

ခုနောက်ပိုင်း ဒီမှာပြောပြောနေတာ
မျက်နှာကို လက်နဲ့မသစ်ပါနဲ့ ဆိုတော့ ဟာ.......လက်နဲ့မသစ်လို့ ဘာနဲ့သစ်ရမှာလည်း လို့ ကပ်သီးကပ်သတ်တွေးမိတဲ့အခါရှိပါတယ်။
 

photo form google





အမြှပ်နဲ့သစ်ပါ။ အမြှပ်ပိုထစေချင်ရင် လက်အစား မျက်နှာသစ် net လေးတွေနဲ့ အမြှပ်အဖြစ် ဖန်တီးပြီးမှ မျက်နှာအသားနဲ့ လက်ဖ၀ါးရဲ့ကြားမှာ အမြှပ်များများနဲ့သန့်စင်စေပါ။ ဒီနေရာမှာ sponge ထက် net ကိုပိုအားပေးပါတယ် net ကသာလျှင်အလွယ်တကူခြောက်သွေ့စေတော့ သန့်ရှင်းမှု့ပိုင်းမှာပို သန့်တယ်လို့ထင်တယ်။ ရေချိုးခန်းဆိုတာက စိုထိုင်းစတော့များတာကိုး နော်...


 ခေါင်းလျှော်ရာဝယ်
ဂျပန်ကရေဟာ ကလိုရင်းတွေများလွန်းပါတယ်။ နောက် ဒီမှာငယ်ငယ်ကတည်းကနေ ဒီကအစားအသောက်နဲ့ယှဉ်ပါးနေတဲ့သူထက် ခဏတစ်ဖြုတ် လာတဲ့သူအတွက်တော့ ဆံပင်ကျွတ်ခြင်းဆိုတာက လူတိုင်း စိတ်ညစ်တဲ့အရာပေါ့ ရှင်။ 
ခေါင်းလျှော်တဲ့အခါ  ရှန်ပူဗူးကို ဗျစ်ကနဲညစ်ပြီး  လက်ထဲ ပါလာတဲ့ ခေါင်းလျှော်ရည် ကို ဒီအတိုင်း တော်တော်များများက ခေါင်းအရှည့်ပိုင်း သို့ မဟုတ် ငယ်ထိပ်ကို သွားပွတ်ပြီး ခေါင်းမှာတင် အမြှပ်ထအောင် လုပ်တယ်ဆိုရင်တော့ ....ခေါင်းေ၇ှ့ပိုင်းကနေ စပြီးပြောင်မှာအမှန်ပါပဲ
မယုံရင်ကြည့် ဂျပန်ကနေပြန်သွားသူတွေ ထိပ်ပြောင်ဆံပင်ပါးး)
ခေါင်းရဲ့ အနောက်ခြမ်းကနေ ရှန်ပုကို စပြီး ပွတ်ပါ ရှန်ပူကို ရေနဲ့ အရင်ဖျော်ပြီး လျှော်တာဟာအကောင်းဆုံးပေါ့။ (မိုးယံမ လည်းသုံးလို့ရတယ်။ ပဲရစ်ကျောက်ဟီလတန် လည်းသုံးလို့ရတယ်။သူကြီးလည်း သုံးလို့ရတယ်)။

rinse ထည့်မယ် ဆံပင်ပေါင်းတော့မယ်ဆိုရင်

ခေါင်းလျှော်ပြီးrinse ထည့်ကြမယ်ဆိုရင်  ရှန်ပူပြောင်အောင် အရင်ရေတော့ဆေးကြပါရဲ့ ရေစက်လက်နဲ့ဆံပင်ကိုပဲ rinse  အလွယ်တကူ ထပ်ထည့်ကြတာကိုး။
ရှန်ပူစင်သွားတဲ့ ခေါင်းကို တဘက်နဲ့အရင်သုတ်ပြီးမှ Rinse လေးထည့်ကြည့်ပါလား။ ပိုပြီးကောင်းတဲ့ဆံပင်သားလေးဖြစ်လာပါလိမ့်မယ်။ရေဆေးလို့
rinse မစင်ရင်တော့ ဘောက်ထမှာမို့လို့ ဂရုစိုက်ကြပါနော်။
rinse ပဲဖြစ်ဖြစ် hair pack ပဲဖြစ်ဖြစ် ဆံပင်ကိုပေါင်းတဲ့အခါမှာဦးရေကိုမထိပါစေနဲ့။ဦးရေနဲ့ တစ်လက်မှလောက်ကနေဝေးပါစေ။ ပုံမှန်အားဖြင့်တော့ hair treatment တွေက အေးအေးလေးတွေလေ။ ဦးရေအေးရင်ခေါင်းက ဆံပင်ကိုကောင်းမှာပဲလို့ ထင်ကြတယ်။ အဲ့treatment ထဲက အဆီက ဆံပင်အရင်းမှာသွားစုလျှင်လည်းဆံပင်ကျွတ်စေမှာပါပဲ။
အရင်ကတော့ ဂျပန်မှာလည်း Asa Shan အတိုကောက်အနေနဲ့ (မနက်ရှန်ပူပေါ့)  ဆိုတာခတ်စားပေမယ့် ခုနောက်ပိုင်းတော့ တီဗီမှာလည်း နေ့စဉ်ခေါင်းလျှော်ရင် ခေတ်ဆံပင်ကျွတ်စေတယ်လို့တဖြေးဖြေးပြန်ပြောလာကြပြီ။နေ့တိုင်းခေါင်းမလျှော်ရင်သူတို့ က ညစ်ပတ်တယ် လို့ အရင်က ပြောကြတာကိုး။
ပိုလူးရှင်း များလွန်းတဲ့ ဒီနိုင်ငံမျိုးမှာ မြန်မာပြည်မှာပြောကြသလို တစ်ပတ်တစ်ခါသာလျှော်ရရင် ကိုယ့်နားမှာ ဘယ်သူမှတောင်ရှိမှာမဟုတ်ဘူး။

ခြောက်သွေ့လွန်းတဲ့လေကြောင့် အသားအရည်လည်းခြောက်နေတယ်။ အနံအသက်လည်းကင်းချင်တယ်။ အသားအရည်လည်းယားယံတာပျောက်စေချင်တယ်ဆိုရင် ကိုယ်ရေစိမ်တဲ့ ရေချိုးကန်ထဲ ဗီနီဂါထည့်ကြည့်ပါလား....(အသားအရည်ပေါ်မူတည်၍ တည့်မတည့်တော့သတိထားပါ)
တစ်ချို့လည်း ပူစီနံပေါတဲ့ဒေသကလူတွေက ပူစီနံထည့်ချိုးကြတယ်။အိပ်လို့လည်းကောင်းတယ။် အသားအရည်ပြသနာဆိုရင်လည်း ပူစီနံတို့ ပင်စိမ်းတို့ကပျောက်စေတယ်လို မြန်မာ့ တိုင်းရင်းဆေးက ထုတ်တဲ့စာအုပ်မှာလည်းဖတ်ဘူးတယ်။  ဒီမှာလည်းနောက်ပိုင်းပုစီနံနဲ့ထုတ်တဲ့ aroma products တွေ ပူစီနံနဲ့ထုတ်တဲ့ လိုရှင်းတွေ အမျိုးသမီးမဂ္ဂဇင်းတွေမှာတွေ့လာတယ်။

အဆီစုပ်စက္ကူ
ဂျပန်ကနေ စထွင်လိုက်တယ်လို့ဆိုကြတဲ့ တခြားနိုင်ငံတွေမှာလည်း abura tori kami  ဆိုပြီးရောင်းနေကြတဲ့ မျက်နှာဆီစုပ်စက္ကုပါးပါးလေးတွေ မြင်ဘူးကြမှာပေါ့။
 အသားအရည်မညီ T Zone နဲ့ မေးစေ့တွေမှာ
ဝက်ခြံပေါက်တတ်တဲ့သူတွေ အနေနဲ့ မသုံးသင့်ပါဘူးတဲ့ ။ ၀က်ခြံပေါက်ခြင်းမှာ အသားအရည်ခြောက်လွန်းရင်လည်းဖြစ်တတ်ပါတယ်တဲ့. ဆီစုပ်စက္ကု သုံးလိုက်ခြင်းဖြင့် အဲ့ဒီင်္အရေပြားမှာရှိသင့်နေတဲ့ အဆီက မ၇ှိတော့  နောက်ထပ်ဆီထပ်ပြီးထွက်ဖို့ အရေးပြားအောက်က တစ်ရှုးတွေက ရုန်းကန်ရပါတယ်။ အဲ့လိုရုန်းကန်ပြီးမှ ထွက်လာတဲ့ဆီကြောင့်ပိုပြီး
ဝက်ခြံပေါက်စေပါတယ်။ ရိုးရိုး တစ်ရှုးလောက်နဲ့သာသုတ်ကြပါတဲ့။

 လက်တို့ပါရစေ
ဖတ်နေကြ ၃၀ကျော်တို့ အတွက်   IN REDလစဉ်ထုတ် မဂ္ဂဇင်း မှာ မနှစ်ကတည်းက ရောင်းအားအကောင်းဆုံး မျက်နှာသစ်ဆပ်ပြာနံပတ် ၁  လက်ဖက်ရွက်နဲ့ လုပ်တဲ့ yuuka ဆိုတာဆက်တိုက်ပါနေတော့လက်တို့ အုန်းမှပါလေလို့ ။ (ကော်မရှင်ရသင့်တယ်ဒီလိုကြော်ငြာပေးတာ)။
 ကိုယ်တိုင်လည်းသုံးကြည့်ပါတယ် မဆိုးပါဘုး။ ဈေးလေးကလည်းအများလက်လှမ်းမှီတဲ့ဈေးလေး။ အသားအရည်ခြောက်တဲ့သူတွေဆိုရင်တော့ သုံးပြီး လိုရှင်းများများလိမ်းစေချင်ပါတယ်။
သဌေးက အမျိုးသမီး။  သူ့ အိမ်မှာကျောင်းလာနေတဲ့ အင်ဒိုနီးရှားကျောင်းသူက မျက်နှာမှာ
ဝက်ခြံပေါတယ်တဲ့ ။အဲ့မှာအင်ဒိုနီးရှားမလေးက လက်ဖက်နဲ့ ထုတ်တဲ့ မျက်နှာသစ် ပစ္စည်းကောင်းကောင်းရှိရင်သိပ်ကောင်းမှာပဲလို့ အမြဲပြောရာကနေ အိမ်ရှင်ဂျပန်မကြီးက အကြံရတာကနေ စပြီးထုတ်တယ်လို့ဆိုတယ်. (ဆရာမပြောပြလို့ သိရတာ)...

Moisture နဲ့ Face Toner  လိမ်းရာဝယ်.
အရင်က မျက်နှာကို toner ပဲဖြစ်ဖြစ် လိုရှင်းပဲဖြစ်ဖြစ်လိမ်းတဲ့အခါ ပါးနှစ်ဘက်ကိုလက်ဖ၀ါးနဲ့  အသံလေးမြည်အောင် ဖွဖွလေး ရိုက်ပြီးလိုရှင်းကို လိမ်းပေမယ့်
ခုမဟုတ်ဘူး တတ်နိုင်သမျှ မရိုက်ပဲ ဖွဖွလေး ဖိပြီး သိပ်တဲ့နည်းကို  သုံးပါတဲ့..
လိုရှင်းတွေလိမ်းတဲ့အခါ တတ်နိုင်သမျှအသားထဲစိမ့်ဝင်အောင်ဆိုတဲ့နည်းနဲ့ မျက်နှာပေါ်မှာတော်တော်ကြာအောင် ပွတ်ပေးနေမိတဲ့အခါရှိတယ်။ မလုပ်ရဘူးတဲ့ လိုးရှင်းသို့မဟုတ် အဲ့ဒီတိုနာ စိုစို လေးအတိုင်းထားလိုက်ပါ။ ဒီအတိုင်းခဏနေရင်ခြောက်သွားလိမ့်မယ်။ လုပ်ကြည့်ပါ
သူ့ သဘာဝအတိုင်း ခြောက်သွားတာလေးက အသားရည်ပိုကြည်လင်လာတယ်..

ဆံပင်ဆေးဆိုးရာဝယ်

ကြည်ကြည်ဟာအသက် ၂၀လောက်ကတည်းက ဆံပင်ဆေး ဆိုးတာကိုကြိုက်မိတော့
ဟော ခုတော့ရွယ်တူတွေကြားထဲမှာကိုယ်က အရင်ဆံပင်ဖြူပြီ။
သတိထားမိကြမှာပေါ့ ။
အာရှကနေ မယ်ကမ္ဘာသွားပြိုင်သူတွေ အပြင်မှာဘယ်လောက်ပဲ ဆံပင်နီရဲနေပါစေ။ ပြိုင်ပွဲဝင်ခါနီးပြီဆိုရင် အာရှသူတွေ ဆံပင်အမည်းနဲ့ ပြိုင်ပွဲဝင်ကြတယ်။ကိုယ်တွေရဲ့သဘာဝကပေးထားတဲ့ အော်ရီဂျင်နယ်ကသာ အကောင်းဆုံးပါပဲ။
ဒါကြောင့်ငယ်ငယ်ရွယ်ရွယ်တွေ ဆံပင်မဆိုးကြတာအကောင်းဆုံးပါပဲလို့။

(Miss Japan 2011ရဲ့ပုံ)photo from google

ရောက်ခါစသူငယ်ချင်းတွေမေးလွန်းလို့ အသားအရည်တွေ ယားရင်ဆိုတာ ဂျပန်လေက သိပ်ကိုခြောက်သွေ့ လွန်းတယ်။
သာမန်လိုရှင်းလောက်နဲ့မရဘူး ဆေးပါတဲ့ လိုရှင်းမျိုးကို ခဏခဏ ဖုန်းနဲ့ဆက်မေးကြတဲ့ သူငယ်ချင်းတွေအတွက် သူတို့လူမျိုးတွေလည်းအသုံးများပြီးဈေးသက်သာတဲ့ လိုရှင်းဗူး ရော့ ဒီမှာ
 










ရှိရင်းစွဲထက် ၇ နှစ်ပိုငယ်နိုင်ကြပါစေ။
ဒီပို့စ်ရေးရတာ အသက်ကြီးမှန်းလူသိလိုက်တာ။
ဝက်ခြံပေါမှန်းလူသိလိုက်တာ။ အလှကြိုက်မှန်းလူသိလိုက်တာနော်...
ကျောင်းစာသာ ဒီလို အားထုတ်လို့ကတော့ ကြည်ကြည်တို့ ဒေါက်တိုကြည်ကြည်ဖြစ်တာကြာပေါ့..း)

ကြည်ကြည်

Thursday, February 24, 2011

မြန်မာ့ ရနံ့ (အဆောင်နေဘ၀အမှတ်တရ)

ကျွန်မတို့နေတဲ့ဘက်က ခုရက်ပိုင်းအအေးပေါ့လာပါပြီ။ နေလို့ထိုင်လို့ကောင်းလာတယ်။ခုဆိုမက်မန်းပန်းတွေပွင့်ပြီ။ နောက်လကုန်လောက်ဆိုဆာကူရာတွေပွင့်တော့မယ်။ ရာသီဥတုလေးကနွေးလာပြီဆိုတော့
အသီးသီးအခန်းတံခါးလေးတွေ လည်းလေကောင်းလေသန့်
ဝင်ဖို့ကိုကြာကြာဖွင့်ပြီပေါ့။ နွေရာသီဆိုရင် အခန်းတံခါးတွေ ဖွင့်တော့မယ်ဆိုရင် အဆောင်မှာစာလေးတွေလိုက်ကပ်ပြီ။ မြန်မာပြည်မှာဆိုရင်တော့ နွေရာသီဖြစ်ပါ၍ မီးကြွင်းမီးကျန်များဂရုစိုက်ပါပေါ့။
ဒီမှာကတော့ ကျောင်းသားကျောင်းသူများသို့ နွေရာသီရောက်ပြီဖြစ်ပါ၍ အခန်းတံခါးများဖွင့်ကြတော့မည်ဖြစ်ပါသည်။ ၀ရန်တာသို့ထွက်၍ဖုန်းကြာကြာပြောခြင်း၊ တီဗီအသံကျယ်ကျယ်ဖွင့်ခြင်းများ ဂရုပြုကြပါတဲ့ (ခုက ဆောင်းမကုန်သေးပါ၊ နွေဦးရာသီတောင်မရောက်သေးပါ) အဲ့လိုဆိုတော့ရန်ကုန်ကိုသတိရတယ်။ရုံးကညီမလေးတစ်ယောက်က မမရယ် ဘေးအိမ်တွေက မီးလာတာနဲ့သီချင်းတွေကျယ်ကြီးဖွင့်.နားရက်ဆို ကာရာအိုကေ တနေကုန်ဟဲံတာဆိုလို့ အင်းဒီလိုမျိုးတွေကအစ တို့တွေဘေးပတ်
ဝန်းကျင်ကိုသတိထားပေးရမှာလေးတွေပဲလို့ အမြဲတွေးမိတယ်။
ကြည်ကြည်နေတဲ့ အခန်းရဲ့ ဘယ်ဖက်က တစ်ယောက်က ယေက်ျားလေး တစ်ဘက်က မိန်းကလေး. ကောင်မလေးက လည်းစနေတနေင်္ဂနွေဆိုရင် ကောင်လေးလာလည်တယ်ထင်ပါရဲ့။  တခါတလေ ကိုယ့်မှာတံခါးမဖွင့်ရဲဘူး ။သူတို့က သူတို့ အခန်းတံခါးဖွင့်ထားချိန် ကိုယ်က
ဝရန်တာပန်းပင်ရေလောင်းချိန်တိုက်ဆိုင်ရင် ...အင်း....ဒီလောက်ပဲပြောမယ်။
အံမယ်ဒီဘက်က ဆေးကျောင်းသား ကိုယ်တော်ကတော့ သူဆေးလိပ်သောက်တော့မယ်ဆိုရင်
ချောင်းအရင်ဟန့်တယ်။တံခါးဖွင့်ထားရင် ကိုယ့်တံခါးပြေးပိတ်လို့ ရအောင် လေတိုက်တဲ့နေရာဆိုတော့  တံခါးတွေဖွင့်ထားလို့ကတော့ ဆေးလိပ်နံကကိုယ့်အခန်းထဲ ထိရောက်တတ်တာကိုး။
ပြေးပြေးပြီးတံခါးပိတ်တာကို သူက  သဘောပေါက်တယ် ထင်တယ်။
သူကလည်း ကောင်မလေးလား ဒယ်လီဗာရီဆားဗစ်လားတော့မသိဘူး တခါတခါ စိတ်ညစ်တယ်။
ဒီနိုင်ငံခြားသူကလည်း ဂျပန်စကားတတ်နေတော့ ပြောသမျှအကုန်နားလည်။ 
 ဒီမှာတော့ ဓတ်ပုံနှင့်တကွ ဈေးနှုန်း  အချိန် ဆားဗစ် ပါ စာတိုက်ပုံးထဲမှာ လာလာထည့်သွားတာကိုး။(အဆောင်နေဘ၀ကိုပေါ်လွင်အောင်ရေးချင်လို့ ထည့်ရေးမိတာပါ။)
နိုင်ငံခြားသားနာမည်ဆိုတော့ မိန်းခလေးမှန်း ယေက်ျားလေးမှန်းဘယ်သိကြပါ့မလည်း။ တခါကဆို ရင်
htoo ko oo (ရှေ့နာမည်လွှဲထားပါသည်)  ဆိုတာ အို က ၃ လုံးမို့ လား အံမာ အဆောင်ကနာမည်ကပ်သူက
အို ၃ လုံးမဖြစ်နိုင်ဘူုးဆိုပြီး သူတို့ ဘာသူတို့ ပြင်တယ်တဲ့ Htoo  Ko Do တဲ့...ထားပါတော့..
အဲ့လိုကြတောလည်း လူငယ် တစ်ယောက်တည်းနေပေမယ့် အခန်းကလည်း ၃ နှစ်ကျော်နီးပါးနေထားတာတဲ့။ သူပြောင်းလို့နောက်ထပ် လာမယ့်သူကဆေးလိပ်မသောက်တတ်ရင် သူ့ ဆေးလိပ်နံတွေအခန်းမှာစွဲကျန်ခဲ့မှာဆိုးလို့တဲ့။ တော်တယ် နော။် ဒါကြောင့်လည်းဂျပန်တွေရဲ့တစ်ချို့စိတ်ဓတ်လေးတွေကို သဘောကျတာ။
ခက်တာက အရှေ့တောင်အာရှသူဆိုလို့ ကျွန်မကတစ်ယောက်တည်း ။ ညှော်စုပ်စက်က
ဝရန်တာဘက်မှာဆင်ထားတော့ ကျွန်မဟင်းချက်ချိန်ဆိုရင်သူတို့ အပြင်ထွက်သွားတာသတိထားမိတယ်။
ငပိကျော်တွေဘာတွေ ကျော်ချိန်ဆိုရင် ပေါ့။
ကျောင်းမှာအစားများပေမယ့် ကျောင်းကိုလည်း ကိုယ့်ငပိကျော်ယူမသွားရဲဘူး။ လက်ဖက်ကို ငံပြာရည်
နဲ့နပ်တာတောင်ယူမသွားရဲဘူး။ စ မှာနေတဲ့သူတွေ မလေးမှာနေတဲ့သူတွေ ကို အားကျတယ်။ ဖဘမှတင်လိုက်ရင် ဟင်းတွေက မြန်မာပြည်ထက်တောင် မြန်မာလို ပိုကျသလိုပဲ။  ကိုယ်ဟင်းချက်တဲ့နေ့ဆိုသူငယ်ချင်းတွေ လာမယ်ဆိုရင်တောင် နာရီ တော်တော်ခွာချိန်းရတယ်။  မခံနိုင်ကြဘူးကိုး။ဂျင်ဂျစ်ခန်တို့၊ ရှရာပိုဗာတို့ မျိုးတွေ ကိုး။ ချက်ထားတဲ့ဟင်းတော့စားကြတယ် ဟွန်း....
.ငပိကျော်ဗူးတွေ  အကုန်သိမ်း အနံစုပ်စက်ဖွင့်ပြီးတော့ အမွှေးဖယောင်းတိုင်ထွန်းအဲ့လိုလုပ်ရတယ်။ ဂျပန်လေ.. မီးဖိုကျဉ်းကျဉ်း အိပ်ခန်းကျဉ်းကျဉ်း ရေချိုးခန်းကျဉ်းကျဉ်းလေးတွေကိုး။ ကျောင်းပိတ်ရက်သူငယ်ချင်းတွေ လာလည်လို့ အိပ်ကြတယ်ဆိုရင် နေရာမလောက်လို့ ရေချိုးခန်းထဲ အလှည့်ကျ မတ်တပ်ရပ်အိပ်ကြတာကိုး...း)..

ဟိုဘက်အိမ်က ဘာဟင်းချက်လည်းအကုန်သိ ။ဒီကြားထဲဆီသတ်နံလေး ငံပြာရည်ကျော်လေးဆိုပိုဆိုးပေါ့။
တလောက သြဇီနဲ့ ဂျပန်ဖိုင်နယ်ပွဲပေါ့ ။ အဲံဲ့မတိုင်ခင်ကတည်းက ဘေးခန်းကကောင်မလေးရဲ့ ကဲတဲတဲ အသံလေးတွေ နောက် ညာဘက်က အခန်းက မိုးချုပ်မှာပြန်လာ သူငယ်ချင်းတွေခေါ်လာ သောက်ကြ စားကြတဲ့အသံတွေ၊  ပေပါကလည်း တင်ရမယ့်ရက်က နီးလာ ကျောင်းလည်းမသွားအိမ်မှာပဲယူလုပ်နေတော့ စိတ်ကလည်းနည်းနည်းညစ်နေပြီ။
အဲ့တော့ဘောလုံးပွဲ လာကြည့်ပြီးအော်လိုက်ဟစ်လိုက်ကြတာကို မခံစားနိုင်တော့ဘူး....
အကြံကုန်လာတယ်။
 ဒီလူစုကိုဘယ်လိုခွဲရမလည်းပေါ့..
 အိပ်ခန်းတံခါးပိတ် ပြီး မီးဖိုတံခါးဖွင့်... လေစုပ်စက်ဖွင့်
မျက်နှာကို မက်စ် တပ်. ခေါင်းကိုပေါင်း ။ တရုတ်ကားတွေ ထဲကလို လေဘယ်ဘက်တိုက်လည်းထွက်ပြီးစနည်းနာ ...အိုခေ...
  ဒါနဲ့စစချင်း  လေစုပ်စက်ဖွင့် မိုးကချုပ်နေပြီ။


 ကြက်သွန်ဖြူကိုဆီသတ် ပြီးတော့ ငရုတ်သီးထည့် လူလည်းတဖြည်းဖြည်း
မွှန်လာပြီ။နောက်တော့ ငံပြာရည်လေးကို တစ်ဇွန်းချင်းကို ထည့်တာ။
. တံခါးပိတ်သံကြားရပြ။ီ ဒါနဲံ့ ကိုယ့်ရဲ့ မီးဖိုတံခါးကို ဟထား
နောက်ထပ်ပြီးတော့  ဆီများများထည့်နောက်တော့ ငပိအတုံးလိုက်ကျော်လိုက်တာပေါ့ ...၁၀မိနစ်ပဲစောင့်ဟွန်းဟွန်း....
 သူတို့ အခန်းတံခါးဖွင့်သံကြားတာနဲ့ ကိုယ့်တံခါးအပြေးသွားပိတ်...အပေါက်ကနေအပြင်ကိုချောင်းကြည့်တော့. သူတို့  ပြန်ကြလေပြီ်။  စားစရာတွေ အလျင်အမြန်သိမ်းသွားကြတယ်ထင်တယ်။ ဘီယာဘူးသယ်တဲ့သူက သယ်။ အာလူးကျော်ထုတ်တွေကို အမှိုက်အိတ်သစ်ထဲ သိမ်းကျူံးထည့်ပြီးနေရာပြောင်းကြတဲ့ သဘော။
ကျွန်မကိုယ်တိုင်ကရော.. ပုဇွန်တောင်တံတားနားက ငံပြာရည်စက်ရုံထဲရောက် နေသလားပဲ.
သူများကိုဒုက္ခပေးချင်တော့ ကိုယ်တိုင်လည်းမိုးကြီးချုပ်မှခေါင်းလျှော် ရေပြန်ချိုးရတယ်။
..နောက်နေ့မနက် ရေချိုးခန်းထဲက မှန်ကိုကြည့်လိုက်တော့ မျက်နှာက အဖုလေးတွေ  ဆိုတာ နီရဲပြီးတင်းနေတာပဲ............
picture from google.

ကြည်ကြည်

ကျေးဇူးစကားဆိုပါရစေရှင်။ အလည်လာတဲ့သူအရေအတွက်လေးတွေ တိုးတိုးလာတာတွေ့ရတော့ ကျွန်မ စာပိုရေးချင်လာပါတယ်။

Tuesday, February 22, 2011

ပြည်တော်ပြန်တို့အိုင်ဒီယာ (၂)

ပြည်ပကိုထွက်ခွာလာကြသူနဲ့ ပြည်တော်ပြန်ကြသူအချိုးချကြည်ရင်တော့  မနှုတ်လောက်တစ်ဆယ်ချေးရမှာပါပဲ။   ဒီထဲက မှ ပြန်တော့မယ။် လုပ်ကြည့်ကြမယ်ဆိုတဲ့ သူတွေ ထဲက နည်းနည်းလေးကနေစခဲ့ကြတဲ့ အကြောင်းလေးထပ်ပြီး ရေးပါရစေ။ တစ်ချို့တွေကလည်းမရေးစေချင်ဘူး ။ တစ်ချို့ကလည်း ဟင့်အင်းနာမည်မတပ်နဲ့ ဆိုတာတွေနဲ့  ကိုယ့်အနေနဲ့ဆောင်ရန်ရှောင်ရန်တွေကိုလည်းထည့်တွက်ရပါသေးတယ်။

လှည်းတန်း ဦးထွန်းလင်းခြံလမ်းမှာ ဖွင့်ထားတဲ့ Coffee Kosan အကြောင်းလေးကြော်ငြာပေးပါရစေ။
သူငယ်ချင်းတွေစုပြီးရှယ်ယာလုပ်ထားတဲ့ဆိုင်လေးပါ။ ဒီကနေပြန်သွားတဲ့တစ်ယောက်ရယ် နောက်မြန်မာပြည်က UFL မှာကျောင်းနေဘူးတဲ့ ဂျပန်လူငယ်တစ်ယောက်ရယ်ပါ။ ဂျပန်ကတော့ ဒီမှာလည်းသူ့ တခြားအလုပ်အကိုင်ရှိနေပါတယ်။နောက်သူ့ ကောင်မလေးကလည်း ဂျပန်က ဆိပ်ကမ်းတစ်ခုမှာ စားသောက်ဆိုင်လေးဖွင့်ထားပြီးအတော်ကို ရောင်းအားကောင်းတဲ့ဆိုင်လေးပါ။ ဂျပန်လေးက ဂျပန်က ၀န်ထမ်းဘ၀ကိုထွက်ပြီး မြန်မာပြည်မှာ နေပြီးလုပ်ကြည့်ချင်တယ်။ ချမ်းသာချင်မှချမ်းသာမယ်ဒါပေမယ့် စိတ်ချမ်းသာလွပ်လပ်ပေါ့ပါးနိုင်တယ်ဆိုပြီး သူငယ်ချင်းတွေတိုင်ပင်ကြပါတယ်။ ဦးထွန်းလင်းခြံလမ်းရဲ့ တိုက်ခန်းငှားခတွေဟာအတော်ကိုလန့်ဖို့ကောင်းပါတယ်။ တလကို ၁၀သိန်းနဲ့အထက်မှာရှိပါတယ်။ ဆိုင်ရဲ့နောက်မှာ မီးစက်ထားမယ်ဆိုရင် မီးစက်ထားခကိုလည်းသပ်သပ်ထပ်ပေးရပါတယ်။ သု့ဆိုင်ဖွင့်ခါနီးကျွန်မက ဒီကိုလာခါနီး သူ့ ကိုအားပေးတဲ့အနေနဲ့ သွားတဲ့အခါမှာ သူ့ ဆိုင်အတွက် ကြမ်းခင်းကို သူပဲ အကုန်ခံပြီးခင်းပြီးပြင်ဆင်နေတာကိုတွေ့ရပါတယ်။ ဘေးနားမှာလည်းအဲ့တုန်းက တစ်ခြားဆိုင်အပြိုင်တွေလည်းရှိတော့ ဖြစ်ပါ့မလားဆိုတော့ မြန်မာစကားသိပ်လည်တဲ့ သုက ကျွန်တော်စေတနာအပြည့်နဲ့ရောင်းမယ်။ မြန်မာပြည်ကလူငယ်တွေတစ်ချို့ နာမည်ကြီးပါတယ်ဆိုတဲ့ စားသောက်ဆိုင်တွေမှာ ပိုက်ဆံအပြည့်ပေးပြီး Mocca တို့ Blue moutain လို့ပြောလည်း သောက်ကြတာပဲ။ တစ်ချို့တွေ နာမည်ပဲတပ်တာ အရသာက ဟုတ်မှမဟုတ်တာပေါ့။
သူငယ်ချင်းမကတော့ အေးဟယ် မြန်မာပြည်က တစ်ချို့ ဆိုင်တွေ ကိုယ်တိုင်လိုက်လေ့လာတော့မှ
 တောက သဌေးသမီးကို ပါတိတ်သွားရောင်းသလိုပေါ့ ရန်ကုန်မှာခေတ်စားတဲ့ အဆင်လို့ ပြောလိုက်ရင် ပိုက်ဆံပေါတော့ တန်း ၀ယ်သလိုပေါ့ဟယ်တဲ့။
ဈေးနှုန်းက အစ ကျောင်းသား တွေစားနိုင်လောက်တဲ့ဈေးနှုန်းတို့   မြန်မာမိန်းကလေးတွေက ဘီယာ
ေ၇ာင်းတဲ့ဆိုင်မှာ ကြတော့မထိုင်ချင်ကြဘူးဆိုလို့ သူတို့ beverage menu ကအစ မိန်းကလေး အထိုင်များဖို့ ဦးစားပေးပြီးဆွဲကြပါတယ်။ (သူငယ်ချင်းမပြောတော့လည်းဟုတ်နေတာပဲ ချစ်သူနဲ့ဆိုင်တစ်ဆိုင်ထိုင်မယ်ဆိုရင် မိန်းကလေးကဆိုင်ကိုရွေးတာလား ယေက်ျားလေးက ဆိုင်ကိုရွေးတာလားတဲ့ ကျွန်မဆိုလည်းကိုယ်ထိုင်လို့ သိပ်မပျော်တဲ့နေရာဆိုနောက်သွားခဲတယ်)။
 ကောက်တေးလ်းတော့တင်ထားတယ်ပြောတယ်။
ရှယ်ယာသူငယ်ချင်းက ကျွန်မကိုအစားအသောက်ဒီဇိုင်းစာအုပ်လေးတွေမှာတတ်လို့ တစ်လောက ဆိုင်ရောင်းကောင်းလားဆိုတော့ သူငယ်ချင်းအစား ကိုဂျပန်က မြန်မာပြည်စီးပွားရေးမကောင်းဘူးကွယ်တဲ့ ခုတော့ဆိုင်လေးက ဈေးနှုန်းသက်သာတာလေးကြောင့် ညနေဘက်ဆိုရင်လည်း လူစည်သလို သန့်ရှင်းသပ်ရပ်မှု့လေးကြောင့် ပြည်ပကငှားထားတဲ့ ဘောလုံးသမားတွေ တခြားနိုင်ငံခြားသားတွေ လည်း လာကြတယ်ဆိုပဲ ဘာပဲဖြစ်ဖြစ် ပြန်သွားတဲ့သူငယ်ချင်းမအတွက် ၀မ်းသာမိတယ်။

နောက်တစ်ယောက်ကတော့ သူနိုင်ငံခြားကပြန်လာတော့ သူတို့ခြံလေးထဲမှာ အ၀တ်စတွေ စက်တွေ ကောင်မလေး ၃ ယောက်လောက်ကနေစတာမကြာဘူးနောက် ဆိုင်အခန်းကျဉ်းကျဉ်းလေးမှာ သူတို့ ချုပ်ထည်တွေ စတင်တယ်။ ပိုလိုရှပ်မျိုးတွေစွပ်ကျယ်သားနဲ့ ချုပ်တဲ့ အကျီတွေ ပေါ့။ နောက်တဖြည်းဖြည်းနဲ့ လုပ်လာလိုက်တာ ခု ၁၀နှစ်နီးပါးတော့ကြာသွားတယ်။ ခုများ နည်းတဲ့အင်အားလား သူ့ အကျီတွေကို နယ်စပ်ဖက်ကိုပြန်ပို့နေတာ။ ဘယ်ဘက်ကိုပို့လည်းဆိုတာတော့ စာဖတ်သူပဲစဉ်းစားပါ။ ရေရှည်ဆိုတဲ့ အလုပ်ကိုတော့စိတ်ရှည်စေချင်တယ်လို့ ပဲ တိုက်တွန်းပါရစေ။

နောက်တစ်ယောက်ကတော့ သူကတစ်ယောက်တည်းသမား အမျိုးသမီးပဲနော် လွန်ခဲ့တဲ့ ၆ နှစ်က  သူ့ တိုက်ခန်းသွားလည်တော့ ကောင်လေး၂ ယောက်ရယ် နောက်စဥ့်နီတုံး အကြီးကြီး ၂ ခုလောက်ရယ်နောက် သားရေတွေ အများကြီး ။မိန်းကလေးခြေညှပ်ဖိနပ်ချုပ်တာ။ အတော်ကို အရင်းအနှီးနည်းတာနော်. သောင်းဂဏန်းပဲ ရှိတယ် အဲ့တုန်းက။  ၃ လလောက်ကြာတော့ အလုပ်သမားက ၄ ယောက်လောက်ဖြစ်နေပြီ ။ တစ်နှစ်လောက်ကြာတော့ သူ့ ခမျာတိုက်ခန်းနဲံ့ မဖြစ်တော့ဘူး။
မြို့ ပြင်ဘက်မှာခြံငှားပြီးကို လုပ်နေရပြီ။ နောက်သူလည်း သူ့ ဖိနပ်တွေကို နယ်စပ်ဘက်ကို တင်လို့ ရသွားတယ်။အလုပ်တိုင်းမှာတော့ ပင်ပန်းတာပေါ့ ...သူ့ခမျာအတော်အ၇ှိန်ရနေပြီ သူများနာမည်နဲ့ပါ သူမှာ အော်ဒါတွေ လုပ်ပေးနေရတာ လက်မလည်ဘူး။  နေ့ တိုင်းငွေမြင်လာရပြီ ပေးထားတဲ့ပစ္စည်းတွေက များလာတယ်။ သူဘာလုပ်လည်းဆိုတော့ နှစ်လုံးဆိုတဲ့ချဲထီနောက်ကို သူစလိုက်မိလိုက်တာ သူ့ဘ၀ပျက်တော့တာပါပဲ။ ငယ်ကလည်းငယ်တယ်။ ဖိနပ်လုပ်ငန်းလုပ်တော့လည်း သူ့မှာအုပ်ချုပ်မှု့မှာပဲပင်ပန်းသွားလားမသိပါဘူး။  အလွယ်နည်းကို ဘာလိုများ လမ်းမှားသွားမိလည်းမသိဘူး။ရှိရင်းစွဲ အလုပ်လည်း ဆက်မအုပ်ချုပ်နိုင်..ရှိပြီးသားကားကအစ ထိုးအပ်လိုက်ရတယ်။ အဲ့သူငယ်ချင်းမအတွက်တော့ စိတ်မကောင်းဘူး။
အောင်မြင်ကြပါစေ......


ကြည်ကြည်

Saturday, February 19, 2011

ကိုယ်လည်းလေလောကီသားပေမို့

ဘာများကူညီရပါမလည်းရှင်....ပြုံးချိုစွာ (၀န်ထမ်း)
နိုင်ငံခြားသားကဒ်လုပ်ချင်လို့ပါ ။(ကျွန်မ )
သြော် ဟုတ်ကဲ့ ဒီကိုလိုက်ခဲ့ပါ။  တိုကင်နံပတ်လေးအားစက်မှဆွဲထုတ်၍ ဟိုနားက ထိုင်ခုံတွေရှိပါတယ်။ထိုင်စောင့်ပေးပါနော်။
ခဏကြာလျှင်
တုံကင် နံပတ် ၁၇  ကောင်တာ၅  သို့ကြွခဲ့ပေးပါရှင်။
(၀န်ထမ်း) ပတ်စပို့ ပေးပါရှင။် ကျောင်းသားကဒ်ပေးပါရှင်။
ဒါတွေဖြည့်ပါနော် ဆိုပီး ဖြည့်ပုံဖြည့်နည်းအား ကူညီပေးနေသည်။ ဖြည့်ပြီးလျှင်စလစ်လေးပေး၍
နောက် တစ်ပတ်လောက်လာယူပါ ( နယ်ဖြစ်သောကြောင့် ပိုမြန်သည်ထင်သည်)
နောက်တစ်ပတ်
နိုင်ငံခြားသားကဒ်ထုတ်ချင်ပါတယ်။
ဟုတ်ကဲ့ အဆင်သင့်ပါ။(၀န်ထမ်း)
 နိုင်ငံခြားသားကဒ်အားထုတ်ပေးရင်း  ၀န်ထမ်းမှ ပြောလာသည်..
ကျောင်းသားဖြစ်တဲ့အတွက် အခွန်ဆောင်ဖို့ ၀င်ငွေမရှိကြောင်းတစ်ခါတည်းလုပ်ဖို့  ကောင်တာ ၃ ကိုသွားပါနော်။
ကောင်တာ ၃ တွင် ....
ခဏစောင့်၍ လိုအပ်တာတွေဖြည့်စွက်  ဖြည့် ၁၀ မိနစ်ခန့် ကြာသော အားလုံးပြီးစီးသွားပြီ။
ခုဒီကနေ ပြီးရင်ကျန်းမာရေး အာမခံအတွက် ဟိုဘက်က ကောင်တာကိုသွားပါ။
ကောင်တာတွင် နိုင်ငံသားကျန်းမာရေးအာမခံ  ၁၀ မိနစ်စောင့် လျှင်ရပြီ.။( နိင်ငံခြားသားလည်းတူတူပါပဲ kokumin kenkouhoken)
ဖြစ်လာသမျှ ဆေးရုံဆေးခန်းကိစ္စမှန်သမျှ  ၃၀ရာခိုင်နှုန်းပဲပေးရပါသည်။ ကျန်းမာရေးအာမခြံ
ဖြင့်ဝယ်ရသောဆေးဆိုင်တွင်လည်း တူတူလောက်ပါပဲ။ ကျွန်မဆေးဝယ်စာရွက်တွေပျောက်နေလို့ နို မို့ပိုတိကျစွာရေးနိုင်ပါသည်။) ( ကျွန်မတို့ ရသောစကောလာမှာ ၁၀၀ရာခိုင်နှုန်းအကုန်ကာဗာဖြစ်သည်။ထို့ကြောင့်သူငယ်ချင်းများ ဆေးရုံတတ်ကြ ၊လိပ်ခေါင်းကုကြ ဖြင့် သက်သာအန္တရယ်ကင်းစွာဖြင့် ဒီမှာတင်ဆေးကုကြသည်။ တစ်ချို့ ကျောင်းသားများ မှီခိုအမျိုးသမီးများအား
ဂျပန်တွင်နေစဉ်ပင်ခလေးမွေးစေသည်။ ကုန်ကျစရိတ် မြို့ နယ်မှ ကျခံပေးသောကြောင့်ဖြစ်သည်။
အချို့ ခလေးမွေးခါနီးမိခင်နိုင်ငံပြန်စေ၍ ခလေးမွေးစေသည်။ နောက် မြို့နယ်မှရသောပိုက်ဆံ သောင်း၄၀ မှ မိခင်နိုင်ငံတွင်ပြန်စရိတ် ဆေးရုံစရိတ်နုတ်လိုက်အုန်း တစ်ဝက်နီးပါးကျန်သေးသည်တဲ့။ ခလေးရှိသောကျောင်းသား၏ခလေး ကျောင်းလခပေးစရာမလိုတစ်ချို့ ကျောင်းအား ထမင်းဖိုးပင်မပေးသောမိဘများရှိသည်။(မူလတန်းကျောင်းများမှာကျောင်းတွင်နေ့လည်စာကျွေးသည်ကိုး) မိမိနိုင်ငံတွင်ခလေးရှိသည့်မိဘများအားတလလျှင်ယန်း ၃ထောင်ကျော်ခန့်ထောက်ပံကြေးရကြသည်။ တစ်ချို့ ၅ထောင်ဟုပြောသည်။ ကျွန်မတော့ အလုပ်ရှုပ်၍ သွားမလျှောက် နည်းနည်းရှက်တာလည်းပါသည်။ ရသမျှ အကုန်ယူနေတာပဲဟု ထင်မှာဆိုး၍ နောက်ခလေးလည်းခေါ်မထားဆိုတော့။ မြန်မာအများစုက မလျှောက်ကြ။ နောက်ပိုင်း ခလေးနှင့် ၄ လတစ်ခါတွေ့ရမည်ဆိုတာတွေပါမေးသည်တဲ့။

ကဲ စောနက မြို့ တော်ခန်းမရုံးသို့သွား၍ လုပ်ထုံးလုပ်နည်းများ ဆက်၍ရေးပါရစေ။
ကျန်းမာရေးအာမခံပြီးသွားသောအခါတွင် ၀န်ထမ်းမှ ဒီမြို့ နယ်ကိုအသစ်ရောက်လာတာဖြစ်လို့
သန့်ရှင်းရေးဌာနသို့ ခဏ သွားနားထောင်ပါနော်(၀န်ထမ်း)
သန့်ရှင်းရေးဌာန ၀န်ထမ်းမှ အမှိုက်မည်သို့မည်ပုံပစ်ပါ ဆို တာတွေ ရှင်းပြ၍
ရော့ ဒါက အမှိုက်အိတ် မီးလောင်လွယ်( အစားအသောက်အကျွင်းအကျန်) ပြစ်ရန်အမျိုးအစား
ရော့ ဒါက ပလတ်စတစ် ပစ်ရန်အမျိုးအစား
ရော့ ဒါက PET BOTTLE  ပစ်ဖို့ အမျိုးအစား
တစ်ထုပ်စီ ၃ မျိုး တွဲထားသောတစ်တွဲပေးသည်။ (ဖရီးနော်) ၆ လစာ နီးပါး။ 
ကုန်ပြီဆိုလျှင်တော့ ၀ယ်ပါ တဲ့။
ဝန်ထမ်းက နိုင်ငံခြားသားကဒ်ကိုယူကြည့်၍
ကဗျာကယာပဲပြောလာသည်။  အားနာလိုက်တာ အိမ်ထောင်သည်မှန်းမသိလို့ပါ စောနက တစ်ယောက်စာတည်းပေးမိပါတယ်။
မိသားစုနဲ့ဆိုတော့အမှိုက်ပိုများမှာပေါ့ ။ရော့ ဒီမှာနောက် တစ်တွဲ
ခလေးတို့မေမေအပျိုကြီး မိသားစုလိုက်မနေသောကြောင့် ယခု ၂ နှစ်ပြည့်တော့မည်။ အမှိုက်အိတ်တွေသုံးမကုန်သေး။
သေးသေးလေးကိစ္စပေမယ့် စိတ်ထဲတွင်ကျေနပ်မိသည်။
ကဲ....အဲ့ဒါဂျပန်...

၃ လလောက်အတွင်း အစာအိမ်ကြောင့် ဆေးခန်း ၂ခါသွားရသည်။
မြို့ တော်ရုံးမှ ၃လပြည့်တော့ဆင့်ခေါ်သည်။   ကျန်းမာရေးအာမခံအတွက်ငွေသွင်းရန်.ငွေမသွင်းထားသောကြောင့်။
တစ်နှစ်စာ ပုံမှန်သွင်းရသည်။ ကျွန်မတို့ ဈေးဆစ်ကြသည်။ ပိုက်ဆံမရှိသေး၍ ၃ ခါခွဲပြီး ခုမပေးရသေးတဲ့လစာများပါ နောက် ၃ လနေမှ ဆောင်ပါရစေ။  အကျိုးအကြောင်းပြောပြသည်။
ရပါတယ်။ဒါဆိုခုတစ်ခါတည်း invoice တော့ပေးလိုက်မယ်နော်တဲ့။ပိုက်ဆံသာမပေးတာ ဆေးကကုပြီးနေပြီ။


တိုကျိုကသူငယ်ချင်း၏မောင်လေးဆေးရုံ ၆ လတတ်ရသည်။ TB ဖြစ်သောကြောင့် ကောင်လေးက အိုဗာစတေးနော်  ဆေးရုံ က TB ဖြစ်သောကြောင့် ၆ လ အလကားကုပေးတာက သပ်သပ်. ..အိုဗာစတေးတွေ ကျန်းမာရေးအာမခံရှိတာတွေမရှိတာတွေ ဘာမှမဆိုင် လူကို တန်ဖိုးထားခြင်း....

ခလုပ်ဖွင့်လျှင်မီးလာ၍ ရေဖွင့်လျှင် ပိုးသတ်ထားသောသန့်စင်သည့်ရေ ပိုက်ခေါင်းမှကျသော ထို့အပြင် ၈၀ရာခိုင်နှုန်းသောလူများက တပြေးညီ  ရထားစီးကြသော.။
 စူပါမားကတ်တွင်ဈေးဝယ်လျှင်  ဈေးရောင်းသူနဲ့
ဈေးဝယ်သူကြား ကွဟာမှု့ သိပ်မရှိသော  ဒီလိုနိုင်ငံမှာနေပျော်သောကိုယ့်ကိုကိုယ် အပြစ်မတင်ရက်ပေ။


ကြည်ကြည်

Thursday, February 17, 2011

ဘာသာစကားနှင့် ပျော်စရာများ

ကျွန်မတို့ သူငယ်ချင်းတွေ ထဲမှာ ဒီကိုလာတော့ ဂျပန်စာအခြေခံကနေစပြီးသင်ရတဲ့ သူငယ်ချင်းတွေပါတယ်လေ။
သက်ဆိုင်ရာတက္ကသိုလ်ကိုမသွားမီ  အဆောင်မှာ ၂ လနီးပါးအတူတူနေရတော့ ညဘက်သူတို့တွေနဲ့
စာအကြောင်းပေအကြောင်းပြောရင် တ၀ါးဝါး။

ဂျပန်အစားအစာ  ဆူရှီတို့ ဆရှိမိတို့ ကတော့ ခုခေတ်မှာ အကုန်လိုလိုသိကြမှာပါ. ဆူရှီက ငါးနဲ့ထမင်းနဲ့ဆုပ်ထားတဲ့ အရာ
ဆရှိမိက တော့ ငါးအစိမ်းလွှာပေါ့ကွယ်  တိုတိုပြောရရင်
ဂျပန်စာစ သင်တော့ သူငယ်ချင်းတွေက သေချာမခေါ်တတ်ကြဘူး။ ဆရာမနာမည် ရှိမိဆူ (သန့်စင်သောရေ) ဆိုလည်း ဆရှိမိ ဆန်းဆေး တဲ့ ။ ဆန်းဆေး ဆိုတာ ဆရာ၊ ဆရာမကိုခေါ်တာ။

နောက် ဂျပန်လို  န ဂါး အိ Nagai  ဆိုတာ က ရှည်တာပေါ့နော်။ သူတို့ က မှတ်တာက နဂါးကြီးက ရှည်တယ်ဟယ်တဲ့။
နောက်  ယူး မေ. yumei  ဆိုတာက ကျော်ကြားတာ။
နောက် မီ ဂျီ က အိ  mijikai ဆိုတာ က  တိုတာ ။

အဲ့မှာသူတို့တွေ စာမှတ်တဲ့ပုံ က  နင်ကလည်းဟယ်  အရုးအမဲကြီးက ကျော်ကြားပီးတော့ နဂါးကြီးက ရှည်တယ်ဟယ်။ မန်ကြီးကိုင်း ကတိုတယ်ဟယ်တဲ့။ အများကြီးအများကြီး သူတို့ ထွင်တဲ့ဘာသာစကားအသစ်တွေက ...
သူတို့ကို ကြည့်ပြီး
ကျွန်မ အင်းစိန်က ဆရာမဒေါ်ခင်မေ၀င်းဆီမှာ  စပိန်စကားသွားသင်တုန်းက အဖြစ်လေးအမှတ်ရသွားတယ်။
 အိမ်ထောင်မပြုခင် ကိုကို က ဂျပန်မှာ ကျွန်မ က ရန်ကုန်မှာ  ညဘက်အိမ်က အမေက ရီးစားနဲ့ဖုန်းပြောမှာ ဆိုးလို့ ဖုန်းအိမ်ကိုဖြုတ်ဖြုတ်ပြီးမှ အိပ်တယ်။ ညီအစ်မတွေ မေမေဖုန်ူးဖြုတ်ပြီဆိုရင် မျက်နှာငယ်လေးတွေနဲ့  မေမေကလည်းအဲံ့လိုမလုပ်ပါနဲ့ ဆိုမှ ဘာညာပေါ့။ မေမေက ကျေကျေနပ်နပ်နဲ့ ဟွန်း ဆိုပြီး မျက်နှာကို ချီနေတာပဲ။   အမေဖြစ်သူအိမ်ယာဝင်သွားပြီ တံခါးပိတ်ပြီဆိုတာနဲ့  အပိုခိုးဝယ်ထားတဲ့ ဖုန်းကို တပ်ပြီး ညီအစ်မနှစ်ယောက် အလှည့်ကျ ပြောကြတာပေါ့။ လက်တင်စကားက လည်းသင်ခါစ  ဆိုတော့ တအားပြောချင်နေပြီ။

ကလင် ကလင် ကလင်.....
ဂျပန်ဘက်ကဖုန်း ...
 မမနော်  မေမေကြားမယ်နော် ကြိုးပါ သူ့ အခန်းသွင်းအိပ်ရင် ဒုက္ခနော် ညီမလေးရဲ့ စကား....
အေးပါဟယ်  သမီးကြည့်ထားလိုက်  မမပြီးရင် သမီးအလှည့် မမပြန်ကြည့်ပေးမယ် ညီမနှစ်ဦး အတိုင်အဖောက်ကို ညီလို့ (သူက ယေကျာ်းအရင်ရတယ်း))) )

ဟယ်လို အသံတိုးတိုးဖြင့်  (ရန်ကုန်)
ဟယ်လို ..ပုံမှန်အသံ   (ဂျပန်)
နေကောင်းလား ချစ်....ဘယ်လို လည်း စပိန်စကားတွေ တတ်နေပြီလား
ဟင်းဟင်းရီသံနွဲ့ နွဲ့ ဖြင့်  ....မူအိ ဘျှမ်း .(ရန်ကုန်)
ဘာ....မြွေဖမ်း ဟုတ်လား  မကြားရဘူးကွာ...(ဂျပန်ဘက်မှဖုန်း)
ချစ်တယ်နော်...ထပ်၍  အိုင် အိ ရှိတေရု နဲ (ai shite ru ne= ချစ်တယ် )
ပြန်ပြောအုန်းလေကွယ်(ဂျပန်ဘက်မှဖုန်း)
အင်း မုချို အာမို ( လေသံတိုးဖြင့်)
ဘာ...(ဂျပန် ဘက်မှဖုန်း) မကြားရ၍ထင်
မုချို အာမို လို့ ....
ဘာ (ဂျပန်ဘက်မှဖုန်း)..
မုချို အာမို လို့  (ကျယ်ကျယ်အော်ပြော၍ မေမေနိုးလာမှဆိုး၍ ဖုန်ူးကို ချဖြုတ်၍ အခန်းထဲပြေး)

မနက်မိုးလင်းတော့ မေမေက ဟဲ့ နင်တို့ ညက အာပုံ အာပုံ နဲ့ ဘာဖြစ်နေကြတာလည်း  စားချင်ကြလို့လား.

ဘာသာစကားတိုင်းလေ့လာရင် နက်နဲပါတယ်။ ဒါပေမယ့် သင်ခါစလောက်ပျော်စရာကောင်းတာလည်း မရှိပါဘူး..


မှတ်ချက်. ကျွန်မ ဘလော့ရေးနေတာကို ကျွန်မသူငယ်ချင်းတွေ လုံးဝမ၇ိပ်မိကြဘူုး။ လာလည်တဲ့ ထဲမှာ
စပိန်တို့ အီတလီတို့ ဘက်က တွေ့ရပါတယ်။ တစ်ချို့ သူငယ်ချင်းတွေလည်း အိမ်ထောင်တွေကျပြီး အဲ့ဒီ့နိုင်ငံတွေမှာ နေနေကြပြီလေ
အကယ်၍ များ ဒီပို့စ်ကို ဖတ်မိပြီ သူတို့ သူငယ်ချင်းမှန်းသိသွားကြရင်လည်း 
သူငယ်ချင်းတို့ရေ  ကြည်ကြည်ပါကွယ်....

Monday, February 14, 2011

ကြီးမှဝက်သက်ပေါက်လေသလား ဗာလင်တိုင်အလွဲ..

ဒီနှစ် ပန်းစည်းကို လှလှပပ၀တ်ပြီးတော့ကို ယူအုန်းမှာ (ကြည်ကြည့်အတွေး)

၁၃ရက်နေ့ညက ဆရာဟောင်းတွေ၊ အိုးလ် .မ.ဖလိန်းတွေ၊ အတန်းဖော်တွေ ပြန်ဆုံကြတယ်။ ပါတီမစခင်  တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး  စကားတွေ ပြောချင်နေကြပြီ။
စာတမ်းဖတ်ပွဲလည်းအပြီး  ဆရာတွေ ကိုနှုတ်ဆက်ပြီးတာနဲ့ ပါတီခမ်းမထဲဝင်ပေါ့။ အလုပ်တူတူလျှောက်ခဲ့ကြတဲ့ သူငယ်ချင်းက သပ်ရပ်လှပစွာ. အကြီးတန်းလေယဉ်မယ် First class တွေမှာပဲတာဝန်ကျနေပြီတဲ့။ကျွန်မကတော့ နောက်ဆုံးရောက်ခါနီးမှာမှ ဆေးကျခဲ့တယ်။လူလည်း မျက်မှန်ဘ၀ရောက်ပေါ့။
နာမည်ကြီးခရီးသွားကုမ္ပဏီတစ်ခုရဲ့  မန်နေဂျာတဲ့၊တစ်ယောက်က ကျောင်းဆက်တတ်ြပီး ခုအချိန်ပိုင်းပရော်ဖက်ဆာတဲ့  (ငယ်လိုက်တာ)၊ တစ်ယောက်က  ဝေါလ်းဒစ်စနေမှာတဲ့၊
နောက် ဂိမ်းနဲ့ဆော့ဝဲရေးနေတဲ့သူ အားလုံးက စာတမ်းနဲ့ မပတ်သက်ပေမယ့် ဆရာဟောင်းတွေ
နဲ့ ပြန်တွေ့ ချင်လို့ လာသူတွေ။
ကျောင်းပြန်တတ်နေတဲ့ကျွန်မကို သူငယ်ချင်းဟောင်းက ၁၄ ရက်နေ့ ည အားရင် ထမင်းကျွေးပါရစေ…...(အရင်လို ကြည့်ကောင်းနေတုန်းပဲ….အချစ်ရေ အဲလေ သူငယ်ချင်းရေ.)
ဘုလား…ဘုလား… မဖြစ် …ဟယ်ကျေးဇူးပါ နောက်မှ အားလုံး    ဆုံပြီး စားကြတာပေါ့ နော်..
အော် ဒါနဲ့ ငါကကလေး၂ယောက်ရှိနေပြီသိလားလို့ ပြောလိုက်တော့ သောက်နေတဲ့ ဘီယာနင်သွားပုံ ...

 မင်း လက်စွပ်ကို ချွတ်သွားတယ်မို့လားဆိုပြီး ပြောအုန်းမှာ အိမ်ကသူသာသိရင်..သေချာတယ်။

အောင်မြင်နေတဲ့သူငယ်ချင်းတွေကိုကြည့်ခဲ့တဲ့ကိုယ်တိုင်လည်း ၀မ်းတွေသာပြီး
တညလုံးလူးလွန့် အိပ်မပျော်။
၁၄ရက်နေ့ မနက်
ပန်းဖိုးတွေနှမျောလွန်းလို့ မပို့နဲ့နော်လို့သာမှာရတာ မသိစိတ်ကတော့မျှော်တော်တော်။
အခုနေတဲ့ အဆောင်က လွယ်လွယ်ကူကူ အခန်းေ၇ှ့ တံခါးခေါက်လို့ ရတယ်။
အမျိုးသမီးတိုင်းကြည့်ကောင်းရမည်။လှတာမလှတာသူ့ ကုသိုလ်ပေး
လို့ ဆရာမကြီး ရဲ့ ပြောစကားအတိုင်း 
 ကြည့်ကောင်းအောင်နေရသည်ကတော့အမှန်။
အိပ်ရာနိုးလာခေါက်ရင်တော့ အိပ်မှုံစုံမွား ၊ ဆံပင်ဖရိုဖရဲ အနွေးထည်ထူထူကြီး
နဲ့ ထွက်လာတဲ့ မိန်းမကြီးပဲတွေ့မှာပေါ့လို့ …

တနှစ်ကဆို သူငယ်ချင်းတွေက  surprise လုပ်ဖို့ ညကြီးမိုးချုပ်တံခါးလာခေါက်တယ်။
ဖွင့်လိုက်တော့မှ ဘတ်ဒေးကိတ်နဲ့  တံခါးဝမှာရပ်နေကြတဲ့ သူငယ်ချင်းတွေ ခေါင်းတည့်တည့်မှာဆံထုံး ၊ မျက်နှာမှာက သခွားသီးစေ့တွေ၊၊ ဗိုက်မှာက ဗိုက်ချပ်ကိုစည်း မျက်ကပ်ကိုဖြုတ် မျက်မှန်ပိစိတပ်ထားတဲ့ကိုယ့်ကို မှင်သက်စွာ  ပြီးတော့မှရီလိုက်ကြတာ။
မနှစ်က ဗာလင်တိုင်း လည်းဒီလိုပဲ  စောစောစီးစီးတံခါးလာခေါက်တော့  သူငယ်ချင်းပဲထင်ြပီး အိပ်မှုန်စုံမွှားနဲ့ ထသွားတော့ ပန်းစည်းလာပို့ တဲ့ အမျိုးသမီးလေးက ပန်းစည်းကို ကြည့်..လူကိုကြည့်နားမလည်နိုင်သလို ဒီလို သူကို ပန်းစည်းပေးတဲ့သူရှိနေတယ်လို့ များထင်သွားလားမသိ. စိတ်ထဲကနေ ဖတ်လိုက်နိုင်တယ်။သူ့ မျက်လုံးကို
ဒီနေ့ဘာတွေ ဖြစ်နေပါလိမ့် နော်.....
ရေချိုးခန်းထဲမှာ ဗူးပေါင်းများစွာဆိုတော့  သွားတိုက်ဆေးဆိုပြီးထည့်တိုက်လိုက်တာ အမြုပ်တွေလိုလို ဖြစ်လာမှ ဟာ .. ဆပ်ပြာကရင်မ်တွေ...
နောက် မျက်နှာကို တိုနာလိမ်း နောက်ထပ် moisture ထပ်လိမ်းမယ်လုပ်တော့ ချွဲလိုက်တာကိုသတိထားမိမှ  ဆံပင် ဗိုက်တာမင်အီး ဗူးနဲ့မှားတာ
ကြည့်လေ မမှားပဲနေမလား ပုံကို

အိမ်မက်ထဲံမှာပန်းသီးဖျော်ရည်သောက်တယ်တဲ့ နိုးလာတော့ မြန်မြန်ပဲထပြီး မီးဖိုချောင်မီးကိုမဖွင့်ပဲ ပန်းသီးဖျော်ရည်သောက်မယ်ဆိုပီးပုလင်းတွေထဲနေထုတ်ပြီး ဖန်ခွက်ထဲထည့်…မော
အား   …ချဉ်လိုက်တာ …ဘယ်ဟုတ်မလည်း ဟင်းချက်ပန်းသီးဗီနီဂါ....

ရန်ကုန်ကိုဖုန်းခေါ်  ကျောင်းသွားတော့မလို့  ဒီနေ့ဘာထူးလည်းဆိုတော့ အင်းမထုးဘူး
အိုကေ ဒါဆိုသူ ပြောစကားနားထောင်တယ် ဒီနှစ်ပန်းမပို့ဘူး။

စိတ်ချလက်ချ …..ဟူး..........

ခဏနား...
တီ.တီ ...  မြည်လာတဲ့ ဘဲလ်…စောနက တော့ သန့် ရှင်းရေး အဘွားကြီးတွေရဲ့ အသံတွေလည်း ကြားနေရတယ်။ခင်နေတဲ့ အဘွားကြီး
အသံစူးစူး နဲ့   ၀တရှိ ဒတ်စ်.( ငါပါကွ..ပေါ့)
ဟိုက် ...ဟိုက်..အသံရှည်ဆွဲပီး  (လာပြီလာပြီ)
ကဲပါလေ ဒီအတိုင်းထွက်လိုက်မယ် လေ
အိအိ ဒတ်စ်စနဲ ( ကောင်းလိုက်တာနော်) တဲ့
ဆိုပီး အဘွားကြီး တစ်ယောက်တည်းမဟုတ် သူ့နောက်မှာက..

ပန်းစည်းအိုးကြီးနဲ့ ပန်းလာပို့ သူက ခဏတာမှင်သက်သွားတယ်။
လွန်ခဲ့တဲ့ ၃ရက်က စားပီးတစ်ခြမ်းကျန်နေတဲ့ ထောပတ်သီး(အရောင်ကိုမှန်းသာကြည့်တော့) ပစ်ရမှာဆိုးလို့ မျက်နှာရော ဆံပင်တွေ ရော လိမ်းထားတာကိုးလို့

ငါ့နှယ့်နော်…


ကြည်ကြည်

Saturday, February 12, 2011

ချစ်သူ့ ဗာလင်တိုင်

 တီဗီမှာ ဂျပန်တွေရဲ့ ဘယ်နေရာက သူများနဲ့ လွဲနေလည်းဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံခြားသားတွေဆွေးနွေးကြတာကြည့်လိုက်ရတယ်။
နံပတ်တစ် က တော့ ဗာလင်တိုင်တဲ့
ဂျပန်မှာက ဗာလင်တိုင်ဆိုရင် မိန်းကလေးက ..ပေးကြတာကိုး။ တစ်ချို့ ကိုယ်တိုင် Homemade chocolate လုပ်ပီးဗာလင်တိုင်မှာ သဘောကျတဲ့ အမျိုးသားကိုပေးကြတယ်။ အမျိုးသားကလည်းကောင်မလေးရဲ့ စိတ်ကိုနားလည် လက်ခံပါတယ်ဆိုရင်ဝမ်းသာစွာနဲ့  အဲ့ချောကလက်ကိုစားကြတယ်။  ဂေါ်မစွံသူလူပျိုကြီးတွေ
ပေးမယ့်သူမရှိတဲ့သူတွေကြတော့ တခြားမိန်းကလေးသူငယ်ချင်းတွေက Giri..choco( ဂီရိ ချောကို) ဆိုပီး ပြောပြီးတော့မှ ပေးကြတယ်။
သဘောကတော့. ဘာစိတ်မှမပါပဲသူငယ်ချင်းကိုအားပေးတယ်ဆိုတဲ့သဘောပေါ့ ။
လူပျိုတွေကိုပေးသလို တစ်ချို့လည်းကိုယ့်အထက်အရာရှိတွေကိုပေးတယ်။ ကျွန်မတို့ အုပ်စုလည်း ပရော်ဖက်ဆာ ၃ ယောက်ကိုပေးဖို့ စုဝယ်ထားကြပြီးပြီ။


တစ်လောက ဖေဖေနဲ့ မေမေအိမ်ထောင်သက် ၃၇ နှစ်ပြည့်ကို အမှတ်တရရေးချင်နေတာ။
ဝန်ထမ်းဖေဖေနဲ့ မှီခိုသူမေမေဟာ တစ်ခါမှ ခွန်းကြီးခွန်းငယ်မတွေ့ဖူးဘူး။ ခုနောက်ပိုင်းမှသာ ညည်း
တို့ ဖေလေ ဘာပေါ့ညာပေါ့ .ဖေဖေကလည်း ညည်းတို့အမေလေဘာညာဆိုပြီး ..ပြောတတ်တာ.
မေမေဟာသည်းခံလွန်းတယ်။ ဖေဖေဟာမေမေ့ကိုလေးစားလွန်းတယ်။ ကျွန်မကတော့ မေမေ့ဆီက အပင်စိုက်ပျိုးတာကို အမွေရပီး ဖေဖေဆီက အအိပ်ကြိုက်တာကိုအမွေရပါတယ်။  
နှစ်ယောက်စလုံးကနေ မဟုတ်ပဲ အလိုလိုရတာက ကြွားတတ်ခြင်းပါး)))))။
အိပ်ပုပ်ကြည်ကြည်ကို ဖေဖေကအမြဲ ငါနဲ့ တူတာငါနဲ့ တူတာ လို့ပြောတတ်တယ်။
တခါက ကျွန်မအဖေနဲ့ သူ့ သားမက် ကျွန်မတို့ ဂေါက်အတူရိုက်ကြတော့  သမီးကြီးမို့လို့ချစ်ပါတယ်။ဒါပေမယ့်  ပစိပစပ်များ.၊ လိုချင်တပ်မက်စိတ်တွေများတဲ့ကျွန်မကို ဖေဖေက ကြည့်မရဘူးလို့ပြောလေ့ရှိတယ်။ ဂေါက်ကွင်းထဲမှာ ဖေဖေ က သူ့ သားမက်ကို အေး.သားရေ မင်းမိန်းမ င့ါသမီးပါပဲကွာ အတော်ကို နားငြီးတာပဲံ။  မင်းအတော်သည်းခံနေရမှာပဲ။ ငါသိတယ်ငါသိတယ်လို့ ပြောတော့ အိမ်က လူု က ဟုတ်ကဲ့ အဖေ့မိန်းမ ကျွန်တော့ ယောက်ခမနဲ့ တော့ မတူဘုးလေ အဖေရယ်တဲ့ ။ ကယ်ဒီတွေဆိုတာ ရီလိုက်ကြတာတအုန်းအုန်း။
ဖေဖေက မေမေ့ ကို မွေးနေ့ တိုင်း အ၀တ်အစားတစ်စုံအမြဲ ခုချိန်ထိမပျက်မကွက်ဝယ်ပေးတုန်း မေမေကလည်း နှစ်ပေါင်းများစွာက ၀တ်စုံတွေကိုခုချိန်ထိ တမြတ်တနိုးသိမ်းထားတုန်း။ . ခရီးသွားတိုင်း ဖေဖေက မေမေဆီကိုပို့စ်ကဒ်လေးတွေ ပို့တတ်တယ်။ နာမည်ဘေးမှာ သို့ချစ်ဇနီးလို့ ရေးတတ်သေးတယ်။
သားအဖနှစ်ယောက်အတူတူမျက်နှာပေါင်းတင်တိုင်း မေမေက စိတ်မလျှော့သေးပဲကိုးလို့ ပြောတယ်။
မေမေဆံပင်ဆိုးဖို့ မေ့နေရင် ဖေဖေက မင်းဆံပင်ဆိုင် မသွားဘူးလားပြောနေတုန်း။
အဲ့လိုပဲ ခြံလေးထဲမှာ ဖေဖေ အရက်သောက်တိုင်း မေမေက ဘေးကနေ အမြည်းလေးထိုင်စားရင်း
စကားတွေပြောနေတုန်း.. ဖေဖေက  သားမက်အငယ်(၀န်ထမ်းမို့ လို့ ) ကိုယ်  သိက္ခာနဲ့ ရိက္ခာဆိုတဲ့စကားအတော်ဆုံးမတယ်။
 ဖေဖေဟာ သိက္ခာဆိုတာကိုပဲကြည့်တော့ ရိက္ခာမပြည့်ဘူးပေါ့ကွာတဲ့ …အဲ့ဒီအခါမှာ မေမေက ဟုတ်ပ..၇ှင့် ရိက္ခာသိက္ခာကိစ္စကြောင့်
ကျုပ် စိန်နားကပ်ကြီးကြီးမပန်ရတာတော့အမှန်ဆိုပြီး လှမ်းကလိတတ်တာတော့အမှန်.။

အလှူအတန်း လိုက်ဖက်ညီင်္စွာ . ပကာသနမမက်တာလည်းတူ မိသားစုကို ဂရုစိုက်လွန်းသော
မိခင်ဖခင်တို့ ၏ ဗာလင်တိုင်ပေါင်းများစွာ ….ဆန္ဒပြုလျှက်..
ရန်ကုန်မှာသာဆို အဖေ့ကို ချောကလက်ပို့ ပေးမှိမှာအမှန်။
ဒီပို့ စ်ကို အဖေ့ မေလ်းထဲ ထည့်ပေးလိုက်မယ်။သားအဖနှစ်ယောက်မချက်ရတာလည်းကြာပီ. (ချက်တာကသူု့ တပည့်ကိုကြားခံပီးချက်ရတာ)။
ပြုံးနေမှာသေချာတယ်။ပြီးရင် သမီးကြီး ကျန်းမာပါစေဗျာလို့ဆုတွေတောင်းနေလိမ့်မယ်။


ကျွန်မဗာလင်တိုင်ကရော.....
ကျွန်မဘက်ကအယူဆိုတာပဲရှိခဲ့တယ်။ သူ့ ကို ဒီတစ်ခါပြန်ပေးတဲ့အနေနဲ့ တနေ့က ရန်ကုန်ကို ပို့စ်စကဒ်တစ်စောင်စာရေး ပြီးပို့ လိုက်တယ်။

သို့ 



ကိုကို .....

ဗာလင်တိုင်းပေါင်းများစွာသို့

မှ
ချစ်ဇနီး
လို့ပေါ့..........
ဗာလင်တိုင်နေ့ကြရင်တော့ ဒီလိုပန်းစည်းမျိုး     
ရောက်လာပါလိမ့်မယ်။
ခလေးကလားလို့တော့ ထင်နဲ့လေ နော်...........

ကြည်ကြည်

Sunday, February 6, 2011

ပြည်တော်ပြန်တို့ အိုင်ဒီယာ

သူငယ်ချင်းတစ်ယောက်ကို အားပေးချင်တဲ့စိတ် ကြော်ငြာပေးချင်တဲ့စိတ်နဲ့ ဒီပို့ စ်ကိုရေးတယ်ကွယ်။
နိုင်ငံခြားမှာ အပြီးမနေဘုးဆိုတဲ့ သူတွေ မှာ အမိမြေနဲ့ ဝေးရာမှာ အလုပ်တွေ လုပ်ကြပိုက်ဆံတွေ ပို့ ကြ.
ပို့ တဲ့ပိုက်ဆံကို အမိမြေက ကျန်ခဲ့တဲ့ မိသားစုရဲ့ စားဝတ်နေရေး ဖြေရှင်းကြတယ်။ တိုးပွားအောင်မလုပ်တတ်ကြဘူးဆိုရင်တော့  နိုင်ငံခြားရောက်နေတဲ့သူကလည်း အချိန်တန်လို့ တောင် အိမ်မပြန်ကြသေးပဲ ဆက်လက်ရုန်းကန် ကြပေါ့။ အထုပ်နဲ့ ပြန်သွားလည်း အဲ့အထုပ်ကို ဘယ်လိုသုံးကြမလည်း ဘာလုပ်ကြမလည်းဆိုတာက ခေါင်းခဲစရာတွေ။  

ရွှေပြည်ကိုပြန်ကြတဲ့သူတွေများကြီးထဲမှာလက်ရှိအောင်မြင်နေတဲ့သူတွေ၊လုပ်ငန်းကို
စတင်ဖို့စိုင်းပြင်နေကြသူတွေ လုပ်ငန်းသေးလေးတွေ၊လုပ်ငန်းကြီးတွေ ..................
ဥပမာ goodmorning ပေါင်မုန့်  လား wonder လားပဲ (မမှတ်မိဘုး)
၂ခု စလုံးကတော့ဈေးကွက်မှာ အောင်မြင်နေတဲ့သူတွေ
သူဆိုလည်းဂျပန်ကပြန်သွားတာပေါ့  ကိုးကွယ်တဲ့ဆရာတော်ကဆို  အတော်ချီုးကျူးတာ
ဒီလူ ပြန်လာခါစမှ ပါလာတဲ့ပိုက်ဆံကိုယ် နေစရာအိမ်၊ စီးစရာကား ဘာမှမလုပ်ပဲနဲ့
ဖြစ်သလိုနေပြီးလုပ်ငန်းကို ဦးစားပေးပီးလုပ်လိုက်တာ စေတနာရယ် အိုင်ဒီယာရယ်ပေါင်းတော့ကြီးပွားသွားလိုက်တာ... ပြန်ပြန်ခြင်း နေစရာ၊ စီးစရာသာဦးစားပေးလိုက်ရင်. ခုချိန်သူ့ လက်ထဲ ဒီလောက် တိုးပွားလာမယ်မထင်ဘုးတဲ့...

 ခုရန်ကုန်မှာ ခေတ်စားတဲ့ lucky seven tea house  ဂျပန်ကပြန်သွားတဲ့ညီအကိုတွေ.
သွားထိုင်ကြည့်လိုက် သိလိမ့်မယ်။ဆိုင်ခွဲတွေ ဖွင့်လာနိုင်လိုက်တာ အားကျစရာ ကိုယ်သိတာတင် ၄ ဆိုင် ....၁ ဆိုင်ရဲ့ရောင်းအားတနေ့ အောက်ထစ် ၁၀ သိန်း.နဲ့ ပဲ တွက်။
နောက် စီးတီးမတ်ရှိတဲ့နေရာတိုင်း ရှိတတ်တဲ့ season bakery  ထိုင်ဝမ်ပြန်တဲ့။.အစားအသောက်ကရန်ကုန်အနေထားနဲ့တော့ မဆိုးဘူးပေါ့  ရောင်းနေရတာပဲ..

ပါတိတ်လုပ်ငန်းလုပ်သူ၊ဖန်စီပစ္စည်းလက်ကားဖြန့်သူ၊ အိမ်ဝယ်ပြုပြင်ပြန်ရောင်းလုပ်တဲ့သူ။။
ရတနာလုပ်ငန်း လုပ်နေသူတွေ . စားသောက်ဆိုင် ကြီးကြီးလုပ်နေသူတွေ သေးသေးလုပ်နေသူတွေ
အလှပြင်ဆိုင်လုပ်ငန်းလုပ်နေသူတွေ…….တွေ …တွေ ….တွေ…..တွေ
၉၀ ရာခိုင်နှုန်းက  အစကတည်းက အရှိန်အဟုတ်နဲ့ စနိုင်သူတွေ မဟုတ်…

မနှစ်ကပြန်တော့ လှည်းတန်း ဘက်မှာညနေဆိုရင် ကားထိုးပီးရောင်းတဲံ့ ဆူရှီလိပ်…ငါးအစိမ်းစား ကြက်သားပေါင်းကိုထည့်သုံး ပီး မြန်မာမှု့ ပြုထားတယ။် လတ်လတ်ဆတ်ဆတ် ကိုယ့်ေ၇ှ့တင်လိပ်.. ပုံလေးနည်းနည်းပျက်သွားတာဆိုရင် အလကားထည့်ပေးသေးတယ်။သန့်ရှင်းမှု့. စေတနာ ဈေးနှုန်းပြောစရာမရှိ .လိပ်နေရင်းနဲ့ လာစားသူတွေ ကို
ကျေးဇုးတင်ပါတယ်လို့ ပြောနေတာက အာရိဂတ်တိုးဂိုးဆိုင်းအိမစ်တ် လို့ ပြောနေသလို။ လူတွေ ကလည်း အုံနေတယ် ညနေတိုင်းဒီလိုမျိုးတဲ့.. သူတို့ က ဒီလို တစ်နေရာတည်းမဟုတ်တဲံ့ ။

 အမကြီးတစ်ယောက်.
...ကိုယ့်အိမ်မှာနေ့စဉ်မသုံးမဖြစ်ပစ္စည်းထဲမှာ သူ့ထုတ်လုတ်တဲ့ပစ္စည်းက တစ်ခုအပါအ၀င်.
ဒ်ီကနေပြန်တယ်။ တိုးဂိုက်လုပ်တယ်။အတော်အောင်မြင်တဲ့ထဲမှာပါတယ်။ နောက် သူဂျပန်ပြန်သွားတယ်
အော်.. သူပြန်ထွက်သွားပီပဲလို့ ထင်လိုက်တာ။ တစ်နှစ်လောက်ကြတော့သူ့ပစ္စည်းလေးနဲ့အိမ်ကိုလက်ဆောင်လာပေးတာ။
 ပထမတစ်ခါ နိုင်ငံခြားမှာသာအလုပ်လုပ်တာ ဘာမှ နည်းပညာ ပါမလာနိုင်လို့ နောက်တစ်ကြိမ် ၃လ လောက်ထွက်သွားပီ သေချာလေ့လာ ချိတ်ဆက်ခဲ့ပီး လုပ်ငန်းစလုပ်နေလို့ ဘယ်မှ မထွက်နိုင်တာတဲ့။

အမွှေးတိုင်ပါ ….TV မှာတော့မကြော်ငြာဘူး ..အဓိကက ဂျပန်ကိုပြန်ပို့ နေတာ..မြန်မာအမွှေးတိုင်တွေလို မကျည်းသားမလိုတဲ့အတွက် တစ်ဘက်က ကြည့်ရင် eco နောက် ဂျပန်လိုနေရာကို ပြန်ပို့ ဖို့ ဂျပန်က ဓာတုပစ္စည်းနဲ့ လက်မခံဆိုလို့ ကုန်ကြမ်းနံသာက စလို့ ပြာအထိ သဘာဝပစ္စည်းတွေ (လုပ်ငန်းလေးလိုက်ကြည့်ထားပီးရေးတာနော်)  (အသေးစိတ်ရေးရင် ဖတ်ရတာ ပျင်းလိမ့်မယ်)ဒီတော့သေချာမကိုင်ရင်တော့ ဂျပန်အမွှေးတိုင်တွေလိုပဲ ကျိုးတော့လွယ်တယ်။
သူက ..ပြည်တွင်းမားကတ်ကို အဓိကပိုဖောက်ချင်တာ။ ဒါပေမယ့် ဈေးနှုန်းက သူများထက်မြင့်နေတယ်။
အချောင်း ၅၀၀ပါတာကို မြန်မာငွေ ၈၀၀လောက်ကို တစ်ချို့ က သိပ်စိတ်မ၀င်စားဘူး ။ အထုပ်သေးလည်းရှိပါတယ်။ နည်းနည်းနဲ့ ပေါပေါကို ပဲ သုံးချင်နေတဲ့ဈေးကွက့် မှာသူအတော်ရုန်းကန်တယ်။သူ့အမွှေးတိုင်သုံးပီး အခြားသော အနံပြင်းတွေ သုံးချင်စိတ်မရှိတော့တာတော့အမှန်။ဂျပန်မှာသာမန်ရောင်းနေတဲ့ အမျိုးအစားထက်တော့သာတယ်။

နာမည်က ဆန္ဒ  တဲ့...

အိမ်က လုပ်သမျှ အလှု မွေးနေ့ အမှတ်တရ ပြန်ပေးတဲ့ပစ္စည်းထဲမှာ သူ့ အမွှေးတိုင်ကို မပါမဖြစ်. မိတ်ဆွေမို့ လို့ ညွှန်းတာမဟုတ်ပါ။  အမျိုးသမီးတစ်ယောက်  သူနိုင်သလောက်ငွေကြေးလေးကနေ စလုပ်ခဲ့တာာကို အားလုံးကိုသိစေချင်တာ . ရွှေပြည် ပြန်ရင် ဘာလုပ်မလည်းလို့ စဉ်းစားနေကြတဲ့သူတွေ အတွက် ရေးလိုက်တာပါ.

သူပြောသလိုပြောရရင်

ညီမလေးရေ အမလုပ်ငန်းက အမ နဲ့ မိသားစုတော့ ထမင်း ၃နပ် မှန်ပါတယ်။ မနက်စာကို စီဒိုးနား၊
နေ့လည်စာကိုထရိတ်ဒါး၊ ညစာကို ကန်တော်ကြီး တော့ လုပ်လို့ မရဘူးပေါ့ကွယ်တဲ့။ 
နောက်ထပ် အခြေနေပေးရင် မြန်မာပြည်ထဲမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေရဲ့ လုပ်ငန်းလေးတွေ ရေးချင်ပါတယ်။





မှတ်ချက်……………….ပြည်တော်ပြန်ကြိုးစားရုန်းကန်အောင်မြင်နေတဲ့အထဲမှာ (ဘောလုံးဦးဇော်ဇော်တော့ထည့်မတွက်)


Friday, February 4, 2011

တို့ ကမျိုးနဲ့ ရိုးနဲ့ 

 ဒီနှစ်ရောက်လာတဲ့ ကျောင်းသားတွေက ဂျပန်စကားကိုပိုစိတ်ဝင်စားတယ်။မေးကြည့်တော့ သဘောကျမိတဲ့ဂျပန်မလေးတွေ က
အီး လို မရလို့တဲ့
ဟိုဟာဘယ်လိုပြောလည်း ဒီဟာဘယ်လိုပြောလည်းဆိုပြီးမေးတတ်ကြတယ်။ တခါတခါလည်းသူတို့ ပြောလိုက်တာတွေ က အူနာအောင်ရီရယ်)ရတယ်။

ဂျပန်စာစ သင်ခဲ့တုန်းက ဘ၀လေးကို အမှတ်ရသွားပြန်ရော.....

ဟိုး……….လွန်ခဲ့တဲ့ နှစ်များစွာကပေါ့…..

ချစ်စရာကောင်းတဲ့ မြန်မာမငယ်ငယ်လေး 

သက်ဆိုင်ရာကောလိပ်ကိုမသွားခင်မှာ ဂျပန်စာ ၁ နှစ်ကျော်စတတ်ရပါတယ်..ဂျပန်လို ထိထိမိမိစပြီးသင်တဲံ့အချိန် အသံထွက်ကလည်း မြန်မာပြည်ကနေစွဲလာတဲ့အသံထွက်တွေပြန်ပြင်ပေါ့။
အဲ့မှာ စစချင်းမှာပဲ ကဗျာတွေလည်းသင်ရတယ်။ ကိုယ်ကအဲ့လို ကဗျာရွတ်နေချိန်မှာ ကိုယ့်ဘေးမှာရွယ်တူမြန်မာစာအထူးပြုဂျပန်မတွေက ညအခါ လသာသာ ဆို ကိုယ့်မှာ အူကိုတတ်ရော...
အဲ့ဒီ့မှာ…ကဗျာက zou san zou san hanaga nagai yo ne.. ဆိုတာက ဆင်ကြီးဆင်ကြီး နှာမောင်းကြိးကရှည်ပါတယ်ပေါ့ ..
နောက်တစ်ခုက cho...cho.. cho..cho.. nanohana tomare . nano hana tomare  sakurani tomare  ပေါ့
လိပ်ပြာလေး  လိပ်ပြာလေး  ဘယ်ပန်းနားမလည်းလိပ်ပြာလေး  ဆကူရာပေါ်နားပါပေါ့  အတိုချုပ်ရရင်တော့။
အဲ့ဒီခေတ်တွေတုန်းက ကျွန်မတို့ ဂျပန်စာကျောင်းမှာကျောင်းသားက ထောင်ချီတယ်။
ပါတီပွဲ ဆိုတာလည်း တခြားတက္ကသိုလ်တွေကလာဖိတ်တာတွေ များမှများ။ ကောင်စစ်ဝန်ရုံးတွေကလုပ်တဲ့ပါတီတွေ ကျောင်းကိုလာဖိတ်ရင် ဆရာမကြီးက သူ့ကျောင်းသူတွေ သိပ်ပွဲထုတ်တယ်။ တိုကျိုဘက်မဟုတ်တော့ မြန်မာကလည်းလက်ချိုးရေလို့ ရတယ်။။ အကပွဲသွားမယ်ဆိုရင် ဆိုရှယ်ဒန့်စ်ဆိုတာပါ ကြိုသင်ပေးသေးတယ်။ နောက် ပြင်သစ်စာတို့ ဘာတို့ စားပုံစားနည်း ပါတီသွားရင်ဝတ်နည်း အကုန်သင်တာ။.
ဒီတော့ မှတ်မှတ်ရရ… ပါတီပွဲကြီးတစ်ခုမှာကျွန်မက ကဗျာရွတ်ရမယ်..
ကဲ ခန်းမကြီးတစ်ခုထဲမှာ လူ ၃၀၀လောက် နိုင်ငံတကာကျောင်းသားတွေ ကိုမြင်ကြည့်လိုက်….
အစီအစဉ်ကြေငြာသူက  student form Myanmar……….တဲ့….ဖျောင်းဖျောင်း ဖျောင်း  (လက်ခုတ်သံ)
 ကဲ၇ွတ်ပါပြီ.အဲ့မှာ…လိပ်ပြာကဗျာ ရွတ်ရမှာက
 တီးလုံးစလိုက်တယ်ဆိုရင်ပဲ လူကဒူးတွေ တုန်လာပြီး ဆိုလိုက်တာ
Zou san Zou san nano hana tomare… nano hana tomare ,,sakurani to mare
အဲ့မှာရီလိုက်ကြတာတအုန်းအုန်း…

ဆင်ကြီး  ဆင်ကြီး  ပန်းပေါ်ဝဲပါဆင်ကြီး ဆကူရာပန်းပေါ်မှာနားပါပေါ့….

အဲ့မှာ ဆရာမကလည်းရီလိုက်တာ
ပြီးတော့မိုက်နဲ့ တတ်ပြောတယ်.။ဆင်နားတဲ့ပန်း သနားစရာဆိုပီးတော့….


နောက် သတိရမိတာက
ထမင်းစားချိန်မှာဆရာမက ဘာဟင်းလည်းတဲ့
မေမေပို့ပေးတဲ့ ပုစွန်ခြောက်ကျော်လို့ ပြန်ဖြေလိုက်တာ hebi လို့ ပြောမိလိုက်တယ်။ ဆရာမက ဆိုး……ဒတ်စကာ(အော်ဟုတ်လား အံသြောတဲ့အသံ)…………..   (တဘဲမတ်စက =စားတာပေါ့နော်တဲ့) ကျွန်မကလည်း အိုအီးရှိ……….( ကောင်းလိုက်တာလို)့ပြန်ဖြေလို်က်တယ်။ ဘာသာစကားစိတ်ဝင်စားသူဆိုတော့ ဆရာမ  မသင်တာတွေလည်း  ကိုယ့်ဘာသာကိုယ်လိုက်မှတ်တာ
Hebi ဆိုတာက မြွေ Ebi ဆိုတာကမှ ပုစွန်လေ ..ကဲ…..

ရန်ကုန်ရုံးမှာလုပ်တော့ ရုံးကဒရိုင်ဘာဘကြီးက အတော်ကို အီးလိုပြောခြင်တာ.….ရုံးကနေအလုပ်ကိစ္စနဲ့ဂျပန်ဧည့်သည်နဲ့ အမျိုးသားဝန်ထမ်းနဲ့ ကားခရီးထွက်ရတယ်။ ပြန်လာတော့ ကောင်လေးက အမရေ မပြောချင်ဘူး ကျွန်တော်လည်းငိုက်လာလိုက်တာ ကားက ဒုန်းဆိုမှ နိုးတယ်။ ဧည့်သည်လည်းလန့် သွားတယ်ပေါ့။   ဘာဖြစ်တာလည်းမေးတော့ ဦးလေးကြီးပေါ့ စနိုက် စနိုက်ဆိုလို့ ကျွန်တော် လည်း တို၇ီ(ကြက်) တိုရီဆိုပီး ပြောရော
ကားရပ်ပြီးသွားကြည့်ကြတော့ လမ်းကူးတဲ့ မြွေကိုတွေ့ ရတာပဲ တဲ့။

တို့ က မျိုးနဲ့ ရိုးနဲ့ ကို နိုင်ငံခြားဘာသာစကားစံထားလောက်တာ
တောမှာနေတဲ့အဒေါ်က ရန်ကုန်လာတယ်။ ၁၀တန်းထိတော့နေဘူးတယ်။ တောသူဌေးပေါ့။ ကားလာဝယ်တော့ အဒေါ်ငယ် ဘာကားဝယ်မယ်စိတ်ကူးလည်းဆိုတော့ အေး..သမီးရယ်ရိုးထဲလည်း မောင်းလို့ ရအောင် ဘင်ဝယ်မယ်အေ တဲ့ ဟာ ဘင် …အဒေါ် ဗန့်စ်စ် ကို ပြောတာလားဆိုတော့ ဦးကြီးက သမီးရေ van ၀ယ်မှာတဲ့ ...နောက် ပြီးတော့ မောလိုက်တာအေ ကရက်ရှာမ၇ှိဘူးလားတဲ့ ဟမ်…ဆိုတော့ Crusherကိုပြောတာ။
အိမ်ကသားတော်မောင်က ရီတာတခွီးခွီးနဲ့ .. နောက်သားက ဘွားငယ်သားပြန်တော့မယ်ဆိုတော့
အော်အေးအေး သားလေး က ဘိုကျောင်းမှာတတ်တဲ့ခလေးဆိုတော့ နေပါအုန်း….(စဉ်းစားဟန်)
သားရေ  တူးရုဆီးမေားရိုးတဲ့ ကဲ ။
အဒေါ်ငယ်ပြန်တိုင်းမှတ်သားစရာ… ချည်းပဲ
တခါက  ဖုန်းဆက်မိတော့ သူ့ သမီးက မီးမီးသိပ်၇ှက်တာပဲ မကြီးရယ် ..မေကြီးလေ ကပ်စေးနဲရောင်းနေတယ်ဆိုတော့ ဟယ်…ဟုတ်လားဆိုတော့..သူကဖုန်းဝင်ကိုင်တာ  ဘင်က နောက်ကျယ်တယ်လေဟယ် ဒီတော့ သမီးကိုကျောင်း သွားကြိုတဲ့အခါ ဆီဖိုးလေးပဲရရဆိုပီး ကပ်စေးနဲဇလုံ ကားပေါ်တင်သွားပီး ထိုင်ရောင်းတယ်တဲ့  ကဲ အဲံ့လို အဒေါ်ပါဆို…
အဲ့ဒီင်္တောသူအဒေါ်ငယ်ငယ်တုန်းက မေသန်းနုနဲ့ သိပ်ဆင်တယ်…ခုလည်းချောတုန်း(ကြွားပြန်ပီ)

ကြည်ကြည်  



Tuesday, February 1, 2011

စိတ်ပုပ်ကြည်ကြည်....

သေကြာနေ့အထိ ဘလော့ဂင်းခြင်း ခဏရပ်မယ်လို့ စိတ်က ဆုံးဖြတ်ထားတာ..ခုတစ်လော ကိုယ့်ဘလော့လေးခြောက်သွေ့ နေတော့လည်း မနေနိုင်ပြန်ဘူး။။
ခုလည်းကျောင်းမှာ ကဲ စာဖတ်လို့ မရတဲ့အတူတူတော့ ဘလော့ရေးမယ်ကွာ ဒီနေ့ အဖြစ်အပျက်ဆိုပီး စရေးမိပြန်ပီ..
ရေးနေတုန်းသူငယ်ချင်းက နင်ပေပါကို မြန်မာလို ရေးပီး ဂူဂယ်နဲ့ ပြန်မလို့ လားဆို ပြီးစတယ်။

 ****************************************
ကျွန်မ ရန်ကုန်ရုံးမှာတုန်းက  ရေနွေးကြမ်းကိုအမြဲ အအေးခံပြီးမှသောက်လေ့ရှိတယ်။်  ဂျပန်လို တော့ကြောင်လျှာလို့(neko jita)လို့ခေါ်တယ်။..အပူမစားနိုင်ဘူး. ကြေးအိုးမှာစားကြကြေးဆိုရင်  ကိုယ်က သူများစပီးစားလို့ နည်းနည်းလေးကြာမှစားလို့ ရတယ်။.. ဒီတော့ ရေနွေးကြမ်းဆိုလည်း ခွက်နဲ့ အအေးခံထားတယ်။ ခက်တာက သောက်ခါနီးတိုင်း ကြည့်လိုက် တစ်ယောက်ယောက်က သူတို့ ခွက်ထဲထည့်သွားပီး ကိုယ့်ခွက်ထဲ အပူပြန်ထည့်ပေးသွားတယ်။ အငယ်တွေကလည်းတခါတလေ
အသံချိုချိုလေးနဲ့မမရေ ညီမအပူပြန်ထည့်ပေးထားတယ်တဲ့။ အော် ..ငါ့နှယ် မသိကြလေရော့သလား..
ဆိုးတာက အန်တီကြီးတစ်ယောက် သူကအဆိုးဆုံး ရေနွေးကြမ်းကိစ္စကလွဲရင် တခြားဟာအကုန်ချစ်ဖို့ ကောင်းတယ်။ 
သူကအမြဲပဲ အငယ်တွေခေါ်သလို အသံချိုချိုလေးနဲ့  မရေ အန်တီသောက်လိုက်တယ။် အသစ်ပြန်ထည့်ပေးထားတယ်သိလား။ရေဆာနေချိန်ဆို…. ဒီကလူက အရမ်းခံရတာ ကျလိကျလိ..
နေ့တိုင်းနော်.. အမြဲတမ်း….တခါတလေ စိတ်မဆိုးပဲ ရီပဲရီချင်နေတယ်…ရေနွေးကြမ်းနဲ့ တော့မပြောခြင်ဘူး။ ရေအကျိုး မတောင်းပဲနဲ့ပြည့်ရပါလို၏လို့ ကိုယ်ကပြောရင် သူတို့ က ပြည့်စေ ပြည့်စေ တဲံ့….

ခုဒီမှာ ကျွန်မတို့ lab လို့ အလွယ်တစ်ကူခေါ်ကြတဲ့ နေရာ ကျောင်းကပေးထားတဲ့ facilities ကိုအရင်ပြောပါရစေ. နားနေခန်းလိုနေရာမျိုးနဲ့ထမင်းစားဖိုနေရာ မီးဖိုချောင်အသေးစားလိုမျိုးလည်းရှိပါတယ်။ လူ ၃၀ လောက်ကတော့အသာလေးဆန့်ပါတယ်။ နေတတ်မယ်ဆိုရင် အဲ့နေရာမှာ ဆိုဖာခုံတန်းရှည်ကတော့ဒီလိုညမျိုးတွေမှာ ကျွန်မတို့ကျောဆန့်ပေါ့…အပြင်ဘက်မှာ ရေနွေးဗုး ရေခဲသေတ္တာ ကြီးတစ်လုံး နဲ့ ကော်ဖီမိတ်ကာ ကတောမရှိဘူးဆို ၅ လုံးလောက်၇ှိတယ်။
ပြန်မယ့်ကျောင်းသားတွေ   လာပစ်ထားတာလို့ပြောရင်ပိုမှန်မယ်။ ဂျပန်တွေကတော့သူတို့ ကိုယ်ပိုင်မိတ်ကာလေးတွေ နဲ့ ။ကျွန်မခုံလားမ၇ှိပါဘူး အဲ့လိုမျိုးတွေ စာအုပ်ပေါင်းစုံနဲ့ အတူရှိတာက လိုးရှင်းဘူးတွေ အလှပြင်ပစ္စည်းတွေ နောက်ခုံအောက်မှာ က  ခေါင်းအုံး၊စောင် နောက် ချမ်းတတ်တော့ stove(ကျောင်းက သတင်းမပို့ထားရင် ၁၀နာရီ ဟီတာရပ်တယ်). နောက် စလစ်ပါ ၊အစဉ်အဆက်စီနီယာတွေဆီကအမွေရတဲ့ပစ္စည်းတွေ နဲ့ ပြည့်လို့ 
ဒီတော့ကျွန်မလည်း အများသုံး ဓတ်ဗူးကသာ အားကိုးရာလေ။

စာဖတ်ခန်းထဲမှာတော့ ကျွန်မတို့ အခြမ်း ကျောင်းသား ၃၀  ယောက်ခန့်ကိုရေခဲသေတ္တာက ၃ လုံး နောက်မိုက်ကရိုဝေ့ဖ်က ၃ လုံး ဒါပေမယ့် အခန်းထဲအနံထွက်မှာဆိုးကြတော့ အပြင်မှာပဲ အသုံးများတယ်.။
ကျွန်မနဲ့အပြင်က ရေနွေးဗူး ၁ပတ်မှာ ၃ရက်လောက် အမြဲဖြစ်တတ်တာက သောက်မယ်လေဆိုပီးရေနွေးနေရာသွားတိုင်းမရှိတာ..မသောက်ရင်တောင် အားရင်ရေနွေးကိုသွားဖြည့်ထားတတ်တယ်။
အဲ့လိုရက်တွေက များနေပြီ  ပြောရရင်တော့ တို့ ပေါက်ဖော်ကျောင်းသားတွေ က အမြဲ ထည့်ပဲထည့်တယ်ပြန်မဖြည့်ဘူး။

ဒီနေ့လည်းဒီလိုပဲ။။ မ၇ှိပြန်ဘုး ဒါနဲ့ ရေနွေးလေးဖြည့်ခဲ့တယ် ကိုယ်တိုင်ကတော့
မိုက်ကရိုဝေ့ထဲ အလွယ်တကူရေနွေးခွက်ထည့်ပီးအမြန်လုပ်လိုက်တယ်။  နေ့လည် ရေနွေးသွားသောက်ဖို့ လုပ်တယ် ပြန်သွားကြည့်တယ။်  မ၇ှိပြန်ဘူုး အိုခေ ထည့်လိုက်တယ်။
 ၂ ခါမြောက်မှာစိတ်က အိပ်ရေးပျက်တဲ့ရက်တွေရယ် စာတွေကြောင့်ပဲ ဂေါက်လာလား။
နဂိုစိတ်ရင်းပုတ်ပုတ်ကလေးကပဲ ပေါ်လာလားတော့မသိဘူး စိတ်ကအချဉ်ပေါက်လာတယ်။
ရေနွေးအိုးထဲရေဖြည့်နေတုန်း ပေါက်ဖော်ကျောင်းသူထွက်လာတယ် ဟာ……တဲ့ ဘာဖြစ်လို့လည်းဆိုတော့
သူသောက်ချင်လို့ တစ်ယောက်စာပဲထည့်ထားတာတဲ့ ခုရပြီဆိုပြီး ထွက်လာတော့ ကိုယ်ကရေဖြည့်နေလို့ 

ဒီနေ့ စိတ်တွေ ရိုင်းနေတယ်ထင့်ပါ….. ညနေကြတော့ ၄ ခါမြောက်မှာ စာကပ်လိုက်တယ်။  ရေနွေးအိုးဆေး သည့် ဆေးထည့်ထားသည်လို့  (စိတ်ထဲကလည်းကျိတ်ရယ်လိုက်တယ်)။

အောက်ထပ်ဆင်း မုန့် သွားဝယ် …၁၀မိနစ်လောက်ရှိတော့ပြန်တတ်လာ ဗီဒိုထဲကကိုယ့်ခွက်ကိုထုတ်
teamix လေးထည့် ခွက်ကလေးကိုယူပီးသွားတော့ ရေနွေးအိုးမှာရေက တစ်ဝက်ပဲရှိတော့တယ်။ ဟာ…. ဘယ်လိုလူကများလုပ်သွားလည်းပေါ့။ စာရွက်လည်း ဘေးကိုရွေ့နေတယ်။ ကိုယ်လည်း နေပါစေလေ ပြန်ကြပြီပေါ့။မိုးလည်းချုပ်ပြီပေါ့။
ခွက်ထဲကို ရေနွေးဖြည့် ဇွန်းလေးနဲ့ မွှေနေတုန်း ပေါက်ဖော်ကျောင်းသားထွက်လာပီး
Oh,,,,,u r still here,,,good…………… hard working student တဲ့ .ပီးတော့ ရေနွေးဗူးထဲဆေးထည့်ထားသည်တဲ့ ကိုယ်ကရီသဲ့သဲံ့နဲ့  (ရီရယ်လီ) လို့ ဆိုတော့သူက လက်ထဲက ဗူးတစ်ခုကိုမြောက်ပြတယ်။ ယား….ယား (သူပြောသလို) I just bought the liquid soap…. it has too much water..so I throw half..တဲ့ 
ဘုရားရေ…ဒီတစ်ခါ အပူမသောက်တတ်တဲ့ လျှာကိုကျေးဇူးတင်သွားတယ်။ ကိုယ်ဖြည့်ပေးတဲ့ရေနွေးကို အမြဲသောက်တာပေါက်ဖော်တွေမို့ လို့ ကြည့်စမ်းခု ပေါက်ဖော်ကျောင်းသားက ပြန်ကယ်သွားတယ်။ စေတနာရောင်ပြန်ဟပ်တယ်။စီနီယာတွေ ပစ်ထားတဲ့ ကော်ဖီမိတ်ကာလေးကိုတယုတယဆေးနေမိတယ်. မနက်ဖြန်ဒါပဲစသုံးတော့မယ်။
စိတ်ထဲကလည်း စီနီယာတို့ ရေ ကျေးဇူးတင်တယ်လို့ ...